11/11/2024
𝐆𝐨𝐮𝐭 (ဂေါက်) ရောဂါဖြစ်လျှင် ဆောင်ရန်
✔️အမျှင်ဓာတ်များသော ဟင်းသီးဟင်းရွက်များ (ဥပမာ သခွားသီး၊ မုန်လာဥ၊ ဆလတ်ရွက်၊ ကိုက်လန်) ကို များများစားပါ။
✔️အင်သိုဆိုင်ယာနီဒင် (Anthocyanidin) နှင့် ပရိုအင်သိုဆိုင်ယာနီဒင် (Proanthocyanidin) ကြွယ်ဝစွာ ပါဝင်သည့် အနီရောင်ရင့်ရင့်ရှိသော အသီး (ဥပမာ ချယ်ရီသီး၊ သပြေသီး၊ ကရမ်ဘယ်ရီ) များကို စားပါ။ အပြာရောင်၊ ခရမ်းရင့်ရောင်၊ သပြေသီးရောင်အစရှိသော သစ်သီးများကို စားသုံးပါ။
✔️သန့်ရှင်းလတ်ဆတ်သော သဘာဝသစ်သီးဖျော်ရည် (ဥပမာ သံပုရာရည်၊ မန်ကျီးဖျော်ရည်၊ နာနတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်၊ ဖရဲသီး ဖျော်ရည်) များကို သောက်ပါ။ အထူးသဖြင့် ရေများများသောက်ပါ။
✔️ကိုယ်လက်လှုပ်ရှားမှု နေ့စဥ် ပြုလုပ်ပြီး အဝမလွန်အောင် ခန¨ာကိုယ်အလေးချိန်ကိုလည်း ထိန်းသိမ်းပါ။
✔️Vitamin E, Vitamin C, Niacin (Vitamin B3, Selenium, Folic acid, Eicosapentaenoic acid (EPA or omega-3 fattyacid), Bromelain (Anti-inflammatory agent), Quercetin (Antioxidant) စသော Nutritional supplement များနှင့် Vitamin များသည် ဂေါက်ရောဂါကို သက်သာစေသည်။
✔️လိုအပ်ပါက ဆေးဖက်ဝင်အပင်များမှ ထုတ်လုပ်ထားသော အောက်ပါသဘာဝဆေးဝါးများကို မှီဝဲနိုင်ပါသည်။
• Urocrush ဆီးကျောက်ပျော်ဆေး
• WoundHealer အနာကျက်သောက်ဆေး
• Tinoflam ဆင်တုန်းမနွယ်အရောင်ကျဆေး
𝐆𝐨𝐮𝐭 (ဂေါက်) ရောဂါဖြစ်လျှင် ရှောင်ရန်
❌ပျူရင်း (Purine) ဓာတ်များသော အမဲသား၊ ဆိတ်သား၊ ဝက်သား အထူးသဖြင့် ရက်လွန်သည့်အသားများ စားသုံးခြင်းကို ရှောင်ပါ။
❌ဝမ်းတွင်းကလီစာများ (ဥပမာ အူကလီစာ၊ အသည်းအမြစ်) စားသုံးခြင်းကို ရှောင်ပါ။
❌အကြေးခွံပါသောငါးများ (ဥပမာ ငါးသလောက်၊ ငါးကြင်း၊ ငါးမြစ်ချင်း) စားသုံးခြင်းကို ရှောင်ပါ။
❌တဆေး (Yeast)၊ မှို (Mushroom)၊ ကညွတ် (Asparagus)၊ မျှစ် (Bamboo shoot)၊ ပဲတီပင်ပေါက်၊ ဟင်းနုနယ်၊ ခရမ်းချဥ်သီးအစေ့၊ စတော်ဘယ်ရီ၊ ပြောင်းဖူး အစရှိသည့် အစားအစာများကို ရှောင်ပါ။
❌အဆီများသောအစားအစာ (ဥပမာ ဝက်သား၊ ထောပတ်၊ မလိုင်) များ စားသုံးခြင်းကို ရှောင်ပါ။
❌ကိုလက်စထရော (Cholesterol)၊ ထရိုင်ဂလစ်စရွိုက် (Cholesterol) တက်စေသည့် အစားအစာများကို ရှောင်ပါ။
❌သကြားဓာတ်လွန်ကဲသော အချိုရည်များ (Ready made soft drinks) သောက်သုံးခြင်းကို ရှောင်ပါ။
❌အရက်နှင့် ဘီယာ အလွန်အကျွံ သောက်သုံးခြင်းကို ရှောင်ပါ။
❌ဂေါက်ရောဂါကို ပိုဆိုးစေသော ဆေးဝါးများကိုရှောင်ပါ (သို့မဟုတ်) သတိထား သောက်သုံးပါ။
ဥပမာ သွေးတိုးရောဂါတွင် အသုံးပြုသောဆီးဆေးများ (Diuretics)၊ နှလုံးသွေးကြောကျဥ်းရောဂါတွင် အသုံးပြုလေ့ရှိသော အက်စပရင် (Diuretics)၊ တီဘီရောဂါကုသရာတွင် အသုံးပြုလေ့ရှိသော ပိုင်ရီဇီနမိုက် (Diuretics)
ဒေါက်တာခင်မောင်လွင်