မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး

  • Home
  • Myanmar
  • Yangon
  • မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး

မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး စိတ်မဆိုး ဆနွင်းလုံး
ဇီဇဝါ အိမ်ယာ၊ သံသုမာလမ်းမ၊ တောင်ဥက္ကလာပ၊ ရန်ကုန်။
ဆက်သွယ်ရန် 01 8500 355
09-4333 4777

နနွင်းမှုန့် အစစ်လိုချင်ရင်ခုပဲမှာလိုက်တော့နော် 🤩🛍️5ကျပ်သားအထုပ်10ထုပ်တစ်တွဲ      97001000lထုပ်        95000🛍️1ပိဿာထုပ်တ...
30/06/2026

နနွင်းမှုန့် အစစ်လိုချင်ရင်ခုပဲမှာလိုက်တော့နော် 🤩

🛍️5ကျပ်သားအထုပ်
10ထုပ်တစ်တွဲ 9700
1000lထုပ် 95000

🛍️1ပိဿာထုပ်
တစ်ထုပ် 18000

🛍️20ပိဿာအိတ်
တစ်အိတ် 358000

📦ဗူးသေး
1ဗူး 2000
6ဗူးကဒ် 10000

📦ဗူးလတ်
1ဗူး 3000
6ဗူးကဒ် 15000

📦1Lဗူး
1ဗူး 11000

တောင်ဥက္ကလာမြင်သာဈေးမှာလာယူလို့ရသလို အိမ်အရောက်လဲပို့ဆောင်ပေးပါတယ်

မြန်မာ့တိုင်းရင်းဆေးပညာတွင် **နှလုံးရောဂါ**၊ သွေးတိုး၊ နှလုံးအားနည်းခြင်းစသည့်ပြဿနာများအတွက် **သဘာဝဆေးဖက်ဝင်အပင်များ**၊ ...
20/08/2025

မြန်မာ့တိုင်းရင်းဆေးပညာတွင် **နှလုံးရောဂါ**၊ သွေးတိုး၊ နှလုံးအားနည်းခြင်းစသည့်ပြဿနာများအတွက် **သဘာဝဆေးဖက်ဝင်အပင်များ**၊ **သတ္တုဓာတ်များ**နှင့် **တိရစ္ဆာန်ဆေးဝါးများ**ကို ရာစုနှစ်ပေါင်းများစွာအသုံးပြုလာခဲ့ကြပါသည်။ အောက်ပါတို့မှာ အသုံးများသော **မြန်မာတိုင်းရင်းဆေးနည်းများ**ဖြစ်ပါသည်။

---

# # # **၁။ နှလုံးအားကောင်းစေသော အပင်ဆေးများ**
# # # # **(က) ကြက်သွန်ဖြူ (Garlic)**
- **အသုံးပြုပုံ** : အစိမ်းစားခြင်း (တစ်နေ့ ၂-၃ မွှာ)၊ ပျားရည်နှင့်ရောစားခြင်း။
- **အကျိုး** : သွေးကြောပိတ်ခြင်းကိုကာကွယ်၊ သွေးတိုးကျစေသည်။

# # # # **(ခ) နနွင်း (Turmeric)**
- **အသုံးပြုပုံ** : နနွင်းမှုန့်ကို နွားနို့နှင့်ရောသောက်ခြင်း (Golden Milk)။
- **အကျိုး** : နှလုံးသွေးကြောရောင်ခြင်းကိုလျော့ကျစေသည်။

# # # # **(ဂ) ပင်စိမ်း (Holy Basil / Tulsi)**
- **အသုံးပြုပုံ** : အရွက်ကိုလက်ဖက်ရည်ကြမ်းအဖြစ်သောက်ခြင်း။
- **အကျိုး** : စိတ်ဖိစီးမှုလျော့ကျစေပြီး နှလုံးခုန်မြန်ခြင်းကိုထိန်းပေးသည်။

# # # # **(ဃ) အာလူးမွှေး (Hawthorn)**
- **အသုံးပြုပုံ** : အသီးနှင့်အရွက်ကိုပြုတ်၍သောက်ခြင်း။
- **အကျိုး** : နှလုံးညှစ်အားကောင်းစေပြီး သွေးလှည့်ပတ်မှုကိုမြှင့်တင်ပေးသည်။

---

# # # **၂။ သတ္တုဓာတ်နှင့် တိုင်းရင်းဆေးပစ္စည်းများ**
# # # # **(က) ပယင်းခဲ (Amber)**
- **အသုံးပြုပုံ** : ပယင်းခဲကိုရေစိမ်၍ သောက်သုံးခြင်း။
- **အကျိုး** : နှလုံးအားနည်းခြင်း၊ ရင်တုန်ခြင်းကိုသက်သာစေသည်။

# # # # **(ခ) ရွှေကြုတ် (Gold Ash)**
- **အသုံးပြုပုံ** : ရွှေကိုမီးရှို့ပြီး အမှုန့်ပြု၍ ပျားရည်နှင့်ရောစားခြင်း။
- **အကျိုး** : နှလုံးအားကောင်းစေပြီး သွေးသန့်စေသည်။

# # # # **(ဂ) ငါးမျက်စိကျောက် (Fish Eye Stone)**
- **အသုံးပြုပုံ** : ရေနွေးတွင်စိမ်၍သောက်ခြင်း။
- **အကျိုး** : နှလုံးခုန်မမှန်ခြင်းကိုသက်သာစေသည်။

---

# # # **၃။ တိရစ္ဆာန်ဆေးဝါးများ**
# # # # **(က) မြွေဆီ (Snake Oil)**
- **အသုံးပြုပုံ** : လက်ဖက်ရည်ဇွန်း ၁-၂ ဇွန်းကို ပျားရည်နှင့်ရောသောက်ခြင်း။
- **အကျိုး** : သွေးကြောကျဉ်းခြင်းကိုကာကွယ်ပေးသည်။

# # # # **(ခ) ကြောင်လျှာသီး (Deer Antler Velvet)**
- **အသုံးပြုပုံ** : အမှုန့်ကြိတ်၍ နွားနို့နှင့်ရောသောက်ခြင်း။
- **အကျိုး** : နှလုံးကြွက်သားအားကောင်းစေသည်။

---

# # # **၄။ နှလုံးအားဖြည့်တိုင်းရင်းဆေးနည်းများ** #
1. **ကြက်သွန်ဖြူ + ပျားရည် + သံပရာရည်** : သွေးတိုးကျစေရန် နံနက်တိုင်းစားပါ။
2. **နနွင်း + နွားနို့ + ပျားရည်** : ညအိပ်ရာဝင်တိုင်း သောက်ပါ။
3. **အာလူးမွှေးသီး + ရှောက်ရွက်** : ပြုတ်၍တစ်နေ့ ၂ ကြိမ်သောက်ပါ။

---

# # # **သတိထားရန်**
- **ဆေးနှင့်ဓာတ်ပြုနိုင်ခြေ** : သွေးတိုးကျဆေး၊ နှလုံးဆေးများနှင့် တွဲမသောက်သင့်ပါ။
- **ကိုယ်ဝန်ဆောင်များ** : အချို့ဆေးများကိုရှောင်ကြဉ်ပါ။
- **အလွန်အကျွံမသုံးပါနှင့်** : ဆေးစွမ်းထက်ပါက ဘေးထွက်ဆိုးကျိုးရှိနိုင်သည်။

---

# # # **အချုပ်အားဖြင့်**
မြန်မာတိုင်းရင်းဆေးတွင် **နှလုံးရောဂါအတွက် သဘာဝဆေးနည်းများစွာ** ရှိသော်လည်း၊ ခေတ်မီဆေးပညာနှင့် **ပေါင်းစပ်အသုံးပြုရန်** အရေးကြီးပါသည်။

> 🌿

by Htike Than

သင်္ဘောပင်နှင့်ထူးခြားသောဆေးအိမ်မက်  #ရဲမျိုးသူ(ဗောဓိမြိုင်)ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ကင်ဆာဝေဒနာပျောက်ကင်းဖူးသူ မိသားစုလ...
27/02/2024

သင်္ဘောပင်နှင့်ထူးခြားသောဆေးအိမ်မက် #ရဲမျိုးသူ(ဗောဓိမြိုင်)

ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ကင်ဆာဝေဒနာပျောက်ကင်းဖူးသူ မိသားစုလေးအကြောင်းအမှန်သိရ၍ မနောမယဂျာနယ်တွင် “ထူးခြားသော ဆေးအိမ္မက်”ဆိုသော စာမူလေးရေးဖူးပါသည်။

#ဇာတ်လမ်းအကျဉ်းမှာ
ဖိခင်မရှိသည့်နောက် မိခင်တွင် သမီးငယ် နှင့်သားလေးတစ်ဦးကျန်ခဲ့ရာမိခင်ကြီးမှာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်၍ သားသမီးများ ကိုပညာသင်ပေးရင်းချိုင်းနှင့်ရင်သားတွင် အကျိတ်ဖြစ်ရာမှ ဆေးစစ်ကြည့်ရာ ရင်သားကင် ဆာဖြစ်တော့သည်။ ပါရဂူပြလိုက် သက်သာလိုက် မသက်သာလိုက်နှင့်အနောက်တိုင်းဆေးလည်းစုံ လှသည်။ နည်းမျိုးစုံကုသသော်လည်းမပျောက်ပဲဖြစ်နေ၍ မိခင်ဝေဒနာကိုကြည့်ရင်းသားသမီးများကြေကွဲကြရပြီး ရတနာသုံးပါးအားကိုးကွယ်ယုံကြည်မှုဖြင့် အမေရောဂါအားကူညီကယ်တင်နိုင်မည့်ပုဂ္ဂိုလ်ပေါ်ပါစေရန်သားဖြစ်သူက ညဉ့်စဉ်ဆုတောင်းစဉ် အိမ္မက်တွင် ရဟန်းတစ်ပါးက̏ လူလေးထထ ˝ဟု ဆိုကာ ̏ဟိုအပင်သိလား˝ဆိုပြီး လက်ညှိုး ညွှန်ပြခဲ့သည်မှာဆေး၀င်္ကပါဆရာတော်ကြီးဖြစ် သည်ဟုဆိုပါသည်။

(ဆေး၀င်္ကဘာဆရာတော်ကြီး မှာတစ်ချိန်တစ်ခါက ဆေးဝိဇ္ဇာကြီးအဖြစ် အမည်နာ မကြီးလှသူဖြစ်ပါသည်)

ထိုဆေးပင်မှာသင်္ဘောပင်ဖြစ်ပါသည်။

ထိုထူးခြားသောအိမ်မက်အရနေ့စဉ်နှင့် အမျှ မိခင်ကြီးအား သင်္ဘောရွက်၊သင်္ဘောသီး၊ သင်္ဘော ပင်၏ပဉ္စ(၅)ပါးအား တတ်သိနားလည်သလို သင်္ဘောရွက်အားထုထောင်း၍သတ္တုရည်တိုက်ပေး ခြင်း၊ ပဉ္စ(၅)ပါးအား ရုက္ခမူဆားချက်၍ကျွေးခြင်း၊ သင်္ဘောသီးသုတ်၊သင်္ဘောစေး၊သင်္ဘောသီးဟင်း၊ သင်္ဘောသီးပြုတ်၊သင်္ဘောပင်အား အမျိုးမျိုးအဖုံဖုံ ယုံယုံကြည်ကြည်အသုံးချပြီး ချော့မော့ပြုစု ၍ အနာကိုလည်းဖန်ရေဆေးပေးခြင်းပြုလုပ်ပေးခဲ့ကြ သည်။ အနာလှိုက်စားပြီး ပြည်ပါတည် ကာအိပ်ရာထက်လဲရင်းသေနေ့စောင့်နေသည့် မိခင်ကြီးမှာ သင်္ဘောပင်ဖြင့်ပင် ကင်ဆာရောဂါအပြီး တိုင်သက်သာပျောက် ကင်းသွား သည့်ဇာတ်လမ်း စာမူလေးဖြစ်ပါသည်။

တင်ပြလိုသည်မှာ

အနောက်တိုင်းဆေးဝါးများဖြင့် ပြသည်လည်းပြကြပါ။တစ်ဖက်မှလည်း ကင်ဆာအတွက်ဆေးအစွမ်းထက်သော သင်္ဘောပင်ရှိနေပါသည်။ အသီး၊အရွက်၊အမြစ်၊ပင်စည်၊အပွင့်ရိုးတံ၊အစေး ကအစ ကင်ဆာကို သက်သာပျောက်ကင်းစေ သော ဂုဏ်သတ္တိထူးကြီးများရှိနေ၍ သင်္ဘောပင်ကို အခြေခံကာစနစ်တကျဖေါ်စပ်ထုတ်လုပ်ထားသော မြန်မာ တိုင်းရင်းဆေးဝါးများကို စနစ်တကျမှီဝဲစား သုံးခြင်း။သင်္ဘောပင်ကိုဆေးအသုံးပြုခြင်းဖြင့် ကင်ဆာ ရောဂါဝေဒနာရှင်များသက်သာရာ ကပျောက်ကင်းကြစေရန် ရေးသား တင်ပြမိပါသည်။

#ရဲမျိုးသူ(ဗောဓိမြိုင်)

သင်္ဘောပင်နှင့်ထူးခြားသောဆေးအိမ်မက်

#ရဲမျိုးသူ(ဗောဓိမြိုင်)

ကင်ဆာရောဂါနှင့်ပတ်သက်ပြီး ကင်ဆာဝေဒနာပျောက်ကင်းဖူးသူ မိသားစုလေးအကြောင်းအမှန်သိရ၍ မနောမယဂျာနယ်တွင် “ထူးခြားသော ဆေးအိမ္မက်”ဆိုသော စာမူလေးရေးဖူးပါသည်။

ဇာတ်လမ်းအကျဉ်းမှာ

ဖိခင်မရှိသည့်နောက် မိခင်တွင် သမီးငယ် နှင့်သားလေးတစ်ဦးကျန်ခဲ့ရာမိခင်ကြီးမှာ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်၍ သားသမီးများ ကိုပညာသင်ပေးရင်းချိုင်းနှင့်ရင်သားတွင် အကျိတ်ဖြစ်ရာမှ ဆေးစစ်ကြည့်ရာ ရင်သားကင် ဆာဖြစ်တော့သည်။ ပါရဂူပြလိုက် သက်သာလိုက် မသက်သာလိုက်နှင့်အနောက်တိုင်းဆေးလည်းစုံ လှသည်။ နည်းမျိုးစုံကုသသော်လည်းမပျောက်ပဲဖြစ်နေ၍ မိခင်ဝေဒနာကိုကြည့်ရင်းသားသမီးများကြေကွဲကြရပြီး ရတနာသုံးပါးအားကိုးကွယ်ယုံကြည်မှုဖြင့် အမေရောဂါအားကူညီကယ်တင်နိုင်မည့်ပုဂ္ဂိုလ်ပေါ်ပါစေရန်သားဖြစ်သူက ညဉ့်စဉ်ဆုတောင်းစဉ် အိမ္မက်တွင် ရဟန်းတစ်ပါးက̏ လူလေးထထ ˝ဟု ဆိုကာ ̏ဟိုအပင်သိလား˝ဆိုပြီး လက်ညှိုး ညွှန်ပြခဲ့သည်မှာဆေးဝင်္ကပါဆရာတော်ကြီးဖြစ် သည်ဟုဆိုပါသည်။

(ဆေးဝင်္ကဘာဆရာတော်ကြီး မှာတစ်ချိန်တစ်ခါက ဆေးဝိဇ္ဇာကြီးအဖြစ် အမည်နာ မကြီးလှသူဖြစ်ပါသည်)

ထိုဆေးပင်မှာသင်္ဘောပင်ဖြစ်ပါသည်။

ထိုထူးခြားသောအိမ်မက်အရနေ့စဉ်နှင့် အမျှ မိခင်ကြီးအား သင်္ဘောရွက်၊သင်္ဘောသီး၊ သင်္ဘော ပင်၏ပဥ္စ(၅)ပါးအား တတ်သိနားလည်သလို သင်္ဘောရွက်အားထုထောင်း၍သတ္တုရည်တိုက်ပေး ခြင်း၊ ပ ဉ္စ(၅)ပါးအား ရုက္ခမူဆားချက်၍ကျွေးခြင်း၊ သင်္ဘောသီးသုတ်၊သင်္ဘောစေး၊သင်္ဘောသီးဟင်း၊ သင်္ဘောသီးပြုတ်၊သင်္ဘောပင်အား အမျိုးမျိုးအဖုံဖုံ ယုံယုံကြည်ကြည်အသုံးချပြီး ချော့မော့ပြုစု ၍ အနာကိုလည်းဖန်ရေဆေးပေးခြင်းပြုလုပ်ပေးခဲ့ကြ သည်။ အနာလှိုက်စားပြီး ပြည်ပါတည် ကာအိပ်ရာထက်လဲရင်းသေနေ့စောင့်နေသည့် မိခင်ကြီးမှာ သင်္ဘောပင်ဖြင့်ပင် ကင်ဆာရောဂါအပြီး တိုင်သက်သာပျောက် ကင်းသွား သည့်ဇာတ်လမ်း စာမူလေးဖြစ်ပါသည်။

တင်ပြလိုသည်မှာ

အနောက်တိုင်းဆေးဝါးများဖြင့် ပြသည်လည်းပြကြပါ။တစ်ဖက်မှလည်း ကင်ဆာအတွက်ဆေးအစွမ်းထက်သော သင်္ဘောပင်ရှိနေပါသည်။ အသီး၊အရွက်၊အမြစ်၊ပင်စည်၊အပွင့်ရိုးတံ၊အစေး ကအစ ကင်ဆာကို သက်သာပျောက်ကင်းစေ သော ဂုဏ်သတ္တိထူးကြီးများရှိနေ၍ သင်္ဘောပင်ကို အခြေခံကာစနစ်တကျဖေါ်စပ်ထုတ်လုပ်ထားသော မြန်မာ တိုင်းရင်းဆေးဝါးများကို စနစ်တကျမှီဝဲစား သုံးခြင်း။သင်္ဘောပင်ကိုဆေးအသုံးပြုခြင်းဖြင့် ကင်ဆာ ရောဂါဝေဒနာရှင်များသက်သာရာ ကပျောက်ကင်းကြစေရန် ရေးသား တင်ပြမိပါသည်။

#ရဲမျိုးသူ(ဗောဓိမြိုင်)

ဒီနေ့ taxi တစီးနဲ့ သဘောင်္ရွက်လာဝယ်ရင်း အဆုတ်ကအနာ ကင်ဆာဖက်ကူးနေတာကို ဆရာမဒေါ်ရတနာအောင် ညွှန်လို့ သဘောင်္ရွက် တလလောက် သော...
06/02/2024

ဒီနေ့ taxi တစီးနဲ့ သဘောင်္ရွက်လာဝယ်ရင်း အဆုတ်ကအနာ ကင်ဆာဖက်ကူးနေတာကို ဆရာမဒေါ်ရတနာအောင် ညွှန်လို့ သဘောင်္ရွက် တလလောက် သောက်တာလုံးဝကောင်းသွားပြီတဲ့။
အထူးကုဆေးခန်းလည်းသွားဖို့မလိုတော့ဘူးတဲ့။
ဝမ်းသာစရာပါ။

အခုလာဝယ်တာနောက်ထပ်တယောက်အတွက်တဲ့။
6. 2 . 2014

"သားဥအိမ်မှာရေအိတ်တည်တာမခွဲမစိတ်ဘဲ  ဆနွင်းနဲ့သံလွင်ဆီသောက်လို့ပျောက်တဲ့အကြောင်းကိုယ်တွေ့"        "ဆနွင်းချစ်သူ"         ...
25/11/2023

"သားဥအိမ်မှာရေအိတ်တည်တာမခွဲမစိတ်ဘဲ ဆနွင်းနဲ့
သံလွင်ဆီသောက်လို့ပျောက်တဲ့အကြောင်းကိုယ်တွေ့"

"ဆနွင်းချစ်သူ"
----------------

လွန်ခဲ့တဲ့လေးနှစ်ခန့်က ဘန်ကောက်မှာဆေးသွားစစ်တော့ သားဥအိမ်မှာရေအိပ်တည်နေပါတယ်

တဖက်က 7 cm တဖက်က 6.5 cm ခန့်လို့ပြောပါတယ် ။

ဘန်ကောက်က ဆရာဝန်က သားဥအိမ်ရော သားအိမ်ရော ဒီအသက်အရွယ်ရောက်နေပြီမို့ အသုံးမဝင်တော့လို့ အကုန်ထုတ်ဖို့ပြောပါတယ် ။

ကျွန်မကတော့ လူ့ခန္ဓာကိုယ်ကြီးဟာ အကောင်းဆုံးကွန်ပြူတာတစ်လုံးလို သူ့ဟာနဲ့သူချိတ်ဆက်ပြီးအလုပ်လုပ်နေတယ်လို့ထင်ပါတယ် ။

သူတို့ပြောသလိုထုတ်ပြစ်လိုက် ဘာမှမဖြစ်နိုင်ပါဆိုတာ သိတ်လက်မခံချင်ပါ နောက်ပြီး ခွဲစိတ်ခန်းကိုးကြိမ်ဝင်ဘူးသူမို့ ဆယ်ကြိမ်မြောက်မဝင်ချင်ပါ ။

သူတို့ကိုမေးပါတယ် စဉ်းစားဖို့အချိန်ဘယ်လောက်ရလဲဆိုတော့ သုံးလ လို့ပြောပါတယ် မခွဲရင်ဘာဖြစ်နိုင်လဲဆိုတော့ လိမ်ပြီးပေါက်သွားရင်တအားနာမယ် ချက်ချင်းအရေးပေါ်ဖြစ်လို့ဘန်ကောက်ကိုလာမခွဲနိုင်လို့ပြောပါတယ် ။

အဲဒီအချိန်မှာ ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းအခွေကိုနားထောင်ဘူးပြီး လက်တွေ့မလုပ်ရသေးပါ
ကျွန်မငယ်ငယ်တုန်းက ငှက်ကလေး ကြက်ကလေးများ ဒဏ်ရာ ရလျှင် ဆီနဲ့ဆနွင်းလိမ်းပေးဘူးတာနဲ့ ယှဉ်တွေးကြည့်ပြီးတော့ ဖြစ်နိုင်တယ်လို့တွေးပြီး ဆရာမနည်းစမ်းကြည့်မယ် မကောင်းမှခွဲမယ် ဆုံးဖြတ်ကာ အိမ်ပြန်လာပါတယ် ။

ဆနွင်းကို ရတနာပုံစျေးကဝယ်ပြီး ကိုယ်တိုင်ကြိတ် , သံလွင်ဆီပြေးဝယ်ပြီး ဆနွင်းလ္ဘက်ရည်ဇွန်းဝက် သံလွင်ဆီက ထမင်းစားဇွန်းတစ်ဇွန်းနဲ့ရောပြီး တစ်ရက်နှစ်ကြိမ်သောက်ပါတယ် ။

သောက်ပြီး နာရီဝက်ကြာမှ ရေသောက်ရပါတယ် ဒါမှသာအူလမ်းကြောင်းကနေတဖြည်းဖြည်းကျသွားပြီး တကိုယ်လုံးကိုရောက်ရှိနိုင်တယ်လို့ဆရာမကြီး ဒေါက်တာခင်နွယ်ဝင်းက ပြောပါတယ်ရှင်
အစာမရှိဘဲဆနွင်းသောက်ရင်လဲ မူးတတ်ပါတယ် ။

ဆနွင်းနဲ့သံလွင်ဆီရောထားရင် မှိုတက်ပါတယ်လို့သူငယ်ချင်းပြောတာ ကြားဘူးပါတယ် ဆီနဲလို့လဲ ဖြစ်နိုင်ပါတယ် ။

ဒါပေမဲ့ မှိုတက်ခြင်းမတက်ခြင်းထက် ဆနွင်း amount ကို မှန်းရခက်မယ်ထင်ပါတယ်
သပ်သပ်စီထားမှအဆင်ပြေပါတယ် ။

တစ်လတိတိပြည့်တဲ့အခါ ultrasound သွားရိုက်ပါတယ်
ရင်တထိတ်ထိတ်နဲ့ပေါ့ တကယ်လို့မကောင်းရင် ခွဲဖို့ရာကနေ လမ်းမရှိတော့ပါ ။

ဆရာဝန်မ ငယ်ငယ်ချောချောကလေးက ultrasound ရိုက်ပါပြီ ရေအိတ်ရှိတယ် ပြောတယ် ဟုတ်ပြီ ဘယ်လောက်လဲလို့ပြန်မေးတဲ့အခါ တစ်ဖက်စီမှာ 2.5 cm စီဘဲ ရှိပါတော့တယ် ။

"'ပျော်ပြီလေ "

မခွဲမစိတ်ဘဲကောင်းသွားတာ ဘယ်လောက်ကောင်းလိုက်သလဲ ဆရာဝန်မကလေးကိုပြောပြတော့ ဆနွင်း နဲ့ သံလွင်ဆီ သောက်လို့ကောင်းတယ်ဆိုတာမယုံပါ

မဖြစ်နိုင်ဘူးလို့ပြောပါတယ်
သွား ....မသန်းသန်းနွယ်
ဆီးတဝက်သွားပြီးပြန်လာခဲ့ ...လို့ခိုင်းပါတယ်
စဉ်းစားကြည့်စမ်းပါ ။

ဘယ်လောက်အောင့်သက်သက်နိုင်သလဲလို့
ဒါပေမဲ့ ကျွန်မတို့မြန်မာပြည်က ဆရာဝန်စကားနားထောင်တာ ခေါက်ရိုးကျိုးနေပြီးသားဆိုတော့ ချက်ချင်း ငြင်းလိုက်ပါတယ်

ဟုတ်ကဲ့ .....လို့.....

အဲဒါနဲ့အိမ်သာပြေး ကသိကအောင့်နဲ့ပြန်လာ
ဆရာဝန်မလေးပြန်ကြည့်

မျက်မှောင်ကုတ်ပြီး

သွား ----မသန်းသန်းနွယ်
.. ဆီးအကုန်သွားခဲ့
ဒါကတော့ ဖိုးကျိုင်းတုတ်ဖြစ်သွားပြီလေ

အဆင်ပြေသွားပြီးကုတင်ပေါ်ပြန်တက်
ဆရာဝန်မလေးပြန်ကြည့်ပြီး မျက်စိပိုပြူးလာပါတယ်

ဟုတ်တယ် 2.5 cm ဘဲရေအိတ်ကရှိတယ်
ဘန်ကောက်ကအဖြေကသေချာလို့လားတဲ့ ဆေးစာပြတဲ့

ဘန်ကောက်မှာက ပထမ ultrasound. ရိုက်ပြီး ရေအိတ်တွေ့တော့ OG ဌာ နလွှတ်ပါတယ် နောက်တစ်ခါ ultrasound. ထပ်ရိုက်ဖို့ပြောပါတယ် ။

ကျွန်မက ဆေးရုံတရုံထဲမှာ ဘာလို့ ultrasoundနှစ်
ခါရိုက်သလဲရှင်တို့ဆေးရုံအဖြေကို ရှင်တို့မယုံဘူးလား
လို့ပြန်မေးတော့သေချာအောင်လို့အသေးစိတ်ထပ်ရိုက်
တာလို့ပြောပါတယ် ။

အဲဒီတုန်းက ကိုယ်ကလဲ နိုင်ငံခြားဆေးကုတာအပါး
မဝသေးတော့ ဟုတ်မလားဆိုပြီး ထပ်ရိုက်တော့လဲဒီ
အဖြေဘဲတောင်စစ်မြောက်စစ်နဲ့ ဆယ်သိန်းကျော်ထပ်
ကုန်ခဲ့ပါတယ် ။

ဒါကြောင့် ဆရာဝန်မလေးကိုသေချာပါတယ် ။

နှစ်ခါတောင်ရိုက်ခဲ့တာပါရှင့်လို့ပြန်ဖြေခဲ့ပါတယ် ။

အဲဒီကစပြီးဆရာမကြီးဒေါက်တာခင်နွယ်ဝင်းအခွေတွေ
သေချာနားထောင် လိုက်လုပ်ကြည့်ကျွန်မက စူးစမ်း
တာလဲဝါသနာပါတော့အကုန်စမ်းတော့တာဘဲတစ်ခု
ထူးဆန်းတာက ဆရာမပြောတဲ့အထဲမှားတာမတွ့ဘူး
သေးပါ လိုက်လုပ်သမျှကတော့ လက်တွေ့ မှန်နေ
တာဘဲရှင်

ကျွန်မလို လူမမာများအတွက် စေတနာရှေ့ထားပြီး
အမှန်အတိုင်းရေးပေးတာပါရှင်

ခုချိန်ထိ နေ့စဉ် ဆနွင်းလ္ဘက်ရည် ဇွန်းဝက်ကို သံလွင်ဆီ ထမင်းစားဇွန်းတစ်ဇွန်းနဲ့ ရောပြီး တစ်ကြိမ် သောက်ပါတယ် ။

ဆနွင်းချစ်သူမို့ ဘယ်တော့မှမခွဲတော့ပါ

ဆနွင်းကို သံလွင်ဆီနဲ့ ရောသောက်လို့ရသလို နှမ်းဆီစစ်စစ်, နှမ်းနက်ဆီစစ်စစ်, Cod Liver Oil နဲ့လဲရောသောက်လို့ရပါတယ်

ဆရာမကြီးဒေါက်တာခင်နွယ်ဝင်းကို ရိုသေစွာကန်တော့ပါတယ်ရှင်

ဆရာမကျန်းမာ ချမ်းသာပါစေရှင်

အရေးကြီးတာပြောဖို့မေ့တော့မလို့
နောက်လေးလကြာတော့ ဘန်ကောက်ကိုတစ်ခါဆေးပြန်သွားစစ်တော့

ရေအိတ်လုံးဝမရှိတော့ပါရှင်......

‌Source. မမေမလိခစိုး
ဘဝကိုတိုးတက်စေသောစာစုလေးမှ
ကူးယူဖော်ပြသည်။

သားအိမ်ရေအိပ် သားဥအိပ်ရေအိပ်က ခွဲလည်းမပေးဘူး။ ဆေးလည်းမပေးသေးဘူး။ စောင့်ပါအုန်းဆိုပြီး ရင့်တဲ့အထိစောင့်ခိုင်းခံရသူတွေ စိတ်မဆိုး တိုင်းရင်းဆေးဆိုင်ကို ၂ဦး ၃ဦးရှိပြီ ရောက်လာကြပါတယ်။
စိတ်မဆိုး သင်္ဘောရွက်ခြောက်ရေနွေးကြမ်းနဲ့ ပျောက်ကုန်ကြပါတယ်။

စိတ်မဆိုး သင်္ဘောရွက်ခြောက် ရေနွေးကြမ်း ထုတ်လုပ်ရေး ရဲ့ အတွေ့အကြုံလေးပြောပြမယ်နော်။ သင်္ဘောရွက်သောက်သုံးခြင်းဖြင့်
အဆီကျိတ်
ဆေးလွန် တီဘီ
အသည်းကြီး
အသည်းပြီတည်
သားအိမ် ရေအိပ်
သားအိမ် အသားလုံးတွယ်တာ ( 5cmလောက်)
သားဥအိမ် ရေအိပ် တဖက်တလုံး ၂လုံး
ဟော်မုန်း မညီမျှ
လည်ပင်းကြီး
b ပိုး cပိုး
အစာခြေစနစ် အားကောင်း
အစာအိမ်ရောင် အစာအိမ်နာ
အဆုတ် ကင်ဆာ
လည်ပင်းအကျိတ်
ဂျိုင်း အကျိတ်
သွေးကင်ဆာ
အသည်း အကျိတ်
ဦးနှောက် အကျိတ်
သားအိမ် အကျိတ်
ရင်သား အကျိတ်
ဓမ္မတာလွန် သွေးလွန်ခြင်း
ဆီးချို အနာများ အကျက်မြန်ခြင်း
ကင်ဆာဆေးသွင်းနေရသူများ ဆေးဒါဏ်ပိုမိုခံနိုင်ခြင်း
စိတ်မဆိုးဆိုင်ကိုလာတဲ့ မိတ်ဆွေတွေရဲ့ အတွေ့အကြုံလေးတွေ ပြောပြတာကို စုဆောင်းပေးထားတာပါ။

စိတ်မဆိုး သင်္ဘောရွက်ဆေးလုံး ရေနွေးကြမ်းထုတ်လုပ်ရေး တိုက်၂အခန်း၁၀၁ ဇီဇဝါအိမ်ယာ သံသုမာလမ်းမ ၁၅ရပ်ကွက် တောင်ဥက္ကလာပ ဖုန်း018500355 မှ
#ဆေးနည်းဒါနပြုပါရစေနော်။
သင်္ဘောရွက်ကို
1. ရေသေသေခြာခြာဆေးပါ။ ရေနွေးဖျောသောက်ပါ။ အဖတ်က တို့စားလို့ကောင်းပါတယ်။
2. သွပ်ခေါင်မိုးအောက်မှာ ပစ်ထားပြီး အခြောက်လှမ်း ရေနွေးကြမ်းလိုခပ်သောက်ပါ။
( မခြောက်တခြောက်လှမ်းပြီးမှို့ မတက်စေပါနဲ့။ )
3. သင်္ဘောရွက်ကို အရည်ညှစ်သောက်။ ဆားရည်နဲ့ ရေသေသေခြာခြာဆေးပြီး သန့်ရှင်းပြီးမှ လုပ်ပါ။ ( သင်္ဘောရွက်အောက်မှာ ပိုးကပ်နေရင် ပြဿနာ ရှိတတ်ပါတယ်။ )

ကြိုက်သလိုတာ သောက်။ ကြိုက်သလိုစား။
အနည်းဆုံး တရက်ကို ၃ရွက် သောက်ပါ စားပါ။
သင်္ဘောရွက်ပေါများတဲ့ အရပ်အတွက်ပါ။

ရှားပါးတဲ့ အရပ်ကဆိုရင်တော့ စိတ်မဆိုး ဆနွင်းလုံး ဆိုင်များမှာမေးဝယ်ပါ။
စိတ်မဆိုးသင်္ဘောရွက်ခြောက်လုံး နဲ့ သင်္ဘောရွက်ခြောက်ရေနွေးကြမ်းကိုပါ။

Oct 22, 2019

မေတ္တာများစွာဖြင့် ပြန်လည်မျှဝေသည်။
အိမ်တွင်းဆေးမြီးတိုများစုစည်းမှု့

Address

Zezawar Housing, Thantumar Road
Yangon
YANGON

Telephone

+95943334777

Website

Alerts

Be the first to know and let us send you an email when မြန်မာဆေးကောင်းများ " စိတ်ညစ်ပယ်ချိုး စိတ်မဆိုး " ဆနွင်းလုံး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share