11/09/2026
ရင်သားကင်ဆာ (Breast Cancer) ဆိုတာ ရင်သားအတွင်းရှိ ဆဲလ်များ ပုံမှန်မဟုတ်ဘဲ ကြီးထွားပွားများလာပြီး ကင်ဆာဖြစ်ပွားလာတဲ့ ရောဂါတစ်မျိုး ဖြစ်ပါတယ်။ အမျိုးသမီးများတွင် အများဆုံးတွေ့ရသော ကင်ဆာများထဲမှ တစ်မျိုးဖြစ်သော်လည်း အမျိုးသားများတွင်လည်း ဖြစ်ပွားနိုင်ပါတယ်။
🔸 ရင်သားကင်ဆာ၏ လက္ခဏာများ
• ရင်သားတွင် အဖုအကျိတ်တွေ့ခြင်း
• ရင်သားအရွယ်အစား သို့မဟုတ် ပုံသဏ္ဍာန် ပြောင်းလဲခြင်း
• နို့သီးခေါင်း ချိုင့်ဝင်ခြင်း
• နို့သီးခေါင်းမှ သွေး သို့မဟုတ် အရည်ထွက်ခြင်း
• ရင်သားအရေပြား နီရဲခြင်း၊ ထူလာခြင်း သို့မဟုတ် လိမ္မော်ခွံပုံစံ ပြောင်းလဲခြင်း
• ချိုင်းကြားတွင် အကျိတ်ပေါ်လာခြင်း
🔸 ဘယ်သူတွေ ပိုဖြစ်နိုင်သလဲ?
• အသက်အရွယ် တိုးလာသူများ
• မိသားစုတွင် ရင်သားကင်ဆာ ရာဇဝင်ရှိသူများ
• အဝလွန်သူများ
• ဆေးလိပ်၊ အရက် သုံးစွဲသူများ
• လေ့ကျင့်ခန်း မလုပ်သူများ
🔸 ကြိုတင်ကာကွယ်နိုင်ရန်
✅ မိမိရင်သားကို ပုံမှန်စစ်ဆေးပါ
✅ ကျန်းမာရေးနှင့်ညီညွတ်သော အစားအစာစားသုံးပါ
✅ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ
✅ ဆေးလိပ်နှင့် အရက် ရှောင်ကြဉ်ပါ
✅ ဆရာဝန်ညွှန်ကြားချက်အရ ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ပါ
ရင်သားကင်ဆာကို စောစီးစွာ တွေ့ရှိပါက ကုသနိုင်ခြေ ပိုမိုကောင်းမွန်ပါသည်။ မိမိခန္ဓာကိုယ်တွင် ပုံမှန်မဟုတ်သော ပြောင်းလဲမှုများ တွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်း သို့မဟုတ် ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ဆွေးနွေးပါ။
ရင်သားကင်ဆာရောဂါကို ရင်ဆိုင်ကုသနေကြသူများအားလုံး
နာကျင်မှုများ လျော့ပါးပြီး စိတ်ခွန်အားအပြည့်နဲ့
ကုသမှုများကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ကြပါစေ။
ကုသမှုခံယူနေသူတိုင်း အားအင်ပြည့်ဝ၍
အမြန်ဆုံး ကျန်းမာပြန်လည်ကောင်းမွန်လာကြပါစေ။
မိသားစုဝင်များနှင့်အတူ ပျော်ရွှင်ကျန်းမာသောနေ့ရက်များကို
ပြန်လည်ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🩷
“မျှော်လင့်ချက်ကို မစွန့်လွှတ်ပါနဲ့။
နေ့ရက်တိုင်းမှာ အားအင်အသစ်နဲ့ ရှေ့ဆက်နိုင်ပါစေ။” 🌷
📞ဖုန်း - 𝟎𝟗 𝟕𝟕𝟏 𝟕𝟕𝟏 𝟏𝟖𝟑
📍လိပ်စာ - အမှတ် ၅၁၄၊ မာဃ ၁၃ လမ်း၊ တောင်ဥက္ကလာပမြို့နယ်၊ ရန်ကုန်မြို့။
🏠အိမ်တိုင်ရာရောက် ကျန်းမာရေးဝန်ဆောင်မှု Duwun Clinic
⏰[8am 12pm] [5pm 8 pm]