Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး

  • Home
  • Myanmar
  • Yangon
  • Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး

Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး Let’s talk real woman’s health/from periods to pregnancy, menopause and everything in between

မိန်းမကိုယ်တွင်းက ရောဂါပိုးကိုရှာဖွေဖို့ အရိုးရှင်းဆုံးနည်းလမ်း - ကိုယ်တိုင် privacy ရှိရှိ ပြုလုပ်နိုင်မယ် 💁‍♀️-တစ်မိနစ...
20/07/2025

မိန်းမကိုယ်တွင်းက ရောဂါပိုးကိုရှာဖွေဖို့ အရိုးရှင်းဆုံးနည်းလမ်း
- ကိုယ်တိုင် privacy ရှိရှိ ပြုလုပ်နိုင်မယ် 💁‍♀️
-တစ်မိနစ်အောက်ဘဲကြာမယ်⏰

High vaginal swab (HVS) က ဘက်တီးရီးယား vaginosis, thrush, သို့မဟုတ် sexly transmitted infections (STIs) စတဲ့ မိန်းမကိုယ်အတွင်း ရောဂါပိုးများကို ရှာဖွေဖို့ လျင်မြန်ရိုးရှင်းတဲ့ စမ်းသပ်မှုတစ်ခုပါ

😱တော်တော်များများ မသိကြသည့်အချက်က
ဆရာဝန် သို့မဟုတ် သူနာပြုဆရာမ မလိုအပ်ဘဲဆေးခန်းတစ်ခုက အခန်းထဲ သို့ အိမ်သာမှာ ကိုယ့်ဘာသာ စစ်ဆေးနိုင်ပါတယ်

🤷‍♀️🙋‍♀️Self-taken HVS ဆိုတာဘာလဲ??? ဘယ်လိုလုပ်ရမှာလဲ???

နားကြပ်တံ အကြီးစားလေးလို ပါဘဲပျော့ပျောင်းသော ဂွမ်းထိပ်ကို မိန်းမကိုယ်အလယ်နားလောက်ရောက်တဲ့ထိညင်သာစွာထည့် စက္ကန့်အနည်းငယ်ကြာ လှည့်ပတ်ပေးပြီး ပေးထားသည့် ပြွန်ဘူးထဲပြန်ထည့်ပြီး nurse သို့ ဆရာဝန်သို့ အဲ့ဘူးလေးပြန်ပေးရပါမယ်
အဲ့တုတ်ချောင်းလေးမှာ တွယ်ကပ်ပါလာမယ့် ပိုးတွေကို ဓာတ်ခွဲခန်းမှာဘဲ စစ်ဆေးပေးမှာဖြစ်ပါတယ်

☺️🤦‍♀️ရှက်တတ်သော အမျိုသမီးတို့ အတွက်
မနာကျင်ဘဲ တစ်မိနစ်အောက်သာ ကြာပြီး ကိုယ်တိုင်ဘဲ လုပ်ရမှာ ဖြစ်ပါတယ်

ပုံမှန်မဟုတ်သော အရည်ဆင်းခြင်း၊ ယားယံခြင်း သို့မဟုတ် မသက်မသာဖြစ်ခြင်းကဲ့သို့သော လက္ခဏာများခံစားရပါက ဒီစစ်ဆေးမှုလေးကအရေးကြီးတဲ့အဖြေကို ပေးနိုင်ပါတယ်နော်

Yours
Dr Thiri 🇬🇧

☺️မိန်းမကိုယ်တွင်းက အရည်ဆင်းလာရင် ပုံမှန် အမျိုးသမီးတို့ က ရှက်စရာ ရွံစရာ လို့ထင်ကြပါတယ်☺️တကယ်တော့ မိန်းမကိုယ်မှ အရည်ဆင်...
17/07/2025

☺️မိန်းမကိုယ်တွင်းက အရည်ဆင်းလာရင် ပုံမှန် အမျိုးသမီးတို့ က ရှက်စရာ ရွံစရာ လို့ထင်ကြပါတယ်☺️

တကယ်တော့ မိန်းမကိုယ်မှ အရည်ဆင်းခြင်းက
အမျိုးသမီးတစ်ယောက် မျိုးပွားစနစ်ရဲ့
မရှိမဖြစ်လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုပါ 👍

✅ဆဲလ်ဟောင်းများကို ဖယ်ရှားပေးခြင်း၊
✅အစိုဓာတ်ထိန်းပေးခြင်းနှင့်
✅ရောဂါပိုးမွှားများကို ကာကွယ်ပေးခြင်းဖြင့် မိန်းမကိုယ်ကို သန့်ရှင်းစေပါတယ် 🫧

🤔🙇‍♀️ဒါပေမယ့် အရောင် သို့မဟုတ် အနံ့ပြောင်းလာရင်တော့ တစ်ခါတစ်ရံမှာ ပြဿနာတစ်ခုခုဖြစ်နေပြီလို့ ဆိုလိုပါတယ်



🧬 🩸 ဘာကို ပုံမှန်လို့ သတ်မှတ်သလဲ??

• အရောင်- ကြည်လင်၊ အဖြူရောင်
• အရည်ကျဲကျဲ သို့ စေးကပ်ကပ်ဖြစ်တတ်တယ်
• အနံ့ : အနံ့ ပျော့ ပျော့ရှိတတ်ပါတယ်
• ရာသီစက်ဝန်းတစ်လျှောက်လုံး ပမာဏနှင့် အသွင်အပြင် ပြောင်းလဲနိုင်သည်။
• ဥပမာ- မျိုးဥထွက်ချိန်တစ်ဝိုက်
• လိင်စိတ်ထကြွခြင်း
• ကိုယ်ဝန်ဆောင်စဥ်
• ဟော်မုန်းပဋိသန္ဓေတားဆေးအသုံးပြုခြင်း (တားဆေးပြား၊ IUD)



⚠️ Vaginal discharge က ဘယ်အချိန်မှာ ပုံမှန်မဟုတ်တာလဲ??

‼️အောက်ကအချက်တွေ သတိပြုမိပါက 👩‍⚕️ဆရာဝန်နှင့် ပြသပါ။‼️

• အဝါရောင်၊ အစိမ်း သို့မဟုတ် မီးခိုးရောင်
• ထူပိတ်ပျစ်ပျစ်ခဲခဲဒိန်ခဲကဲ့သို့ အရည်ထွက်ခြင်း
• ငါးနံ့ သို့မဟုတ် အနံ့ဆိုးထွက်ခြင်း
• မိန်းမကိုယ်ယားယံခြင်း၊ နာခြင်း
• ရာသီလာချိန် သို့မဟုတ် လိင်ဆက်ဆံပြီးနောက် သွေးဆင်းခြင်း

Yours
Dr Thiri 👩‍⚕️🇬🇧

🚨သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ 🚨ကို လိုတိုရှင်းလေးပြောပြမယ် • ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်း (လိင်ဆက်ဆံပြီး...
22/06/2025

🚨သားအိမ်ခေါင်းကင်ဆာ လက္ခဏာများ 🚨ကို
လိုတိုရှင်းလေးပြောပြမယ်

• ပုံမှန်မဟုတ်သော မိန်းမကိုယ်မှ သွေးဆင်းခြင်း (လိင်ဆက်ဆံပြီးနောက်၊ ရာသီလာချိန် သို့မဟုတ် သွေးဆုံးပြီးနောက်)၊

• တင်ပါးဆုံတွင်း သို့မဟုတ် ခါးနာခြင်း

• လိင်ဆက်ဆံစဉ် သို့မဟုတ် ပြီးနောက် နာကျင်မှု

• ပုံမှန်ထက် ပိုများပြီးပိုကြာသော ရာသီလာခြင်း

• မိန်းမကိုယ်မှ အနံ့နံသောအရည်များထွက်ခြင်း ပန်းရောင် သို့မဟုတ် သွေးထွက်ခြင်း

• ခြေထောက်ရောင်ရမ်းခြင်း

• အကြောင်းပြချက်မရှိကိုယ်အလေးချိန်ကျခြင်း
(သို့)ပင်ပန်းနွမ်းနယ်ခြင်း

ဟိုတစ်လောက video လေးနဲ့
1️⃣ဘယ်လိုလူတွေမှာ သားအိမ်ခေါင်းကင်ဆာဖြစ်နိုင်လဲ
2️⃣ဘယ်လို ပုံမှန် စစ်ဆေးရမလဲ
3️⃣ဘယ်လို ကာကွယ်ဆေး ထိုးရမလဲ ဆိုတာတွေကို ပြောပြထားပြီးပြီနော်

မကြည့်ရသေးရင် page မှာ video လေးတွေ
ရှာကြည့်ပေးနော် 😉

Yours
Dr Thiri🇬🇧

🧬 သုတ်ပိုး အားနည်းနေသလား ??? ကလေးမရဖြစ်နေပြီလား??If you’re trying for a baby and nothing’s happening… it might not just ...
20/06/2025

🧬 သုတ်ပိုး အားနည်းနေသလား ??? ကလေးမရဖြစ်နေပြီလား??

If you’re trying for a baby and nothing’s happening… it might not just be her.

🧪 ရောဂါရှာဖွေခြင်း

☝️သုတ်ရည်ခွဲခြမ်းစိတ်ဖြာစစ်ဆေးခြင်းက ပထမအဆင့်ပါ
☝️သုက်ပိုးအရေအတွက်၊ ပုံသဏ္ဍာန်နှင့် လှုပ်ရှားမှုတို့ကို စစ်ဆေးရပါမယ်

လိုအပ်ပါက သွေးစစ်ခြင်းနှင့် အာထရာဆောင်း စစ်ဆေးခြင်းများ ပြုလုပ်ရမယ်

-------------------------//////--------------
🏊‍♂️သုတ်ပိုးလှုပ်ရှားမှုနည်းခြင်း = သုတ်ပိုးကောင်လေးက ရေကောင်းကောင်းမကူးနိုင်ပါ
ဆိုလိုတာက အမျိုးသမီးသားဥလေးဆီကို မရောက်နိုင်တဲ့ ပြဿနာပါ။

🚫 အဖြစ်များသော အကြောင်းရင်းများ
မွေးရာပါ ပြသာနာများ
hormone မညီမျှခြင်း

• ဆေးလိပ်နှင့် အရက်

• အပူလွန်ကဲခြင်း (ရေပူကန်များခနခန စိမ်ခြင်းကျပ်တဲ့ဘောင်းဘီ ဝတ်တာlaptop ကိုပေါင်ပေါ်တင် အချိန်ကြာအလုပ်လုပ်ခြင်း)

• စိတ်ဖိစီးမှု
စားသောက်မှုပုံစံ ဖြစ်သလိုစားခြင်း အာဟာရမမျှတခြင်း

• လိင်မှတစ်ဆင့် ကူးစက်ရောဂါများရှိခြင်း
ပိုးဝင်ခြင်း
varicocele-သွေးကြောထုံးများ ကပ်ပယ်အိတ်တွင်ပြည့်နေခြင်း

✅ ဘယ်လိုတိုးတက်အောင်လုပ်ရမလဲဆိုတော့

• ဆေးလိပ်ဖြတ်ပါ။

• ကျန်းမာရေးနဲ့ ညီညွတ်အောင် စားပါ (ဇင့်၊ အိုမီဂါ-၃၊ vitamins C,ae Folic acid သောက်ပါ)

• လေ့ကျင့်ခန်းလုပ်ပြီး ကောင်းကောင်းအိပ်ပါ။

• "ကိုယ့် ဝှေးစေ့ လေးကို 🧊 အေးအေးလေးဖြစ်အောင်နေပါ။

Hormone မညီမျှတာတွေဆိုရင်တော့ ဆရာဝန်နဲ့ သေချာ တိုင်ပင်ပြီ လိုအပ်တဲ့ ဆေးကုသမှုခံယူရမယ်နော်

🕒 သုတ်ကောင်ကျန်းမာရေးပြန်ကောင်းမွန်ဖို့က
2-3 လကြာနိုင်ပါတယ်

သုတ်ကောင်စစ်ဆေးပါ ပြီးတာနဲ့
အပေါ်ကပြောထားသလို နေထိုင် စားသောက်ပါ

Yours
Dr Thiri 🇬🇧

16/06/2025

🤔Ecee 2 Ecee 2နဲ့ လူငယ်တွေကြားအသိများတဲ့ အရေးပေါ်တားဆေး ဆိုတာဘာလဲ???

🙄မိန်းကလေးများ ရည်းစားက တိုက်လို့ သောက်လိုက်ရတယ် ဘာဆေးလဲမသိဘူးဆိုတာတွေ မဖြစ်စေဖို့ ဒီ video ကို အဆုံးထိကြည့်ပါ သေချာနားထောင်ပါနော် 😤

‼️နေ့စဥ်သောက်ရမယ့်ဆေးမဟုတ်ဘူးနော်

Video လေးထဲမှာ ဒီတားဆေးနဲ့ ပက်သတ်တဲ့ သတိထားရမယ့် အရာတွေ ရှင်းပြထားပါတယ်

လူငယ်တွေ တစ်လွှဲတွေ မမှားစေဖို့ မလိုလားအပ်တဲ့ ပြသာနာများ မဖြစ်စေဖို့ စေတနာနဲ့ ရည်ရွယ်ထားတဲ့ video လေးပါ

Yours
Dr Thiri🇬🇧

😱PCOS ဆိုတာဘာလဲ😱Polycystic O***y Syndrome (PCOS) ဆိုတာအမျိုးသမီးတစ်ဦးမှာ hormone တွေ မညီမျှဘဲသားဥအိမ်အလုပ်လုပ်ပုံပြသနာတွ...
15/06/2025

😱PCOS ဆိုတာဘာလဲ😱

Polycystic O***y Syndrome (PCOS) ဆိုတာအမျိုးသမီးတစ်ဦးမှာ hormone တွေ မညီမျှဘဲ
သားဥအိမ်အလုပ်လုပ်ပုံပြသနာတွေ ရှိလာတဲ့ ရောဂါအခြေအနေတစ်ခုပါ

⚠️PCOS ရှိတဲ့ အမျိုးသမီးလေးတွေမှာ
ပုံမှန်ရာသီမလာခြင်း
ကျားဟော်မုန်း (အန်ဒရိုဂျင်) မြင့်မားပြီး
Ultrasound မှာ သားဥအိမ်မှာ အလုံးငယ်များ ရှိနေနိုင်ပါတယ်

‼️အဖြစ်များသော လက္ခဏတွေကတော့
💔ရာသီမမှန်ခြင်း
💔မျက်နှာ/ခန္ဓာကိုယ် အမွှေးအမျှင်များများလာခြင်း
💔ဝက်ခြံ သို့မဟုတ် အဆီပြန်သောအသားအရေ
💔ကိုယ်အလေးချိန်တိုးခြင်း သို့မဟုတ် ကိုယ်အလေးချိန်ကျရန် ခက်ခဲခြင်း။
💔ဆံပင်ပါးခြင်း သို့မဟုတ် ဆံပင်ကျွတ်ခြင်း။
💔 ကလေးရရန် ခက်ခဲခြင်း

"PCOS ပိုကောင်းအောင် ဘာက ကူညီပေးလဲ"

🥗 အာဟာရမျှတသော အစားအစာများ

🚶‍♀️ ပေါ့ပေါ့ပါးပါး လှုပ်ရှားမှုလေးတွေလုပ်ပါပြစ်ဒဏ်ပေးသလို အလွန်အကြူးတွေ လုပ်စရာ မလိုဘူးနော်

💊 metformin၊ spironolactone သို့မဟုတ် contraceptive pills(ဆရာဝန်နဲ့ တိုင်ပင်ပြီး မှသာ သောက်သုံးပါ)

🧘‍♀️ အိပ်စက်ခြင်း + စိတ်ဖိစီးမှုကိုလျှော့ချပါ

ကိုယ်အလေးချိန် (၅-၁၀%) ကျအောင်ကြိုးစားနိုင်ရင် ရာသီချိန်ပုံမှန်ပြန်ဖြစ်ပြီး ရောဂါလက္ခဏာများကို လျှော့ချနိုင်ပါတယ်

You deserve a plan that works for your body, not against it.




Yours
Dr Thiri🇬🇧

11/06/2025

🌸 မျိုးမပွားနိုင်ခြင်း 🌸 အကြောင်းပြောကြရအောင်

ကမ္ဘာတစ်ဝှမ်းမှာ စုံတွဲ 6 တွဲတွင် 1 တွဲကတော့
ဒီပြသနာ ရှိနေတတ်ပါတယ်

လူတွေကြား ပွင့်ပွင့်လင်းလင်းပြောဖို့ အကူအညီတောင်းဖို့ ခက်ခဲတဲ့ အရာဖြစ်နေသလို အဆုံးမရှိသော မေးခွန်းများဖြင့် ပြည့်နှက်နေတဲ့ စိတ်ပင်ပန်းရတဲ့ ဘဝခရီးတစ်ခု ဖြစ်ပါတယ်

မျိုးမပွားနိုင်ခြင်းလို့ပြောလိုက်ရင် ဘယ်တော့မှကလေးမရနိုင်ဟု အမြဲတမ်းမဆိုလိုပါ

ကိုယ်ဝန်ရရန် အချိန်၊ ပံ့ပိုးမှု၊ သို့မဟုတ် ဆေးဘက်ဆိုင်ရာအကူအညီများ ပိုလိုအပ်နိုင်နေတာလေးတစ်ခုပါ

❓❓🙋‍♀️🙋ငါတို့ ဘာလို့ကလေးမရတာလဲ❓❓

-မျိုးဥထွက်ခြင်းဆိုင်ရာပြဿနာများ
- သုတ်ပိုးပြဿနာများ
- သားအိမ်ပြွန်ပိတ်ဆို့ခြင်း
-endometriosis သို့မဟုတ် fibroids
-တစ်ခါတစ်လေ အကြောင်းပြချက်မရှိ

😔ကလေးမရနိုင် မျိုးမပွားနိုင်ခြင်းသည် စိုးရိမ်စိတ်၊ စိတ်ဓာတ်ကျခြင်းနှင့် အထီးကျန်ခြင်းကို ဖြစ်စေပါတယ် ☹️
လူ့အသိုင်းအဝိုင်းမှာ ကလေးမရရင် အရင်ဆုံး ထို 🤦‍♀️
အမျိုသမီးလေးကို အပြစ်ဝိုင်းတင်ကြပါတယ်

သင်တို့ မမေ့ထားဖို့က 🤦‍♂️အမျိုးသားတွေကြောင့်ဖြစ်တာသည် percentage တူတူဘဲဆိုတာပါဘဲ
(By global factors 📊 Who Contributes More to Infertility — Men or Women?)

According to global studies, infertility causes are roughly divided as follows

🔍 Infertility Causes by Percentage
• 👩 Female factors: 35%
(e.g., ovulation issues, blocked tubes, endometriosis)
• 👨 Male factors: 35%
(e.g., low s***m count, motility issues, varicocele)
• 👩‍❤️‍👨 Combined male and female factors: 20%
• ❓ Unexplained infertility: 10%
ကလေးမရရင် သူ့အပြစ်ကိုယ့်အပြစ် လက်ညိုးတွေ မထိုးဘဲ လင်မယား ၂ယောက်လုံး စစ်ဆေးဖို့ လိုပါတယ်

👩‍⚕️ ဘယ်အချိန်မှာ အကူအညီရှာရမလဲ။

• သင် 35 နှစ်အောက်ဖြစ်ပြီး ကလေးရဖို့ ကြိုးစားပြီး 1 နှစ်အကြာတွင် ကိုယ်ဝန်မဆောင်ပါက၊
• သင် 35 ကျော်ပါက 6 လကြာကြိုးစားပြီးနောက်
• ရာသီလာချိန်မမှန်ခြင်း သို့မဟုတ် PCOS ကဲ့သို့သော ကျန်းမာရေးပြဿနာများရှိရင်

(🫣Q:ဘယ်လို ကြိုးစားရမလဲ??
A:🤭တစ်ပတ်ကို အနည်းဆုံး၂/၃ကြိမ် ပုံမှန်အကာအကွယ်မပါ အတူနေပါ)

No matter where you are on your fertility journey, you are not alone. Be kind to yourself and others—you never know what silent battles people are fighting.

💬 တစ်ယောက်ကိုတစ်ယောက် အားပေးပြီး စကားဝိုင်းကို ဆက်ကြပါစို့။ ❤️

Yours
Dr Thiri🇬🇧

Let’s talk real woman’s health/from periods to pregnancy, menopause and everything in between

🌸 Dysmenorrhea (ရာသီမလာခင်နာကျင်ကိုက်ခဲသော ကာလများ) Dysmenorrhea က ဆယ်ကျော်သက်နှင့် reproductive ageတွင် သက်ရောက်မှုရှိသ...
10/06/2025

🌸 Dysmenorrhea (ရာသီမလာခင်နာကျင်ကိုက်ခဲသော ကာလများ)

Dysmenorrhea က ဆယ်ကျော်သက်နှင့် reproductive ageတွင် သက်ရောက်မှုရှိသည်။

အဓိက အမျိုးအစား နှစ်မျိုးရှိသည်။

🔹 Primary Dysmenorrhea
ရာသီစလာခါစ အမျိုးသမီးငယ်များတွင် အဖြစ်များပြီး မည်သည့်ရောဂါကြောင့်မျှ အကြောင်းပြချက်ကြောင့်မှမဟုတ်ပါ

သားအိမ်ကျုံ့စေတတ်တဲ့ prostaglandin တွေ ကိုယ်ခန္ဓာထဲ မှာ မြင့်မားနေတာကြောင့်ပါ
များသောအားဖြင့် ဓမ္မတာမလာမီ သို့မဟုတ် ပထမရက်အနည်းငယ်အတွင်း ဖြစ်စေပါတယ်

🔹 Secondary Dysmenorrhea

Underlying conditions တစ်ခုခု
• Endometriosis
• Fibroids
• Adenomyosis
• Pelvic infections လို ရှိနေတတ်တာကြောင့် ရာသီမလာခင်နာကျင်တတ်ပါတယ်

အပေါ်ကအကြောင်းရင်းတွေကြောင့်ဖြစ်တဲ့ ရာသီမလာခင်အလွန်နာကျင်ကိုက်ခဲခြင်းတွေကတော့အသက်ပိုကြီးတဲ့အချိန်မှ စတင်လေ့ရှိပြီး ရာသီလာတာ amount များတာ လိင်ဆက်ဆံစဉ် နာကျင်ခြင်း သို့မဟုတ် ကိုယ်ဝန်ရရန် ခက်ခဲခြင်းတို့နှင့် ဆက်စပ်နေနိုင်ပါတယ်



💡 How do we manage dysmenorrhea??

✅ အကိုက်အခဲပျောက်ဆေး (NSAIDs) – ibuprofen သို့မဟုတ် mefenamic acid

✅ ဟော်မုန်း ပဋိသန္ဓေတားဆေး - ဆေးများ၊ ထိုးဆေးများ၊IUD -ဆရာဝန်နဲ့ တိုင်ပင်ပြီးမှသာ ကိုက်ညီသော အမျိုးအစားကို သောက်သုံးပါ

✅ အပူကုထုံး - နာကျင်တဲ့အချိန်မှာ ရေနွေးအိတ်လေးကပ်ပေးပါ

✅ ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ
စိတ်ဖိစီးမှုကို လျှော့နိုင်အောင်ကြိုးစားတာတွေက ရောဂါလက္ခဏာများကို သက်သာစေနိုင်ပါတယ်။

ရာသီလာစဉ် နာကျင်မှုသည် အလုပ်အကိုင် ကျောင်းတက်ရက် ပျက်ကွက်တဲ့အထိ ပြင်းထန်တာ
သို့မဟုတ် ပုံမှန်ကုသမှုများဖြင့် မသက်သာပါက
ကိုယ့်မှာ အပေါ်မှာ ပြောပြထားတဲ့ သားအိမ်အလုံးတွေများရှိနေသလားဆိုတာ
သိရှိရန် ဆရာဝန်ထံ သွားရောက်စစ်ဆေးဖို့ အရေးကြီးပါတယ်



Yours
Dr Thiri🇬🇧 💗

ရာသီလာခါနီးတိုင်းအမြဲခေါင်းကိုက်တတ်ကြလားဟင်??? ကိုယ့်ဘာသာ သတိထားမိကြလား??Menstrual migraine လို့ခေါ်တဲ့ မီးယပ်ခေါင်းတစ်ခ...
08/06/2025

ရာသီလာခါနီးတိုင်းအမြဲခေါင်းကိုက်တတ်ကြလားဟင်??? ကိုယ့်ဘာသာ သတိထားမိကြလား??

Menstrual migraine လို့ခေါ်တဲ့ မီးယပ်ခေါင်းတစ်ခြမ်းကိုက်ခြင်းအကြောင်းလေး အတိုချုပ်လေးပြောပြပေးချင်ပါတယ်

1. 🧠 ရာသီမလာခင်မှာ Estrogen ကျဆင်းမှုကြောင့် Menstrual migraine ဖြစ်တတ်ပါတယ်။

2. 📆 ပုံမှန်အားဖြင့် ဓမ္မတာစပြီး 2 ရက်မှ 3 ရက်အတွင်း ဖြစ်တတ်တယ်

3. ❗️ရောဂါလက္ခဏာတွေက ပုံမှန်ခေါင်းတစ်ခြမ်းကိုက်တာထက် ပိုပြင်းထန်ပြီး ကြာရှည်တတ်တယ်

4. 🚫 ပုံမှန် migraine နှင့် မတူဘဲ ရာသီလာစဉ် ခေါင်းတစ်ခြမ်းကိုက်တာက များသောအားဖြင့် aura မပါဝင်ပါ။

5. 💊 NSAIDs (ဥပမာ ibuprofen)၊ triptans နှင့် အအန်ပျောက်ဆေးတစ်ချိ့ကလဲ သက်သာစေပါတယ်

6. 🔁 naproxen သို့မဟုတ် triptans လိုဆေးတွေကို ရာသီမပေါ်မီ ရက်အနည်းငယ်အလိုတွင် ကြိုပြိး သောက်ထားပြိး ခေါင်းကိုက်တာ ကာကွယ်နိင်ပါတယ်

7. 🌸 Magnesium supplements တွေကလဲ တစ်ဖက်တစ်လမ်းကနေ သက်သာစေပါတယ်

8. 🧘‍♀️ စိတ်ဖိစီးတာ stress များတာ
အိပ်ရေးမဝါ အစာမစားဘဲ နေတာနှင့် ရေဓာတ်ခန်းခြောက်ခြင်းတို့က ပိုဆိုးစေနိုင်ပါတယ်။

👩‍⚕️ ခေါင်းတစ်ခြမ်းကိုက်ခြင်း မကြာခဏဖြစ်လာပါ
ပြီးမသက်သာပါက ဆရာဝန်နှင့် သေချာပြသဖို့လိုအပ်ပါမယ်ရှင်

Yours
Dr Thiri🇬🇧

ကဲ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး အမျိုးအစားလေးတွေနဲ့ သူရဲ့ အာနိသင် ဘယ်ရောဂါပိုးတွေ ကာကွယ်နိုင်မယ်ဆိုတာကို ဇယားလေးနဲ့ ယှည်က...
07/06/2025

ကဲ သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး
အမျိုးအစားလေးတွေနဲ့ သူရဲ့ အာနိသင်
ဘယ်ရောဂါပိုးတွေ ကာကွယ်နိုင်မယ်ဆိုတာကို
ဇယားလေးနဲ့ ယှည်ကြည့်ပြီး ဗဟုသုတလေးတွေ
တိုးပွါးရင်း ကိုယ်ကိုယ်တိုင်ရော ကိုယ့်ညီမ ကိုယ့်တူမ ကိုယ့်သမီးလေးတွေ ကိုလဲ ကာကွယ်ဆေး ထိုးပေးဖို့ မမေ့ပါနဲ့နော်

Yours
Dr Thiri🇬🇧

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Womb and Wellness by Dr Thiri-အမျိုးသမီးကျန်းမာရေး အသိပညာပေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share