Nwe Paradise Beauty

Nwe Paradise Beauty Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nwe Paradise Beauty, Cosmetics Store, Yangon.

“Skincare ကို ဘယ်အချိန်စလုပ်သင့်လဲ?”မေးကြတာများလို့ Sharing လေးပါရှင် 🌸တကယ်တော့ Skincare စတင်ဖို့ အချိန်တစ်ခုတည်းမရှိပါဘ...
25/04/2026

“Skincare ကို ဘယ်အချိန်စလုပ်သင့်လဲ?”
မေးကြတာများလို့ Sharing လေးပါရှင် 🌸

တကယ်တော့ Skincare စတင်ဖို့ အချိန်တစ်ခုတည်းမရှိပါဘူး။
အသက်အရွယ်အလိုက် လိုအပ်ချက်တွေ ကွဲပြားသလို
Routine လည်း နည်းနည်းကွာနိုင်ပါတယ်။

• Age 13+ (အခြေခံစတင်ချိန်)

ဒီအရွယ်မှာ အသားအရေကို မထိခိုက်စေမယ့်
gentle cleanser နဲ့ မနက်ဘက် sunscreen လိမ်းတဲ့အကျင့် စတင်ဖို့ အရေးကြီးပါတယ်။

• Age 20+ (ထိန်းသိမ်းစောင့်ရှောက်ချိန်)

အသားအရေရဲ့ ရေဓာတ် (Moisture) မခန်းခြောက်အောင်
ဂရုစိုက်ရမယ့်အချိန်ဖြစ်ပါတယ်။
Basic routine (cleanse, hydrate, moisturize, sunscreen) ကို မှန်မှန်လုပ်ပေးခြင်းက အသားအရေကို ပိုမိုကောင်းမွန်စေပါတယ်။

• Age 25+ (ကြိုတင်ကာကွယ်ချိန်)

ဒီအရွယ်မှာ Collagen ထုတ်လုပ်မှု တဖြည်းဖြည်း
လျော့လာနိုင်ပါတယ်။
ဒါကြောင့် အသားအရေ တင်းရင်းမှုကို ထိန်းသိမ်းပေးနိုင်တဲ့skincare routine များကို စတင်ထည့်သုံးဖို့ အဆင်ပြေတဲ့အချိန်ပါ။

• Age 30+ (ပြန်လည်ထိန်းညှိချိန်)

အသားအရေခြောက်သွေ့မှု ပိုမြင်လာနိုင်ပြီး
အရေးအကြောင်းသေးသေးများ စတင်ပေါ်လာနိုင်ပါတယ်။
ဒါကြောင့် Hydration + Moisture ကို ပိုအာရုံစိုက်ပြီး
အသားအရေကို နူးညံ့တင်းရင်းနေစေဖို့ ဂရုစိုက်ရပါမယ်။

• Age 40+ (အာဟာရဖြည့်တင်းချိန်)

ဒီအရွယ်မှာ အသားအရေ တင်းရင်းမှု လျော့နည်းလာနိုင်တာကြောင့်moisturizing & nourishing skincareproducts များကိုရွေးချယ်အသုံးပြုခြင်းက အသားအရေကို ပိုမိုကျန်းမာစေပါတယ်။

• Age 50+ (နူးညံ့စောင့်ရှောက်ချိန်)

အသားအရေ ပိုမိုနူးညံ့လာနိုင်တဲ့အတွက်
gentle & moisturizing skincare များကို အသုံးပြုပြီး
အသားအရေကို သက်တောင့်သက်သာနဲ့ စောင့်ရှောက်ပေးရပါမယ်။

Note:
Skincare ဆိုတာ ပျက်စီးသွားမှ ပြန်ကုတာထက်
အမြဲတမ်း ကြည်လင်ကျန်းမာနေအောင်
ကြိုတင်ဂရုစိုက်တာ ဖြစ်ပါတယ်။

ဒါကြောင့် စောစောစတင်လေလေ
ပိုမိုကောင်းမွန်တဲ့ Result ရရှိနိုင်ပါတယ်ရှင် ✨



✨ ဒါ့အပြင် :
အသားအရေ လှပချင်ရင် skincare တစ်ခုတည်းမလုံလောက်ပါဘူး။

အိပ်ရေးဝဝအိပ်ခြင်း၊ ရေများများသောက်ခြင်းနှင့်
Healthy food များစားသုံးခြင်းတို့ကလည်း
အသားအရေကျန်းမာရေးအတွက် အရေးကြီးတဲ့အချက်တွေပါရှင် 💛





“Skincare အဆင့်တွေ များလို့ ပျင်းပေမယ့်အသားအရေ ကြည်လင်ချင်သူများအတွက်” 🌸 Sharing လေးပါရှင်တကယ်တော့ အသားအရေ လှပပြီး ကျန်း...
24/04/2026

“Skincare အဆင့်တွေ များလို့ ပျင်းပေမယ့်
အသားအရေ ကြည်လင်ချင်သူများအတွက်” 🌸 Sharing လေးပါရှင်

တကယ်တော့ အသားအရေ လှပပြီး ကျန်းမာနေဖို့အတွက်
အခြေခံ Skincare အဆင့် (၄) ဆင့်ကို မှန်မှန်လုပ်ပေးရုံနဲ့
အရမ်းကောင်းတဲ့ Result တစ်ခု ရရှိနိုင်ပါတယ်။

၁။ သန့်စင်ပါ (Cleansing)

အသားအရေထိန်းသိမ်းမှုရဲ့ အခြေခံအရေးကြီးဆုံးအဆင့်ပါ။
မျက်နှာပေါ်ရှိ ဖုန်မှုန့်နှင့် အညစ်အကြေးများကို ဖယ်ရှားပေးပြီး ဝက်ခြံနှင့် ချွေးပေါက်ပိတ်ခြင်းကို ကာကွယ်ပေးပါတယ်။

၂။ ရေဓာတ်ဖြည့်ပါ (Hydrating)

မျက်နှာသစ်ပြီးနောက် အသားအရေထဲသို့
လိုအပ်သော ရေဓာတ်များ ပြန်လည်ဖြည့်တင်းပေးရန် လိုအပ်ပါတယ်။
ဒါမှ အသားအရေက ပိုမို ကြည်လင်ပြီး တင်းရင်းနေပါလိမ့်မယ်။

၃။ အစိုဓာတ်ထိန်းပါ (Moisturizing)

ဖြည့်ထားသော ရေဓာတ်များ မပျောက်ကွယ်သွားစေရန်
အသားအရေထဲမှာ lock လုပ်ပြီးအစိုဓာတ်ကို ထိန်းညှိပေးပါတယ်။
ဒါကြောင့် အသားအရေ နူးညံ့ပြီး အိစက်နေစေပါတယ်။

၄။ ကာကွယ်ပါ (Protecting)
မနက်ဘက်တွင် Sunscreen သည် မဖြစ်မနေ လိုအပ်ပါတယ်။
ဘယ်လောက်ပဲ skincare ကောင်းကောင်း လိမ်းထားပါစေ
နေရောင်ခြည်မှ မကာကွယ်ပါက
အသားအရေ ပျက်စီးလွယ်နိုင်ပါတယ်။

ဒါကတော့ အသားအရေ အမျိုးအစားအများစုအတွက်
လိုအပ်သော Basic Routine ဖြစ်ပါတယ်။

အကယ်၍ ဝက်ခြံ၊ တင်းတိပ်၊ မညီညာမှုများရှိပါက
ဒီ routine အပေါ်မှာ Treatment Serum များကို
လိုအပ်သလို ထပ်မံထည့်သုံးနိုင်ပါတယ်ရှင် ✨




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Nwe Paradise Beauty posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share