Aung Chan Thar Pharmacy

Aung Chan Thar Pharmacy (09752333356/
09952180010)
north oakalar

09799666377
Sanchaung(near asia royal hospital)

28/04/2026
28/04/2026
27/04/2026

သမာရိုးကျ လမ်းလျှောက်တာထက် ဝိတ်ပိုကျစေမယ့် နည်းလမ်းကောင်းများ 🚩

လမ်းလျှောက်တာက ရိုးရှင်းပြီး ထိရောက်တဲ့ ကိုယ်အလေးချိန်ကျနည်းပါ။ ဒါပေမယ့် အောက်ပါနည်းလမ်းတွေသိထားရင် ပိုထိရောက်စွာ ကယ်လိုရီတွေလောင်ကျွမ်းစေနိုင်ပါတယ်။ 👇

၁။ အရှိန်မြှင့်လျှောက်ပါ ⏩️

ဖြည်းဖြည်းလျှောက်တာထက် အနည်းငယ်မြန်မြန်လျှောက်တာက ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်။

၂။ အချိန်ကြာကြာလျှောက်ပါ ⬆️

အားလုံးသိပြီးသားပါပဲ။ ပိုကြာလေ ကယ်လိုရီ ပိုလောင်ကျွမ်းလေမို့ ပင်ပန်းသွားပြီဆိုရင်တောင် ၃-၄ မိနစ်လောက်ပိုလျှောက်လိုက်ခြင်းအားဖြင့် ရေရှည်မှာ အကျိုးထူးနိုင်ပါတယ်။

၃။ တောင်တက်ပါ (သို့) အနည်းငယ်မတ်တဲ့နေရာမှာလျှောက်ပါ၊ လှေကားတက်ပါ။ 📶

အမြဲတမ်း ပြန့်တဲ့ မြေပြင်မှာ လျှောက်တာထက် ရံဖန်ရံခါ အနည်းငယ်မတ်တဲ့နေရာမှာ လျှောက်တာက ကယ်လိုရီပိုလောင်ကျွမ်းစေပါတယ်။

၄။ လက်ကိုရွေ့လျားပါ 🖐

လက်ကိုချိတ်မထားဘဲ သဘာဝအတိုင်း ရွေ့လျားပေးတာက ကယ်လိုရီလောင်ကျွမ်းမှုကို အနည်းငယ်တိုးစေပါတယ်။

၅။ အနည်းငယ်အလေးတုံးများဆောင်ပါ 🔩

လက်မှာ အနည်းငယ်လေးတဲ့ အလေးတုံးလေးတွေကိုင်ပြီး လျှောက်တာကလည်း အထောက်အကူဖြစ်စေပါတယ်။ ဒါမှမဟုတ် ရေသန့်ဘူးခပ်ကြီးကြီး ကိုင်ပြီး လက်လွှဲ လျှောက်တာမျိုးဆိုရင် ကယ်လိုရီလည်း ပိုကျ၊ မောရင်လည်း ရေသောက်လို့ရတော့ ၂မျိုး အဆင်ပြေစေမှာ ဖြစ်ပါတယ်။

ဒီနည်းလမ်းလေးတွေနဲ့ လမ်းလျှောက်မယ်ဆိုရင် ပုံမှန်ထက် ပိုပြီးထိရောက်တဲ့ ရလဒ်ကိုရနိုင်ပါတယ်။ ⏫️

ဝိတ်ချနည်း အမှန်များကိုတော့ ကွန်းမန့်ထဲမှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ် ခင်ဗျာ 👇🏻

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေ/ ရှယ် (Share) နိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🚶‍♀️🚶‍♂️

27/04/2026
အောင်ချမ်းသာ ဆေးဆိုင်မှာ ရပါပြီ
25/03/2026

အောင်ချမ်းသာ ဆေးဆိုင်မှာ ရပါပြီ

အောင်ချမ်းသာ ဆေးဆိုင်မှာ ရပါပြီ။
25/03/2026

အောင်ချမ်းသာ ဆေးဆိုင်မှာ ရပါပြီ။

25/03/2026

ခွေးရူးပြန်ရောဂါကို ဘယ်လို ကာကွယ်ရမလဲ? ခွေးကိုက်ခံရရင် ဘာလုပ်ရမလဲ? 🐕

ခွေးရူးပြန်ရောဂါက တကယ်ကို ကြောက်စရာကောင်းတဲ့ ရောဂါတစ်ခုပါ။ ဒီရောဂါဖြစ်ရင် အသက်ဆုံးရှုံးတဲ့အထိ ဆိုးရွားနိုင်တာကြောင့် သေချာသိထားပြီး ကြိုတင်ကာကွယ်ဖို့ အရေးကြီးပါတယ်။

ခွေးရူးပြန်ရောဂါ ဆိုတာ ဘာလဲ? ❓️

ဒီရောဂါက ရေးဘီးစ် (rabies) လို့ခေါ်တဲ့ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ပြီး ဦးနှောက်နဲ့ အာရုံကြောစနစ်ကို တိုက်ခိုက်ပါတယ်။ အဓိကအားဖြင့် ခွေး၊ ကြောင်၊ လင်းနို့၊ မျောက် စတဲ့ တိရစ္ဆာန်တွေကနေ ကိုက်တာ၊ ခြစ်တာ (ဒါမှမဟုတ်) တံတွေးကနေ လူတွေဆီ ကူးစက်လေ့ရှိပါတယ်။

ရောဂါလက္ခဏာတွေ ဘာတွေလဲ?

ကူးစက်ခံရပြီဆိုရင် ပထမဆုံး ဒီလိုလက္ခဏာတွေ ပြတတ်ပါတယ်

- ဖျားမယ်၊ ကိုက်ခဲမယ်၊ အားနည်းနေမယ် 🤒
- ကိုက်တဲ့နေရာမှာ ယားယံတာမျိုး ခံစားရနိုင်ပါတယ်

နောက်ပိုင်းမှာတော့ ပိုဆိုးလာပြီး

- ရေကို အလွန်ကြောက်လာမယ် 💦
- စိတ်ဂနာမငြိမ်ဖြစ်မယ်
- တက်တာ၊ သတိလစ်တာတွေ ဖြစ်လာတတ်ပါတယ်

အရေးကြီးတာက လက္ခဏာ မပြခင် မြန်မြန်ကုသဖို့ပါ။ လက္ခဏာ စပြပြီးရင် ကုသလို့မရတော့ဘဲ အသက်ဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဘယ်လိုကာကွယ်မလဲ? 🛡

ဒီရောဂါက ကြောက်စရာကောင်းပေမယ့် ကာကွယ်လို့ရတဲ့ ရောဂါ တစ်ခုပါ။

1. အိမ်မွေးတိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးပေးပါ 💉

- ခွေး၊ ကြောင်တွေမှာ ပုံမှန် Rabies ကာကွယ်ဆေး ထိုးပေးဖို့ လိုပါတယ်။ (လူတွေမှာလည်း ဘာမှ မဖြစ်ခင်ကတည်းက ကြိုတင်ထိုးထားလို့ရတဲ့ ကာကွယ်ဆေး ရှိပါတယ်။ ဒီဆေးထိုးထားရင် တကယ်အကိုက်ခံရတဲ့အခါ booster dose နည်းနည်းပဲ ထပ်ထိုးဖို့လိုတာမျိုး၊ ဒီ virus ကို တိုက်ခိုက်ဖို့ ကိုယ်ခံအား ကောင်းနေတာမျိုး စတဲ့ အားသာချက်တွေ ရှိပါတယ်)

2. အိမ်မွေးမဟုတ်တဲ့/ မသိတဲ့ တိရစ္ဆာန်တွေနဲ့ မကစားပါနဲ့ ⛔️

- လမ်းကခွေး၊ ကြောင်တွေ၊ လင်းနို့တွေကို မထိပါနဲ့။ အထူးသဖြင့် သူတို့က ပုံမှန်မဟုတ်ဘဲ ရူးနေသလို ပြုမူနေရင် ပိုသတိထားပါ။

3. အကိုက်ခံရရင် ဘာလုပ်မလဲ? 🤔

- ဒဏ်ရာကို ချက်ချင်း ဆပ်ပြာနဲ့ ရေသန့်သန့်နဲ့ ၁၅မိနစ် လောက် ဆေးကြောပါ။
- ဆရာဝန်ဆီ အမြန်ဆုံးသွားပြီး Post-exposure prophylaxis (PEP) ကာကွယ်ဆေးထိုးပါ။
- ဒီဆေးက ရောဂါမဖြစ်ခင်မှာ ထိုးမှသာ အသက်ကယ်နိုင်တာမို့ အချိန်မဆိုင်းပါနဲ့။

အရေးကြီးသော အချက်များ ‼️

- ခွေးရူးပြန်ရောဂါက လက္ခဏာပြပြီးရင် ကုသလို့မရပါ ဘူး။
- ကာကွယ်ဆေးက ၁၀၀% အလုပ်ဖြစ်ပါတယ်။ ဒါကြောင့် ကိုက်ခံရရင် ဆေးထိုးဖို့ မနှောင့်နှေးပါနဲ့။
- အိမ်မွေးတိရစ္ဆာန်တွေကို ကာကွယ်ဆေးထိုးပေးခြင်းက အကောင်းဆုံး ကာကွယ်နည်းပါ။

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🐕

Disclaimer : ဓါတ်ပုံသည် အေအိုင်မှ စိတ်ကူးယဥ်ဖန်တီးထားသော ပုံ ဖြစ်ပါတယ်။ ဒီ စာစုသည် သင့်ရဲ့ ဆရာဝန် ညွှန်ကြားချက်များကို အစားထိုးရန်မဟုတ်ပါ။ ကျန်းမာရေး ဗဟုသုတများသာ ဖြစ်ပါတယ်။ သင့်ကျန်းမာရေး/ အခြေအနေများနဲ့ ကွဲလွဲချက်များရှိပါက/ လိုက်လံလုပ်ဆောင်ရန်သင့်မသင့်ကို သင့်ရဲ့ ဆရာဝန်နဲ့ အရင် တိုင်ပင်ပါ။

25/03/2026

#ညအိပ်မပျော်ဘူး_ရင်တုန်တယ်
#လည်ပင်းတစ်ဆို့ဆို့နဲ့_အသက်ရှူရကြပ်တယ်
#လူကြီးကပူပြီး_ခြေဖျားလက်ဖျားကလည်းအေးတယ်

(စိတ်ဖိစီးမှုဝေဒနာ)

ဝေဒနာတွေ ခံစားရပြီး ဆရာဝန်ပြတဲ့အခါ စိတ်ကြောင့်ဖြစ်တာလို့ပြောရင် လက်မခံနိုင်ကြပါဘူး
#ဘာလို့လဲ ❓
တကယ်ခံစားနေရတာကိုး စိတ်ကြောင့်ဖြစ်တယ်ဆိုရင် (ကိုယ့်ကို တကယ်မဖြစ်ပဲ လျှောက်ပြောနေတယ် လို့ မြင်သွားကြတာပေါ့)

တကယ် ခံစားနေရတယ် ဆိုတာ ကျွန်တော်တို့သိပါတယ် ***စိတ်ကြောင့်ဖြစ်တယ်ဆိုတာ
စိတ်ဖိစီးမှုကြောင့် Stress Hormones တွေထွက်လာပြီး အခုကိုယ်ခံစားနေရတဲ့ ဝေဒနာတွေဖြစ်တယ်လို့ ဆိုလိုတာပါ။
အဲ့ဒါကြောင့် ဝေဒနာတွေ တစ်ခုချင်းစီ ဆေးလိုက်ပေးနေရတာထက် စိတ်ဖိစီးမှုကို ဖြေရှင်းလိုက်နိုင်ရင် အားလုံးသက်သာသွားမယ်လို့ ဆိုလိုတာပါ။

အခုဆောင်းပါးမှာ ညီလေးတို့ ညီမလေးတို့ ခံစားနေရတဲ့ ရောဂါရှာမတွေ့တဲ့ ဝေဒနာတွေက ဘာလို့ဖြစ်ရလဲဆိုတာ ရှင်းပြသွားပါမယ်

စိတ်ပူတယ်ဆိုတာ ကိုယ့်ကိုယ်ကို အရမ်းချစ်လို့ပါ
အရမ်းချစ်တော့ တခုခု ဖြစ်မှာကြောက်တယ်ဆိုပြီး
👉 စာတွေလျှောက်ဖတ်
👉 ဖတ်တာတွေထိုင်တွေး
👉 တွေးပြီးတော့ ကိုယ့်မှာဖြစ်နေလားဆိုပြီး ထိုင်သုံးသပ်
👉 သုံးသပ်တော့ နှလုံးခုန်တာတွေသိလာတယ် ၊ ဟိုနားလှုပ်ဒီနားလှုပ် ဟိုနားကျဉ်ဒီနားကျဉ် ဖြစ်တာတွေသိလာတယ်
ပြောရရင် ခန္ဓာကို အာရုံစိုက်လို့ ခန္ဓာကိုယ်ရဲ့ဖြစ်ပျက်တာတွေ သတိထားမိလာတာပါ
သတိကောင်းလာတာပါ - တရားထိုင်ပြီး အာရုံမှတ်တဲ့သူတွေဆို အဆင့်မြင့်လာတယ်(Mindfulness) ဖြစ်တယ်လို့ ဆိုပြီး ပီတိတွေဖြစ်ပြီး ချမ်းသာရာရပါတယ်
ကိုယ်က တွယ်တာမှု ပူပန်မှုတွေနဲ့ သုံးသပ်တဲ့အတွက် အဲ့ဒါတွေသိလာတော့ စိတ်ထဲပိုပိုပူပြီး စိတ်ပိုဆင်းရဲလာရပါတယ်
ဖြစ်တာပျက်တာ သိတာခြင်းတူပေမယ့်
👉 တရားရှုမှတ်သူတွေ က စိတ်ပျော်တဲ့အတွက် ခန္ဓာကိုယ်က Dopamine ဆိုတာထွက်လို့ ပိုပြီးပျော်ရွှင်ရသလို ပိုပြီး ကျန်းမာလာကြပါတယ်
(ပေါ်ပင်မဟုတ်ပဲ တကယ်တရားထိုင်တဲ့သူတွေ ကိုတွေ့ဖူးမှာပါ ရုပ်ရည်ကပိုပြီးကြည်လင်တောက်ပလာသလို ကြည့်လိုက်တာနဲ့ကို အေးချမ်းနေရော)
👉 ကိုယ်က တခုခုဖြစ်မှာ ကြောက်တယ်ဆိုတဲ့ တွယ်တာမှုနဲ့ သုံးသပ်နေတဲ့အတွက် သမာဓိကောင်းလို့ သူများသတိမထားမိတာတွေ သိလာရတဲ့အခါ
စိတ်ဖိစီးမှု ပိုပိုတိုးလာရပါတယ် - စိတ်ဖိစီးရင် ခန္ဓာကိုယ်က Stress Hormones တွေထွက်လာပါတယ်
လိုတာထက်ပိုထွက်လာတဲ့ Stress Hormones တွေက ဦးနှောက်ကို လှုံ့ဆော်မှုလုပ်တဲ့အခါ ဦးနှောက်က ခန္ဓာကိုယ်တစ်ခုလုံးကို Alert လုပ်ပြီး အန္တရာယ်တစ်ခုခု ဖြစ်နေပြီ ယူဆတဲ့အတွက် ပြင်ဆင်ကြတော့လို့ အမိန့်ပေးလိုက်ပါတယ်
ဖြစ်နေတဲ့ အန္တရာယ်ကိုရင်ဆိုင်ဖို့ လူကို လန်းနေအောင်နှိုးဆွထားတဲ့ အတွက် 1. #အိပ်မပျော်ပါဘူး
အချိန်မရွေးရင်ဆိုင်ရအောင် ကြွက်သားတွေကိုနှိုးဆွထားတဲ့အတွက် ကြွက်သားတွေကို သွေးသွားတာများပြီး 2. #ခန္ဓာကိုယ်ကြီးကပူနေတတ်ပါတယ်
ခန္ဓာကိုယ်ရဲ့ အပူချိန်တက်တော့ ပြန်အေးရအောင်လုပ်တဲ့အတွက် #ချွေးစေးတွေထွက်ပါတယ်
လိုအပ်တဲ့နေရာတွေကို သွေးများများသွားရအောင်စီမံထားလို့ သိပ်မလိုအပ်တဲ့နေရာတွေကို သွေးအသွားအလာလျှော့ထားတဲ့အတွက် 3. #ခြေဖျားလက်ဖျားတွေအေးစက်နေတတ်ပါတယ်
သွေးများများရောက်အောင်က နှလုံးကများများခုန်ပေးရတဲ့အတွက် 4. #ရင်တုန်ပါတယ်
နှလုံးခုန်နှုန်းမြန်ရင် 5. #သွေးပေါင်တက်ပါတယ်
ခန္ဓာကိုယ်တစ်ခုလုံးနှိုးဆွထားတော့ အားလုံးကတက်ကြွနေတော့ Oxygen ပိုရအောင် 6. #အသက်ရှူတွေပိုမြန်လာပါတယ် အသက်ရှူမြန်တဲ့အခါ ခန္ဓာကိုယ်ထဲက Carbon dioxide တွေ ထွက်ကုန်ပါတယ်
Carbon dioxide ဆိုတာ ခန္ဓာကိုယ်က စွန့်ထုတ်ရတာဖြစ်ပေမယ့် တရားလွန်ထွက်သွားတဲ့အခါ ဓာတ်မညီမျှမှုတွေဖြစ်လာပါတယ် (Acid base imbalance => ကျွန်တော်တို့ ခန္ဓာကိုယ် pH က 7.4 ရှိပါတယ်)
Carbon dioxide တွေ ထွက်ကုန်လို့ pH က တက်လာတဲ့အခါ 7. #ခြေဖျားလက်ဖျားကျဉ်တာ 8. #ခြေချောင်းလက်ချောင်းလေးတွေကပ်တာ 9. #ကြွက်တက်တာ 10. #ခေါင်းမူးလာတာ ကစလို့ သတိလစ်တဲ့အထိကိုဖြစ်တတ်ပါတယ် (အဲ့ဒါက မလိုအပ်ပဲ အသက်အရမ်းရှူလို့ပါ)
- လေမှုတ်တူရိယာတွေ မှုတ်ဖူးရင် သိပါလိမ့်မယ် ကြာကြာမှုတ်ရင် ခေါင်းမူးလာတတ်တယ်ဆိုတာ
ကြွက်သားတိုင်းကို နှိုးဆော်ထားလို့ Smooth muscle လို့ခေါ်တဲ့ အူကြွက်သားတွေဟာလည်း လှုပ်ရှားမှုများပါတယ် - အူကြွက်သားတွေအားလုံးလှုပ်ရှားကြပေမယ့် ကျွန်တော်တို့ သိနိုင်တာက အစာရေမျိုအဝနားလောက်ပဲ ခံစားသိရှိနိုင်တာမို့ 11. #လည်ချောင်းမှာတစ်ဆို့ဆို့နင်တင်တင်ခံစားရပါတယ် ( အစာလည်းမျိုချလို့ရတယ် ၊ ရေလည်းမျိုချလို့ ရတယ် ဘာစားစားရတယ် ဂေါ်ဆီလာတောင် မျိုချလို့ရပါတယ် ဒါပေမယ့် တစ်ဆို့ဆို့ဖြစ်နေတဲ့ ခံစားချက်ပါ)
အူလှုပ်ရှားမှုများတာ ကို လူက အရမ်းလှုပ်နေတယ်လို့ ခံစားမသိပေမယ့် 12. #ခဏခဏပျို့ပါတယ် 13. #အန်ချင်ပါတယ် (တခါတလေ အန်ပါတယ်) 14. #ဗိုက်ထဲတဂွီဂွီနဲ့ကလူးကလဲအသံတွေမြည်ပါတယ် အူလှုပ်ရှားမှုများလို့ 15. #ခဏခဏအိမ်သာသွားရပါတယ် ဆီးလမ်းကြောင်းကလည်းကြွက်သားတွေနဲ့ဖွဲ့စည်းထားတာမို့ 16. #ဆီးခဏခဏသွားပါတယ် ခုပေါက်ပြီးပြန်လာလည်း ချက်ချင်းထပ်သွားချင်ပါတယ်
လူက ဗိုက်ဆာလို့စားနေရင် အရေးပေါ်အခြေအနေမှာ တုန့်ပြန်ဖို့နှောင့်နှေးနိုင်လို့ ဦးနှောက်မှာရှိတဲ့ အစာစားချင်စိတ်ဖြစ်စေတဲ့နေရာ (feeding Centre ) ကို ပိတ်လိုက်ပါတယ် 17. #အစာစားချင်စိတ်မရှိပါဘူး
အစာမစားပေမယ့် ခန္ဓာကိုယ်ကြီးက အရမ်းလှုပ်ရှားနေရတော့ စွမ်းအင်လိုအပ်ချက်များပါတယ်
Stress Hormone တွေက ခန္ဓာကိုယ်ရဲ့ အဆီတွေအသားဓာတ်တွေက စွမ်းအင်ရအောင်ဖြိုခွဲပေးပါတယ် အဲ့လို အစာမစားပဲအဆီတွေဖြိုပြီးသုံးနေလို့ 18. #လူကပိန်လာပါတယ်
အဲ့ဒါတွေအပြင် Stress များရင် အစာချေရည်အထွက်များလို့ #ရင်ပူတာ #ဗိုက်အောင့်ဗိုက်နာ ဖြစ်ပြီး အစာအိမ်ရောင်ပါတယ်
လက္ခဏာတွေပြန်စုရရင်
1. #အိပ်မပျော်ပါဘူး
2. #ခန္ဓာကိုယ်ကြီးကပူနေတတ်ပါတယ်
3. #ခြေဖျားလက်ဖျားတွေအေးစက်နေတတ်ပါတယ်
4. #ရင်တုန်ပါတယ်
5. #သွေးပေါင်တက်ပါတယ်
6. #အသက်ရှူတွေပိုမြန်လာပါတယ်
7. #ခြေဖျားလက်ဖျားကျဉ်တာ
9. #ခြေချောင်းလက်ချောင်းလေးတွေကပ်တာ
11. #ကြွက်တက်တာ
12. #ခေါင်းမူးလာတာ
13. #လည်ချောင်းမှာတစ်ဆို့ဆို့နင်တင်တင်ခံစားရပါတယ်
14. #ခဏခဏပျို့ပါတယ်
15. #အန်ချင်ပါတယ်
16. #ဗိုက်ထဲတဂွီဂွီနဲ့ကလူးကလဲအသံတွေမြည်ပါတယ်
17. #ခဏခဏအိမ်သာသွားရပါတယ်
19. #ဆီးခဏခဏသွားပါတယ်
20. #အစာစားချင်စိတ်မရှိပါဘူး
22. #လူကပိန်လာပါတယ်
24. #ရင်ပူတာ
25. #ဗိုက်အောင့်ဗိုက်နာ
အဲ့လိုတွေခံစားရတယ် ဆရာဝန်တွေပြပြီး စစ်ဆေးကြည့်တော့လည်း ရောဂါမရှိဘူး စိတ်ကြောင့်ဖြစ်တာလို့ပြောတယ်
သောက်ရတဲ့ဆေးတွေကလည်း
- စိတ်ငြိမ်ဆေးတွေ နဲ့
- နှလုံးခုန်နှုန်းထိန်းတဲ့ဆေးတွေ ဆိုရင် ဖြစ်ရတဲ့အကြောင်းရင်းတွေကို သိကြမယ်ထင်ပါတယ်။
_________
အခုဖြစ်နေတာက
ဆရာဝန်ပြတယ် ဆရာဝန်က ရောဂါရှာတယ် မရှိတော့ (Stress Disorder) ဆိုပြီးဆေးပေးတယ်
ဟိုဟိုဒီဒီလိုက်မေးတယ် စိတ်ငြိမ်ဆေးတွေ ၊ အိပ်ဆေးတွေ ဆိုပြီး သိလာတော့ အိပ်ဆေးစွဲမှာကြောက်တယ် ဆိုတဲ့ စိတ်ဖိစီးမှုက ထပ်တိုးလာတယ်
သက်သာသလိုရှိနေရာကနေ ဆေးတွေဖြတ်ပစ်တယ် ဆရာဝန်ပြောင်းပြတယ် အဲ့လိုနဲ့ သံသရာလည်နေကြတာပါ။
ဆေးတွေက *** #ရုတ်တရက်_ဖြတ်လို့မရပါဘူး ***
ကိုယ့်ရဲ့ စိုးရိမ်စိတ် (Anxiety) ကို မိမိကိုယ်တိုင် ဖြေလျှော့ရပါမယ် - မလျှော့နိုင်သေးရင် ဆေးကဆက်သောက်နေမှ ရပါမယ်။
ကိုယ့်မှာ ရောဂါမရှိတာ သေသေချာချာ လက်ခံပြီဆိုရင် ခံစားရတာတွေက သက်သာလာပါလိမ့်မယ် အဲ့ဒါဆို ဆေးပေးထားတဲ့ ဆရာနဲ့ရက်ချိန်းပြန်ပြန်ပြပြီး ဆေးညှိကာတဖြည်းဖြည်းလျှော့ရင်း နောက်ဆုံးဆေးတွေအားလုံးဖြတ်နိုင်ပါလိမ့်မယ်။

#စိတ်ဖိစီးမှုဘယ်လိုလျှော့မလဲ ❓

https://fb.watch/jh8e9hCu4n/?mibextid=v7YzmG
☝️ ဒီ Video လေးမှာပြောပြထားပါတယ် 👆
(Photo Credit; openAssess)
ကျန်းမာရေးဗဟုသုတ တိုးပြီး
သက်ရှည်ကျန်းမာ စိတ်ချမ်းသာကြပါစေ

Dr. ဘုန်းစည်သူလွင်

(ကျန်းမာရေးဆောင်းပါးများ နေ့စဉ်တင်ပေးနေသောကြောင့် #ကျွန်တော့_Pageကို_Like လုပ်ထားခြင်းဖြင့် ကျန်းမာရေးဗဟုသုတတိုးပွား လာပါလိမ့်မယ် 💕💕💕 )

19/01/2026

ခန္ဓာကိုယ်ကြီး တောင့်တင်းပြီး လေးလံနေသလို ခံစားနေရလား? 🧘‍♂️✨

Time to stretch?
English version in the comments below 👇

တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရလွန်းလို့ပဲဖြစ်ဖြစ်၊ ဖုန်းကြည့်တာ များလို့ပဲဖြစ်ဖြစ် ဇက်ကြောတက်တာ၊ ခါးနာတာတွေ ဖြစ်နေပြီဆိုရင် "အကြောဆန့်ဖို့" အချိန်တန်ပါပြီ!

အကြောဆန့်ရင် ဘာတွေထူးခြားလာမလဲ?

🌈 ပေါ့ပါးလန်းဆန်းမယ်: တောင့်တင်းနေတဲ့ ကြွက်သားတွေ ပြေလျော့သွားပြီး တစ်ကိုယ်လုံး ပေါ့ပါးသွားမှာပါ။

🛡️ ဒဏ်ရာဒဏ်ချက် ကာကွယ်မယ်: ကြွက်သားတွေကို ပျော့ပျောင်းစေလို့ မတော်တဆ ထိခိုက်မိတာမျိုးကနေ ကာကွယ်ပေးပါတယ်။ ဥပမာ - ချော်လဲတာ ဒါမှမဟုတ် အလေးအပင်မတဲ့အခါ ကြွက်သားနာတာမျိုး မဖြစ်အောင် ကာကွယ်ပေးတယ်။

🚀 သွေးလည်ပတ်မှု ကောင်းစေတယ်: ဦးနှောက်နဲ့ ခန္ဓာကိုယ်ဆီ သွေးစီးဆင်းမှု ပိုကောင်းလာလို့ အလုပ်လုပ်ရာမှာ ပိုပြီး အာရုံစိုက်နိုင်လာမှာပါ။

💆‍♂️ Stress ကျစေတယ်: စိတ်ဖိစီးမှုကို လျှော့ချပေးတဲ့အတွက် ညဘက်မှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်။

အန္တရာယ်ကင်းကင်းနဲ့ အကြောဆန့်ဖို့ -
✅ အတင်းမဆောင့်ပါနဲ့ (ဖြည်းဖြည်းချင်းပဲ ဆွဲပါ)။
✅ အနေအထားတစ်ခုကို စက္ကန့် ၃၀ လောက် ထိန်းထားပါ။
✅ အသက်ရှူရတာကို ပုံမှန်အတိုင်း မှန်မှန်လေး လုပ်ပေးပါ။

တစ်နေ့ကို ၅ မိနစ်လောက်ပဲ အချိန်ပေးရုံနဲ့ ပိုကျန်းမာတဲ့ နေထိုင်မှုပုံစံကို ပိုင်ဆိုင်နိုင်ပြီနော်! 💪

ကူးယူဖော်ပြခွင့်မပြုပါ။ လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ခင်ဗျာ ✅️

Dr. Beast 🧘‍♂️

#အကြောဆန့်ခြင်း #ကျန်းမာရေး #ဗဟုသုတ

17/01/2026

ခြေလက်တွေ ထုံကျဉ်တာ ဘာ​ကြောင့်လဲ?🦵❗
Pins and needles? Why?

(English Ver in the comments 👇)

အထိုင်များလို့ပဲဖြစ်ဖြစ်၊ ကိုယ်နေဟန်ထား မမှန်လို့ပဲဖြစ်ဖြစ် ခြေလက်တွေ ကျဉ်တာ၊ အပ်နဲ့ထိုးသလို ခံစားရတာမျိုးဟာ လူတိုင်းလိုလို ကြုံတွေ့ဖူးကြမှာပါ။
ဒါဟာ အာရုံကြောဆီကို သွေးရောက်ရှိမှု ခေတ္တရပ်ဆိုင်းသွားလို့ ဖြစ်တာပါ။
များသောအားဖြင့်တော့ လှုပ်လှုပ်ရှားရှား လုပ်ပေးလိုက်ရင် မိနစ်ပိုင်းအတွင်းမှာတင် ပြန်ကောင်းသွားတတ်ပါတယ်။

ဘယ်လိုအချိန်မှာ သတိထားသင့်သလဲ? 👩‍⚕️
ခဏတဖြုတ် ကျဉ်တာက ပြဿနာမရှိပေမယ့် အောက်ပါအချက်တွေရှိလာရင်တော့ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ် -

✅ ခဏခဏ ပြန်ဖြစ်နေရင် (သို့) အမြဲတမ်းလိုလို ကျဉ်နေရင်။

✅ ကျဉ်တာအပြင် နာကျင်တာ၊ အားမရှိသလိုဖြစ်တာ (သို့) လမ်းလျှောက်ရခက်ခဲတာမျိုး ရှိလာရင်။

✅ ဆီးချိုရောဂါ (သို့) အာရုံကြောညှပ်တာမျိုးတွေနဲ့ ဆက်စပ်နေမယ်လို့ သံသယရှိရင်။

#ကျန်းမာရေး #ထုံကျင်ခြင်း #အာရုံကြော #ကျန်းမာရေးဗဟုသုတ

Address

No. 523/maydarwe St/, North Oakalarpa
Yangon

Website

Alerts

Be the first to know and let us send you an email when Aung Chan Thar Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share