NAPS - Myanmar

NAPS - Myanmar Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from NAPS - Myanmar, Medical and health, Yangon.

NAPS-Myanmar is a non-governmental, non-political, non-religious, and non-profit umbrella association to unite pharmacy students across Myanmar, fostering professional growth and development.

Symposium 2 and PRO x APPS ForumRegional Assembly AndThe most wonderful International Night!!!✨🤗
09/08/2026

Symposium 2 and PRO x APPS Forum

Regional Assembly

And

The most wonderful International Night!!!✨🤗

Hospital site visit & Wow! That’s fantastic event 🤗✨
06/08/2026

Hospital site visit & Wow! That’s fantastic event 🤗✨

Day 2Symposium, Regional Assembly, Health-topia event and Indonesian Night✨
25/07/2026

Day 2

Symposium, Regional Assembly, Health-topia event and Indonesian Night✨

NAPS-Myanmar မှ APPS 2026 တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်တက်ရောက်ဆူရာဘာယာ၊ အင်ဒိုနီးရှား | ဇူလိုင် ၂၀၂၆National Asso...
22/07/2026

NAPS-Myanmar မှ APPS 2026 တွင် မြန်မာနိုင်ငံကိုယ်စားပြု ပါဝင်တက်ရောက်
ဆူရာဘာယာ၊ အင်ဒိုနီးရှား | ဇူလိုင် ၂၀၂၆

National Association of Pharmacy Students – Myanmar (NAPS-Myanmar) သည် အင်ဒိုနီးရှားနိုင်ငံ၊ ဆူရာဘာယာမြို့၌ ကျင်းပပြုလုပ်သော Asia Pacific Pharmaceutical Symposium (APPS) 2026 တွင် မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် အောင်မြင်စွာ ပါဝင်တက်ရောက်ခဲ့ပါသည်။✨

APPS 2026 သည် International Pharmaceutical Students' Federation Asia Pacific Regional Office (IPSF APRO) မှ စီစဉ်ကျင်းပသော အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံတကာ Pharmacy ကျောင်းသားများဆိုင်ရာ ညီလာခံတစ်ခုဖြစ်ပြီး နိုင်ငံအသီးသီးမှ Pharmacy ကျောင်းသားများ၊ လူငယ်ခေါင်းဆောင်များနှင့် ကျန်းမာရေးပညာရှင်များ စုစည်းတွေ့ဆုံကာ ပညာရပ်ဆိုင်ရာ အသိပညာများ ဖလှယ်ခြင်း၊ နောက်ဆုံးပေါ် ဆေးဝါးပညာဆိုင်ရာ တိုးတက်မှုများကို လေ့လာခြင်းနှင့် နိုင်ငံတကာ မိတ်ဖက်ကွန်ရက်များ တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။👩🏻‍🔬

ညီလာခံကာလအတွင်း NAPS-Myanmar ကိုယ်စားလှယ်များသည် ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ (Workshops)၊ သုတေသနတင်ပြမှုများ၊ Public Health Campaign များနှင့် ယဉ်ကျေးမှုဖလှယ်ရေး အစီအစဉ်များတွင် တက်ကြွစွာ ပါဝင်ခဲ့ကြပါသည်။ ထို့အပြင် အာရှ-ပစိဖိတ်ဒေသရှိ Pharmacy ကျောင်းသားအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပြီး အတွေ့အကြုံများ၊ အကောင်းဆုံးလုပ်ငန်းစဉ်များနှင့် အနာဂတ်ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဖလှယ်ခဲ့ကြပါသည်။🤗

NAPS-Myanmar အနေဖြင့် ယခုကဲ့သို့ နိုင်ငံတကာအဆင့် ညီလာခံတွင် ပါဝင်တက်ရောက်ခြင်းသည် မြန်မာနိုင်ငံရှိ Pharmacy ကျောင်းသားများ၏ စွမ်းရည်၊ အရည်အချင်းနှင့် နိုင်ငံတကာအဆင့်တွင် ပူးပေါင်းဆောင်ရွက်လိုသည့် စိတ်ဓာတ်ကို ဖော်ပြနိုင်သည့် အရေးပါသော အခွင့်အရေးတစ်ခုဖြစ်ပါသည်။ ရရှိခဲ့သော အသိပညာနှင့် အတွေ့အကြုံများကိုလည်း မြန်မာနိုင်ငံရှိ Pharmacy ကျောင်းသားများထံ မျှဝေကာ ပညာရေး၊ ခေါင်းဆောင်မှုနှင့် လူထုကျန်းမာရေးဆိုင်ရာ လှုပ်ရှားမှုများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန် ဆက်လက်အသုံးချသွားမည်ဖြစ်ပါသည်။

NAPS-Myanmar သည် အနာဂတ်တွင်လည်း ပြည်တွင်းနှင့် နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကာ Pharmacy ကျောင်းသားများ၏ ပညာရေး၊ ကျွမ်းကျင်မှုနှင့် ခေါင်းဆောင်မှုစွမ်းရည်များ မြှင့်တင်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ဆေးဝါးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုသွားမည်ဖြစ်ပါသည်။💊

National Association of Pharmacy Students – Myanmar (NAPS-Myanmar) Empowering Future Pharmacists, Connecting Myanmar to the Global Pharmacy Community.

အားလုံးပဲမင်္ဂလာပါညချမ်းလေးပါရှင့်🤗NAPS - Myanmar pageမှပြန်လည်ကြိုဆိုပါတယ်🙇🏻‍♀️ဒီတခါတော့ အရင်post တွေလို ရောဂါအကြောင်းတ...
10/07/2026

အားလုံးပဲမင်္ဂလာပါညချမ်းလေးပါရှင့်🤗

NAPS - Myanmar pageမှပြန်လည်ကြိုဆိုပါတယ်🙇🏻‍♀️

ဒီတခါတော့ အရင်post တွေလို ရောဂါအကြောင်းတွေ မဟုတ်တော့ပဲ လူအသိများတဲ့ဆေးဖြစ်တဲ့ paracetamol အကြောင်းကို sharing လုပ်ပေးသွားပါ့မယ်ရှင့် 💊

ပါရာစီတမောက နာကျင်မှုသက်သာစေပြီး ဖျားနာမှုကို လျော့ကျစေသော ဆေးဖြစ်ပါတယ်။ သူက ဆေးညွှန်းမလိုဘဲ ဝယ်ယူနိုင်သော ဆေး (Over-the-Counter, OTC) အမျိုးအစားတွင် ပါဝင်ပြီး ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်ပါတယ်ရှင်။

အသုံးပြုနိုင်တဲ့ အခြေအနေတွေကတော့ ⁉️

ဖျားနာခြင်း (Fever)
ခေါင်းကိုက်ခြင်း (Headache)
သွားကိုက်ခြင်း (Toothache)
ကြွက်သားနှင့် အဆစ်နာကျင်ခြင်း (Muscle and Joint Pain)
ရာသီလာစဉ် နာကျင်ခြင်း (Menstrual Pain)
အအေးမိ၊ တုပ်ကွေးကြောင့် ဖြစ်သော ကိုယ်လက်ကိုက်ခဲခြင်း
ကာကွယ်ဆေးထိုးပြီးနောက် ဖြစ်ပေါ်သော ဖျားနာခြင်းနှင့် နာကျင်ခြင်း

ဘယ်လို သောက်သုံးသင့်လဲ။🤔❓

💊လူကြီး – တစ်ကြိမ်လျှင် 500–1000 mg ကို 4–6 နာရီခြား သောက်နိုင်ပါတယ်။✅ 24 နာရီအတွင်း 4000 mg (4 g) ထက် မကျော်သင့်ပါ။❌

💊ကလေး – ကိုယ်အလေးချိန်အလိုက် 10–15 mg/kg ကို 4–6 နာရီခြား တိုက်နိုင်ပါတယ်။✅ တစ်နေ့လျှင် 4 ကြိမ်ထက် မပိုသင့်ပါ။🙅🏻‍♀️

🚨သတိပြုရမဲ့ အချက်တွေကတော့ 🚨

⛑️သတ်မှတ်ထားသော ပမာဏထက် မကျော်လွန်ဘဲ သောက်သုံးရပါမယ်။
⛑️အသည်းရောဂါရှိသူများနှင့် အရက်အလွန်အကျွံ သောက်သုံးသူများကဆရာဝန်၏ အကြံပြုချက်ဖြင့်သာ အသုံးပြုသင့်ပါတယ်။
⛑️ဆေးအလွန်အကျွံ (over dose) သောက်သုံးခြင်းကအသည်းကို ပြင်းထန်စွာ ထိခိုက်နိုင်တဲ့အတွက်ကြောင့် ချက်ချင်း ဆေးရုံသို့ သွားရောက်ကုသရပါမယ်။

⛑️ပါရာစီတမော (Paracetamol) ကို သတ်မှတ်ထားသော ပမာဏအတိုင်းသာ သောက်သုံးရမည်။ မသေချာသော အခြေအနေများ၊ ရောဂါအခံရှိသူများ သို့မဟုတ် အချိန်ကြာမြင့်စွာ အသုံးပြုလိုသူများသည် **ဆရာဝန် သို့မဟုတ် ဆေးဝါးသိပ္ပံပညာရှင် (Pharmacist)👩‍⚕️🧑‍⚕️ ** တို့နဲ့ တိုင်ပင်ပြီးမှ အသုံးပြုသင့်ပါတယ်ရှင့်။❗️❗️

ဒီနေ့ညအတွက်တော့ဒီလောက်ပါပဲရှင့်။အားလုံးပဲ ကျန်းမာစွာ နေထိုင်နိုင်ပါစေ လို့ NAPS
-Myanmar🧑‍⚕️👩‍⚕️ အဖွဲ့သားများက ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။🙇🏻‍♀️

နောက်ထပ် ကျန်းမာရေး နဲ့ ပက်သက်တဲ့ ဗဟုသုတများသိရှိချင်တယ် ဆိုရင် page ကို like and share လုပ်ပေးသွားကြပါဦးနော်….🫶🏻


အားလုံးပဲမင်္ဂလာပါရှင့်🤗ကျွန်မတို့NAPS Myanmar Teamကနေပြီးတော့ ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်...
29/06/2026

အားလုံးပဲမင်္ဂလာပါရှင့်🤗

ကျွန်မတို့NAPS Myanmar Teamကနေပြီးတော့ ကမာရွတ်မြို့နယ်၊ ပညာရေးတက္ကသိုလ်လေ့ကျင့်ရေးအထက်တန်းကျောင်း TTC(Kamayut)ကိုသွားရောက်ပြီး ကျောင်းသားကျောင်းသူများကို ကျန်းမာရေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ပေးခဲ့တဲ့ပုံရိပ်များကိုSharing လုပ်သွားမှာဖြစ်ပါတယ်ရှင့်။✨

TTCကကျောင်းသားကျောင်းသူလေးများကလည်း တော်ကြတဲ့အပြင်လိမ္မာပြီး အမေးအဖြေများနဲ့ gameကစားပွဲများကို တက်ကြွစွာပါဝင်ပေးခဲ့ကြပါတယ်ရှင့်။🤗

အားလုံးပဲမင်္ဂလာပါရှင့်🤗ကျွန်မတို့NAPS Myanmarအဖွဲ့သားတွေက အ.ထ.က(၂)၊မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်းကို သွားရောက...
26/06/2026

အားလုံးပဲမင်္ဂလာပါရှင့်🤗

ကျွန်မတို့NAPS Myanmarအဖွဲ့သားတွေက အ.ထ.က(၂)၊မင်္ဂလာဒုံ အောင်ဆန်းသူရိယလှသောင်းကျောင်းကို သွားရောက်ပြီး ကျောင်းသားကျောင်းသူများကို ကျန်းမာရေးအသိပညာပေးဟောပြောပွဲလေး သွားရောက်ပြုလုပ်ပေးခဲ့တဲ့ ပုံရိပ်များကို sharingလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။🤗

စည်းကမ်းရှိလိမ္မာတဲ့ ကျောင်းသားကျောင်းသူလေးတွေနဲ့အတူ အမေးအဖြေကဏ္ဍနဲ့ gameကစားပွဲကဏ္ဍလေးတွေကိုလည်း ပျော်ရွှင်စွာပြုလုပ်ခဲ့ကြပါတယ်ရှင့်။🤍

အားလုံးပဲမင်္ဂလာပါရှင့်🤗ကျွန်မတို့ရဲ့NAPS Myanmar page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်🤗ဒီနေ့မှာတော့ ကျွန်မတို့...
20/06/2026

အားလုံးပဲမင်္ဂလာပါရှင့်🤗
ကျွန်မတို့ရဲ့NAPS Myanmar page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင့်🤗

ဒီနေ့မှာတော့ ကျွန်မတို့ pharmacists တွေကိုမွေးထုတ်ပေးနေတဲ့ University of Pharmacy အကြောင်းကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင့်💁🏻‍♀️

✨ဘယ်နှကျောင်းရှိတာလဲ?

🏢University of pharmacy(Yangon) နှင့် University of pharmacy(Mandalay) ဆိုပြီးတော့ ၂ကျောင်းရှိပါတယ်။

✨ဘယ်နှနှစ်တက်ရတာလဲ?

📃First year,second year,third year and final ဆိုပြီး ၄နှစ်ပညာသင်ကြားရပါတယ်။

✨ဘယ်လိုပညာရပ်တွေသင်ကြားရတာလဲ?

💊ဆေးဝါးတွေနဲ့ပတ်သတ်ပြီး ထုတ်ဖော်ရရှိတဲ့အရင်းအမြစ်တွေကအစ ဆေးဝါးဖော်စပ်ထုတ်လုပ်ရေးတွေနဲ့ ဆေးဝါးတွေထဲမှာပါဝင်တဲ့ပစ္စည်းတွေအကြောင်းလေ့လာခြင်းတွေကိုပါ ဘာသာကြီး၄ခုခွဲပြီးသင်ယူရပါတယ်။
ဒါ့အပြင် ဆေးဝါးတွေနဲ့လူ့ခန္ဓာကိုယ်၊ဆေးဝါးတွေနဲ့ရောဂါတွေရဲ့ ချိတ်ဆက်မှုတွေအကြောင်းကိုလည်း နှစ်အလိုက် အခြားဘာသာရပ်များအနေဖြင့် သင်ယူရပါတယ်ရှင့်။

✨ဘယ်လိုလူတွေတက်သင့်လဲ?

📌ကျွန်မတို့လူ့ခန္ဓာကိုယ်နဲ့ ရောဂါတွေအပေါ်မှာ ဆေးဝါးတွေရဲ့သက်ရောက်မှုတွေ၊ ဆေးဝါးတွေရဲ့အသုံးဝင်ပုံတွေ၊ ဆေးဝါးဖော်စပ်ထုတ်လုပ်ပုံတွေကို စိတ်ဝင်စားတဲ့သူများ တက်ရောက်သင့်ပါတယ်။ ဒါ့အပြင် လူနာတွေနဲ့ထိတွေ့ဆက်ဆံရတာကိုဝါသနာပါသူတွေအနေနဲ့လည်း ဦးစားပေးရွေးချယ်သင့်ပါတယ်ရှင့်။

✨ကျောင်းပြီးသွားရင်ဘာ opportunitiesတွေ ရှိမလဲ?

🧑🏻‍🎓လက်ရှိကျွန်မတို့မြန်မာနိုင်ငံအနေနဲ့ဆိုရင်တော့ pharmacists တွေအနေနဲ့ဝင်ရောက်လုပ်ကိုင်နိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေအများကြီးရှိပါတယ်။ ဥပမာအားဖြင့် ဆေးရုံများ၊မြန့်မာဆေးဝါးထုတ်လုပ်ရေးစက်ရုံများ၊FDAနဲ့အခြားပုဂ္ဂလိကဆေးရုံ၊စက်ရုံများတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါတယ်။ ဒါ့အပြင် University of pharmacy(Yangon & Mandalay) မှာလည်းဆရာ၊ဆရာမများအဖြစ် တာဝန်ထမ်းဆောင်နိုင်ပါတယ်ရှင့်။

2025-26ပညာသင်နှစ်ရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းတွေလည်းထွက်ရှိတော့မှာဖြစ်တဲ့အတွက်ကြောင့်မလို့ မောင်လေး၊ညီမလေးတွေအတွက် sharing လုပ်ပေးလိုက်ရခြင်းပဲဖြစ်ပါတယ်ရှင့်။ Warmly welcome our future pharmacists!!👩🏻‍🔬🤗

06/06/2026

အားလုံးပဲမင်္ဂလာပါရှင့်🤗

ဒီနေ့မှာတော့ကျွန်မတို့ရဲ့NAPS Myanmar အဖွဲ့ဝင်များဖြစ်ကြတဲ့ ရန်ကုန်ဆေးဝါးတက္ကသိုလ်မှကျောင်းသား၊ကျောင်းသူများ FAME Factory Visit သွားရောက်လေ့လာခဲ့တဲ့ ပုံရိပ်တွေကိုပြန်ပြီး Sharingလုပ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင့်။💊

FAME Factoryမှတာဝန်ရှိသူများက ဆေးဝါးထုတ်လုပ်ရေးprocessများ၊quality control processများနှင့် ဆေးဝါးpackaging processများကိုရှင်းပြပေးခဲ့တဲ့အပြင် cancer museum မှာလည်း မြန်မာနိုင်ငံမှာအဖြစ်များတဲ့cancerတွေနဲ့ ကာကွယ်ကုသနိုင်တဲ့ဆေးဝါးများအကြောင်းကို လေ့လာခဲ့ရပါတယ်ရှင့်။🦠

အားလုံးပဲ မင်္ဂလာပါခင်ဗျ🤗ကျွန်တော်တို့ရဲ့NAPS Myanmar page မှာကျန်းမာရေးဆိုင်ရာအသိပညာများကိုပြန်လည်sharingလုပ်ရ...
02/06/2026

အားလုံးပဲ မင်္ဂလာပါခင်ဗျ🤗
ကျွန်တော်တို့ရဲ့NAPS Myanmar page မှာကျန်းမာရေးဆိုင်ရာအသိပညာများကိုပြန်လည်sharingလုပ်ရင်းactivateပြန်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။

NAPS အဖွဲ့ကနေပြန်လည်ကြိုဆိုတဲ့အနေနဲ့ ဒီနေ့မှာတော့အခု hot ဖြစ်နေတဲ့ဟန်တာဗိုင်းရပ်စ် (Hantavirus) အကြောင်းလေးဝေမျှပေးချင်ပါတယ်ဗျ။

📍ဟန်တာဗိုင်းရပ်စ်ဆိုတာ ဘာလဲ?🦠🦠
ဟန်တာဗိုင်းရပ်စ်ဟာ ကြွက်မျိုးနွယ်ဝင် တိရစ္ဆာန်တွေကနေ လူကို ကူးစက်နိုင်တဲ့ ဗိုင်းရပ်စ်အုပ်စုတစ်ခုဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ဟာ လူမှာဆိုရင် "ဟန်တာဗိုင်းရပ်စ် အဆုတ်ရောဂါလက္ခဏာစု (HPS)" နဲ့ "ကျောက်ကပ် သွေးလွန်တုပ်ကွေးရောဂါ (HFRS)" ဆိုတဲ့ ပြင်းထန်တဲ့ ရောဂါနှစ်မျိုးကို ဖြစ်စေနိုင်ပါတယ်။"Hantavirus" ဆိုတဲ့ နာမည်ဟာ ကိုရီးယားနိုင်ငံက ဟန်တန်မြစ် (Hantan River) ကို အစွဲပြုပြီး ပေးထားတာပါ။ ၁၉၇၀ ဝန်းကျင်လောက်က အဲဒီမြစ်အနီးမှာ ဒီဗိုင်းရပ်စ်ကို ပထမဆုံး သီးခြားခွဲထုတ်နိုင်ခဲ့လို့ပါ။

📍 ဒီရောဂါက ဘယ်လိုကူးစက်လဲ?🤔
ဟန်တာဗိုင်းရပ်စ်ဟာ ရောဂါပိုးရှိတဲ့ ကြွက်တွေရဲ့ ဆီး၊ ချေး၊ တံတွေးကနေ ကူးစက်ပါတယ်။ အထူးသဖြင့် အဲဒီအညစ်အကြေးတွေ ခြောက်သွေ့ပြီး လေထဲကို ဖုန်မှုန့်အဖြစ် လွင့်လာတဲ့အခါ ရှူမိရာကနေ အဓိက ကူးစက်ခံရတတ်ပါတယ်။

📍ရောဂါလက္ခဏာများ🤢
စဖျားတဲ့အခါ သာမန်တုပ်ကွေးလိုပဲ ခေါင်းကိုက်၊ ကြွက်သားနာကျင်ကိုက်ခဲ၊ ချမ်းတုန်ဖျားတာ၊ ဗိုက်အောင့်တာတွေ ခံစားရနိုင်ပါတယ်။
နောက်ပိုင်းမှာ အဆုတ်ကို ထိခိုက်ပြီး အသက်ရှူကြပ်တာ၊ ချောင်းဆိုးတာ၊ ကျောက်ကပ်ကို ထိခိုက်တဲ့အထိ ပြင်းထန်နိုင်ပါတယ်။ သံသယရှိရင် နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို အမြန်ဆုံးသွားပါ။

Hantavirus ဟာ သေဆုံးနိုင်ချေ(35%-50%)ရှိတဲ့အတွက်မပေါ့ဆသင့်ပါဘူးဗျ😨😨

📍ကာကွယ်နည်းများ🧑‍⚕️🧑‍🔬
၁။ အိမ်ထဲ၊ ဂိုဒေါင်ထဲ ကြွက်မဝင်အောင် အပေါက်တွေကို ပိတ်ပါ။
၂။ ကြွက်အသေကောင် ဒါမှမဟုတ် ကြွက်ချေးတွေကို ရှင်းတဲ့အခါ တံမြက်စည်းနဲ့ ဖုန်မတက်အောင် မလှည်းပါနဲ့။
• လက်အိတ်၊ နှာခေါင်းစည်း (Mask) တပ်ပါ။
• အရောင်ချွတ်ဆေး (Bleach) ဒါမှမဟုတ် အယ်လ်ကိုဟော ပါတဲ့ ပိုးသတ်ဆေးရည်ကို အရင်ဖျန်းပြီး ၅ မိနစ်လောက် စိမ်ထားပါ။ ပြီးမှ စက္ကူပဝါနဲ့ သုတ်ပြီး အမှိုက်အိတ်ထဲ စနစ်တကျစွန့်ပစ်ပါ။
၃။ အစားအစာတွေကို ကြွက်မထိအောင် လုံအောင်သိမ်းပါ။
၄။ လက်ကို ဆပ်ပြာနဲ့ရေနဲ့ မကြာခဏဆေးပါ။

🚨Hantavirus ဟာကြွက်ကနေတစ်ဆင့်ကူးစက်တဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ ယခုကလဲမိုးရာသီကာလဖြစ်တာေကြာင့် ဒီကာလအတွင်းမှာ ကြွက်တွေ အိမ်ထဲကို ဝင်လာတတ်တဲ့အတွက် "ဟန်တာဗိုင်းရပ်စ်" ဆိုတဲ့ ရောဂါပိုးအကြောင်း သတိထားဖို့ လိုပါတယ်။🚨

ဒါကတော့ HANTAVIRUS အကြောင်းသိကောင်းစရာလေးတွေပါဗျ။အားလုံးလည်းဗဟုသုတလေးတွေရသွားရင်
LIKE and SHAREလေးလဲလုပ်ပေးသွားပါအုံးဗျ။🤗

Address

Yangon

Alerts

Be the first to know and let us send you an email when NAPS - Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share