PHYO ဆေးဝါးနှင့်ဆေးပစ္စည်း

  • Home
  • Myanmar
  • Yangon
  • PHYO ဆေးဝါးနှင့်ဆေးပစ္စည်း

PHYO ဆေးဝါးနှင့်ဆေးပစ္စည်း Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PHYO ဆေးဝါးနှင့်ဆေးပစ္စည်း, Pharmacy / Drugstore, No. 639, Yangon.

လူတိုင်းသိတဲ့ ပါရာစီတမော💊💊💊ပါရာစီတမော (Paracetamol) ဟာကမ္ဘာတစ်ဝှမ်း အသုံးအများဆုံး“အကိုက်အခဲပျောက်ဆေးနဲ့အဖျားကျဆေး” ဖြစ်...
28/06/2025

လူတိုင်းသိတဲ့ ပါရာစီတမော
💊💊💊
ပါရာစီတမော (Paracetamol) ဟာ
ကမ္ဘာတစ်ဝှမ်း အသုံးအများဆုံး
“အကိုက်အခဲပျောက်ဆေးနဲ့
အဖျားကျဆေး” ဖြစ်ပါတယ်။

💯အဓိကအသုံးဝင်ပုံများ💯

✅အဖျားကျစေခြင်း
✅အနာသက်သာစေခြင်း
1️⃣ခေါင်းကိုက်ခြင်း၊ သွားကိုက်ခြင်း
2️⃣ကြွက်သားကိုက်ခဲခြင်း
3️⃣အဖျားတက်ခြင်း၊ အအေးမိခြင်း
4️⃣ဓမ္မတာလာစဉ် ကိုက်ခဲခြင်း
5️⃣အဆစ်အမြစ်နာခြင်း

💊သောက်သုံးရန် ပမာဏ (အကြမ်းဖျင်း)

📍လူကြီး
တစ်ကြိမ်သောက် ၅၀၀ မီလီဂရမ် - ၁ ဂရမ်
တစ်နေ့လျှင် ၄ ကြိမ်အထိ (အများဆုံး ၄ ဂရမ်/နေ့) သောက်နိုင်။

📍ကလေးများ
ကိုယ်အလေးချိန်အလိုက်
(ဆေးဘူးပါ အညွှန်းကို သေချာဖတ်ပါ)

📍အသည်းရောဂါရှိသူများ
ဆရာဝန်ညွှန်ကြားချက်ဖြင့်သာ သောက်ပါ။

⚠️သတိပြုရန် ⚠️
ပမာဏအလွန်အကျွံသောက်မိပါက
အသည်းပျက်စီးခြင်း (Liver Damage) ဖြစ်နိုင်ပြီး
အသက်အန္တရာယ်ရှိပါတယ်။

⛔အရေးကြီးသတိပေးချက်များ⛔
⛔အရက်နှင့် ရောမသောက်ရ။
အသည်းကို ဆိုးရွားစွာထိခိုက်စေနိုင်ပါတယ်။

⛔အခြားဆေးများနှင့် ဓာတ်ပြုနိုင်ခြေ
Warfarin (သွေးကျဲဆေး)၊ TB ဆေး၊ အခြားပါရာစီတမောပါသော
ဆေးများ (ဥပမာ: ချောင်းဆိုးပျောက်ဆေး) တို့နှင့်
ပေါင်းသောက်ပါက အန္တရာယ်ရှိပါတယ်။

⛔ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ
ဆရာဝန်ညွှန်ကြားမှသာ သုံးစွဲသင့်ပါတယ်။

⛔ဘေးထွက်ဆိုးကျိုးများ (ရှားပါးစွာဖြစ်တတ်)⛔

- ပျို့အန်/ဗိုက်အောင့်
- အရေပြားယားယံ/အင်ပျဉ်ထခြင်း
- သွေးအားနည်းခြင်း (အလွန်အမင်းသောက်ပါက)

⚠️ဘယ်အချိန်မှာ ဆရာဝန်ပြသင့်သလဲ?⚠️

- အဖျား ၃ ရက်ကျော်မကျလျှင်
- အကိုက်အခဲများ ၅ ရက်ထက် ပိုကြာလျှင်
- အသည်းထိခိုက်သည့် လက္ခဏာများ
(အသားဝါ/ဝမ်းအရောင်ဖျော့/ဗိုက်ညာဘက်အောင့်) ပေါ်လျှင်

📍အခြားသိထားရမည့်အချက်များ📍
⛔ဆေးကို အလွယ်တကူ ဝယ်ယူလို့ရတဲ့အတွက်
ဆေးပမာဏ ကိုယ်တိုင်တိုးတာမျိုး မလုပ်သင့်ပါ။

✅ကလေးဆေးရည်များကို ချင်တွယ်ခွက်ဖြင့် တိုင်းတာပါ။
အိမ်သုံးဇွန်းခွက်များဖြင့်တိုင်းတာပါက မှားယွင်းနိုင်ပါတယ်။

✅အချိန်မှန်သောက်ရန် အရေးကြီးပါတယ်။

✅အစားအစာနှင့်တွဲသောက်ရန်လိုအပ်ပါတယ်။

✅အစာအိမ်အနာ ရှိသောသူများ
ကျောက်ကပ်မကောင်းသူများ
သတိထားသုံးစွဲရမည်။

⚠️မည်သည့်ဆေးကိုမဆို ဆရာဝန်/ဆေးဝါးပညာရှင်နှင့်
တိုင်ပင်ပြီးမှသာ သုံးစွဲပါ။
ပါရာစီတမောကို ကိုယ့်သဘောနဲ့ကိုယ်
ရက်ရှည်သောက်သုံးခြင်း ရှောင်ပါ။⚠️


Zinc Sulphate ဆိုတာဘာလဲ 🤔🤔🤔Zinc sulphate (ZnSO₄) ဆိုတာZinc နဲ့ Sulphur ပေါင်းစပ်ထားတဲ့သဘာဝသတ္တုဆားတစ်ခုပါ။အသားအရေ၊ မျက်လ...
26/06/2025

Zinc Sulphate ဆိုတာဘာလဲ
🤔🤔🤔

Zinc sulphate (ZnSO₄) ဆိုတာ
Zinc နဲ့ Sulphur ပေါင်းစပ်ထားတဲ့
သဘာဝသတ္တုဆားတစ်ခုပါ။

အသားအရေ၊ မျက်လုံး၊ သွား နဲ့
ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားကို ထိန်းသိမ်းဖို့
အသုံးပြုလေ့ရှိပါတယ်။

✅အဓိကအသုံးများ✅

1️⃣ Zinc Deficiency (သွပ်ဓာတ်ချို့တဲ့မှု) ကိုကုသဖို့

2️⃣ အူလမ်းကြောင်းရောင်ရမ်းမှု၊ ဗိုင်းရပ်စ်ရောဂါ စသဖြင့် ကိုယ်ခံအားတိုးဖို့

3️⃣ အသားအရေသန့်ရှင်းရေး – ဝက်ခြံ (Acne),
အနာကျက်မြန် (wound healing)

4️⃣ ကျောင်းသား/ကလေးများ – အစာစားချင်စိတ် ပိုဖြစ်ဖို့

5️⃣ တုပ်ကွေး၊ ချောင်းဆိုး – ကိုယ်ခံအားပြန်တက်စေဖို့

📍အသုးပြုပုံ (Dosage)📍

📍အရွယ်ရောက်သူ (Adults)
20-40 mg/day (as elemental zinc)

📍ကလေးငယ်များ
ကိုယ်အလေးချိန်ပေါ်မူတည်ပြီး
ဆရာဝန်ညွှန်ကြားချက်အတိုင်းသာ

✅မနက်စာနဲ့အတူသောက်ရန်
(အစာမရှိလို့ ဓာတ်ပြောင်းမှုမဖြစ်အောင်)

⛔ဘေးထွက်ဆိုးကျိုးများ⛔
⛔ဗိုက်အောင့်၊ ဝမ်းလျှော
⛔သံဓာတ်စုပ်ယူမှုထိခိုက်နိုင်ခြင်း
⛔အရောင်ပြောင်းခြင်း (long-term overdose)

💊ပုံစံများ💊
ဆေးပြား(tablets)
ဆေးရည်(syrup)
ထိုးဆေး (injection)

💯COVID-19 ကာလမှာ
Zinc ကို ကိုယ်ခံအား ချက်ချင်းတိုးစေနိုင်တဲ့
ဖြည့်စွက်စာ (supplement) အဖြစ်
အများဆုံးသုံးခဲ့ကြပါတယ်။

💯WHO အနေနဲ့ diarrhea ကူးစက်ရောဂါတွေမှာ
Zinc supplement ကို strongly recommend လုပ်ပါတယ်။

⚠️သတိပြုရန်⚠️
Zinc sulphate ကို
နားလည်တတ်ကျွမ်းသူ/ဆရာဝန်
ညွှန်ကြားချက်ဖြင့်သာ သုံးသင့်ပါတယ်။


Address

No. 639
Yangon
11021

Website

Alerts

Be the first to know and let us send you an email when PHYO ဆေးဝါးနှင့်ဆေးပစ္စည်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share