22/09/2025
ရွှေမျက်နှာဖုံး (Gold Mask)
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀၀၀ ကျော်ကတည်းက
ကလီယိုပတ်ထရာဟာ နုပျိုပြီး တောက်ပတဲ့ အသားအရေကို ထိန်းသိမ်းဖို့ ရွှေမျက်နှာဖုံးဖြင့် အိပ်စက်တယ်လို့ ဆိုကြပါတယ်။ ရှေးခေတ်ကတည်းက ရွှေကို အလှအပအတွက် အသုံးပြုခဲ့ကြပြီး အရေပြားကို တောက်ပစေခြင်း၊ ရောင်ရမ်းမှုကို လျှော့ချခြင်းနှင့် ကော်လာဂျင်ထုတ်လုပ်မှုကို မြှင့်တင်ခြင်း စသည့် အကျိုးကျေးဇူးများရှိပါတယ်။
ဘာသာရေးအယူအဆကို ပြင်းပြင်းထန်ထန်ကျင့်သုံးကြတဲ့ ခေါတ်ဆိုပေမယ့် သေဆုံးတဲ့ဘုရင်တွေမှာ မျက်နှာပုံစံတစ်ထပ်တည်းတူတဲ့ ရွှေမျက်နှာဖုံးပြုလုပ်ပြီး ဂူသွင်းတတ်ကြတဲ့အချိန်မှာ အလှအပအတွက်ပါ ဒီလိုအသုံးပြုခဲ့တာလဲ စိတ်ဝင်စားစရာကောင်းပါတယ်။