22/08/2026
ကင်ဆာဆေးသွင်းကုသခြင်း (သို့မဟုတ်) ဓာတ်ရောင်ခြည်ကုသမှု ခံယူနေစဉ်အတွင်း သွေးဖြူဥဆဲလ်များ လျော့နည်းသွားခြင်းကို နျူထရိုပီနီးယား (Neutropenia) လို့ ခေါ်ဆိုကြပါတယ်။
သွေးဖြူဥဆိုတာ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်အတွက် အဓိက စစ်သည်တော်များဖြစ်သောကြောင့် သွေးဖြူဥကျဆင်းချိန်တွင် ရောဂါပိုးဝင်ရောက်နိုင်ခြေ အလွန်မြင့်မားသွားတတ်ပါတယ်။
ထို့ကြောင့် လူနာများ ပိုမိုဘေးကင်းစိတ်ချကာ ကုသမှုကို သက်သောင့်သက်သာ ကျော်ဖြတ်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်များကို သိထားဖို့ အရမ်းအရေးကြီးပါတယ်။
ဆောင်ရန်အချက်များကတော့ (Do's)
၁။ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။
၂။ Low-Microbial Dietကို စားသောက်ပါ။
🟢အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် ဟင်းသီးဟင်းရွက်များကို ကျက်သည် (Well-cooked) အထိ ပူပူနွေးနွေး ချက်ပြုတ်စားသုံးပါ။
🟢ဆူပွက်အောင် ကြိုချက်ထားသော ရေကျက်အေး (သို့) သောက်ရေသန့်ကိုသာ သောက်သုံးပါ။
🟢အခွံနွှာစားရသော သစ်သီးများ (ငှက်ပျောသီး၊ လိမ္မော်သီး) ကို ရေစင်အောင်ဆေးပြီးမှ နွှာစားပါ။
🟢ခန္ဓာကိုယ် အပူချိန်ကို ပုံမှန်တိုင်းတာပါ။ (အပူချိန် 100.4°F / 38°C နဲ့ အထက်ရှိပါက အရေးပေါ် အခြေအနေဖြစ်ပါတယ်)။
၃။ သွေးစစ်ဆေးမှုမှန်မှန်လုပ်ပါ
ဆရာဝန် ချိန်းဆိုထားသည့်အတိုင်း သွေးဖြူဥပမာဏ (CBC or CP test) ကို ပုံမှန် စစ်ဆေးပါ။
ရှောင်ရန်များ (Don'ts)
၁။ ရောဂါပိုးကူးစက်နိုင်ခြေရှိသော နေရာများကို ရှောင်ပါ။
🔴လူထူထပ်သော နေရာများနဲ့ လေဝင်လေထွက် မကောင်းသော နေရာများ
🔴ဖျားနာနေသူများနဲ့ ထိတွေ့ခြင်း (အအေးမိ၊ တုပ်ကွေး၊ ဝမ်းလျှော သို့မဟုတ် ကူးစက်ရောဂါရှိသူများ)
၂။အိမ်မွေးတိရစ္ဆာန်များကို ကိုင်တွယ်ပြီးပါက လက်ကို ချက်ချင်းဆေးပါ။
🔴စိုက်ပျိုးရေး လုပ်ခြင်း၊ သစ်ပင်စိုက်ခြင်း၊ မြေကြီး/သဲ ကိုင်တွယ်ခြင်းများကို ရှောင်ကြဉ်ပါ (မြေကြီးထဲတွင် မှိုပိုးနှင့် ဘက်တီးရီးယားများစွာ ရှိတတ်ပါတယ်)။
၃။ အစားအသောက်ဆိုင်ရာ ရှောင်ရန်များ
🔴အစိမ်းစားရသော အသီးအနှံများ၊ လက်သုပ်များ၊ လက်လုပ်ချဉ်၊ အသား/ငါးအစိမ်းများ (Sushi) ကို လုံးဝ ရှောင်ပါ။
🔴ပိုးသတ်မထားသော (Unpasteurised) နို့၊ ဒိန်ချဉ်၊ ဒိန်ခဲများကို ရှောင်ပါ။
🔴သန့်ရှင်းမှု မသေချာသော လမ်းဘေးမုန့်များနှင့် ရက်လွန်/အေးစက်နေသော အစားအစာများကို မစားပါနဲ့။
🔴အပြင်မှ ဝယ်ယူသော ရေခဲများကို ရှောင်ပါ။
၄။ထိခိုက်ဒဏ်ရာ ရနိုင်ခြေများကို ရှောင်ပါ
⚠️ အထူးသတိပြုရမယ့် အချက်ကတော့ သွေးဖြူဥကျနေချိန်မှာ ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း သို့မဟုတ် အသက်ရှုရခက်ခဲခြင်း၊ ဆီးသွားလျှင် ပူစပ်ပူလောင်ဖြစ်ခြင်း၊ဆီးအောင့်ခြင်း၊ ဝမ်းလျှောခြင်း သို့မဟုတ် ဗိုက်အောင့်ခြင်း၊ အနာ/ပိုက်တပ်ထားသည့်နေရာများ (ဥပမာ- IV line, Chemoport) မှ နီရဲလာခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်ထွက်ခြင်းစတဲ့ လက္ခဏာတွေရှိလာပါက မပေါ့ဆဘဲ ဆရာဝန်ဆီသို့ အမြန်ဆုံး ဆက်သွယ်ပြသရမှာဖြစ်ပါတယ်။
ဒီလို…သွေးဖြူဥကျနေချိန်မှာ ဘယ်အချက်တွေကို ဂရုစိုက်သင့်လဲဆိုတာ သိထားခြင်းက ကင်ဆာလူနာများအတွက် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ခံယူနိုင်မှာဖြစ်ပါတယ်💛။
𝐊𝐚𝐫𝐮𝐧𝐚 𝐋𝐚𝐧 𝐓𝐡𝐢𝐭 𝐆𝐞𝐧𝐞𝐫𝐚𝐥 𝐌𝐞𝐝𝐢𝐜𝐢𝐧𝐞 & 𝐂𝐚𝐧𝐜𝐞𝐫, 𝐏𝐚𝐢𝐧 & 𝐏𝐚𝐥𝐥𝐢𝐚𝐭𝐢𝐯𝐞 𝐂𝐚𝐫𝐞 𝐂𝐞𝐧𝐭𝐞𝐫
ကရုဏာလမ်းသစ် (အထွေထွေရောဂါ၊ ကင်ဆာနှင့် နာကျင်မှုဆိုင်ရာ အထူးကုဆေးခန်း)
✨ Booking ယူရန် ✨
📞 𝟎𝟗 𝟒𝟎𝟏 𝟔𝟗𝟗 𝟒𝟎𝟑, 𝟎𝟗 𝟖𝟖𝟔 𝟒𝟓𝟕 𝟖𝟕𝟖, 𝟎𝟗 𝟖𝟖𝟔 𝟒𝟓𝟏 𝟐𝟏𝟐
📍 အမှတ် ၇၊ လမ်းသစ်ရိပ်သာ၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
#ကရုဏာလမ်းသစ် #အထူးကုဆေးခန်း #လမ်းမတော်ဆေးခန်း #ကျန်းမာရေး