Mya Myittar Veterinary Clinic

Mya Myittar Veterinary Clinic Keep your pets healthy

ဆိုးရွားတဲ့ အရေပြားရောဂါခံစားနေရတဲ့ အသက်ရှစ်နှစ်အရွယ် Lu Lu လေး၏ခြောက်လကြာကုသပြီးနောက် တိုးတက်မှုအခြေအနေများ 🥰🥰မြမေတ္တာတ...
29/07/2026

ဆိုးရွားတဲ့ အရေပြားရောဂါခံစားနေရတဲ့ အသက်ရှစ်နှစ်အရွယ် Lu Lu လေး၏ခြောက်လကြာကုသပြီးနောက် တိုးတက်မှုအခြေအနေများ 🥰🥰

မြမေတ္တာတိရစ္ဆာန်ဆေးကုခန်း
Dr. Aeindra Aung
D.V.M (Yzn)

🏥No. 463၊ မြေညီ၊ လယ်ယာရွှေမြေလမ်းနှင့် မြလေးရုံလမ်းထောင့်၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့။

📞09-885566440, 09-954326440

နှလုံးသန်ကောင်အကြောင်းသိကောင်းစရာများ
27/07/2026

နှလုံးသန်ကောင်အကြောင်းသိကောင်းစရာများ

📌နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်ကြေညာခြင်းမြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း ကျွန်မတို့၏ဆေးခန်းလေးကို 13.4.2026 မှ 17.4.202...
12/04/2026

📌နှစ်သစ်ကူးသင်္ကြန်ပိတ်ရက်ကြေညာခြင်း

မြန်မာ့ရိုးရာသင်္ကြန်ပွဲတော်ကာလအတွင်း ကျွန်မတို့၏ဆေးခန်းလေးကို 13.4.2026 မှ 17.4.2026 အထိ ခေတ္တပိတ်ပါမယ်ရှင့်။ 18.4.2026 တွင် မနက် 9:00 မှ ည 7:00 အထိ ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်သွားပါမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။

ဆေးခန်းပိတ်ရက်ရှည်အတွင်း လူကြီးမင်းတို့၏ စုံစမ်းမေးမြန်းမှုများကို Social Media Page Messenger မှတစ်ဆင့် ချန်ထားခဲ့နိုင်ပြီး ဆေးခန်းပြန်ဖွင့်သည့်ရက်တွင် အကြောင်းပြန်ပေးသွားမည် ဖြစ်ပါသည်။

လူကြီးမင်းတို့အားလုံး ဘေးအန္တရာယ်ကင်းစင်ပြီး ပျော်ရွှင်စရာသင်္ကြန်ပွဲတော်ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

ခွေးလေးတွေကြောင်လေးတွေမှာ ကာကွယ်ဆေးထိုးဖို့ ဘာကြောင့်အရေးကြီးတာလဲ⁉️1. အသက်အန္တရာယ်ရှိသောရောဂါများမှ ကာကွယ်ပေးခြင်းပထမဆုံ...
18/01/2026

ခွေးလေးတွေကြောင်လေးတွေမှာ ကာကွယ်ဆေးထိုးဖို့ ဘာကြောင့်အရေးကြီးတာလဲ⁉️

1. အသက်အန္တရာယ်ရှိသောရောဂါများမှ ကာကွယ်ပေးခြင်း

ပထမဆုံးအချက်အနေနဲ့ အသက်အန္တရာယ်ကိုခြိမ်းခြောက်စေနိုင်တဲ့ ပြင်းထန်သော ဗိုင်းရပ်စ် ရောဂါများ (Viral infection) လွယ်လွယ်ကူကူမဖြစ်ပွါးစေရန်အတွက်ဖြစ်ပါတယ်။ Viral infection အများစုသည် ကုသဖို့ဆေးမရှိ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် (Immune system) ပေါ် မူတည်တဲ့အတွက် ကာကွယ်ဆေးထိုးရခြင်းဖြစ်ပါတယ်။

ခွေးလေးတွေအတွက်ဆိုလျှင် ရောဂါခြောက်မျိုးစပ်ကာကွယ်ဆေး (6in1 Vaccine) ဒါမှမဟုတ် ရောဂါငါးမျိုးစပ်ကာကွယ်ဆေး (5in1 Vaccine) , ခွေးကူးပြန်ရောဂါကာကွယ်ဆေး (ARV Vaccine) အစရှိသဖြင့် နှစ်စဥ်ပုံမှန်ထိုးနှံပေးရပါမယ်။

ကြောင်လေးတွေအတွက်ဆိုလျှင် ရောဂါသုံးမျိုးစပ်ကာကွယ်ဆေး (3in1 Vaccine) ဒါမှမဟုတ် ရောဂါလေးမျိုးစပ်ကာကွယ်ဆေး (4in1 Vaccine), ခွေးရူးပြန်ရောဂါကာကွယ်ဆေး (ARV vaccine) အစရှိသဖြင့်ပုံမှန်ထိုးနှံပေးရပါမယ်။

2. လူသို့ကူးစက်စေနိုင်သော ရောဂါများအား ကာကွယ်ပေးခြင်း (Zoonotic diseases)

အထူးသဖြင့် ခွေးရူးပြန်ရောဂါနှင့် Leptospirosis ရောဂါတို့သည် လူကိုကူးစက်တတ်သောရောဂါများဖြစ်သည့်အတွက် တိလေးတွေကိုကာကွယ်ဆေးထိုးထားမှသာ မိသားစုဝင်တွေအတွက် ဘေးကင်းစေပါမယ်။

3. ကုသစရိတ်သက်သာခြင်း

ရောဂါဖြစ်မှဆေးရုံတင်ကုသစရိတ်သည် ကာကွယ်ဆေးထိုးသည့် ကုန်ကျစရိတ်ထက်များစွာကုန်ကျပါတယ်။ ကြိုတင်ကာကွယ်ခြင်းကဘစိတ်ချရသလို ပိုမိုငွေကြေးကုန်ကျလဲ သက်သာစေပါတယ်။

4. စည်းကမ်းသတ်မှတ်ချက်များ

မိမိတို့တိလေးတွေကို နိုင်ငံရပ်ခြားခေါ်သွားရင်လဲ ကာကွယ်ဆေးထိုးထားကြောင်းလက်မှတ် (Vaccine certificate) ရှိမှသာ ခေါ်သွားလို့ရပါတယ်။ တချို့သောနေရာများ (Pet clinic , Pet hotel) တွေမှာ ကာကွယ်ဆေးထိုးထားမှ လက်ခံတာတွေရှိပါတယ်။

📌အိမ်မှာပဲမွေးပြီး အပြင်မလွှတ်တဲ့ တိကလေးများကိုလဲ ကာကွယ်ဆေးထိုးပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အပြင်ကပြန်လာတဲ့ ပိုင်ရှင်ရဲ့ ဖိနပ် အဝတ်အစားအသုံးအဆောင်ပစ္စည်း ထိတွေ့မှု စသည်တို့မှလဲ ရောဂါကူးစက်နိုင်ပါတယ်။

မိမိတို့ရဲ့ မိသားစုဝင်တိလေးတွေကို အမှန်တကယ်
ချစ်ခင်မြတ်နိုးပါက ကာကွယ်ဆေးမဖြစ်မနေထိုးထားကြဖို့တိုက်တွန်းချင်ပါတယ်။

17/01/2026

အသက်13 နှစ် မိုမိုလေးရဲ့ ကင်ဆာကျိတ်ခွဲစိတ်မှုအောင်မြင်🎉👏🏻🥰

🏥 No. (463)၊ မြမေတ္တာတိရစ္ဆာန်ဆေးကုခန်း၊ လယ်ယာရွှေမြေလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေ။
📞 09-885566440, 09-954326440

23/12/2025

ပင်မသွေးလွှတ်ကြောကြီးမပေါက်လို့ အသက်ရှင်ခဲ့တဲ့ကံကောင်းတဲ့ကလေးလေး🥰

🏥 No. (463)၊ မြမေတ္တာတိရစ္ဆာန်ဆေးကုခန်း၊ လယ်ယာရွှေမြေလမ်း၊ မေတ္တာညွန့်ရပ်ကွက်၊ တာမွေ။

📞09-885566440, 09-954326440

Address

No. 463, Lal Yar Shwe Myay Street, Myittar Nyunt Qtr, Tamwe Tsp
Yangon
11211

Opening Hours

Monday 08:00 - 19:00
Tuesday 08:00 - 19:00
Wednesday 08:00 - 19:00
Thursday 08:00 - 19:00
Friday 08:00 - 19:00
Saturday 08:00 - 19:00
Sunday 08:00 - 19:00

Website

Alerts

Be the first to know and let us send you an email when Mya Myittar Veterinary Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share