mental heal with you

mental heal with you Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from mental heal with you, Health & Wellness Website, Yangon.

A safe home that provides mental health support to everyone equally and makes sure everyone can achieve emotional well-being through inclusive and comprehensive services.

From Family Trauma to Healthy Love မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့… 🌿တစ်ခါတလေ ကိုယ်မမြင်ရတဲ့ ဒဏ်ရာတွ...
20/08/2026

From Family Trauma to Healthy Love
မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့… 🌿

တစ်ခါတလေ ကိုယ်မမြင်ရတဲ့ ဒဏ်ရာတွေက
နှလုံးသားထဲမှာ အချိန်အကြာကြီး လေးလံနေတတ်ပါတယ်။
ငယ်ဘဝမှာ ကြုံခဲ့ရတဲ့ မိသားစုအတွင်းက နာကျင်မှုတွေ၊
အာရုံစိုက်မခံရတာတွေ၊ နားလည်မခံရတာတွေ၊
အမြဲဝေဖန်ခံခဲ့ရတာတွေ၊ ထိန်းချုပ်ခံခဲ့ရတာတွေ၊
ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေကြားမှာ ကြီးပြင်းလာရတာတွေက...
ဒီနေ့ ကိုယ့်ရဲ့ Relationship တွေ၊ Self-Worth နဲ့ စိတ်ခံစားမှုတွေ အပေါ် သက်ရောက်နေတတ်ပါတယ်။

တစ်ခါတလေ
“ဘာလို့ ကိုယ်က ဒီလိုခံစားနေရတာလဲ?”
“ဘာလို့ Relationship တွေမှာ ဒီပုံစံတွေကိုပဲ ထပ်ခါထပ်ခါ ကြုံနေရတာလဲ?”
ဆိုပြီး ကိုယ့်ကိုယ်ကို ပြန်မေးမိတတ်ပါတယ်။

ဒါပေမယ့်...
ငယ်ဘဝမှာ ကြုံတွေ့ခဲ့ရတာတွေက ကိုယ့်အနာဂတ်ကို အဆုံးအဖြတ်ပေးတာ မဟုတ်ပါဘူး။

ကိုယ့်ရဲ့အတွေ့အကြုံတွေကို နားလည်လာတဲ့အချိန်ကစပြီး ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့၊ ပိုကြင်နာဖို့နဲ့
ပိုကျန်းမာတဲ့ Relationship တွေကို ရွေးချယ်တည်ဆောက်ဖို့ Healing Journey ကို စတင်နိုင်ပါတယ်။ 🤍

ဒါကြောင့် August Campaign အဖြစ် စတင်ခဲ့တဲ့
🌿 “From Family Trauma to Healthy Love”
ကို mental heal × Purple Feminists Group (PFG) တို့ ပူးပေါင်းပြီးယူဆောင်လာပါပြီ 🥳🤍

ဒီ Campaign မှာတော့ မိသားစုအတွင်းက အတွေ့အကြုံတွေဟာ ကိုယ့်ရဲ့လက်ရှိဘဝအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲဆိုတာကို နားလည်ဖို့နဲ့ ပိုကျန်းမာတဲ့ ဆက်ဆံရေးတွေဆီ လျှောက်လှမ်းနိုင်ဖို့အတွက် အတူတူဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

🌱 ဒီ Campaign မှာ ဆွေးနွေးသွားမယ့်အကြောင်းအရာတွေ
📍 ငယ်ဘဝက စိတ်မပြေလည်မှုတွေက ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ
📍 မိသားစုအတွင်းက စိတ်ဒဏ်ရာတွေက လက်ရှိ Relationship တွေအပေါ် ဘယ်လိုသက်ရောက်နိုင်သလဲ
📍 မိသားစုနဲ့ ကိုယ့်ရဲ့စိတ်ချမ်းသာမှုကြားမှာ Healthy Boundaries ဘယ်လိုတည်ဆောက်မလဲ
📍 အာရုံစိုက်မခံခဲ့ရတဲ့ နာကျင်မှုတွေအပြီးမှာ Self-Worth ကို ဘယ်လိုပြန်တည်ဆောက်မလဲ
📍 နေ့စဉ်ဘဝမှာ အသုံးချနိုင်တဲ့ Healing Practices တွေ
📍 ဘယ်အချိန်မှာ Professional Counseling ကို ရယူသင့်သလဲ

🤍 ဒီ Healing Journey မှာ ဘယ်သူတွေ ပါဝင်သင့်လဲ?
🍀ငယ်ဘဝက မိသားစုအတွေ့အကြုံတွေဟာ အခုလက်ရှိ ကိုယ့်ရဲ့စိတ်ခံစားမှု၊ Self-Worth နဲ့ Relationship တွေအပေါ် သက်ရောက်နေတယ်လို့ ခံစားရသူများ။

🍀မိသားစုအတွင်း အာရုံစိုက်မခံရခြင်း၊ အမြဲဝေဖန်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေကြားမှာ ကြီးပြင်းခဲ့ရပြီး ကိုယ့်ရဲ့အတွေ့အကြုံတွေကို ပိုနားလည်ချင်သူများ။

🍀အချစ်ရေး၊ လူမှုရေးနဲ့ မိသားစုဆက်ဆံရေးတွေမှာ ပုံစံတူအခက်အခဲတွေကို ထပ်ခါထပ်ခါ ကြုံနေရသူများ။

🍀မိသားစုနဲ့ ကိုယ့်ကြားမှာ Healthy Boundaries တည်ဆောက်ပြီး စိတ်အေးချမ်းမှုကို ပြန်ရှာချင်သူများ။

🍀အတိတ်က နာကျင်မှုတွေကြောင့် ကိုယ့်ဘဝကို အဆုံးမသတ်ချင်ဘဲ ပိုကျန်းမာတဲ့ Relationship တွေကို တည်ဆောက်ချင်သူများ။

ပြီးတော့...
ကိုယ့်ရဲ့ Healing Journey ကို လုံခြုံပြီး နွေးထွေးတဲ့ Community တစ်ခုနဲ့အတူ စတင်ချင်သူလေးတွေပါဝင်နိုင်ပါတယ် 🤍

🌿 Healing Circle
“From Family Trauma to Healthy Love”

📅 5 September 2026 (Saturday)

⏰ 7:00 PM – 9:00 PM (MMT)

💻 Online

ဒီ Healing Circle ကို mental healက Counselor …..နဲ့ Purple Feminists Group ရဲ့ Founder & Executive Director ဖြစ်သူ Ma Nandar နဲ့အတူ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

Ma Nandar ဟာ feminist storyteller, podcaster နဲ့ movement-builder တစ်ဦးဖြစ်ပြီး gender equality, menstrual justice နဲ့ feminist leadership တို့အတွက် storytelling, advocacy နဲ့ community-building တွေကနေတစ်ဆင့် လုပ်ဆောင်နေသူတစ်ဦး ဖြစ်ပြီး 2020 ခုနှစ်မှာ BBC 100 Women စာရင်းဝင်ခဲ့တဲ့ Ma Nandar က storytelling ဟာ လူမှုအသိုင်းအဝိုင်းအတွင်း ပြောင်းလဲမှုတွေကို ဖန်တီးပေးနိုင်တဲ့ အင်အားတစ်ခုလို့ ယုံကြည်သူ ဖြစ်ပါတယ်။

mental heal ကဆရာမ မမေမြတ်ခိုင်ဟာ Basic Counselling Skills Training၊ ရှေးဦးစိတ်ပိုင်းဆိုင်ရာ ရှေးဦ အကူအညီပေးခြင်း (Psychological First Aid Training) နဲ့ စိတ်ဒဏ်ရာပေါ် အခြေခံရျ် နားလည်ပံ့ပိုးပေးသည့် စွမ်းရည်သင်တန်း (Trauma-informed Supportive Skills Training) တို့ကို သင်ယူလေ့လာခဲ့သူ ဖြစ်ပါတယ်။

သူမဟာ mental heal အဖွဲ့အစည်းမှာ Associate Counsellor တစ်ဦးအနေနဲ့ clients များရဲ့ ဘဝအကျပ်အတည်းများ၊ စိတ်ခံစားမှုဆိုင်ရာ စိန်ခေါ်မှုများကို အဓိကထား ကူညီဆွေးနွေး တိုင်ပင်ပေး လျက် ရှိပါတယ်။ အထူးသဖြင့် စိတ်ဒဏ်ရာကြောင့် စိတ်ဝေဒနာ ခံစားနေရသူများကို အနီးကပ် ကိုယ်ချင်းစာတရားဖြင့် နွေးထွေးစွာ ထွေးစွာ လမ်းညွှန်ပံ့ပိုးပေးလေ့ ရှိပါတယ်။

🎁 Campaign အတွင်း ရရှိနိုင်မယ့် အထူးအစီအစဉ်များ
1. “Thank You” Digital Gift Card 💌
ကိုယ်တိုင်အတွက်ဖြစ်စေ၊ ကိုယ့်ရဲ့ချစ်ခင်ရသူတစ်ယောက်အတွက်ဖြစ်စေ Counseling Session လက်ဆောင်ပေးနိုင်မယ့် Digital Gift Card လေးတွေကို စီစဉ်ပေးထားပါတယ်။

1.Individual Counseling – ၂ ကြိမ်စာ
ထူးခြားတာကတော့ Gift Card ထဲမှာ ကိုယ်ပေးချင်တဲ့ ရင်ထဲကစကားလေးတွေကို အမှတ်တရ Message အဖြစ် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ 🤍

2. Free Healing Circle 🌿
“From Family Trauma to Healthy Love” Healing Circle ကို အခမဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

3. Special Gift for Attendees 🎁
Healing Circle ကို တက်ရောက်သူတိုင်းအတွက် မိမိရဲ့ လက်ရှိစိတ်ပိုင်းဆိုင်ရာအခြေအနေကို ပြန်လည်သုံးသပ်နိုင်မယ့် Free Emotional Well-being Check-in ရလဒ်ကို လက်ဆောင်အဖြစ် ရရှိမှာ ဖြစ်ပါတယ်။

ပါဝင်ချင်တယ်ဆိုရင်...
Campaign အသေးစိတ်နဲ့ Healing Circle ပါဝင်ရန် လိုအပ်တဲ့အချက်အလက်တွေကို ရယူဖို့
Comment မှာ “LOVE” လို့ ရေးခဲ့ပြီး
အောက်ပါ Google Form မှာ စာရင်းပေးသွင်းနိုင်ပါတယ်။

👉 https://forms.gle/LnKm2ht15FFRDMZV9

အတိတ်ကို ပြန်ပြင်လို့မရပေမယ့်
အတိတ်က ကိုယ့်အနာဂတ်ကို ဆုံးဖြတ်ပေးမယ့်ပုံစံကိုတော့ ပြောင်းလဲနိုင်ပါတယ်။
ဒီခရီးမှာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။
ကိုယ့်စိတ်ကို နားလည်ဖို့၊ ကိုယ့်ကိုယ်ကို ပိုကြင်နာဖို့နဲ့
ပိုကျန်းမာတဲ့ ချစ်ခြင်းမေတ္တာဆီ လျှောက်လှမ်းဖို့...
အတူတူ လျှောက်ကြရအောင်။ 🤍🌿



သင်ကြီးပြင်းလာတဲ့အိမ်က Safe Place ဖြစ်ခဲ့ရဲ့လား❓🏠ကျွန်မတို့တော်တော်များများက ငယ်ငယ်တုန်းကတော့ “အိမ်ဆိုတာ အိမ်ပဲလေ” လို့...
17/08/2026

သင်ကြီးပြင်းလာတဲ့အိမ်က Safe Place ဖြစ်ခဲ့ရဲ့လား❓🏠
ကျွန်မတို့တော်တော်များများက ငယ်ငယ်တုန်းကတော့ “အိမ်ဆိုတာ အိမ်ပဲလေ” လို့ပဲ ထင်ခဲ့ကြဖူးတယ်မလား။

အိမ်ပြန်ရောက်ရင် နားရမယ်...
အိမ်မှာ ကိုယ်ချစ်တဲ့သူတွေရှိမယ်...
အိမ်ဆိုတာ လုံခြုံတဲ့နေရာပဲလို့ ထင်ခဲ့ကြပါတယ် 🤍
ဒါပေမယ့် တချို့သူတွေအတွက်တော့ အိမ်ပြန်ရောက်တာနဲ့ စိတ်အေးသွားတာထက် အိမ်က ဘယ်လိုအခြေအနေရှိမလဲဆိုတာ ခန့်မှန်းနေရတာ ပိုများခဲ့ကြပါတယ် 🌧
တံခါးဖွင့်သံကြားတာနဲ့
“ဒီနေ့ အဖေ/အမေ စိတ်ဆိုးနေမလား…”
တစ်ယောက်ယောက် အသံမာလာတာနဲ့ “ငါ ဘာများမှားပြောမိလို့လဲ…”
ကိုယ်ငိုချင်တဲ့အခါ “အဲ့​လောက်လေးနဲ့ငိုမနေနဲ့၊အားနည်းတယ်လို့ မထင်စေနဲ့…”
ကိုယ်နာကျင်နေတဲ့အကြောင်း ပြောချင်တဲ့အခါမှာလဲ “အဲ့လောက်လေးနဲ့ ဘာဖြစ်နေတာလဲ…”
ဆိုတဲ့ စကားတွေနဲ့ပဲ ကြီးပြင်းလာခဲ့ရတာမျိုးပါ 💔

အဲ့ဒီလိုနဲ့ ကိုယ့်ခံစားချက်တွေကို ကိုယ်တိုင်တောင် မယုံရဲတော့တဲ့အရွယ် ရောက်လာတတ်ပါတယ်...
အိမ်မှာ အငြင်းပွားမှုတွေ ရှိတာကတော့ ပုံမှန်ပါပဲ။
မိဘတွေကလည်း ပြည့်စုံတဲ့လူတွေ မဟုတ်ကြပါဘူး။
🌿ဒါပေမယ့် Safe Place ဆိုတာ အငြင်းပွားကြတာတွေ၊ကတောက်ကဆဖြစ်ကြတာတွေမရှိတဲ့အိမ်ကို ပြောတာမဟုတ်ပါဘူးရှင်။

ကြောက်နေစရာမလိုတဲ့အိမ် 🤍
ကိုယ်ဖြစ်နေတဲ့အတိုင်း နေလို့ရတဲ့အိမ် 🤍
အမှားလုပ်မိလို့ ချစ်ခြင်းမေတ္တာ ပျောက်မသွားတဲ့အိမ် 🤍
ကိုယ့်ခံစားချက်တွေကို လျှော့တွက်မခံရတဲ့အိမ် 🤍
အဲ့ဒါမျိုးကို Safe Place လို့ ခေါ်တာပါနော် 🤍🏡

ဒါကြောင့် အခုအရွယ်ရောက်လာပြီး လူတစ်ယောက် စိတ်ဆိုးသွားမှာကို အရမ်းကြောက်နေတာ၊ အငြင်းပွားမှုနည်းနည်းဖြစ်တာနဲ့ ကိုယ့်အပြစ်လို့ ထင်နေတာ၊ လူတိုင်းကို စိတ်ကျေနပ်အောင် အမြဲကြိုးစားနေတာ၊ ကိုယ့်ခံစားချက်ကို အမြဲဖုံးကွယ်နေတာတွေ ရှိနေတယ်ဆိုရင်
ကိုယ့်ကိုယ်ကို မေးကြည့်လို့ရပါတယ်။
“ငါက အခုထိ အဲ့ဒီငယ်ဘဝက ကလေးလေးလို လုံခြုံမှုကို ရှာနေတုန်းများလား…”
တကယ်တော့ အဲ့ဒီကလေးလေးက ဘာမှမမှားခဲ့ပါဘူး။
သူက ချစ်ခံချင်ခဲ့တာ။ နားလည်ခံချင်ခဲ့တာ။ ကြောက်စရာမလိုဘဲ အိမ်မှာ နေချင်ခဲ့တာပဲ။
ပြီးတော့ အဲ့ဒီအချိန်တုန်းက မရခဲ့တဲ့ လုံခြုံမှုကို အခု ကိုယ်တိုင် ကိုယ့်ကို ပြန်ပေးလို့ရပါတယ်။ 🤍
အတိတ်က ကိုယ့်အိမ်ကို မပြောင်းနိုင်ပေမယ့် ဒီနေ့ ကိုယ့်ဘဝကို ကိုယ့်အတွက် Safe Place တစ်ခု ဖြစ်လာအောင် တည်ဆောက်နိုင်ပါတယ်ရှင် 🏡🌿

"သင့်ရဲ့ အဆင်မပြေမှုတွေအတွက် mental heal က အမြဲတမ်း နားခိုရာ ဖြစ်ပေးနေမှာပါ"
mental heal ကသင့်ရဲ့ နာကျင်မှုတွေကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့၊ လုံခြုံတဲ့ ရင်ခွင်တစ်ခု ဖြစ်နေပေးပါတယ်နော် 🤍
သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။
https://www.facebook.com/share/1C5Ut5HPWp/
https://www.facebook.com/share/14WWq5fybcK/

"အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်"

ငယ်ဘဝက ကိုယ်ကြားချင်ခဲ့တဲ့ စကားတစ်ခွန်းက ဘာလဲ❓ 🤍တချို့လူတွေကငယ်ငယ်တုန်းက “မငိုနဲ့” ဆိုတဲ့စကားကိုပဲ ကြားခဲ့ကြရတယ်မလား❓“မင...
14/08/2026

ငယ်ဘဝက ကိုယ်ကြားချင်ခဲ့တဲ့ စကားတစ်ခွန်းက ဘာလဲ❓ 🤍

တချို့လူတွေက
ငယ်ငယ်တုန်းက “မငိုနဲ့” ဆိုတဲ့စကားကိုပဲ ကြားခဲ့ကြရတယ်မလား❓

“မင်းက အကြီးပဲ၊ သည်းခံရမယ်”

“အဲ့လောက်လေးနဲ့ မခံစားနဲ့”

“သူများတွေထက် ပိုကောင်းအောင် ကြိုးစား”

"သူ့လိုဖြစ်အောင်လုပ်"

“မိဘစကား နားထောင်”

“မင်းကြောင့် အားလုံးစိတ်ပျက်ရတယ်…”

ဆိုတဲ့ စကားတွေနဲ့ ကြီးပြင်းလာရတတ်တယ် 💔

ဒါပေမယ့်…
တစ်ခါတလေ ငယ်ငယ်ကကျွန်မတို့တကယ်လိုအပ်ခဲ့တာက အကြံပေးစကားတွေ မဟုတ်ပါဘူး

“လာ… မင်းအဆင်မပြေတာကို ပြောလို့ရတယ်။
ငါ နားထောင်ပေးမယ်” ဆိုတဲ့ စကားတစ်ခွန်းပဲ ဖြစ်ဖြစ်၊ "ဘာမှမဖြစ်ဘူး၊ငါရှိတယ်နော်" ဆိုတဲ့စကားလေးတွေကိုကြားချင်ခဲ့ကြတာပါ။
အဲ့စကားလေးတွေမဟုတ်ပဲ ကြမ်းတမ်းတဲ့စကားတွေ၊သည်းခံဆိုတဲ့စကားတွေကြောင့်ပိုခက်ခဲခဲ့ကြပါတယ်...တခြားလူကမပြောပေးရင်တောင်
ကိုယ့်ကိုယ်ကို ပြန်ပြောပေးဖို့ လိုနေတတ်ပါတယ် 🍀🤍

ဒါကြောင့် ဒီနေ့
ငယ်ငယ်တုန်းက ကိုယ့်ရှေ့မှာ ထိုင်နေတဲ့ ကိုယ့်ကိုယ်ကို စိတ်ကူးကြည့်ပါ

သူ့ကို ဘာပြောပေးချင်လဲ?

စကားလေးတစ်ခွန်းပဲ ရွေးပြီး Comment မှာ ရေးခဲ့ပါဦးနော် 🤍

သင်ဟာ ချစ်ခြင်းကို ခံထိုက်တဲ့သူပါ။ နာကျင်မှုကို မဟုတ်ပါဘူးရှင် 🤍
"သင့်ရဲ့ အဆင်မပြေမှုတွေအတွက် mental heal က အမြဲတမ်း နားခိုရာ ဖြစ်ပေးနေမှာပါ"
mental heal ကသင့်ရဲ့ နာကျင်မှုတွေကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့၊ လုံခြုံတဲ့ ရင်ခွင်တစ်ခု ဖြစ်နေပေးပါတယ်နော် 🤍
သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။
https://www.facebook.com/share/1C5Ut5HPWp/
https://www.facebook.com/share/14WWq5fybcK/

"အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်"

မင်္ဂလာပါရှင် 🌿mental heal with you နဲ့အတူ လျှောက်လှမ်းလာခဲ့တဲ့ မိတ်ဆွေတို့အတွက် ဒီနေ့မှာ လုံခြုံနွေးထွေးတဲ့ နေရာသစ်လေးတ...
13/08/2026

မင်္ဂလာပါရှင် 🌿
mental heal with you နဲ့အတူ လျှောက်လှမ်းလာခဲ့တဲ့ မိတ်ဆွေတို့အတွက်
ဒီနေ့မှာ လုံခြုံနွေးထွေးတဲ့ နေရာသစ်လေးတစ်ခုအကြောင်း မျှဝေပေးချင်ပါတယ် 🏡💚

နှစ်တွေကြာလာတဲ့အထိ mental heal with youမှာ
စိတ်ကျန်းမာရေး၊ နာကျင်မှုတွေ၊ Relationship တွေ၊ ကိုယ့်ကိုယ်ကို နားလည်လာဖို့အကြောင်းတွေကို အတူတူ ပြောခဲ့ကြပါတယ်။

တစ်ယောက်ယောက်က စိတ်ပင်ပန်းနေတဲ့အခါ နားထောင်ပေးခဲ့ကြတယ်။
တစ်ယောက်ယောက်က လမ်းပျောက်နေတဲ့အခါ အတူတူ စဉ်းစားခဲ့ကြတယ်။
ပြီးတော့... ကိုယ့်စိတ်ကို ဂရုစိုက်ဖို့ဆိုတာ အားနည်းခြင်းမဟုတ်ဘူးဆိုတာကိုလည်း ကျွန်မတို့အတူတူ သင်ယူခဲ့ကြပါတယ် 🤍

ဒါပေမယ့် ကျွန်မတို့ သတိထားမိလာတာတစ်ခုရှိပါတယ်
Wellness ဆိုတာ အဆင်မပြေတဲ့အချိန်မှာပဲ ရှာဖွေရမယ့်အရာ မဟုတ်ပါဘူး 🟢
စိတ်ပင်ပန်းလာမှ ကိုယ့်ကိုယ်ကို ပြန်ကြည့်တာမဟုတ်ဘဲ
နေ့စဉ်ဘဝမှာ
ကိုယ့်ကိုယ်ကို ပိုနားလည်ဖို့၊
ခံစားချက်တွေကို ပိုကောင်းကောင်း ကိုင်တွယ်ဖို့၊
ကျန်းမာတဲ့ Relationship တွေ တည်ဆောက်ဖို့၊
အပြောင်းအလဲတွေကြားမှာ ကိုယ့်ဘဝကို ဆက်ပြီး ပျိုးထောင်ဖို့လည်း လိုအပ်ပါတယ် 💚

အဲဒီ့အတွေးကနေ The Humanity ဆိုတဲ့ နေရာလေးကို ဖန်တီးဖြစ်ခဲ့ပါတယ် 🌿
The Humanity က Mental Health & Wellness ကို နေ့စဉ်ဘဝနဲ့ ပိုနီးကပ်စွာ ချိတ်ဆက်ပေးမယ့် Platform လေးတစ်ခုပါရှင် 💚

ဒီနေရာမှာ
🌿 စိတ်ကျန်းမာရေးနဲ့ Wellness ဆိုင်ရာ Knowledge တွေ

🌿 နေ့စဉ်ဘဝမှာ အသုံးချနိုင်မယ့် Practical Tools & Micro-practices တွေ

🌿 ကိုယ့်အတွင်းစိတ်ကို ပိုနားလည်လာစေမယ့် Courses တွေ

🌿 နိုင်ငံခြားမှာနေထိုင်ရင်း ကြုံရတဲ့ Homesickness, Stress, Loneliness နဲ့ Identity အပြောင်းအလဲတွေ

🌿 ကျန်းမာတဲ့ Relationship တွေ တည်ဆောက်ဖို့အကြောင်းတွေ

🌿 တစ်ယောက်တည်း မဟုတ်ဘူးလို့ ခံစားရစေမယ့် နွေးထွေးတဲ့ Community တွေ

🌿 Workplace Wellness နဲ့ Leaders / Managers တွေအတွက် Wellness Services တွေ
🌿 လိုအပ်တဲ့အချိန်မှာ တိုင်ပင်နိုင်မယ့် Professional Consultation တွေ
ကို တဖြည်းဖြည်း မျှဝေပေးသွားမှာဖြစ်ပါတယ် 🥳💚

မိတ်ဆွေ အဆင်ပြေတဲ့အချိန် ဝင်ဖတ်ပါ။
စိတ်ပါတဲ့အချိန် လေ့လာပါ။
လိုအပ်တဲ့အချိန် ပြန်လာပါ။
The Humanity မှာတော့ မိတ်ဆွေအတွက် နေရာလေးတစ်ခု အမြဲရှိနေပါမယ် 🌿
The Humanity ရဲ့ Content အသစ်တွေ၊ Community Activities တွေနဲ့ Wellness အကြောင်းအရာလေးတွေအပြင်
အိမ်ကိုလွမ်းနေသူလေးတွေ 🍀
ကိုယ်နဲ့စိတ်တူကိုယ်တူလေးတွေနဲ့စကားပြောချင်သူလေးတွေ 🍀
သူငယ်ချင်း၊မိတ်ဆွေအသစ်ရချင်သူလေးတွေ 🍀
ရင်ဖွင့်ချင်သူလေးတွေအတွက်ရည်ရွယ်ပြီးတော့ The Humanityက လစဥ် Community Meetupလေးတွေပြုလုပ်သွားဖို့ရှိတာမို့လို့
မလွတ်သွားအောင် Page လေးကို Follow လုပ်ထားပေးပါနော် 💚
https://www.facebook.com/share/1F7FuF6Mst/

The Humanityရဲ့ Wellness Groupလေးကိုလဲ Joinထားဖို့မမေ့ပါနဲ့နော် 💚
https://www.facebook.com/share/g/1EX7fGeVPH/
mental heal with you စာမျက်နှာကတော့ ဒီအတိုင်း ဆက်ရှိနေမှာပါ။ ဘာမှ ပျောက်သွားမှာ မဟုတ်ပါဘူး။
mental heal with youကနေ စတင်ခဲ့တဲ့ ခရီးလမ်းလေးကို
The Humanity နဲ့အတူ ဆက်ပြီး လျှောက်လှမ်းကြရအောင် 💚

Wellness is how you live.

The Humanity မှာ စိတ်ကျန်းမာရေး၊ Wellness၊ အဝေးရောက်ဘဝရဲ့ စိန်ခေါ်မှုတွေ၊ ကျန်းမာတဲ့ Relationship တွေ၊ ကိုယ့်ကိုယ်ကို ဂရုစိုက်နည်းတွေအကြောင်း ပုံမှန် မျှဝေပေးသွားမှာပါ။

“သူထွက်သွားမှာ ကြောက်တယ်” ဆိုတဲ့ စိတ်ခံစားချက်ရဲ့ နောက်ကွယ်မှာ… 💭တစ်ခါတလေ ကျွန်မတို့က တစ်ဖက်လူကိုအဆုံးရှုံးမခံနိုင်တဲ့အခ...
09/08/2026

“သူထွက်သွားမှာ ကြောက်တယ်” ဆိုတဲ့ စိတ်ခံစားချက်ရဲ့ နောက်ကွယ်မှာ… 💭
တစ်ခါတလေ ကျွန်မတို့က တစ်ဖက်လူကိုအဆုံးရှုံးမခံနိုင်တဲ့အခါ “ငါသူ့ကို အရမ်းချစ်လို့ သူထွက်သွားမှာ မလိုချင်တာ” လို့ပဲ ထင်နေမိတတ်ကြပါတယ်။
ဒါပေမယ့် ကိုယ့်စိတ်ကို ပြန်ဆန်းစစ်ကြည့်တဲ့အခါ… ကျွန်မတို့တော်တော်များများတကယ်ကြောက်နေတာက သူထွက်သွားတာတစ်ခုတည်း မဟုတ်ဘူးဆိုတာ သိလာရတတ်တယ်။

သူထွက်သွားပြီးရင် ကိုယ်တစ်ယောက်တည်း ကျန်ခဲ့ရမှာကို ကြောက်တာ 💔
သူမရှိတော့ရင် ကိုယ့်ဘေးမှာ ဘယ်သူရှိမလဲဆိုတာ မသိတော့မှာကို ကြောက်တာ💔
နောက်ဆုံးမှာ “ငါက မလုံလောက်လို့ပဲ သူထွက်သွားတာလား…” ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်မိမှာကို ကြောက်တာ။💔

တစ်ခါတလေ ဒီကြောက်စိတ်တွေက အခုမှဖြစ်လာတာမဟုတ်ပဲ အရင်တုန်းက ကိုယ်ချစ်ခဲ့ရတဲ့သူတစ်ယောက်က ကိုယ့်ကို ထားခဲ့ဖူးတာတွေ၊
ကိုယ်လိုအပ်တဲ့အချိန်မှာ ကိုယ့်ဘေးမှာ မရှိပေးခဲ့ဖူးတာတွေကြောင့်ဖြစ်နိုင်ပါတယ် 📌

ဒီလိုစိတ်ဒဏ်ရာတွေကြောင့် ချစ်ရတဲ့သူတစ်ယောက် ရှိလာတဲ့အခါ သူ့ရဲ့ စိတ်အပြောင်းအလဲလေးတွေကိုတောင် အရမ်းသတိထားမိလာတတ်ကြပါတယ်
ဥပမာ-
စာပြန်တာ နည်းနည်းနောက်ကျရင် “ဘာဖြစ်လို့လဲ…”
စကားပြောတာ နည်းသွားရင် “သူစိတ်ပြောင်းသွားပြီလား…”
နည်းနည်းဝေးသွားရင် “သူလည်း နောက်ဆုံးတော့ ထွက်သွားတော့မှာလား…”
ဆိုပြီး ကိုယ့်စိတ်က အဖြေမရှိတဲ့မေးခွန်းတွေကို ထပ်ခါထပ်ခါ မေးနေတတ်တယ်။

ဒီလိုစိတ်ခံစားချက်တွေရှိတဲ့သူတော်တော်များများက ချစ်ရတဲ့သူကို မဆုံးရှုံးချင်လို့ ကိုယ်မကြိုက်တာတွေကိုတောင် သည်းခံနေတာမျိုးတွေလဲကြုံနေကြရပါတယ် 💔
ကိုယ်လိုချင်တာတွေကို မပြောတော့တာမျိုး 💔
စိတ်မကောင်းဖြစ်နေတာတောင် “ရပါတယ်” လို့ ပြောလိုက်တာမျိုး💔
ဒါပေမယ့်…
ကိုယ့်ကိုချစ်တဲ့သူတစ်ယောက်ကို အမြဲတမ်း မဆုံးရှုံးအောင် ဖမ်းဆုပ်ထားဖို့ မလိုပါဘူး။
တကယ်ချစ်တဲ့ဆက်ဆံရေးတစ်ခုမှာ 💭
ကိုယ်က အမြဲကြောက်နေရမယ့်သူ မဖြစ်သင့်ဘူး။
ကိုယ့်ခံစားချက်ကို ပြောလို့ရတယ်။
မကြိုက်တာကို မကြိုက်ဘူးလို့ ပြောလို့ရတယ်။ ကိုယ့်လိုအပ်ချက်တွေကို ပြောပြလို့ရတယ်။
အဲဒါတွေပြောလိုက်လို့ တစ်ယောက်ယောက်က ထွက်သွားခဲ့ရင်တောင်…
အဲ့ဒါဟာ ကိုယ်မလုံလောက်လို့ မဟုတ်ပါဘူး။
တစ်ခါတလေ ကိုယ်က “သူမထွက်သွားအောင်” ကြိုးစားနေရင်း ကိုယ့်ကိုယ်ကိုယ်ပဲ တိတ်တိတ်လေး ထားခဲ့မိတတ်ကြလို့ပါ။

ဒါကြောင့် နောက်တစ်ခါ “သူထွက်သွားမှာ ကြောက်တယ်” လို့ ခံစားရတဲ့အခါ
သူ့ကို ချက်ချင်းမဆွဲထားလိုက်ပါနဲ့။
ကိုယ့်ရင်ဘတ်ထဲက ဒဏ်ရာတွေကိုအရင်နားထောင်ကြည့်ပါ။
“နင်က အရင်က တစ်ယောက်တည်း ကျန်ခဲ့ဖူးလို့ အခုကြောက်နေတာလား…”
လို့ ကိုယ့်ကိုယ်ကို မေးကြည့်ပါ။
အဖြေက ချက်ချင်းမထွက်လာလည်း ရပါတယ်။
တစ်နေ့နေ့မှာတော့ “သူထွက်သွားမှာကို မကြောက်တော့ဘူး” ဆိုတာထက်…
“သူထွက်သွားရင်တောင် ငါက ငါ့ဘေးမှာ ရှိပေးမယ်”
လို့ ကိုယ့်ကိုယ်ကို ယုံကြည်လာနိုင်ဖို့က ပိုအရေးကြီးပါတယ်ရှင် 🤍

"သင့်ရဲ့ အဆင်မပြေမှုတွေအတွက် mental heal က အမြဲတမ်း နားခိုရာ ဖြစ်ပေးနေမှာပါ"
mental heal ကသင့်ရဲ့ နာကျင်မှုတွေကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့၊ လုံခြုံတဲ့ ရင်ခွင်တစ်ခု ဖြစ်နေပေးပါတယ်နော် 🤍
သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။
https://www.facebook.com/share/1C5Ut5HPWp/
https://www.facebook.com/share/14WWq5fybcK/

"အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်"

"From Family Trauma to Healthy Love"မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့...  🤍တစ်ခါတလေ ကျွန်မတို့ မျက်စိန...
05/08/2026

"From Family Trauma to Healthy Love"
မိသားစုဒဏ်ရာများမှ ကျန်းမာသော ချစ်ခြင်းမေတ္တာဆီသို့... 🤍

တစ်ခါတလေ ကျွန်မတို့ မျက်စိနဲ့ မမြင်ရတဲ့ ဒဏ်ရာတွေက...နှလုံးသားထဲမှာ အချိန်အကြာကြီး လေးလံနေတတ်ပါတယ်
ငယ်ဘဝက ကြုံတွေ့ခဲ့ရတဲ့ မိသားစုအတွင်းရေး နာကျင်မှုတွေ၊ အာရုံစိုက်မခံရတာတွေ၊နားလည်မခံရတာတွေ၊ အမြဲဝေဖန်ခံခဲ့ရတာတွေ ဒါမှမဟုတ်
အိမ်တွင်းပဋိပက္ခတွေက...
ဒီနေ့ ကိုယ့်ရဲ့ Relationship၊ ကိုယ့်ကိုယ်ကိုမြင်တဲ့ပုံစံနဲ့ ကိုယ့်ရဲ့စိတ်ခံစားမှုတွေကို သက်ရောက်နေနိုင်ပါတယ်

ဒါပေမယ့်..."ငယ်ဘဝမှာကြုံတွေ့တာတွေက ကိုယ့်အနာဂတ်ကို အဆုံးအဖြတ်မပေးသလို ကိုယ့်အကြောင်းကို နားလည်လာတဲ့အချိန်ကစပြီး Healing Journeyဟာ စတင်နိုင်ပါတယ်"

ဒါကြောင့်မို့လို့ Augustလရဲ့အထူးCampaignအနေနဲ့ "From Family Trauma to Healthy Love" ကို mental heal နဲ့ Purple Feminist Group တို့ကယူဆောင်လာပါပြီ 🎊💌

ဒီ Campaign မှာ...
📌ကလေးဘဝရဲ့စိတ်မပြေလည်မှုတွေကစိတ်ကိုဘယ်လိုထိခိုက်စေတာလဲ?
📌မိသားစု စိတ်ဒဏ်ရာတွေက အခုချိန် အချစ်ရေးနဲ့ ဆက်ဆံရေးတွေအပေါ် ဘယ်လို သက်ရောက်နေလဲ?
📌မိသားစုနဲ့ ကိုယ့်ရဲ့ စိတ်ချမ်းသာမှုကြားမှာ Healthy Boundaries ဘယ်လို သတ်မှတ်မလဲ?

အာရုံစိုက် မခံခဲ့ရတဲ့ နာကျင်မှုတွေအပြီးမှာ
ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်အောင် (Self-Worth) ပြန်လည် တည်ဆောက်ခြင်း။
နေ့စဉ်အသုံးချနိုင်တဲ့ Healing Practices။
ဘယ်အချိန်မှာ Professional Counseling ကို ရယူသင့်သလဲ စတဲ့အကြောင်းတွေကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။

ဘယ်သူတွေ ပါဝင်သင့်သလဲ❓
🌿ငယ်ဘဝ မိသားစုအတွေ့အကြုံတွေက အခုလက်ရှိ စိတ်ခံစားမှု၊ ကိုယ့်ကိုယ်ကို မြင်တဲ့ပုံစံ (Self-Worth) နဲ့ Relationship တွေအပေါ် သက်ရောက်နေတယ်လို့ ခံစားရသူများ။
🌿မိသားစုအတွင်း အာရုံစိုက်မခံရခြင်း၊ အမြဲဝေဖန်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း၊ ဒါမှမဟုတ် အိမ်တွင်းပဋိပက္ခတွေကြား ကြီးပြင်းခဲ့ရပြီး အဲဒီ့အတွေ့အကြုံတွေကို နားလည်ချင်သူများ။
🌿 အချစ်ရေး၊လူမှုရေးနဲ့ မိသားစုဆက်ဆံရေးတွေမှာ ပုံစံတူ အခက်အခဲတွေ ထပ်ခါထပ်ခါ ကြုံတွေ့နေရသူများ။
🌿Healthy Boundaries တည်ဆောက်ချင်ပြီး မိသားစုနဲ့ကိုယ့်ကြားစိတ်အေးချမ်းမှုကို ရယူလိုသူများ။
🌿အတိတ်က နာကျင်မှုတွေကို အဆုံးသတ်ပြီး ပိုကျန်းမာတဲ့ Relationship တွေကို တည်ဆောက်ချင်သူများ။
🌿ကိုယ့်ရဲ့ Healing Journey ကို လုံခြုံနွေးထွေးတဲ့ Community တစ်ခုနဲ့အတူ စတင်ချင်သူများ။

Healing Circle 💌
"From Family Trauma to Healthy Love"

5th September 2026 (Saturday)
7:00 PM – 9:00 PM (MMT)

ဒီ Campaign ဟာ
အတိတ်ကို ပြန်လှည့်ကြည့်ဖို့ ဖိအားပေးတာ မဟုတ်ပါဘူး။

ကိုယ့်နာကျင်မှုတွေကို နားလည်လာဖို့၊
ကိုယ့်ကိုယ်ကို ပိုပြီး ကြင်နာလာဖို့၊
ပြီးတော့ ပိုကျန်းမာတဲ့ Relationship တွေကို ရွေးချယ်နိုင်ဖို့
လမ်းလေးတစ်ခုကို အတူတူ လျှောက်ကြည့်ဖို့ ဖိတ်ခေါ်တာ ဖြစ်ပါတယ်

Campaign အတွင်း ရရှိနိုင်မည့် အထူးလက်ဆောင်များ
၁။ "Thank You" Digital Gift Cards (တန်ဖိုးရှိသော စိတ်ခွန်အား လက်ဆောင်)
မိမိကိုယ်တိုင် သို့မဟုတ် ကိုယ့်ရဲ့ ချစ်ခင်ရသူတွေကို Counseling Session လက်ဆောင်ပေးချင်သူများအတွက် အထူးစီစဉ်ထားတဲ့ Digital Gift Card လေးတွေပါ။
Individual Counseling (၂ ကြိမ်စာ): မိမိကိုယ်တိုင် သို့မဟုတ် ချစ်ရသူတစ်ဦးချင်းစီအတွက် စိတ်ပေါ့ပါးသွားစေမယ့် အစီအစဉ်။
Extra Touch: ဒီ Gift Card လေးမှာ သင့်ရဲ့ ရင်ထဲက စကားလုံးလေးတွေကိုပါ အမှတ်တရ Message အဖြစ် ထည့်သွင်းပေးသွားမှာပါ။

၂။ Free Healing Circle (အခမဲ့ စိတ်ခွန်အားဖြည့် ဆွေးနွေးပွဲ)
“From Family Trauma to Healthy Love Healing Circle”

၃။ Special Gift for Attendees
Webinar တက်ရောက်သူတိုင်းအတွက် မိမိရဲ့ စိတ်ကျန်းမာရေး အခြေအနေကို ဆန်းစစ်နိုင်မယ့် "Free Emotional Well-being Check-in" ရလဒ်ကို လက်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။

ပါဝင်ချင်တယ်ဆိုရင်
Campaign အသေးစိတ်နဲ့ Webinar link ကို ရယူဖို့အတွက် အခုပဲ Comment မှာ“LOVE”လို့ရေးခဲ့ပြီး ကျွန်မတို့ရဲ့
https://forms.gle/LnKm2ht15FFRDMZV9
မှာ စာရင်းပေးသွင်းလိုက်ပါ။

သင်ဟာ ဒီခရီးမှာ တစ်ယောက်တည်း မဟုတ်ပါဘူး။

Graphic Designer (Paid Internship) ခေါ်ယူခြင်း!!! (remote)ဘယ်သူတွေလျှောက်ထားနိုင်မလဲ?တက္ကသိုလ် ကျောင်းသား/သူများနဲ့ ကျော...
05/08/2026

Graphic Designer (Paid Internship) ခေါ်ယူခြင်း!!! (remote)

ဘယ်သူတွေလျှောက်ထားနိုင်မလဲ?
တက္ကသိုလ် ကျောင်းသား/သူများနဲ့ ကျောင်းပြီးစ လူငယ်များလျှောက်ထားနိုင်ပါတယ်။

Location - work from home
Application deadline - Aug 12, 2026
-----------------------------------------------------------------

Graphic Designer Intern (1 Post)
(Paid Internship)

- Social media ပေါ်တွင် trend ဖြစ်သည့် attractive ဖြစ်သည့် print, digital designs များ ဖန်တီးနိုင်ရမည်။
- Photoshop, Ai နှင့် အခြား design software များ ကျွမ်း၀င်မှုရှိရပါမည်။
- လေ့လာမှုအားကောင်းပြီး အသင်းအဖွဲ့ နှင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်နိုင်ရမည်။

စိတ်ပါ၀င်စားလျှင်...
[email protected] သို့ CV နှင့်အတူ cover letter၊ ကိုယ်ဖန်တီးထားသည့် design များကို တွဲ၍ ပေးပို့လျှောက်ထားလို့ရပါတယ်ရှင်။

Note
We would like to seek your understanding that ONLY shortlisted candidates will be notified, and the whole selection process is virtual so do not miss the chance and apply now!


"ငါအဆင်ပြေပါတယ်" လို့ ပြောနေတဲ့ နောက်ကွယ်က မိသားစုဒဏ်ရာ 💔ကျွန်မတို့နေ့စဥ်ဘဝမှာ "ငါအဆင်ပြေပါတယ်" ဆိုတဲ့ စကားလေးကို တချို့...
04/08/2026

"ငါအဆင်ပြေပါတယ်" လို့ ပြောနေတဲ့ နောက်ကွယ်က မိသားစုဒဏ်ရာ 💔
ကျွန်မတို့နေ့စဥ်ဘဝမှာ "ငါအဆင်ပြေပါတယ်" ဆိုတဲ့ စကားလေးကို တချို့လူတွေက နေ့တိုင်းလိုလို ပြောတတ်ကြပါတယ်။
ဒါပေမယ့် အဲဒီစကားရဲ့ နောက်ကွယ်မှာတော့ မပြောဖြစ်ခဲ့တဲ့ ဝမ်းနည်းမှုတွေ၊ ငိုချင်ပေမယ့် မငိုရဲခဲ့တဲ့ ညတွေ၊ နားလည်ပေးမယ့်သူကို စောင့်မျှော်ခဲ့ရတဲ့ ကလေးဘဝတွေ ရှိနေနိုင်ပါတယ် 🥀
တချို့မိသားစုတွေမှာ "မငိုနဲ့"၊ "အဲဒီလောက်ကိစ္စလေးနဲ့ မခံစားနဲ့"၊ "သည်းခံလိုက်" ဆိုတဲ့ စကားတွေကို ကြားရတာ များလွန်းခဲ့ပါတယ်။ အဲ့လိုကြုံတွေ့ခဲ့ရတဲ့သူတွေက အချိန်ကြာလာတဲ့အခါ ကိုယ့်ခံစားချက်ကို ဖွင့်ပြောတာထက် ဖုံးကွယ်ထားတာက ပိုလုံခြုံတယ်လို့ ယုံကြည်လာခဲ့ကြတယ် 🧠💭
အဲဒီလိုနဲ့ ကြီးပြင်းလာတဲ့သူတွေအတွက် "အဆင်မပြေဘူး" လို့ ပြောရတာဟာ အားနည်းတာမဟုတ်ပေမယ့် စိတ်ထဲမှာတော့ အားနည်းလို့ ဝေဖန်ခံရမှာ၊ ငြင်းပယ်ခံရမှာကို ကြောက်နေတတ်ကြပါတယ်။
ဒါကြောင့်သူတို့တွေက ဘယ်လောက်ပဲပင်ပန်းနေပါစေ… ဘယ်လောက်ပဲနာကျင်နေပါစေ… "ငါအဆင်ပြေပါတယ်" လို့ပဲ ပြန်ဖြေလိုက်ကြပါတယ်။
ဒါကသူတို့တွေ လိမ်ညာနေတာ မဟုတ်ပဲ တစ်ချိန်က ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ သင်ယူခဲ့ရတဲ့ နည်းလမ်းတစ်ခု ဖြစ်နိုင်ပါတယ် 🥀💭
ဒါပေမယ့် အခုချိန်မှာအသိပေးချင်တာလေးတစ်ခုက ကိုယ့်ကိုယ်ကို
"ဒီနေ့တော့ ငါပင်ပန်းနေတယ်။" "ဒီအရာက ငါ့ကို နာကျင်စေတယ်။" "ငါလည်း အကူအညီလိုအပ်တဲ့အချိန် ရှိတယ်။"လို့ပြောခွင့်ပြုလိုက်ပါ 📌

ဒီလို ခွင့်ပြုလိုက်တာက အားနည်းတာမဟုတ်ဘဲ ကိုယ့်စိတ်ကို ပြန်ပြီးဂရုစိုက်ပေးဖို့ စတင်တဲ့ ခြေလှမ်းလေးတစ်ခုပါရှင် 🤍
မိသားစုဒဏ်ရာတွေက ကျွန်မတို့ရဲ့ စကားလုံးတွေ၊ အပြုအမူတွေ၊ ဆက်ဆံရေးတွေကို သက်ရောက်စေနိုင်ပေမယ့် အဲဒီဒဏ်ရာတွေက ဘဝတစ်လျှောက်လုံးကို လိုက်ပြီးဆုံးဖြတ်ပေးရမယ်လို့တော့ မရှိပါဘူးရှင် 📌
ကိုယ့်ကိုယ်ကိုဖြည်းဖြည်းချင်း နားလည်လာတာ၊ ကိုယ့်ခံစားချက်ကို လက်ခံလာတာ၊ လိုအပ်ရင် အကူအညီတောင်းနိုင်တာကလည်း Healing ရဲ့ အစိတ်အပိုင်းတစ်ခုပါပဲရှင် 🤍

တစ်နေ့နေ့မှာ "ငါအဆင်ပြေပါတယ်" ဆိုတဲ့ စကားက ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဖုံးကွယ်ဖို့ မဟုတ်တော့ဘဲ တကယ်ကို စိတ်နှလုံးထဲက ပြောနိုင်တဲ့ စကားဖြစ်လာဖို့ mental healက မျှော်လင့်ပါတယ် 🤍
"သင့်ရဲ့ အဆင်မပြေမှုတွေအတွက် mental heal က အမြဲတမ်း နားခိုရာ ဖြစ်ပေးနေမှာပါ"
mental heal ကသင့်ရဲ့ နာကျင်မှုတွေကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့၊ လုံခြုံတဲ့ ရင်ခွင်တစ်ခု ဖြစ်နေပေးပါတယ်နော် 🤍
သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။
https://www.facebook.com/share/1C5Ut5HPWp/
https://www.facebook.com/share/14WWq5fybcK/

"အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်"

Ex ကို သူငယ်ချင်းအဖြစ် ပြန်ပေါင်းသင်းတာ အရမ်းမဆိုးဝါးတဲ့ လုပ်ရပ်တော့ မဟုတ်ပေမယ့်  ခံစားချက်တွေ မရှင်းသေးဘဲ ပြန်ပေါင်းသင်...
03/08/2026

Ex ကို သူငယ်ချင်းအဖြစ် ပြန်ပေါင်းသင်းတာ အရမ်းမဆိုးဝါးတဲ့ လုပ်ရပ်တော့ မဟုတ်ပေမယ့် ခံစားချက်တွေ မရှင်းသေးဘဲ ပြန်ပေါင်းသင်းရင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်နှိပ်စက်တာနဲ့ အတူတူပဲနော်။

💁🏻‍♀️ Ex နဲ့ သူငယ်ချင်း မလုပ်ခင် စဉ်းစားရမယ့် မေးခွန်း (၃) ခုကို comment က video ထဲမှာ ပြောပြပေးလိုက်ပါတယ်နော်။ 👩🏻‍🏫




"သူငယ်ချင်းကောင်းဆိုတာ... စိတ်ပင်ပန်းတဲ့နေ့တွေကို နွေးထွေးစေတဲ့ အိမ်လေးတစ်လုံးပါ။" 💌ကျွန်မတို့ဘဝမှာ အခက်အခဲတွေ ကြုံလာတဲ့...
31/07/2026

"သူငယ်ချင်းကောင်းဆိုတာ... စိတ်ပင်ပန်းတဲ့နေ့တွေကို နွေးထွေးစေတဲ့ အိမ်လေးတစ်လုံးပါ။" 💌

ကျွန်မတို့ဘဝမှာ အခက်အခဲတွေ ကြုံလာတဲ့အချိန်တိုင်း...အဖြေတွေ အမြဲပေးနိုင်တဲ့သူကိုပဲ အမှန်တကယ်မလိုအပ်ခဲ့ပါဘူး။

တစ်ခါတလေ...
"ငါ နားထောင်ပေးမယ်နော်" လို့ ပြောပေးတဲ့စကားသံတစ်သံကပဲ ကျွန်မတို့စိတ်ကို ပေါ့ပါးသွားစေနိုင်ပါတယ် 🤍

တချို့သူငယ်ချင်းတွေက ကျွန်မတို့ မျက်နှာမကောင်းကတည်းက...မငိုခင်ကတည်းက
"အဆင်မပြေဘူးထင်တယ်" လို့ သတိထားမိတတ်ကြပါတယ် 🤍

တချို့ကတော့ ဘာမှမပြောဘဲ အနားမှာပဲ ရှိပေးတတ်ကြတယ် 🤍

တချို့ကကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတော့တဲ့အချိန်မှာတောင်"မင်းလုပ်နိုင်တယ်" လို့ ယုံကြည်ပေးတတ်ကြတယ် 🤍

စစ်မှန်တဲ့ သူငယ်ချင်းဆိုတာ
ပြဿနာတွေကို ဖျောက်ပေးနိုင်တဲ့သူ မဟုတ်ပေမယ့်...အဲဒီ့​ပြဿနာတွေကို တစ်ယောက်တည်း မရင်ဆိုင်ရအောင်လက်တွဲဖေးမနေကြ
တဲ့သူတွေပါပဲ 🤍

ဒီ International Friendship Day မှာ...
သင့်ဘဝကို နွေးထွေးစေခဲ့တဲ့ သူငယ်ချင်းတစ်ယောက်ကိုဖြစ်ဖြစ် Mention လုပ်ပြီး
"ကျေးဇူးတင်ပါတယ်" ဆိုတဲ့ စကားလေး ပြောပေးလိုက်ပါနော် 🤍💌

တစ်ခါတလေ...ရင်ထဲကလာတဲ့စကားလေးတစ်ခွန်းက မမေ့နိုင်တဲ့ အမှတ်တရ ဖြစ်သွားနိုင်ပါတယ် 🤍

"သင့်ရဲ့ အဆင်မပြေမှုတွေအတွက် mental heal က အမြဲတမ်း နားခိုရာ ဖြစ်ပေးနေမှာပါ"
mental heal ကသင့်ရဲ့ နာကျင်မှုတွေကို ပွင့်ပွင့်လင်းလင်း ချပြနိုင်တဲ့၊ လုံခြုံတဲ့ ရင်ခွင်တစ်ခု ဖြစ်နေပေးပါတယ်နော် 🤍
သင့်ရဲ့ စိတ်ခံစားချက်တွေကို နားထောင်ပေးဖို့ ကျွန်မတို့ အမြဲရှိနေပါတယ်။ ပိုမိုပေါ့ပါးတဲ့ စိတ်အခြေအနေကို ပိုင်ဆိုင်နိုင်ဖို့ အခုပဲ Counseling Session အတွက် စာရင်းပေးသွင်းနိုင်ပါပြီရှင်။
https://www.facebook.com/share/1C5Ut5HPWp/
https://www.facebook.com/share/14WWq5fybcK/

"အခုကစပြီး . . . အတူတူ လျှောက်လှမ်းကြရအောင်နော်"

Address

Yangon

Website

Alerts

Be the first to know and let us send you an email when mental heal with you posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share