မှာစား-Mhar Sar Online Food Service

မှာစား-Mhar Sar Online Food Service To Serve Food Enthusiats, Snack Lovers and Health-Concious Individuals🛍️🛒🍭
Order.Eat.Repeat.
📍Yangon,Myanmar

13/08/2026

Maturity ဆိုတာ အသက်အရွယ်နဲ့ဆိုင်လား

လူငယ်တစ်ယောက်ဖြစ်တဲ့အတွက် လူငယ်ရှုထောင့်ကနေ ရေးထားပါတယ်
ကိုယ့်ကိုလူတွေဘယ်လိုမြင်လဲဆိုတာ လူတိုင်းလိုလိုတွေးကြတယ်
ကိုယ့်အကြောင်း ကိုယ်ဝယ်ထား ပိုင်ဆိုင်ထားတဲ့ ဖုန်း၊ ကား၊ အဝတ်အစား၊ တန်ဖိုးကြီးပစ္စည်းတစ်ခုခုကို ဘယ်လိုမြင်ကြမလဲပြောကြမလဲ

တစ်ခါတလေ ကိုယ်တကယ်မလိုချင်တဲ့အရာတောင်
လူတွေ သဘောကျမယ်ထင်လို့ လိုချင်ယောင်ဆောင်ခဲ့ဖူးတဲ့အခိုက်အတန့်တွေရှိခဲ့ဖူးတယ်
လူတစ်ယောက်ရဲ့တန်ဖိုးကို အပြင်ကလူတွေရဲ့ သဘောထားနဲ့ တိုင်းတာနေတဲ့အချိန်မှာ Impress လုပ်ချင်စိတ်က အလွယ်တကူဖြစ်လာတတ်တယ်
အခုခေတ်က တော်တော်ဆိုးလာတယ်လို့ပြောရမယ်

ဘဝမှာ လူတိုင်းသဘောကျအောင် နေဖို့ဆိုတာ မဖြစ်
နိုင်ဘူး
ကိုယ်ကောင်းတာလုပ်ရင်တောင် မကြိုက်တဲ့သူရှိမယ်
ကိုယ်ဘာမှမလုပ်ရင်တောင် အထင်လွဲတဲ့သူရှိမယ်
ကိုယ်အောင်မြင်ရင် မနာလိုတဲ့သူရှိမယ်
ကိုယ်မအောင်မြင်ရင်လည်း အောက်ဆွဲချတဲ့သူရှိမယ်
ဒီအမှန်တရားကို လက်ခံလာတဲ့အချိန်မှာကျနော့်ဘဝမှာ “သူတို့ ဘယ်လိုထင်မလဲ” ဆိုတာထက် “ငါ ဘယ်လိုလူဖြစ်ချင်လဲ” ဆိုတာ ပိုအရေးကြီးလာတယ်လို့ မြင်လာတယ်

ရင့်ကျက်ခြင်းဆိုတာ အခြေအနေဖြစ်ရပ်တွေအပေါ် အမျိုးမျိုးကွဲလွဲမှုရှိတယ်
စိတ်ပိုင်းဆိုင်ရာရင့်ကျက်ခြင်းဆိုတာ အသက်အရွယ်နဲ့မဆိုင်ဘူးလို့ ကျနော်နားလည်ထားသလို လက်ခံထားတယ်
လုပ်ငန်းခွင်မှာ ကိုယ့်ထက် ၁၀နှစ်ကျော်အသက်ကြီးနေပေမယ့်မရင့်ကျက်သေးတဲ့သူတွေမြင်ဖူးတယ်
အသက် ၂၅ မှာပဲ ကိုယ့်တန်ဖိုးကိုကိုယ်သိပြီး မလိုအပ်တဲ့ပြိုင်ဆိုင်မှုတွေကို ထုတ်ဖော်မပြတဲ့သူတွေရှိနိုင်တာပဲ

အသက်က အတွေ့အကြုံရဖို့ အခွင့်အရေးပေးတယ်ဆိုရင်တောင်မှ အတွေ့အကြုံကနေ သင်ယူမသင်ယူက ကိုယ့်ရင့်ကျက်မှုကိုဆုံးဖြတ်ပေးတယ်ဆိုတာ သင်ခန်းစာယူထားတယ်
မနာလိုဝန်တို မစ္ဆရိယစိတ်များတဲ့ မြန်မာပြည်မှာဆိုပိုတောင်ဆိုးပါတယ်
မိသားစုက ဘယ်လိုမြင်မလဲဆိုတာတွေ၊ သူငယ်ချင်းတွေက ဘယ်လိုထင်မလဲတွေ
မင်းအသက်ဒီလောက်ရှိပြီလဲ ဘာဖြစ်လာပြီလဲ ဆိုတဲ့မေးခွန်းတွေ
Social Media ပေါ်က တခြားလူတွေရဲ့ အောင်မြင်မှုတွေနဲ့ ကိုယ့်ဘဝကို နှိုင်းယှဉ်မိတာတွေကို မခံနိုင်ကြဘူး

တချို့အချိန်မှာ ကျွန်တော်တို့ဟာ ကိုယ့်ဘဝကို ကိုယ်နေဖို့ထက်ကိုယ့်ဘဝကို သူများမြင်အောင် ပြသဖို့ ပိုအလုပ်များနေတတ်တယ် ကိုယ့်အကောင့်ထဲကလူတွေကိုပဲပြန် Check ကြည့်

ကိုယ့်ဘဝရဲ့ Steering Wheel ကို ကိုယ်မကိုင်တော့ဘဲ
သူများရဲ့ Opinion တွေကို ကိုယ့်ဘဝကို မောင်းနှင်သလိုမျိုးဖြစ်နေတဲ့ Sign ပြနေပြီ
ရင့်ကျက်မှုဆိုတာ ကိုယ့်စိတ်အေးချမ်းဖို့ လူတိုင်းကို အဆက်အသွယ်ဖြတ်မယ် အပေါင်းအသင်းမလုပ်ဘူး
ဆိုတာတွေမဟုတ်ဘူး
ဘယ်သူ့အမြင်ကို နားထောင်သင့်လဲ
ဘယ်အရာကိုလွှတ်ထားသင့်လဲ ဆိုတာခွဲခြားနိုင်လာတာ

ကျနော်ကတော့ကိုယ့်ကိုကောင်းစေချင်တဲ့သူတွေရဲ့ Constructive Criticism ကိုနားထောင်နိုင်တယ် မတူညီတဲ့အတွေးတွေကိုလည်း Appreciate လုပ်တယ်ဆိုပေမဲ့
အကြောင်းမဲ့ဝေဖန်မှုကိုတော့ ကိုယ့်တန်ဖိုးနဲ့ မချိတ်​ဘူး
မလိုအပ်တဲ့အငြင်းပွားမှုကိုတော့ ဘေးမဲ့ပေးထားတယ်
Noise တွေများရတဲ့ကြားထဲ ဘယ်လိုအသံကို ပိုနားထောင်သင့်တယ်ဆိုတာ သိထားရတဲ့ဘဝကို တန်ဖိုးထားဖို့လိုတယ်

ကိုယ်ကမရင့်ကျက်သေးတဲ့သူသာဆိုရင်
ကျွန်တော်တို့ရဲ့ ဘဝတစ်ခုလုံးကို လူတိုင်းနားလည်အောင် ရှင်းပြနေဖို့ မလိုသလိုလူတိုင်းကို Impress လုပ်ဖို့လည်း မလိုဘူး
▪️ကိုယ့်တန်ဖိုးကိုယ်သိ
▪️ကိုယ့်တာဝန်ကိုယ်ယူ
▪️ကိုယ့်စိတ်ကိုကိုယ်ပြန်ထိန်း
▪️မလိုအပ်တဲ့ပြိုင်ဆိုင်မှုတွေကိုလွှတ်ချနိုင်လာရင်တော့
ကိုယ်ဖြစ်ချင်တဲ့ဘဝ၊အခြေအနေတစ်ခုမှာ အေးချမ်းစွာနေလို့ရပြီ
အသက်ကြီးတာက အချိန်ရဲ့အလုပ်
ရင့်ကျက်လာတာက ကိုယ့်အလုပ် လို့ပဲသတ်မှတ်ထားလိုက်တယ်

Psychology ကို ဒီအကြောင်းနဲ့ ပိုပြီးလေ့လာချင်ရင် American Psychological Association (APA)⁠ ရဲ့ emotional development, personality development နဲ့ emotion regulation ဆိုင်ရာ research တွေကနေလေ့လာလို့ရပါတယ်
APA ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာလည်း Emotional Development ကို ခံစားချက်တွေကို တွေ့ကြုံ၊ ဖော်ပြ၊ နားလည်ဖို့ သင့်တော်သလို ကိုင်တွယ်နိုင်စွမ်း တိုးတက်လာ
ခြင်းတွေရှင်းပြထားတယ်

Jason Khant (Founder, Personal Coach)




05/08/2026

ကျနော့်ကိုပြောင်းလဲစေခဲ့တဲ့အချက်တွေထဲက တစ်ခုဖြစ်တဲ့ 𝐓𝐢𝐧𝐲 𝐖𝐢𝐧𝐬 𝐒𝐭𝐫𝐚𝐭𝐞𝐠𝐲

ဒီခေတ်မှာလူတွေဟာ ကိုယ်သိလိုတဲ့အကြောင်းကို အရင်ကထက်ပိုသိလာကြတယ်

“ဘာလုပ်ရမလဲ” ဆိုတဲ့ Knowledge ကမရှားတော့ဘူး
သိသလောက်လုပ်နိုင်တဲ့သူကတော့ နည်းနေသေးတယ်
အချို့က ကိုယ်မပြောင်းလဲနိုင်ရတဲ့အကြောင်းကို Discipline မရှိလို့ Motivation မရှိလို့ ယုံကြည်
တတ်ကြတယ်
ဒါကြောင့်လည်း အမြဲတမ်း “ပိုကြိုးစားမယ်” ဆိုတဲ့ စကားနဲ့ ကိုယ့်ကိုယ်ကို တွန်းအားပေးနှစ်သိမ့်ကြတယ်ပေါ့

ဒီနေရာမှာ တကယ်လို့ Knowledge တစ်ခုပဲလုံလောက်တယ်ဆိုရင်ထား
ကျန်းမာရေးကောင်းဖို့ လေ့ကျင့်ခန်းလုပ်ရမယ်ဆိုတာ လူတိုင်းသိတယ်
ငွေစုရမယ်ဆိုတာ လူတိုင်းသိတယ်
စာဖတ်ရင် အတွေးအခေါ်ကျယ်လာမယ်ဆိုတာ လူတိုင်းသိတယ်
ဒါဆိုဘာကြောင့် “သိတဲ့သူ” တွေက “လုပ်တဲ့သူ” မဖြစ်လာကြတာလဲ

လူတွေဟာ အကြီးကြီးပြောင်းလဲဖို့ကြိုးစားရင်းနဲ့ပဲ
စမလုပ်ဖြစ်တော့တာပိုများတယ်
တစ်နေ့တစ်နေ့ ဘာလုပ်မယ်ဆိုတာ
အစပိုင်းမှာ အားကောင်းလေ့ရှိစမြဲပဲ
အကယ်ရျ် ပျက်ကွက်မိတာမျိုး၊ မလုပ်နိုင်တဲ့နေ့ ရောက်တာနဲ့ မလုပ်ချင်တော့ဘူးလို့ ကိုယ့်ကိုယ်ကို ဆုံးဖြတ်လိုက်တယ်

အဲဒီအစား ကျနော်ပြောင်းလဲသုံးခဲ့တဲ့ Tiny Wins Strategy ကို သုံးကြည့်ပါ

တိုးတက်မှုဆိုတာ အကြီးကြီးခုန်တက်တာ မဟုတ်
ဘူး နေ့တိုင်း ကိုယ့်ကိုယ်ကို “ငါလုပ်နိုင်တယ်” ဆိုတဲ့ သက်သေအသေးလေးတွေ စုဆောင်းသွားတာ ဖြစ်ပါ
တယ်

အတွေးအခေါ်အယူအဆအမြင်အသစ်တွေနဲ့ တဖန်မွေးဖွားလာတဲ့ ကျွန်တော့်အတွက်တော့ ပြောင်းလဲတာက ကြီးမားတဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့် မဟုတ်ဘဲ ကိုယ့်ကိုယ်ကို ပေးနေတဲ့ ကတိသေးသေးလေးတွေကို မဖောက်ဖျက်ဘဲ ထပ်ခါထပ်ခါ လေ့ကျင့်တည်ဆောက်သွားတာကြောင့်ပါ
လူတစ်ယောက်ရဲ့ ယုံကြည်မှုဆိုတာ ကိုယ့်ကိုယ်ကို ပြောထားတဲ့စကားကို ကိုယ်တိုင်တည်အောင် လုပ်ပေးတဲ့ အကြိမ်ရေကနေတည်ဆောက်လာတာ

Tiny Wins တွေကသေးလွန်းလို့အရေးမကြီးဘူးလို့ ထင်ရပေမယ့် အဲဒီအရာတွေကပဲ နေ့တိုင်း ကိုယ့် Identity ကို တည်ဆောက်ပေးနေတယ်
တကယ်လို့ စာအုပ်တွေ အများကြီးဖတ်ပြီးပေမယ့် ဘဝက မပြောင်းသေးဘူးလို့ခံစားနေရရင်
Course တွေ အများကြီးတက်ပြီးပေမယ့် လက်တွေ့မလုပ်ဖြစ်သေးရင်
“ငါသိတယ်… ဒါပေမယ့် မလုပ်နိုင်သေးဘူး” ဆိုတဲ့ စကားကို မကြာခဏပြောနေရရင် ကိုယ်က
အပင်မစိုက်ခင်အသီးခူးချင်တဲ့စိတ်များနေလို့ဖြစ်နိုင်ပါတယ်

မိတ်ဆွေတို့ကော ဘာကြောင့်သိသလောက်မပြောင်းလဲနိုင်ကြတာလဲ အဖြေရှာကြည့်ပါ

Jason Khant (Founder, Personal Coach)




07/06/2026

အသက် ၂၀ ကျော်လာတဲ့အခါ ငွေဆိုတာ မိဘဆီကလွယ်လွယ်ရတဲ့ အရာမဟုတ်တော့မှန်း တဖြည်းဖြည်းသဘောပေါက်လာမိတယ်
လစာဝင်တဲ့နေ့မှာတော့ ပျော်တယ်
ဒါပေမဲ့ ၁၀ ရက်၊ ၁၅ ရက်လောက် နေလိုက်တာနဲ့ ဘဏ်အကောင့်ထဲမှာ ငွေကတဖြည်းဖြည်းနည်းပါးသွားပြီ အဲဒီအချိန်မှာမှ ကျနော်တို့ ငွေကြေးရဲ့ အစစ်အမှန်မျက်နှာစာကို စတင်မြင်တွေ့လာရတာလို့ပြောရမှာပဲ

ငွေရှာရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ မိဘလောင်းရိပ်ကထွက်ပြီး ဝန်ထမ်းလုပ်နေတဲ့လူငယ်တွေ၊ ကိုယ်ပိုင်စီးပွါးရေးကို အသေးစား ရုန်းကန်လုပ်ကိုင်နေကြတဲ့လူငယ်တွေပိုသိပါတယ် ချဲ့ကားမရေးတော့ဘူး
ကျနော်တို့ရဲ့ အချိန်၊ ကျွမ်းကျင်မှု၊ ပင်ပန်းမှုတွေကို ငွေနဲ့ လဲလှယ်နေရတာပါ
တစ်ခါတလေကျတော့ အလုပ်ထဲမှာစိတ်ဖိစီးမှုတွေ၊ လူမှုဆက်ဆံရေး ပြဿနာတွေကို အံတုပြီးမှရလာတဲ့ ငွေတွေကို တစ်ခဏလေးနဲ့ ကုန်သွားအောင် သုံးလိုက်မိတဲ့အခါ ကျနော်တို့ ဘာကိုမှ ပြန်မရလိုက်ဘူး
ဒါဟာ အသက် ၂၀ ကျော်လူငယ်တွေ အများဆုံး ကြုံရတဲ့ ဝင်ငွေတိုးလာတာနဲ့အမျှသုံးစွဲမှုပါလိုက်တိုးလာခြင်းပါပဲ ဒါကို Lifestyle Inflation လို့ခေါ်ပါတယ်

🔹ငွေမရှိရင် ရင်ဆိုင်ရမယ့် ခါးသီးတဲ့ အတွေ့အကြုံများ
ငွေဆိုတာ ရုပ်ဝတ္ထုတစ်ခုဆိုတာထက်
ကျနော်တို့ရဲ့ "လွတ်လပ်ခွင့်" ပါ
ငွေမရှိတဲ့အခါ ရင်ဆိုင်ရမယ့်ခါးသီးတဲ့အမှန်တရားတွေကို ကျနော်တို့ လက်တွေ့မှာတွေ့နေရတယ်
ပထမဦးဆုံးကတော့ ဆွေမျိုးမိသားစုတွေရဲ့ ခွဲခြားဆက်ဆံခံရခြင်းပါ ကျနော်တို့မိသားစု ရန်ကုန်
ရောက်ခါစမှာ အိမ်ငှါးဘဝနဲ့ ဖြတ်သန်းခဲ့ရတယ် အဲ့အချိန်တုန်းက အမျိုးတဝက်ရဲ့ ခွဲခြားဆက်ဆံတာမျိုးကို ကျနော့်မိဘတွေကိုယ်တိုင်ခံစားခဲ့ရတာတော့ အမြဲခေါင်းထဲထည့်ထားတယ် ငွေဆိုတာ တကယ်တော့ လူတွေရဲ့မျက်နှာဖုံးတွေကို ခွါချပေးတဲ့အရာလို့တောင် ထင်မိတယ်
မိသားစုအတွက် အရေးပေါ်လိုအပ်ချက်
အိမ်မှာ လူကြီးတစ်ယောက် နေမကောင်းဖြစ်လို့ ဆေးရုံတက်ရတဲ့အခါ ဒါမှမဟုတ် အရေးပေါ် ငွေလိုတဲ့အခါ ကိုယ့်လက်ထဲမှာဘာမှမရှိတဲ့ ခံစားချက်က
တကယ့်ကိုနာကျင်စရာပါ
“ငါ ဘာလို့ အရင်က စုမထားမိခဲ့တာလဲ" ဆိုတဲ့ နောင်တကဘယ်အရာနဲ့မှမလဲနိုင်ပါဘူး
ချစ်ခြင်းမေတ္တာထက် အိတ်ကပ်ထဲက ပိုက်ဆံက ဒီနေရာမှာ စကားပိုပြောပါတယ်
(ကျနော်ရေးထားသော “အသက်ကြီးမှ သိလာမယ့်အမှန်တရားများ” တွင်ဖတ်နိုင်ပါတယ်)

🔹Financial Literacy ဆိုတာရွေးချယ်စရာ မဟုတ်ဘူး လူငယ်တိုင်းမဖြစ်မနေလေ့လာရမယ့်ပညာရပ်တစ်ခုပါ
ကျနော်တို့ ကျောင်းမှာဘာသာရပ်ပေါင်းစုံသင်ခဲ့ပေမဲ့ "ပိုက်ဆံကို ဘယ်လို စီမံခန့်ခွဲရမလဲ" ဆိုတာကိုတော့ မသင်ခဲ့ကြဘူး ဒါကြောင့် ကျနော်တို့ ကိုယ်တိုင် လေ့လာမှ ရမယ်

•Budgeting- ကိုယ် ဘယ်လောက် ဝင်ပြီး ဘယ်လောက် သုံးသလဲဆိုတာကို ဇယားဆွဲ
ကိုယ့်လစာရဲ့ ဘယ်လောက်ရာခိုင်နှုန်းကို အသုံးစရိတ်၊ ဘယ်လောက်ကို စုဆောင်းငွေဆိုပြီး ခွဲ

•Investing- ပိုက်ဆံကို စုဗူးထဲ ထည့်ထားရုံနဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကိုမခံနိုင်ပါဘူး
စတော့ဈေးကွက်၊ ရွှေ၊ ဒါမှမဟုတ် ကိုယ့်ရဲ့ အရည်အချင်းကိုမြှင့်တင်မယ့် သင်တန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါတယ်

•Emergency Fund- အနည်းဆုံး ကိုယ့်ရဲ့ ၆ လစာ စရိတ်ကို ဘယ်အခြေအနေမျိုးမှာမဆို ထုတ်သုံးလို့ရအောင်သီးသန့်စု အကယ်ရျ် အလုပ်အထုတ်ခံရတာမျိုး၊ အလုပ်ကနှုတ်ထွက်လိုက်တာမျိုးဆိုရင် အလုပ်သစ်မရခင် ယာယီကာလမှာ ကိုယ့်ရဲ့ စားဝတ်နေရေးကို ဖြေရှင်းပေးမှာပါ

လူအယောက် (၁၀၀) မှာ ၆၀ လောက်က ပိုက်ဆံရဲ့ အစေခံဖြစ်နေကြတာပါ ကျနော်တို့အနေနဲ့ ပိုက်ဆံရဲ့ အရှင်သခင်ဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ Financial Literacy ပညာရပ်ကိုနားလည်တတ်ကျွမ်းပြီး လက်တွေ့အသုံးချရမှာပါ

ငွေကြေးနဲ့ပတ်သက်ပြီး အကောင်းဆုံးစာအုပ် (၃) အုပ်
-ဘေဘီလုံမှာအချမ်းသာဆုံးပုဂ္ဂိုလ်
-Rich Dad Poor Dad
-The Psychology of Money

တိုးတက်ပြောင်းလဲဖို့ ကြိုးစားနေတဲ့လူငယ်တွေအတွက် ကျနော့်ရဲ့ မွေးနေ့အမှီ 21 Days Development Camp (Online) တစ်ခုစီစဉ်နေပါတယ် ၇ ယောက်ပဲခေါ်မှာဖြစ်လို့ အခုထဲက Notify လုပ်ထားလို့ရပါပြီ

Jason Khant(Founder, Personal Coach)



04/06/2026

မပြည့်စုံခြင်းကို ပွေ့ဖက်ပါ

တကယ်တော့ ပြီးပြည့်စုံဖို့ဆိုတာ မလွယ်တဲ့ကိစ္စပါ
ကျနော်တို့ ပြီးပြည့်စုံဖို့ကြိုးစားရင်း မောပန်းခဲ့ဖူးတဲ့ အချိန်တွေကို ပြန်တွေးကြည့်ရအောင်
ဒီနေ့ခေတ် Social Media တွေမှာ အကောင်းဆုံးတွေချည်းပဲပြနေရတာ၊ အမှားတစ်ခုခု လုပ်မိမှာ ကြောက်နေရတာ၊ လူတွေ ငါ့ကို ဘယ်လိုမြင်မလဲဆိုပြီး စိတ်ပူနေရတာ... ဒီလို "Perfect" ဖြစ်ဖို့ ကြိုးစားနေရတဲ့ ဘောင်ထဲကနေထွက်လာနိုင်တဲ့သူတွေက ရာခိုင်နှုန်းအားဖြင့် နည်းလွန်းပါတယ်
တကယ်တော့ ပြီးပြည့်စုံခြင်းဆိုတာ တကယ့်ကို "အန္တရာယ်ရှိတဲ့ လှည့်ကွက်တစ်ခုပါပဲ
ကျနော်ကိုယ်တိုင်လည်း ဒီလမ်းကို လျှောက်ဖူးတယ် အရင်တုန်းက ကျနော့် Content တွေ
ကျနော့်ရဲ့ Brand ကို လူတွေ အမြင်နှစ်ခွမဖြစ်ရလေအောင် အကုန်ပြင်ဆင် အကွက်စေ့အောင် ကြိုးစားခဲ့တယ် ဒါက ပင်ပန်းရုံတင်မကဘူး
ကျနော့်ရဲ့ လူသားဆန်တဲ့ အရှိကို အရှိအတိုင်းဖြစ်နေခြင်းတွေ ပါပျောက်ဆုံးသွားတယ်
ကျနော်ဟာ အသက်မပါတဲ့ စက်ရုပ်တစ်ရုပ်လို ဖြစ်နေခဲ့တာ

လူသားတစ်ယောက်ဖြစ်ခြင်းရဲ့ အလှတရားဟာ ကျနော်တို့ရဲ့ ချို့ယွင်းချက်တွေထဲမှာပဲရှိနေတာပါ
အဲဒီအမှားတွေ အဲဒီ ကိုယ်နဲ့ မကိုက်ညီတဲ့အပိုင်းတွေ၊အဲဒီဒဏ်ရာတွေကပဲ ကျနော်တို့ကို တခြားသူတွေနဲ့ မတူတဲ့ ထူးခြားတဲ့လူ သို့မဟုတ် ပိုကောင်းမွန်တဲ့လူတစ်ယောက် ဖြစ်လာစေတာပါ

ပြီးပြည့်စုံတဲ့အရာတွေက တကယ်တော့ စိတ်ဝင်စားဖို့ မကောင်းပါဘူး
ခြစ်ရာမပါတဲ့ မှန်တစ်ချပ်ထက် အက်ကွဲကြောင်းလေးတွေနဲ့ သမိုင်းကြောင်းရှိနေတဲ့ ပစ္စည်းတစ်ခုက ပိုပြီး အသက်ဝင်ပါတယ်

ကျနော်တို့ရဲ့ အကောင်းဆုံးအချိန်တွေဟာ ကျနော်တို့ရဲ့ အခုလက်ရှိအားနည်းချက်တွေကို ဖုံးကွယ်မထားဘဲ လက်ခံလိုက်တဲ့အချိန်မှာ စတင်မှာပါ
အဲဒီအခါမှာ ကျနော်တို့ ဘာရမလဲ
"စိတ်လွတ်လပ်မှု" ပါပဲ

လူတိုင်းကို အကောင်းဆုံးပုံစံပြဖို့ မလိုတော့ဘူး အမှားလုပ်မိလည်း အဆင်ပြေတယ်ဆိုတဲ့ သတ္တိကို ကျနော်တို့ ပိုင်ဆိုင်သွားလိမ့်မယ်
အဲဒီသတ္တိကပဲ ကျနော်တို့ကို အရင်ကထက် ပိုပြီး ပေါ့ပါးသွက်လက်စေလာမှာ
ပြီးပြည့်စုံဖို့ ကြိုးစားနေတဲ့လူက အမြဲတမ်း တင်းကျပ်နေတတ်တယ်
ဒါပေမဲ့ မပြည့်စုံမှုကိုလက်ခံထားတဲ့သူကတော့ အမြဲတမ်းသင်ယူနေနိုင်တယ်
ကျနော်တို့ရဲ့ အားနည်းချက်တချို့ကို ဝန်ခံလိုက်ကြ
ရအောင်ဗျာ

ကျနော်တို့ရဲ့ "မပြည့်စုံခြင်း" တွေကို ကျနော်တို့ ပွေ့ဖက်လိုက်ဖို့လိုတယ် ပြီးပြည့်စုံတဲ့လူ မဟုတ်ဘဲ အစစ်အမှန်ဖြစ်တဲ့လူတစ်ယောက် ဖြစ်လာတဲ့အခါ ကျနော်တို့ ဘယ်လောက်တောင်ပျော်ဖို့ကောင်းလာမလဲဆိုတာတွေ့ရပါလိမ့်မယ်
ဒီနေ့ကစပြီး ကျနော်တို့ရဲ့ အမှားတွေကိုတန်ဖိုးထားတတ်တဲ့အလေ့အကျင့်ကို အတူတူစတင်လိုက်ကြရအောင်ဗျာ

တိုးတက်ပြောင်းလဲဖို့ ကြိုးစားနေတဲ့လူငယ်တွေအတွက် ကျနော့်ရဲ့ မွေးနေ့အမှီ
21 Days Development Camp (Online) တစ်ခုစီစဉ်နေပါတယ် ၇ ယောက်ပဲခေါ်မှာဖြစ်လို့ အခုထဲက Notify လုပ်ထားလို့ရပါပြီ

Jason Khant (Founder, Personal Coach)




29/05/2026

Ideal Self vs Actual Self
ကိုယ်ဖြစ်ချင်တဲ့သူ နဲ့ လက်ရှိဖြစ်နေတဲ့သူ ကြားက ကွာဟချက် က တဖြည်းဖြည်းနဲ့ ပိုကြီးလာလေကိုယ့်ကိုယ်ကိုယ်ယုံကြည်လေးစားမှုက ပိုကျလာလေပါပဲ အိပ်မက်တွေကကြီးမားနေပြီး လက်တွေ့လုပ်ရပ်တွေကသေးငယ်နေတဲ့အခါ
လူတွေဘာလို့ စိတ်ဓာတ်ကျရတာလဲဆိုတာ ကျနော် ကောင်းကောင်းနားလည်လာတယ်
Expertise is common. Ex*****on is rare စကားအတိုင်းပဲ
ကျနော်တို့အားလုံး ကိစ္စရပ်တိုင်းမှာ အပေါ်ယံလောက်တော့ သိပေမဲ့ တကယ်အကောင်အထည်ဖော်လုပ်ဆောင်တဲ့လူအရေအတွက်ကတော့ လက်ချိုးရေလို့ရတယ်ဆိုတာပါပဲ

🔹စိတ်ကူးအတွေးတွေကဈေးပေါတယ် တကယ်စလုပ်ဖို့ကသာ စျေးကြီးတာပါ
လူတိုင်းအိပ်မက်မက်ကြတယ်
လူတိုင်း အောင်မြင်ချင်ကြတယ်
လူတိုင်း ချမ်းသာချင်ကြတယ်
ဒါပေမဲ့ အောင်မြင်မှုရလဒ်ကိုပဲတမ်းတနေပြီးအဲဒီရလဒ်ရောက်ဖို့ လိုအပ်တဲ့ နေ့စဉ်လုပ်ရမယ့် ပျင်းစရာကောင်းတဲ့အလုပ်တွေကိုတော့ ရှောင်ဖယ်နေတတ်ကြတာ သဘာဝပဲမဟုတ်လား
အိပ်မက်ကကြီးလွန်းပေမဲ့ လုပ်ရပ်ကသေးနေရင် ကွာဟချက်က ပိုကြီးလာမှာပဲ
အဲဒီကွာဟချက်ကို ဖြည့်ဖို့အတွက် ကျနော်တို့မှာ ရှိတာက အချိန်နဲ့ လုပ်ဆောင်မှုပဲရှိနေတယ်
တချို့လူတွေက
Millionaire Mindset Videos တွေကြည့်တယ်
ဒါပေမယ့်
ပိုက်ဆံစီမံခန့်ခွဲတာ မရှိဘူး
တချို့က
Healthy Life လိုချင်တယ်
ဒါပေမယ့်
Sleep Schedule ပျက်နေတယ်
တချို့က
Strong Personal Brand ဖြစ်ချင်တယ်
ဒါပေမယ့်
Consistency မရှိဘူး
Mood ကောင်းတဲ့နေ့မှ လုပ်တယ်

Consistency (စဉ်ဆက်မပြတ် လုပ်ဆောင်ခြင်း) ဆိုတာတစ်ခုတည်းသောနည်းလမ်း
ဒီနေရာမှာ လျှို့ဝှက်ချက် ဆိုတာမရှိပါဘူး
ကျနော်တို့အားလုံး သိထားပြီးသား အရာတစ်ခုရှိတယ်
စာတစ်အုပ်ဖတ်ရုံနဲ့ အသိပညာတွေတိုးမလာဘူး
နေ့တိုင်းစာဖတ်ခြင်းကမှ အရေးကြီးဆုံးအရာတွေကိုသိလာတယ်
အားကစားတစ်ရက်လုပ်ရုံနဲ့ ခန္ဓာကိုယ်လှမလာသလိုနေ့တိုင်းလေ့ကျင့်မှရလာတာ
စီးပွားရေးလုပ်ငန်း တစ်ခုစလုပ်ရုံနဲ့ သူဌေးမဖြစ်ဘူး
နေ့တိုင်းအခက်အခဲတွေကို ခေါက်းအခြောက်ခံပြီးဖြေရှင်းမှဖြစ်လာတာ
Consistency ဆိုတာ တကယ်တော့ အရမ်းပျင်းစရာကောင်းတယ်
ဘယ်သူမှ မမြင်တဲ့အချိန်၊ ဘယ်သူမှလည်း အားပေးမယ့်သူမရှိတဲ့အချိန်မှာ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းထိန်းရတာဟာ တကယ့်ကို စိန်ခေါ်မှုပဲ
ဒါပေမဲ့ အဲဒီပျင်းစရာကောင်းတဲ့ အလုပ်တွေကို နေ့တိုင်းလုပ်နိုင်တဲ့သူကပဲ အမြင့်ဆုံးကို ရောက်သွားတတ်တာပါ တစ်နည်းအားဖြင့် ပိုကောင်းမွန်တဲ့အခြေအနေတစ်ခုကို တက်လှမ်းသွားတာမျိုး

ကျနော်တို့ ဒီကွာဟချက်ကို ဘယ်လိုဖြည့်မလဲ
ကျနော်တို့ ဘဝကိုပြန်ကြည့်ပါ
ဒီနေ့ လုပ်လိုက်တဲ့ အလုပ်တစ်ခုဟာ ကျနော်ဖြစ်ချင်တဲ့သူဆီကို တစ်လက်မလောက် နီးသွားစေသလားမနက်ဖြန်ကျရင်ကော…
🔹ကိုယ်ဖြစ်ချင်တဲ့သူက ဘယ်လိုလူမျိုးလဲ ဆိုတာကို အချိန်ယူ အရင်တွေး၊ စာရွက်ပေါ်မှာအသေအချာချရေး
🔹အဲဒီလူမျိုးဖြစ်လာဖို့အတွက် ဒီနေ့ အနီးစပ်ဆုံူ
ဘာတစ်ခုလုပ်နိုင်မလဲဆိုတာကို အနည်းဆုံး ၃ ခုလောက် Inside Out လုပ်ကြည့်
🔹ဘာပဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ ပင်ပန်းပါစေ နေ့တိုင်းမပျက်မကွက်လုပ်ပါ Compounding Effect အကြောင်းကြားဖူးတယ်မလား အရင်ကလည်းကျနော်ရေးခဲ့ဖူးပါတယ်
Big Impact ဆိုတာ နေ့စဉ်မပျက်မကွက်လုပ်ခဲ့တဲ့ သေးငယ်တဲ့အလုပ်တွေရဲ့ ပေါင်းလဒ် (Compound Effect) သက်သက်ပါပဲ
ကျနော်တို့အားလုံးမှာ ဖြစ်ချင်တဲ့သူနဲ့ ဖြစ်နေတဲ့သူကြားကကွာဟချက် ရှိကြတာပါပဲ
ဒါပေမဲ့ အဲဒီ ကွာဟချက်ကို အိပ်မက်တွေနဲ့ဖြည့်မဲ့အစား လုပ်ရပ်တွေနဲ့ဖြည့်မယ်ဆို အခြေအနေ၊အယူအဆ၊အတွေးအခေါ်တွေဟာလည်း လိုက်ပါပြောင်းလဲသွားပါလိမ့်မယ်

တိုးတက်ပြောင်းလဲဖို့ ကြိုးစားနေတဲ့လူငယ်တွေအတွက် ကျနော့်ရဲ့ မွေးနေ့အမှီ
21 Days Development Camp (Online) တစ်ခုစီစဉ်နေပါတယ် ၇ ယောက်ပဲခေါ်မှာဖြစ်လို့ အခုထဲက Notify လုပ်ထားလို့ရပါပြီ

Jason Khant (Founder, Personal Coach)

04/05/2026

လူငယ်တွေကြိုက်တဲ့ Coffee Shop တစ်ဆိုင်ဖွင့်
မယ်ဆိုရင် မဖြစ်မနေလုပ်ဖြစ်မဲ့ အချက် (၅) ချက်

🔹လာချင်စေတဲ့နေရာမဟုတ်ဘဲ နေချင်စေတဲ့နေရာ ဖြစ်ရမယ်

လူငယ်တွေက coffee သောက်ဖို့တစ်ခုတည်းမလာဘူး
အေးဆေးထိုင်ချင်လို့ chill ချင်လို့ content/Vlog ရိုက်ချင်လို့ စာလုပ်ချင်လို့လာကြတာ
ဒါကြောင့်…
Lighting
Seating
Music ဒီ (၃) မျိုးကို Focus ထားမယ်

“ဒီဆိုင်က ထိုင်ရတာအေးအေးဆေးဆေးရှိတယ်” Feeling ပေးနိုင်မယ်

🔹“ဓာတ်ပုံရိုက်လို့ကောင်းရမယ်” ဆိုတာထက်ပိုတဲ့အရာ
ဆိုင်လှရုံနဲ့ လူငယ်တွေ selfie ဆွဲ Vlog မရိုက်ဘူး
သူတို့က Story တင်ဖို့ content လာရှာကြတာ
ဒါကြောင့်
Photo spots 2–3 ခု design သေချာလေးလုပ်
Cup / packaging တွေပါ aesthetic ဖြစ်ရမယ်

“ဒီဆိုင်လာရင် ဒီလို Post တင်လို့ရတယ်” ဆိုတဲ့ Experience ရစေမယ်

🔹တန်တယ်လို့ခံစားရအောင်ပေးနိုင်ဖို့
လူငယ်တွေက စျေးချိုတာထက်
value for money ကိုပိုကြည့်တယ်
ဒါကြောင့်…
Portion မလျှော့
COGS ထိန်းဖို့ Bliss Point လုပ်ဖို့စီစဉ်ကြည့်မယ်
Taste ကိုထိန်းနိုင်သမျှထိန်းမယ်
Combo menu တွေဖန်တီးမယ်

🔹ဝန်ထမ်းနဲ့လည်း သက်ဆိုင်တယ်
Decoration ကောင်းလည်း
Staff attitude မကောင်းရင် မလာပါဘူး
ဘယ်လုပ်ငန်းမဆို ဝန်ထမ်းတွေကို Brand Image လို့သတ်မှတ်နိုင်တယ်

ဒါကြောင့်…
အပေါ်ယံသက်သက်မဟုတ်တဲ့ Friendly ဖြစ်အောင် Staff Training ကို တစ်လတခါ လေ့ကျင့်ပေးမယ်
Quick response ရှိဖို့လဲအရေးကြီးတယ်
ဒီဆိုင်က လူတွေပြန်လာချင်စေတယ်

🔹“တစ်ခါလာပြီးပြန်မယ် မဟုတ်ဘူး
ပြန်လာစေမယ့်အကြောင်း” ရှိရမယ်
ဝယ်သူအသစ်တစ်ယောက်ရအောင်ဖန်တီးတာထက် အဟောင်းတစ်ယောက်ပြန်လာအောင် လုပ်တာက ပိုသက်သာသလို ပိုလွယ်ပါတယ်
ဒါကြောင့်…

Stamp card / discount ပေးတာမျိုး
Seasonal menu / new items
Small surprise (free add-on sometimes) လုပ်ပေးမယ်

🔹သတိထားရမဲ့ Blindspot များ

Decoration ကို Focus ထားတာကောင်းပေမဲ့ Customer experience ကို ကြည့်ဖို့မေ့နေတာများတယ်
ကော်ဖီဆိုင်ကို လာသူတွေထဲမှာ
ကော်ဖီဆိုတဲ့ အစေ့ရဲ့ နောက်ကွယ်က feeling ကိုခံစားဖို့
Content တင်ဖို့ ပုံလာရိုက်တဲ့ လူငယ်တွေ
ကော်ဖီသောက်ဖို့ Cappuccino ရွေးရမလား Latte ရွေးရမလား မသဲကွဲတဲ့သူတွေ
နောက်ဆုံးတော့ Americano ဒါမှမဟုတ် Espresso မှားရွေးသွားတဲ့သူတွေ… လာတာများပါတယ်
စကားမစပ် ကျနော်က Black Coffee နဲ့ Sunkist Espresso အရမ်းကြိုက်တယ် အပြင်မှာတွေ့ရင် ဝယ်တိုက်လို့ရပါတယ် 😜

Marketing က Customer ကိုခေါ်လာတယ်ဆိုရင်
Coffee Quality နဲ့ Experience က Customer ကိုပြန်လာစေတယ်

ကော်ဖီဆိုင်ဖွင့်ချင်တဲ့သူများအတွက် မျှဝေပေးတာဖြစ်လို့ လိုအပ်တဲ့နေရာမှာအသုံးချနိုင်ပါတယ်

Jason Khant (Founder, Personal Coach)




21/04/2026

ဟင်းမချက်ခင် ကြက်သွန်အရင်လှီးပါ

မီးဖိုပေါ် အိုးတင်ပြီးမှ ဟင်းချက်ဖို့ ဆီရှာ ကြက်သွန်ထလှီးနေရင် အဲဒီဟင်းတူးဖို့ပဲရှိတယ်

စီးပွါးရေးစတင်တဲ့အခါမှာလည်း
ကိုယ့်ရဲ့ Products တွေ Operations တွေ Customer Service တွေအတွက် အဆင်သင့် မဖြစ်သေးဘဲ Marketing တွေ အကြီးအကျယ်ဆင်း Ads တွေကြိတ် Run နေတာဟာ ကိုယ့်လုပ်ငန်းကို ကိုယ်တိုင်ဖျက်ဆီးနေတာနဲ့တူတယ်

လူတွေ အလုံးအရင်းဝင်လာတဲ့အခါ...
Reply ချက်ချင်း မပြန်နိုင်ဘူး
ပစ္စည်းအလုံအလောက်ရှိမနေဘူး
ပစ္စည်း အချိန်မီ မပို့နိုင်ဘူး
ပြဿနာကို ချက်ချင်းဖြေရှင်းမပေးနိုင်ဘူး

Business ဆိုတာ Demand မဖန်တီးခင်
Capacity ကို တည်ဆောက်ထားရတဲ့ Game တစ်ခု

လုပ်ငန်းကို Scale မလုပ်ခင် Prep ကို အရင်လုပ်ဖို့လိုတယ်ဆိုတာ ကျနော်ရဲ့ တစ်နှစ်တာ Run ခဲ့တဲ့ အသေးစားစီးပွါးရေးက သင်ပေးခဲ့တာပါ

ပုံထဲမှာ အဲ့အချိန်တုန်းက ကိုယ့်ပါကိုယ် Free Website မှာ လက္ကားအထည်တွေကို ထည့်ပြီးကလိထားတာ (ပေါ့ပြတ်ပြတ်တော့မလုပ်ပါ)

April 24 မှာစမဲ့ ရွှေသင်တန်း(Group Class Batch-5) တက်မယ်ဆို စာရင်းပေးလို့ရပြီနော်

Jason Khant ( Founder, Personal Coach)



Address

Yangon

Website

Alerts

Be the first to know and let us send you an email when မှာစား-Mhar Sar Online Food Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share