20/08/2026
Gender Dysphoria အတွက်ဟော်မုန်းစသုံးမယ်ဆို ဘယ်က စ, ရမလဲ?
အဆင့် (၁)
ဆေးထိုးတဲ့အခါ ကြုံရနိုင်တဲ့ အာနိသင် အားလုံး ကြိုသိထားဖို့လေ့လာသင့်ပါတယ်။ ကိုယ်လိုချင်တဲ့ ပြောင်းလဲမှုတွေ အပြင် ကိုယ်မလိုချင်တဲ့ ရေတို ရေရှည် ဘေးထွက် အာနိသင်တွေ သိထားဖို့ ကြိုတင်လေ့လာသင့်ပါတယ်။ သိထားပြီး ရင်ဆိုင်ဖို့ ကိုယ့်စိတ်က Ready ဖြစ်ပြီဆိုမှ နောက်တဆင့် လုပ်ပါ။
အဆင့် (၂)
ဆေးမသုံးခင် Medical Check up လုပ်ရပါမယ်။
ဘာရောဂါ အခံမှ မရှိဘူး။ အဖြေတွေ အားလုံးကောင်းတယ် ဆိုမှ ဆေးစ သုံးဖို့ စဉ်းစားရပါမယ်။
အဆင့် (၃)
ဟော်မုန်းဆရာဝန် or Health Care Provider နဲ့ ဆွေးနွေးတိုင်ပင်ပြီး ဘယ်လောက် Mg နဲ့ ဆေးအမျိုးအစားကို ညွှန်ကြားတဲ့ ပမာဏနဲ့ ရက်အပိုင်းအခြားလိုက် သာ လိုက်နာ သုံးစွဲသင့်ပါတယ်။
အဆင့် (၄)
Regular medical check up လုပ်ဖို့လိုပါတယ်။ Follow up ပြန်ပြဖို့လိုသလို ဆေးသုံးနေစဉ်တလျှောက် ကျန်းမာရေး နဲ့ ညီညွတ်စွာ နေထိုင်စားသောက်ဖို့လိုပါတယ်။
အဆင့် (၅)
အရေးအကြီးဆုံးပါ။ ဟော်မုန်း Treatment ယူခြင်းက မကောင်းတဲ့ကိစ္စကြီး၊မဟုတ်တဲ့ ကိစ္စကြီး လုပ်နေတာ မဟုတ်ပါဘူး။ ဘေးထွက် အာနိသင်ထက် Transman များရဲ့ Quality of Life ကိုမြှင့်တင်နိုင်တဲ့ Positive effect ကပိုများလို့ WPATH တို့လို ကမ္ဘာ့ Trans Heath အဖွဲ့အစည်းတွေ၊ Endocrine Society တွေကနေ Guideline တွေ အတိအကျ ထွက် ထားပြီးသားပါ။
ကိုယ့်ကိုကိုယ် Guilty ရကြတဲ့ Client လေးတွေ များလာလို့ Validate လုပ်ပေးရခြင်းပါ။
“လိုအပ်လို့ ဒီ Therapy ကို လုပ်ရတယ်ဆိုတဲ့ အသိ၊ သတိ လေးနဲ့ ဖြည်းဖြည်းမှန်မှန် စိတ်ရှည်ရှည် သွားစေချင်ပါတယ်။
မိမိ သဘောဆန္ဒအလျောက် မသုံးဆွဲသူများရဲ့ သဘောထားကိုလဲ နားလည် လက်ခံပါတယ်။