03/07/2026
(ဝမ်းပျော့ဆေး)
(Lactulose Solution USP)
Lactulose ဟာ အူလမ်းကြောင်းဆိုင်ရာ ရောဂါမှာ အသုံးပြုရတဲ့ ဆေးဝါးဖြစ်ပါတယ်။
ဝမ်းချုပ်ခြင်းကို ကုသရန် -
* Lactulose ဟာ (အူထဲသို့ ရေဓာတ်ဆွဲယူပေးတဲ့ ဝမ်းနုတ်ဆေး) အမျိုးအစား ဖြစ်ပါတယ်။ သူ့ကို သောက်လိုက်တဲ့အခါ အစာအိမ်နဲ့ အူသိမ်က စုပ်ယူခြင်း မရှိဘဲ အူမကြီးထဲအထိ တိုက်ရိုက်ရောက်ရှိသွားပါတယ်။
* ထို့နောက် အူမကြီးထဲမှာရှိတဲ့ ဘက်တီးရီးယားတွေက သူ့ကို ခြေဖျက်ပြီး Acid ဓာတ်တွေအဖြစ် ပြောင်းလဲလိုက်ပါတယ်။
* အဲဒီအခါ အူမကြီးထဲကို ရေဓာတ် (Fluids) တွေ ပိုမိုစီးဝင်လာပြီး ဝမ်းကို ပျော့ပျောင်းသွားစေကာ အူလှုပ်ရှားမှုကို ကောင်းမွန်စေတဲ့အတွက် ဝမ်းသွားရလွယ်ကူစေပါတယ်။
မည်သူတွေမှာ သုံးလဲ -
- နာတာရှည် ဝမ်းချုပ်တတ်သူများ၊
- သက်ကြီးရွယ်အိုများနှင့်
- ကိုယ်ဝန်ဆောင်မိခင်များ
တွင် ဖြစ်တတ်သော ဝမ်းချုပ်ခြင်းများအတွက် ဘေးကင်းစိတ်ချစွာ အသုံးပြုနိုင်ပါတယ်။
(အရွယ်ရောက်ပြီးသူများ) အတွက် သောက်သုံးရန် ဆေးပမာဏ -
ဝမ်းချုပ်ခြင်းအတွက် စတင်သောက်သုံးရမည့် ပမာဏမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
စတင်သောက်သုံးရန် ပမာဏ (Starting Dose) -
* တစ်ခါသောက်လျှင် "15 ml မှ 30 ml" (ဆေးရည်တင်ဇွန်းကြီး ၂ ဇွန်းမှ ၄ ဇွန်းခန့်) ကို တစ်နေ့လျှင် တစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ခွဲ၍ သောက်နိုင်ပါတယ်။
ထိန်းညှိပမာဏ (Maintenance Dose) -
* ဆေးသောက်ပြီး ဝမ်းစသွားပြီဆိုပါက တစ်နေ့လျှင် "10 ml မှ 15 ml (ဆေးရည်တင်ဇွန်းကြီး ၁ ဇွန်းမှ ၂ ဇွန်းခန့်) သို့ လျှော့ချပြီး ဝမ်းမှန်အောင် ထိန်းသောက်နိုင်ပါတယ်။
အချိန်သတ်မှတ်ချက် -
* ဆေးကို ညစာစားပီးနောက် အချိန်မှန်မှန် သောက်ပေးပါ။
အာနိသင်ပြချိန် -
* Lactulose ဟာ သောက်သောက်ချင်း ချက်ချင်းဝမ်းနုတ်ပေးတဲ့ ဆေးမျိုး မဟုတ်ပါဘူး။
* အူမကြီးထဲမှာ အလုပ်လုပ်ဖို့ အချိန်ယူရတဲ့အတွက် ဆေးသောက်ပြီး ၂၄ နာရီမှ ၄၈ နာရီ (၁ ရက်မှ ၂ ရက်) အတွင်းမှသာ ဝမ်း စသွားတတ်ပါတယ်။ ဒါကြောင့် ဆေးသောက်ပြီး ချက်ချင်းဝမ်းမသွားလည်း စိတ်မပူပါနဲ့။
ရေများများသောက်ပါ -
* ဆေးသောက်တဲ့ရက်တွေမှာ တစ်နေ့ကို ရေ (၂) လီတာခွဲမှ (၃) လီတာခန့်အထိ များများသောက်ပေးဖို့ အလွန်အရေးကြီးပါတယ်။ ရေဓာတ်ပြည့်ဝမှသာ ဆေးက အူထဲမှာ ရေဆွဲယူပြီး ဝမ်းကို ပျော့ပျောင်းအောင် ပိုမိုလုပ်ဆောင်ပေးနိုင်မှာ ဖြစ်ပါတယ်။
(ဝမ်းပျော့ဆေး)
* တစ်ဗူး = 8,500/- ကျပ်။
* လက္ကားစျေး သီးသန့်ရှိပါသည်။
☎ 09977400350
☎ 09977400357
☎ 09977400361
ကုမ္ပဏီနှင့် ပတ်သက်၍ အကြံပြု ဆွေးနွေးတိုင်ကြားလိုပါက ☎ 09445444566 သို့ ဆက်သွယ်နိုင်ပါသည်။
UniqueCare Pharmaceutical Co., Ltd.