Healthy Loaf Bakery

Healthy Loaf Bakery Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Healthy Loaf Bakery, Health Food Shop, Parami, Hlaing tsp, Yangon.

Low carb Healthy bread, made with Whole Grain Natural Ingredients that are rich in Protein, Fiber & Healthy Fats.

❌No Sugar, No Refined Flour
✅Diabetes & Keto Friendly
✅Nutritionist Approved

🥖 ကာဘိုဟိုက်ဒရိတ်နည်းပြီး ပရိုတင်းဓာတ်ပြည့်ဝတဲ့ Premium​ Almond Protein Buns Specials! 🧀✨​အဆီကျချင်လို့၊ Keto diet ဝင်နေ...
17/08/2026

🥖 ကာဘိုဟိုက်ဒရိတ်နည်းပြီး ပရိုတင်းဓာတ်ပြည့်ဝတဲ့ Premium​ Almond Protein Buns Specials! 🧀✨
​အဆီကျချင်လို့၊ Keto diet ဝင်နေလို့ ဒါမှမဟုတ် ဆီးချိုရှိလို့ ဂျုံပေါင်မုန့်ရှောင်နေရသူများအတွက်...
​Healthy Loaf ရဲ့ Almond Protein Buns လေးတွေက သကြားလုံးဝမပါဘဲ Almond ရဲ့ အရသာစိမ့်စိမ့်လေးနဲ့ ပရိုတင်းဓာတ်ပြည့်ဝစွာ ထုတ်လုပ်ထားလို့ စိတ်ကြိုက်စားသုံးနိုင်ပါပြီ။ 🤤

​✨ ဒီတစ်ပတ်ရရှိနိုင်မည့် Almond Bun လေးတွေကတော့:
1️⃣ Plain Almond Bun
2️⃣ Cheese Almond Bun
3️⃣ Jalapeño Cheese Almond Bun
4️⃣ Greek Yogurt Cream Cheese Almond Bun

Healthy Loaf Bakery ရဲ့ Low Carb Almond Bun လေးတွေက –
✨ တစ်လုံးမှာ ကာဘိုဟိုက်ဒရိတ် ၅ ဂရမ်သာ ပါဝင်ပြီး သကြားလုံးဝ မပါဝင်ပါဘူး။
✨ မြက်စားထောပတ်၊ ဗာဒံစေ့၊ သီဟိုဠ်စေ့၊ မြေပဲ စတဲ့ သဘာဝအဆီနဲ့ အစေ့အဆန်များဖြင့်သာ ပြုလုပ်ထားပါတယ်။
​❌ Margarine / Shortening / Seed Oil (Transfat) လုံးဝ မပါဝင်ပါ။

ကိုယ်တိုင်အတွက်ရော ချစ်ရတဲ့မိဘတွေကို Blood sugar friendly breakfast အနေနဲ့ မေတ္တာလက်ဆောင် ပို့ပေးဖို့အတွက်ရော မှာယူနိုင်ပါပြီနော်! 🎁

​🛒 မှာယူပေးရန်:
📩 Messenger (CB) သို့ တိုက်ရိုက် မက်ဆေ့ချ်ပို့ပါ သို့မဟုတ်
📞 09-679977864 သို့ ဆက်သွယ်မှာယူနိုင်ပါသည်။

​📦 Pre-order Delivery Days: အပတ်စဉ် စနေ၊ ဗုဒ္ဓဟူးနေ့ နဲ့ တနင်္လာ​နေ့တိုင်း
​📍 Pick Up: Mya Kan Thar Garden Villa, Hlaing Township, Yangon

​

📦 Today’s fresh bakes are straight out of the oven and on their way to your doorstep! 🚚💨​🤤🧀 Why you'll love it: Soft, nu...
05/08/2026

📦 Today’s fresh bakes are straight out of the oven and on their way to your doorstep! 🚚💨
​🤤🧀 Why you'll love it: Soft, nutty, loaded with cheesy goodness, and 100% refined sugar-free!

P.​S. Cheese loaf လေးတွေက ပိုပြီး Mild and subtle ဖြစ်တဲ့ cheese လေးနဲ့ပြောင်းထားလို့ အရောင်နဲ့ flavor အနည်းငယ်လေး​ကွာခြား​မှုရှိ​ပါမယ်နော် ကာကာတို့... 🍞 Quality​ is the same. 💯😉

​

"ထောပတ်စားရင် ဝတယ်၊ ကျန်းမာရေးထိခိုက်တယ်" ဆိုတဲ့ အယူအဆအဟောင်းတွေကို မေ့လိုက်တော့နော် 🤫တကယ်တော့ ထောပတ်ဆိုတာ အသင့်တင့်စားပ...
02/08/2026

"ထောပတ်စားရင် ဝတယ်၊ ကျန်းမာရေးထိခိုက်တယ်" ဆိုတဲ့ အယူအဆအဟောင်းတွေကို မေ့လိုက်တော့နော် 🤫
တကယ်တော့ ထောပတ်ဆိုတာ အသင့်တင့်စားပေးရင် ခန္ဓာကိုယ်အတွက် နေ့စဥ်လိုအပ်တဲ့ Natural​ Good Fats (သဘာဝအဆီဓာတ်​) ပေးတဲ့ source တခုပါပဲ။ 🧈✨ (Quality​ matters more than the quantity of fat!)

🍞 Plain bread ချည်းစားရတာ ငြီးငွေ့နေပြီဆို ..​ Healthy Loaf ရဲ့ ပေါင်မုန့်တွေနဲ့ အလိုက်ဖက်ဆုံးဖြစ်မယ့် Flavored Butter (၆) မျိုး အသစ်ရပါပြီနော်။

အိမ်ကလူကြီးတွေအတွက် ဆီးချိုမတက်စေမယ့် breakfast ပဲဖြစ်ဖြစ်၊ ကိုယ်တိုင် keto diet စားနေလို့ပဲဖြစ်ဖြစ်၊ Gym ဆော့ပြီး ပရိုတင်းဓာတ်ဖြည့်တင်းဖို့ပဲဖြစ်ဖြစ် Healthy Loaf ရဲ့ Protein Bread & Butter လေးတွေက အသင့်တော်ဆုံးပါပဲ။ 💯

​ဘယ်ပေါင်မုန့်နဲ့ ဘယ်ထောပတ် တွဲစားရင် အကောင်းဆုံးလဲဆိုတာ Healthy Loaf က Recommend ပေးချင်ပါတယ် 👇
​🍃 Laphet (Burmese Tea Leaf) Butter:
မြန်မာ့အရသာစစ်စစ်ကိုမှ ကြိုက်တဲ့သူတွေအတွက် Flaxseed Toast လေးကို မီးကင်ပြီး ဒီလက်ဖက်ထောပတ်လေး သုတ်စားကြည့်ပါ။ ရုံးပိတ်ရက် နေ့လည်ခင်း လက်ဖက်ရည်ကြမ်းလေးနဲ့ဆို ရှယ်ပဲနော်။ ☕
​🧄 Garlic & Walnut Garlic Basil Butters:
အီတလီစတိုင် Savory အရသာကြိုက်သူတွေအတွက်ကတော့ Wholewheat​ hard bread roll လေးနဲ့ တွဲဖက်စားပါနော်။ 🌿
​☕ Coffee & Walnut Jujube Honey Butters:
မနက်ခင်း ကော်ဖီလေးသောက်ရင်း အချိုအရသာလေး လိုချင်ရင်တော့ Almond Protein Bread လေးနဲ့သာ တွဲစားလိုက်ပါ။ Diet လုပ်နေရင်းနဲ့ အချိုစားချင်တဲ့ Cravings တွေကို အကောင်းဆုံး ဖြည့်ဆည်းပေးမှာပါ။ 🍯
​🍋 Lime Dill Butter:
လန်းဆန်းတဲ့အရသာလေးနဲ့ဆိုရင်တော့ Flaxseed Soft Bagel Rolls လေးတွေနဲ့ ကွက်တိပါပဲရှင်။ 🥯

​အရသာအသစ်လေးတွေကို မြည်းစမ်းကြည့်ဖို့ ခု Post လေးကို Message (သို့) Comment မှာ "Order" လို့ ရေးမှတ်ပြီး ဆက်သွယ်ဝယ်ယူနိုင်ပါပြီရှင့်။ 📩

📞 09 679 977 864
🚚 ပို့ဆောင်ပေးမည့်ရက်: Saturday, Monday & Wednesday

​

🌧️☕️ မိုးအေးအေးလေးနဲ့ဆိုတော့... ရာသီဥတုက Garlic Butter လေးသုတ်ပြီး toast လုပ်ထားတဲ့ Healthy Loaf ရဲ့ Flaxseed Bagel Soft...
30/07/2026

🌧️☕️ မိုးအေးအေးလေးနဲ့ဆိုတော့...
ရာသီဥတုက Garlic Butter လေးသုတ်ပြီး toast လုပ်ထားတဲ့ Healthy Loaf ရဲ့ Flaxseed Bagel Soft Roll ပေါင်မုန့် မွှေးမွှေးလေးရယ်၊ ကော်ဖီပူပူလေးတစ်ခွက်ရယ်နဲ့ အရမ်းကိုလိုက်ဖက်သော.... ☕️🍞

ကာကာတို့ရော ဘယ်လိုစားဖြစ်ကြလဲ? 🤔

🤤🧀 ဂျုံ၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်လဲ လျှော့ချင်တယ်၊ အရသာရှိတာလေးလည်း စားချင်တယ် ဟုတ်❓Cheese Protein Loaf Series မှာ Walnu...
17/07/2026

🤤🧀 ဂျုံ၊ သကြားနဲ့ ကာဗိုဟိုက်ဒရိတ်လဲ လျှော့ချင်တယ်၊ အရသာရှိတာလေးလည်း စားချင်တယ် ဟုတ်❓
Cheese Protein Loaf Series မှာ Walnut​ &​ ​cheese​ အပြင် အရသာအသစ်စက်စက် (၃) မျိုးတောင် ထပ်တိုးပေးလိုက်ပါပြီနော်! 🥖✨
​တစ်ကိုက်ကိုက်လိုက်တိုင်းမှာ အရသာထိမိနေမယ့် Menu သစ်တွေကတော့ —
​1️⃣ Bacon, Chive & Cheese 🥓
ကြွပ်ရွနေတဲ့ Bacon နဲ့ Chive ရဲ့ အနံ့မွှေးမွှေးလေး
(ဝက်သားမစားတဲ့ ကာကာတွေက Chicken နဲ့ မှာလို့ ရပါတယ်)​
​2️⃣ Spinach & Cheese 🥬
ဟင်းနုနယ်​က အမျှင်ဓာတ်နဲ့ antioxidant တွေကြွယ်ဝလို့ ဆီးချိုရှိတဲ့ ဖေဖေမေမေတို့အတွက် အသင့်တော်ဆုံး
​3️⃣ Pickled Jalapeño & Cheese 🌶️
အစပ်ကြိုက်တဲ့သူတွေအတွက် အအီပြေ Jalapeño ငရုတ်သီးသနပ်လေး

• ​Low Carb & Sugar-Free: သွေးချို/ဆီးချိုသမားတွေနဲ့ Keto Diet သမားတွေ စိတ်ချလက်ချ စားသုံးနိုင်ပါတယ်။
• ​High Protein: ဂျုံအစား Soybean, Flaxseed, Almond ကနေလုပ်ထားလို့ Protein ဓာတ်တွေကြွယ်ဝတယ်။
• ​No Processed Fat/Transfat: မုန့်လုပ်ငန်းသုံး မာဂျရင်း/ရှော့တနင်း/ဟင်းသီးဟင်းရွက်​ဆီ/Processed​Cheese မပါ။ ထောပတ် နဲ့ mature cheddar cheese အစစ်သာသုံးသည်။
​✨ မနက်ခင်း Savory Breakfast ပဲဖြစ်ဖြစ်၊ Gym ဆော့ပြီး Post-workout snack ပဲဖြစ်ဖြစ် အချိုဓာတ်နဲ့ အင်ဆူလင်တက်မှာ ပူစရာမလိုဘဲ အရသာရှိရှိစားလို့ရပြီနော်။ 🤤🧀

​🛒 Delivery ပို့မယ့်ရက်လေးတွေကို Page Messenger (သို့) 09679977864 ကနေ မေးမြန်းမှာယူနိုင်ပါပြီရှင့်။ 👇

🥖🧀 Fresh Out of the Oven! Walnut & Cheese Loaf လေးတွေ ဒီနေ့ လတ်လတ်ဆတ်ဆတ် ဖုတ်ပြီးပါပြီရှင်Healthy Loaf Customer တို့အကြိ...
15/07/2026

🥖🧀 Fresh Out of the Oven! Walnut & Cheese Loaf လေးတွေ ဒီနေ့ လတ်လတ်ဆတ်ဆတ် ဖုတ်ပြီးပါပြီရှင်

Healthy Loaf Customer တို့အကြိုက် ..​ အမှာအများဆုံး Walnut & Cheese Protein Loaf ပူပူနွေးနွေးလေးတွေ oven ထဲကနေ ခုပဲ ထွက်လာပါပြီ။ 🤤✨

• ဒီနေ့ Delivery မှာယူထားတဲ့သူများအတွက် စတင်ပို့ဆောင်ပေးနေပြီမို့ ဖုန်းလေးတွေကိုင်ပြီး စောင့်မျှော်ပေးကြပါဦးနော်။ 🚴‍♂️📦
• Pick-up လာယူဖို့ စာရင်းပေးထားတဲ့ ကာကာတို့လည်း လာယူနိုင်ပါပြီရှင်။ 🚗💨

• နှမ်းကြတ်စေ့နံ့ မွှေးမွှေးလေးရယ်၊ သစ်ကြားသီးနဲ့ Cheddar Cheese ဆိမ့်ဆိမ့်လေး​ရယ်နဲ့ .. diet လုပ်နေတယ်လို့ကို မခံစားမိအောင် တစ်လုပ်စားတိုင်းမှာ ထိမိနေသောပဲ 🥰

💡 Keto diet and Diabetes friendly
🥖 3 servings per loaf
💪🏻 1 serving: 155 calories, 12g protein, 5.5g fiber, 10g fat, 1g carb

'sBakes

❤️ ဆရာဆရာမများကို ကျန်းမာရေးနဲ့အညီ ဂါရဝပြုဖို့ Healthy Loaf ကို ရွေးချယ်ပေးခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ရပါတယ် ... 🙏✨​မမေ...
06/07/2026

❤️ ဆရာဆရာမများကို ကျန်းမာရေးနဲ့အညီ ဂါရဝပြုဖို့ Healthy Loaf ကို ရွေးချယ်ပေးခဲ့တဲ့အတွက် အထူးပဲကျေးဇူးတင်ရပါတယ် ... 🙏✨
​မမေ့နိုင်စရာ "ဆရာကန်တော့ပွဲ" အခမ်းအနားမှာ အာဟာရပြည့်ဝတဲ့ ဂါရဝလက်ဆောင်အဖြစ် Healthy Loaf ရဲ့ Protein ​Bread နဲ့လုပ်ထားတဲ့ Sandwich လေးတွေကို စနစ်တကျ ပြင်ဆင်ပါဝင်ပေးခွင့်ရခဲ့ပါတယ်။ 🥰

​💡 အလှူအတန်းပဲဖြစ်ဖြစ်၊ ပွဲလမ်းသဘင်ပဲဖြစ်ဖြစ်၊ Events / Seminars နဲ့ Workshops တွေမှာ မိမိရဲ့ ဧည့်သည်တော်တွေအတွက် Thoughtful treats အနေနဲ့ Low carb​ Sandwiches & Sugarfree ​Desserts လေးတွေကျွေးမွေးချင်တယ်ဆိုရင် အသေးစိတ်ကို Page Messenger ကနေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင့်။ 📥

​

"ပေါင်မုန့်က အရမ်းစားကောင်းနေတော့ တကယ်ရော Keto ဖြစ်ရဲ့လား❓ ဆီးချိုသမားတွေ စားလို့ရတာ ဟုတ်ရဲ့လား❓" Healthy Loaf ရဲ့ Prote...
02/07/2026

"ပေါင်မုန့်က အရမ်းစားကောင်းနေတော့ တကယ်ရော Keto ဖြစ်ရဲ့လား❓ ဆီးချိုသမားတွေ စားလို့ရတာ ဟုတ်ရဲ့လား❓"

Healthy Loaf ရဲ့ Protein Bread တွေကို စတင်မိတ်ဆက်ပေးကတည်းက Customer တော်တော်များများဆီကနေ အမေးခံရဆုံးမေးခွန်းပါပဲ။

တကယ်တော့ အရမ်းစားကောင်းလွန်းနေလို့ "Too good to be true" လို့ ထင်မိတာ မဆန်းပါဘူး။ ဒါပေမယ့် ဒီနောက်ကွယ်မှာ ပေးဆပ်ခဲ့ရတဲ့ အဖြေနှစ်ခုရှိပါတယ်။

၁။ ပါဝင်ပစ္စည်းများ 🌾🥑
Nuts & seeds အစေ့အဆန်တွေအပြင် ကြက်ဥ၊ ထောပတ်၊... နောက်ဆုံး​ဆားအထိကို ရနိုင်တဲ့ကုန်ကြမ်းထဲက အကောင်းဆုံးကိုပဲ သုံးပါတယ်။ ကိုယ်တိုင်လဲ အကောင်းကြိုက်လို့ပါ။

Cost လဲမတရားများပြီး၊ Delivery​ နဲ့တကူးတကကြီး မှာယူအားပေးကြတဲ့ Customer​s တွေအဆင်ပြေမယ့် Price ကိုလဲလုပ်ပေးထားတာမို့ Bakery တွေလိုအမြတ်လဲ များများစားစားရှိမနေပါဘူး။ 🥹 ဒါပေမယ့် ကိုယ်တိုင်နဲ့ ကိုယ့်မိသားစုစားမယ့် စံနှုန်းအတိုင်းပဲ အရမ်းလုပ်ချင်လွန်းလို့ကို ဆက်လုပ်နေတာပါ။

၂။ Trials & Errors
Low carb ပေါင်မုန့်ဖြစ်လာဖို့အတွက် ပါဝင်ပစ္စည်း​တွေ အမျိုးမျိုး နဲ့ Glucose Tests တွေ တစ်နှစ်နီးပါး အချိန်ယူစမ်းခဲ့တာပါ။ အစပိုင်းတွေမှာဆို ပေါင်မုန့်မဖြစ်ဘဲ Pancake ဖြစ်သွားလိုက်၊ ကျောက်ခဲဖြစ်သွားလိုက်နဲ့ သွန်ပစ်ခဲ့တာ ခဏဏပါပဲ။ 😪

အရသာ၊ food science၊ health & nutrition value အဘက်ဘက်ကအကောင်းဆုံး​ပေးနိုင်အောင် Recipe အကြိမ်​ကြိမ်​စမ်းပြီးမှ ဖြစ်လာတာမို့ ကာကာတို့ ဟုတ်ပါ့မလား ထင်မိတာလဲ မမှားပါဘူး။

ကဲ... အားလုံးမေးမေးနေကြတာလေး ဖြေပြီးသွားပြီဆိုတော့ မင်မင်တို့ကိုလဲ ပိုကောင်းအောင်အကြံပြု​ချင်တာလေးရှိရင်လဲ ပို့ပေးကြပါဦးနော်!

A sincere thank you to each and every one of our customers for your overwhelming interest and support so far ❤️❤️❤️

🍞✨ Healthy Loaf ကို အစဉ်အမြဲ အားပေးကြတဲ့ ကျန်းမာရေးဂရုစိုက်တဲ့ ကာကာတို့ရေ... 🥰​"You are what you eat" ဆိုတဲ့အတိုင်း...ကိ...
22/06/2026

🍞✨ Healthy Loaf ကို အစဉ်အမြဲ အားပေးကြတဲ့ ကျန်းမာရေးဂရုစိုက်တဲ့ ကာကာတို့ရေ... 🥰
​"You are what you eat" ဆိုတဲ့အတိုင်း...ကိုယ်နေ့စဥ်စားနေတဲ့ အစားအစာထဲမှာ ဘာတွေပါဝင်လဲဆိုတာ တိတိကျကျ သိဖို့က အရေးကြီးဆုံး ဟုတ်?

​ဒီနေ့မှာတော့ မင်မင်တို့ရဲ့ "Organic Wholewheat Bread" ထဲမှာ ဘာတွေထည့်ပြီး ဖုတ်ထားလဲဆိုတာ ပြောပြပေးမယ်နော်။ 👇
​🌾 Stoneground Organic Wholewheat Flour: အော်ဂဲနစ်ဂျုံစေ့ကနေ သဘာဝအတိုင်း ကိုယ်တိုင်ကြိတ်ခွဲထားတဲ့ ဂျုံကြမ်းမှုန့်ကို သုံးထားလို့ Chemical Bleach (Bromate) လုံးဝမပါဝင်ပါဘူး။ ဂျုံစေ့ရဲ့ အမျှင်ဓာတ် (Fiber) တွေ အပြည့်အဝ ပါဝင်ပါတယ်။
​🥚 Free-Range Eggs: လွှတ်ကျောင်းကြက်ဥ စစ်စစ်တွေကိုသာ သုံးစွဲထားလို့ အိုမီဂါ 3 နဲ့ ဗီတာမင် D ပိုပါပြီး
အာဟာရတန်ဖိုး ပိုမိုမြင့်မားပါတယ်။
​🧈 Pure Butter & Organic Dairy: ထောပတ်စစ်စစ်နဲ့ အော်ဂဲနစ် ခြံထွက်နွားနို့ကိုသာ ရွေးချယ်ထားလို့ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ကောင်းမွန်တဲ့အဆီဓာတ်တွေ ရရှိစေမှာပါ။
​🥥 Organic Coconut Nectar: Glycemic​ index နည်းအောင်လို့ သကြားအဖြူလုံးဝမသုံးဘဲ အော်ဂဲနစ် အုန်းသီးရဲ့ သဘာဝအချိုကို သုံးထားပါတယ်။

​"ဂျုံကြမ်းပေါင်မုန့်ဆိုရင် မာတောင့်တောင့်ကြီး ဖြစ်နေမှာလား? 🤔"
ဒါကတော့ လုံးဝပူစရာမလိုပါဘူးနော်။ Wholewheat စစ်စစ်ဖြစ်ပေမယ့် ကိုယ်တွေ asian တွေရဲ့ အကြိုက်အတိုင်း ပေါင်မုန့်ဖြူလိုမျိုး နူးညံ့အိစက်ပြီး အရသာရှိနေအောင်လုပ်ထားပါတယ်။

​💡 Our Heart, Our Family:
ဒီပေါင်မုန့်လေးဟာ ပါဝင်ပစ္စည်းတိုင်းကို သဘာဝအတိုင်း၊ အဆိပ်အတောက်ကင်းစင်ပြီး အာဟာရတန်ဖိုး အမြင့်မားဆုံးဖြစ်အောင် သေချာ Source လုပ်ထားတာမို့ ကိုယ်တိုင်ပဲစားစား၊ ချစ်ရတဲ့ မိသားစု​ဝင်​တွေကိုပဲကျွေးကျွေး ကျန်းမာရေးနဲ့ညီညွတ်ပြီး အကောင်းဆုံးမနက်စာကောင်းတစ်ခုပါပဲ။ 🥰

21/06/2026

🤖 "ကာဘိုဟိုက်ဒရိတ် (ကစီဓာတ်) လျှော့စားရင် ခန္ဓာကိုယ်မှာ ဘာတွေထူးခြားသွားမလဲ?"

ဒီမေးခွန်းလေးကို Healthy Loaf ရဲ့ အသည်းကျော်လေး "အိတုံ" တစ်ယောက်ကတော့ သူ့ရဲ့ AI Screen ကနေ လေ့လာပြီး အဖြေရှာထားတယ်နော်။ 🧐✨ (ဗီဒီယိုလေးကို အဆုံးထိ ကြည့်ပေးဦးနော်!)

အိတုံ လေ့လာထားတဲ့ "Low Carb" စားသုံးခြင်းရဲ့ အကျိုးကျေးဇူး (၅) ချက်ကတော့ -

1️⃣ သွေးတွင်းသကြားဓာတ် ပိုတည်ငြိမ်လာမယ် (Lower Blood Sugar Spikes) 🩸
ကစီဓာတ် လျှော့စားတဲ့အခါ သွေးတွင်းသကြားဓာတ် ရုတ်တရက် ထိုးတက်တာနည်းလို့ ဆီးချိုသွေးချိုကာကွယ်ပေးနိုင်ပါတယ်။

2️⃣ အစာခံပြီး ဗိုက်ပြည့်လွယ်မယ် (Less Hunger & Cravings) 🤤
အချိုဓာတ်တွေက အင်ဆူလင်ဟော်မုန်းအတက်အကျမြန်စေလို့ ခဏခဏ ဗိုက်ဆာစေပြီး စားချင်စိတ်ကို ဖြစ်ပေါ်စေပါတယ်။ Low Carb စားသုံးခြင်းက သင့်ကို ကြာရှည်ဗိုက်ပြည့်စေပြီး အဆာခံစေပါတယ်။

3️⃣ အဆီကို လောင်စာအဖြစ်သုံးပြီး ဝိတ်ကျစေမယ် (Burns Fat as Fuel) 🏃‍♂️💨
ခန္ဓာကိုယ်က Carb တွေအစား သိုလှောင်ထားတဲ့ အဆီဟောင်းတွေကို ဆွဲထုတ်ပြီး စွမ်းအင်အဖြစ် ပြောင်းလဲအသုံးပြုတာကို ကျင့်သားပိုရသွားတဲ့အခါ အဆီပိုတွေ ကျပြီး ဝိတ်ကျဖို့ ပိုလွယ်ကူသွားစေပါတယ်။

4️⃣ ပင်ပန်းနွမ်းနယ်တာတွေနည်းပြီး အာရုံစူးစိုက်မှု ပိုကောင်းလာမယ် (Stable Energy & Focus) 🧠⚡
အစာစားပြီးရင် ငိုက်မြည်းတာ၊ ညနေကျပင်ပန်းနွမ်းနယ်တာမျိုးတွေ မရှိတော့ဘဲ တစ်နေ့တာလုံး လန်းလန်းဆန်းဆန်းနဲ့ အာရုံစူးစိုက်မှု အားကောင်းနေမှာပါ။

5️⃣ ရောင်ရမ်းမှုနဲ့ အိုမင်းရင့်ရော်မှုကို လျှော့ချပေးမယ် (Defy Inflammation & Aging) ✨
အချိုဓာတ်​လိုတာထက်များခြင်းကြောင့်ဖြစ်စေတဲ့ ရောင်ရမ်းမှုတွေ၊ Glycation နဲ့ အိုမင်းရင့်ရော်မှုတွေကို လျှော့ချပေးလို့ ပိုမိုနုပျို လန်းဆန်းစေပါတယ်။

အိတုံကတော့ ဒီအချက်တွေကို သိသွားလို့ ချက်ချင်းပဲ မီးဖိုချောင်ကနေ သကြား နဲ့ ဂျုံဖြူ (Refined Flour) တွေကို ဖယ်ပစ်ပြီး... Whole grains၊ ပဲ နဲ့ အစေ့အဆန်တွေနဲ့ ပေါင်မုန့်တွေကို ကိုယ်တိုင်ဖုတ်လိုက်ပြီနော်။ 🍞💪

Low carb lifestyle ကို အိတုံနဲ့အတူ ဒီနေ့ပဲ စတင်လိုက်ရအောင်! 😉
မိတ်ဆွေသူငယ်ချင်းတွေဆီလဲ ချစ်ဖို့ကောင်းတဲ့ အိတုံလေးကို share ပေးကြဖို့မမေ့နဲ့နော်!

Address

Parami, Hlaing Tsp
Yangon
11051

Website

Alerts

Be the first to know and let us send you an email when Healthy Loaf Bakery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share