Sayy Swan - Health & Wellness Store

Sayy Swan - Health & Wellness Store နားလည် တတ်ကျွမ်းသော ဆရာဝန်များကိုယ်တိုင်ရောင်းချသောကြောင့် ဘေးကင်း စိတ်ချစွာ ဝယ်ယူအားပေးနိုင်ပါသည်။

အသက် ၅၀ အောက် ကိုကို မမ များအတွက် အားဆေးကောင်းများ  Directly import from USA Costco 🇺🇸 ဂိုထောင်ရှင်း လက်ကျန်ဖြတ်စျေး အနေ...
19/01/2026

အသက် ၅၀ အောက် ကိုကို မမ များအတွက် အားဆေးကောင်းများ
Directly import from USA Costco 🇺🇸

ဂိုထောင်ရှင်း လက်ကျန်ဖြတ်စျေး
အနေနဲ့
အနဲငယ်သာကျန်တော့တဲ့ အားဆေးလေးတွေကို အရင်းအတိုင်း စျေးလျော့ရောင်းပေးထားပါတယ်။

အားပေးကြပါဦးနော် 😍

ဖျားနာကိုက်ခဲခြင်းများအတွက်ဂိုထောင်ရှင်း လက်ကျန်ဖြတ်စျေး အနေနဲ့ အနဲငယ်သာကျန်တော့တဲ့ အားဆေးလေးတွေကို အရင်းအတိုင်း စျေးလျေ...
19/01/2026

ဖျားနာကိုက်ခဲခြင်းများအတွက်

ဂိုထောင်ရှင်း လက်ကျန်ဖြတ်စျေး
အနေနဲ့
အနဲငယ်သာကျန်တော့တဲ့ အားဆေးလေးတွေကို အရင်းအတိုင်း စျေးလျော့ရောင်းပေးထားပါတယ်။

အားပေးကြပါဦးနော် 😍

ဒီ၃မျိုးလုံး stock ရှိသလောက် လှူချင်ပါတယ်။Expired 1/26 ပါ နောက်လထိတော့သုံးလို့ရပါသေးတယ် ။လိုချင်တဲ့ သူ chat box ကိုလာ ပေ...
14/01/2026

ဒီ၃မျိုးလုံး stock ရှိသလောက် လှူချင်ပါတယ်။

Expired 1/26 ပါ နောက်လထိတော့သုံးလို့ရပါသေးတယ် ။

လိုချင်တဲ့ သူ chat box ကိုလာ ပေးပါနော် ။

🈹12:12 sale Up to 50% discount 🏆ယခု post ကို like and share ထားပြီး comment မှာ screenshot ပြပေးသူများထဲမှ ၂ ယောက် ကို မ...
12/12/2025

🈹12:12 sale

Up to 50% discount

🏆ယခု post ကို like and share ထားပြီး comment မှာ screenshot ပြပေးသူများထဲမှ ၂ ယောက် ကို မဲ6ဖာက်ပြီး

Infant Tylenor (သို့)
Children Tylenor (သို့ )
Children Motrin တို့မှ

ကြိုက်နှစ်သက်ရာ ၁ ဗူး စီ လက်ဆောင်ရရှိမည့် အခွင့်အရေးကြီးမို့ ဝင်ရောက် အားပေးကြပါဦးရှင်



#ဆေးစွမ်းဆေးနှင့်ဆေးပစ္စည်းမျိုးစုံ

 #ဆီးချိုရှိသလား၊  #အရေပြားသတိထားပါ (၂) #ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)   ⚕️ ⚕️ ⚕️ #ဆီးချိုခြေထောက်နာ      ...
08/12/2025

#ဆီးချိုရှိသလား၊ #အရေပြားသတိထားပါ (၂)

#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)



⚕️ ⚕️ ⚕️

#ဆီးချိုခြေထောက်နာ

ဆီးချိုရဲ့ အရေပြားပြဿနာတွေထဲမှာ အန္တရာယ်အရှိဆုံးကတော့ ခြေထောက်အနာပါပဲ။ ပြဿနာအရင်းခံကတော့ ဆီးချိုကြောင့် သွေးလွှတ်ကြောတွေ ကောင်းကောင်းအလုပ်မလုပ်တာနဲ့ အာရုံကြောတွေ ထိခိုက်ပျက်စီးခြင်းပါ။ အာရုံကြောပျက်စီးတော့ ခြေထောက်မှာ ချွေးထွက်နည်းမယ်၊ အသားခြောက်မယ်၊ ကွဲမယ်၊ အက်မယ်၊ အသားမာတက်မယ်၊ ပြီးတော့ အနာရှိရင် ဘယ်လောက်ကြီးကြီး မနာတော့ပါဘူး။ ပြောရရင် အနာကြီးရောဂါသည်တွေမှာ မကြာခဏကြုံရလေ့ရှိတဲ့ နာတာရှည် ခြေဖဝါးအနာနဲ့ အတူတူပါပဲ။ အနာဆိုတာ နာရပါမယ်၊ နာမှသာ အနားပေးကြတာမျိုးပါ။ ခြေထောက်မှာ အနာရှိပေမယ့်လည်း မနာတော့ ပုံမှန်အတိုင်း သွားလာရင်းနဲ့ အနာပိုဆိုးလာတာပါ။ နောက်တစ်ချက်က အနာကျက်ဖို့ အာဟာရတွေ၊ အောက်ဆီဂျင်တွေ လိုအပ်ပါတယ်။ ဆီးချိုမှာ သွေးကြောတွေက ကျဉ်းနေတော့ သွေးကောင်းကောင်းမရဘဲ အနာက သက်ဆိုးရှည်တော့တာပါ။ ကြာတော့ အနာက နက်လည်းနက်၊ ကျယ်လည်းကျယ်လာပြီး ဖြတ်ရ၊ တောက်ရတဲ့အဆင့်ထိ ရောက်ပါလေရော။ ဆီးချိုလည်းရှိ၊ ဆေးလိပ်ကလည်းစွဲဆိုရင်တော့ သွေးကြောပိတ်ပြီး ခြေထောက်ဖြတ်ပစ်ရတဲ့ အဖြစ်ဆိုးတွေ ပိုပြီးကြုံရနိုင်ပါတယ်။

ဆီးချိုလူနာတွေရဲ့ ၃၀ ရာခိုင်နှုန်းဟာ သူတို့ရဲ့ ဆီးချိုရောဂါသက်တမ်းတစ်လျှောက်မှာ တစ်ချိန်ချိန်တော့ ခြေထောက်မှာ အနာဖြစ်လေ့ရှိတယ်လို့ ဆိုပါတယ်။ ခြေထောက်အနာဖြစ်သူတွေရဲ့ ၁၅ ရာခိုင်နှုန်းကတော့ အခြေအနေဆိုးပြီး ခြေဖြတ်လိုက်ရတယ်လို့ လေ့လာမှုတွေကဆိုပါတယ်။ ကျွန်တော်နဲ့ သက်တူရွယ်တူကျောင်းနေဖက် ဆရာဝန်တစ်ဦးဟာ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကပဲ ဆီးချိုကြောင့် ခြေနှစ်ဖက်စလုံး ဖြတ်လိုက်ရပါတယ်။ နောက်တော့ ကျောက်ကပ်ပါပျက်စီးပြီး ကွယ်လွန်ရှာပါပြီ။

#အရေပြားကို_သတိထားပါ

အရေပြားမှိုစွဲတာ၊ ပြည်တည်နာမျိုးစုံဖြစ်တာတွေဟာ ယေဘုယျအားဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုနဲ့ ဆိုင်ပါတယ်။ ရေချိုးမှန်ပါစေ။ အကြိုအကြားနေရာတွေကို သေသေချာချာ သန့်ရှင်းပေးပါ။ ချွေးစို၊ ရေစိုနဲ့ အကြာကြီး မနေပါနဲ့။ ခြောက်ခြောက်သွေ့သွေ့ထားပါ။ အသားခြောက်ရင် အစိုထိန်းခရင်မ်တွေ လိမ်းပေးပါ။ ပိုးသတ်ဆပ်ပြာတွေကိုလည်း အလွန်အကျွံ မသုံးပါနဲ့။ အဲဒီဆပ်ပြာတွေကြောင့် အသားအရေ ပိုပြီးခြောက်သွားနိုင်လို့ပါ။ အကြောင်းကြောင်းကြောင့် အနာတစ်စုံတစ်ရာ ဖြစ်ခဲ့ရင် သေးသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ မပေါ့ဆပါနဲ့။ ဆရာဝန်နဲ့ စောစောစီးစီးပြသပြီး ဖိဖိစီးစီး ကုသမှုခံယူပါ။ ဆေးမြီးတို လုံးဝရှောင်ပါ။

ဆီးချိုရောဂါရှိရင် အထူးသတိထားရမှာက ခြေထောက်ပါ။ ခြေထောက်မှာ အသားမာ၊ အနာအဆာ၊ အကွဲ၊ အအက်၊ အရည်ကြည်ဖု ရှိ၊ မရှိ နေ့စဉ် စစ်ဆေးပါ။ များသောအားဖြင့် ခြေထောက်က ထုံနေတော့ ခံစားမှုနဲ့ မသိနိုင်တာမို့ မျက်စိနဲ့စစ်ဆေးခြင်းကသာ အဓိကကျပါတယ်။ ခြေဖဝါးဆိုရင် ကိုယ့်ဘာသာကိုယ် ပြန်စစ်ဖို့ အသက်ကြီးရင် မလွယ်တာမို့ မှန်ထောင်ပြီး ကြည့်ပါ။ အိမ်အတူနေတစ်ယောက်ယောက်ကို အကူအညီတောင်းပြီး စစ်ဆေးရင်လည်း ရပါတယ်။ ခြေချောင်းကြားလေးတွေကို ခြောက်သွေ့နေအောင် ထားပါ။

ဖိနပ်မပါဘဲ ခြေဗလာနဲ့ မသွားပါနဲ့။ ဖိနပ်မှာ ထိုးဝင်နေတဲ့ သံစ၊ ပုလင်းကွဲစ၊ ကျောက်ခဲချွန်လေးတွေ ရှိမရှိလည်း စစ်ပါ။ ဖိနပ်စီးရင်လည်း ဖိနပ်ဟာ အထူးသဖြင့် အလုံပိတ်ဖိနပ်ဟာ အနေတော်ဖြစ်ရပါမယ်။ မဟုတ်ရင် ဖိနပ်ပေါက်ရာက အနာကြီးသွားမှာ စိုးရိမ်ရလို့ပါ။

ခြေထောက်ကို အပူမလောင်မိအောင် မီးအပူနဲ့ ဝေးဝေးနေပါ။ ဆောင်းကာလ မီးလှုံရင်း ခြေထောက်မှာ အပူလောင်တာမျိုးပါ။ ထုံနေတဲ့ ဆီးချိုခြေထောက်ဟာ ပူမှန်းအေးမှန်း မသိတော့ အတော်ဂရုစိုက်ပေးရမှာပါ။

#ခြေသည်းလက်သည်း_ဂရုပြု

လက်သည်း၊ ခြေသည်း မှန်မှန်ညှပ်ပါ။ ရေချိုးပြီးစ ညှပ်ရင် လက်သည်းပျော့လာတာမို့ ညှပ်ရပိုလွယ်ပါတယ်။ လက်သည်းထိပ်ဘေးစောင်းကို အကွင်းလိုက်မထားဘဲ ဖြောင့်ဖြောင့်ပဲ ညှပ်ပေးပါ။ လက်သည်း၊ ခြေသည်းညှပ်ရင်း ဘေးကအသားတွေကို မထိမိပါစေနဲ့။ ခြေစွယ်ငုပ်တာ၊ လက်သည်းပန်းခုံးရောင်တာ၊ မှိုစွဲတာတွေ မဖြစ်ရအောင် အထူးဂရုစိုက်ပါ။ တစ်ချိန်လုံး ရေကိုင်နေရသူတွေ သတိထားရမှာက လက်ချောင်း၊ ခြေချောင်းကြားလေးတွေကို မှိုသတ်ပေါင်ဒါ မကြာခဏထည့်ပေးပါ။ စွတ်စိုနေတဲ့ လက်ချောင်း၊ ခြေချောင်းကြားတွေမှာ မှိုစွဲရင် လက်သည်း၊ ခြေသည်းတွေလည်း မှိုစွဲတော့မှာပါ။ အသက်ကြီးလေ ဒါမှမဟုတ် ဆီးချိုရင့်လေ လက်သည်း၊ ခြေသည်း မှိုစွဲဖို့ များလေပါ။

#ပေါ့ပေါ့ဆဆမနေကြပါနဲ့

ဘာမဟုတ်တဲ့ အနာလေးကနေ ပြဿနာတက်ပြီး နောက်ဆုံးမှာ ခြေဖြတ်၊ လက်ဖြတ်လုပ်လိုက်ရတဲ့ကိစ္စတွေဟာ အတော်ရင်နင့်စရာ ကောင်းပါတယ်။ အနာကတစ်ဆင့် ဘက်တီးရီးယားပိုးတွေ သွေးထဲရောက်ပြီး သွေးဆိပ်တက်တဲ့ အဖြစ်မျိုးတွေနဲ့ အသက်ဆုံးပါးသွားတာမျိုးလည်း ကြောက်စရာကောင်းပါတယ်။ ဒီတော့ ဆီးချိုရှိ၊ မရှိ ပုံမှန်စစ်ဆေးကြပါ။ ဆီးချိုရှိခဲ့ရင် ဆရာဝန်များနဲ့ ပြသပြီး စနစ်တကျကုပါ။ ထိန်းပါ။ စောစောကပြောခဲ့သလိုပဲ အရေပြားကို သတိထား ဂရုစိုက်ကြပါ။ မပေါ့ဆကြပါနဲ့။

#ဒေါက်တာကျော်ကျော် (အရေပြားအထူးကုဆရာဝန်ကြီး)

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုးအကြောင်း..........♥အက်စထရိုဂျင်(Estrogen)ဟော်မုန်းအမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျ...
07/12/2025

အလှပျက်စေတဲ့ ဟော်မုန်း ခြောက်မျိုးအကြောင်း..........

♥အက်စထရိုဂျင်(Estrogen)ဟော်မုန်း

အမျိုးသမီးတွေရဲ့ တင်းရင်းမှု ကိုလာဂျင်တွေကို ထုတ်ပေးတယ်၊
ဒီဟော်မုန်းလျော့တာနဲ့ အမျိုးသမီးတွေအလှတွေလျော့တာပါပဲ၊
အမျိုးသမီးကျန်းမာရေးဂရုစိုက်ပါ၊ရာသီမှန်ပါစေ။ဒီဟော်မုန်းလျော့ရင်
ရင်သားတွေတင်ပါးတွေလျော့လာတယ်၊အသားတွေပျော့တွဲလာတယ်
Soy bean အခြေခံအစားစာတိုဟူးတို့ ပဲနို့ရည်တို့သောက်၊
ပဲဘိစပ်နဲ့ထုတ်ထားတဲ့ တိုင်းရင်းဆေးလည်းသောက်လို့ရတယ်

♥Growth ဟော်မုန်း

သူကတော့သွေးထဲကဟော်မုန်း ၊သူလျော့လာရင်ကြွက်သားလျော့လာမယ် cellulite တွေဖြစ်လာမယ်၊အဆီပိုတွေဟိုတစုဒီတစုနဲ့ကြည့်ရဆိုးလာမယ်၊
ဆယ်လီတွေကတော့ဟော်မုန်းဆေးထိုးတယ်၊side effectများပေမယ့် သိသာတယ်၊ အခြားနည်းက
လမ်းလျှောက်ပါလေ့ကျင့်ခန်းလုပ်ပါချွေးထုတ်ခန်းဝင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥DEHA

အသက်30ထိပဲကောင်းကောင်းထုတ်ပေးတဲ့ဟော်မုန်းပေါ့
အသက်30ကျော်တာနဲ့အမျိုးသမီးတွေ စပြီးကျတာ သူလျော့နည်းသွားလို့ပဲ၊ အာရုံကြောတွေလည်းလျော့တတ်တယ်
အဆီစားပါ၊ အခွံမာသီးစားပါ၊ထောပတ်သီးစားပါ၊fatty fish စားပါ၊
ပရိုတင်း ကိုမနက်စာမှာအသင့်တင့်ထည့်စားပါ၊

♥Melatonine

အိပ်တဲ့ချိန်မှာထွက်တဲ့ဟော်မုန်း၊35နှစ်လောက်ဆိုလျော့တတ်တယ်၊
ဒီဟော်မုန်းလျော့ရင် ဆံပင်ကျွတ်တယ်၊တင်းတိပ်၊မှဲ့ခြောက်ထွက်တယ်၊

ငှက်ပျောသီး ခရမ်းချဉ်သီး၊ဆန်၊ပြောင်း၊ဒါတွေစားပေးပါ
အရက် ၊ဆေးလိပ်၊ ကဖိန်း သိပ်များရင်လည်းဖြစ်တတ်တယ်
ရှောင်ပါ၊အိပ်ရေးဝအောင်အိပ်ပါ၊

♥Cortisol

Stress ဟော်မုန်း ၊သူမညီမျှရင်အသားရည်ခြောက်တယ်၊အရွယ်ကျတယ်၊အရေးကြောင်းတွေပေါ်တယ်၊ဝက်ခြံထွက်တယ်အခေါက်ထူတယ်

ရေသောက်ပါ၊စိတ်အေးချမ်းအောင်တွေးပါ၊သီချင်းနားထောင်ပါ၊stress လျော့ပါ၊

♥Insulin

သွေးထဲကသကြားဓာတ် သူများလာရင်လည်း အရွယ်ကျမြန်တယ်
ရေဓာတ်တွေလျော့နည်းမယ်၊ကော်လာဂျင်တွေမတင်းတော့ဘူး၊
ဓာတ်တိုးပစ္စည်းတွေများလာပြီး အရေးကြောင်းတွေ၊အတွန့်တွေပေါ်လာမယ်၊
အချိုလျော့၊ဗီတာမင် E နဲ့ဗီတာမင် C ၊ရေနွေးကြမ်းသောက်ပါ။
လိုအပ်ရင်ဆရာဝန်နဲ့ဆွေးနွေးပါ။

ကျွန်တော်တို့ကဇရာကိုမလွန်ဆန်နိုင်ပေမယ့် အရွယ်နဲ့ကျန်းမာရေးကိုတော့တတ်နိုင်သလောက်ထိန်းချုပ်လို့ရပါတယ်၊

မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် 11:11 sale ကြီးကို 11.11.2025 မှ 25.11.26 ထိ 15 ရက်တိုင်တိုင် အထူးစျေးဖြင့် ...
10/11/2025

မိဘပြည်သူများကို ကျေးဇူးတုံ့ပြန်သောအနေဖြင့် 11:11 sale ကြီးကို

11.11.2025 မှ 25.11.26 ထိ 15 ရက်တိုင်တိုင် အထူးစျေးဖြင့် ရောင်း ချ ပေးသွားပါမည် ဖြစ်သောကြောင့် ဝယ် ယူ အားပေးနိုင်ကြပါပြီ ။

ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဘေးဘယာကင်းလို့ ကျန်းမာခြင်းတွေ ဆောင်ကျဉ်းနိုင်ပါစေက...
06/10/2025

ဝါလကင်းလွတ်သီတင်းကျွတ်အချိန်အခါမှာ မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ဘေးဘယာကင်းလို့ ကျန်းမာခြင်းတွေ ဆောင်ကျဉ်းနိုင်ပါစေကြောင်း ဆေးစွမ်းမိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။



#ဆေးစွမ်းဆေးနှင့်ဆေးပစ္စည်းမျိုးစုံ

ဂုတ်နှိပ်စက် ~ 19000Computer တနေကုန်ကြည့်/phone တနေကုန်နှိပ်/ကား တနေကုန်မောင်း နေရသူများအလုပ်ပင်ပန်းပြီးညောင်းညာနေပါလားက...
30/09/2025

ဂုတ်နှိပ်စက် ~ 19000

Computer တနေကုန်ကြည့်/phone တနေကုန်နှိပ်/ကား တနေကုန်မောင်း နေရသူများ

အလုပ်ပင်ပန်းပြီးညောင်းညာနေပါလား

ကိုယ့်ဘာကိုယ်အိမ်မှာတစ်ကိုယ်လုံးနှိပ်လို့ရမယ့်4D အနှိပ်စက်လေးသာ ဆောင်ထားလိုက်

အနင်းအနှိပ် မလွတ်သူ ဖိုးဖွားမိဘ တွေကို ကန်တော့လည်း အကြိုက်တွေ့မှာ နော်

လျှပ်စစ်ကြိုးပါ ပလပ်ပေါက်ထိုး သုံးရုံပဲနော်

နှိပ်ထုနည်းလေးများ စုံနေတာပဲ

နှိပ်ထု အတိုးအလျော့ ကလည်း ပါသေး

ညောင်းညာ တတ်သူဆို ဒါတစ်ခု တော့ ဆောင်ထားသင့်ပါတယ်။

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Sayy Swan - Health & Wellness Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share