S.K.B Online Emporium

S.K.B Online Emporium Shop online for Family shoes, clothing, bags, watches, accessories etc. and make online shopping fo

"S.K.B Online Shopping" သည် 2015 ခုနှစ် June လ ( 29) ရက်နေ့မှ စတင်ကာ USA, Japan, Korea, Singapore, Thailand , Europe Countries အစရှိသော နိုင်ငံများမှ ထုတ်လုပ်သော အမျိုးသား၊ အမျိုးသမီးဝတ် အ၀တ်အထည်များ၊ အသုံးအဆောင်ပစ္စည်းများ၊ Branded အိတ်များ၊ နာရီများ ၊ အလှကုန်များ ၊ skin care အမျိုးမျိုး နှင့် အခြား အခြားသော လှပဆန်းသစ်သော ပစ္စည်းများကို မှာယူ တင်သွင်း ရောင်းချပေးနေသော Online Shopping တစ်ခု

ဖြစ်ပါသည်။


- Terms & Conditions -


1. "S.K.B Online Shopping မှ ကြိုက်နှစ်သက်ရာ ပစ္စည်းများအား Order စတင်လက်ခံလျက်ရှိပါသည်။ ပစ္စည်းမှာယူလိုပါက ...

- ပစ္စည်း ၏ Code Number

- ပစ္စည်း ၏ Facebook Link၊ လိုချင်သော အရောင် ၊ အရွယ်အစား ၊ အရေအတွက်

- မှာယူသူ ၏ အမည်ရင်း

- ဆက်သွယ်ရန် ဖုန်းနံပါတ်

- ပစ္စည်းပေးပို့ရန် နေရပ်လိပ်စာ အပြည့်အစုံ စသည်တို့ကို Facebook တွင် Message ပို့၍ မှာယူနိုင်ပါသည်။


လက်လီ၊လက်ကား မှာယူလိုသူများနှင့် အခြားသိရှိလိုသည်များကို S.K.B ထံသို့ Facebook တွင် Messages ပေးပို့ ၍ မှာယူသိရှိလိုသော ပစ္စည်းအား စုံစမ်းနိုင်ပါသည်။

2. Customer Order မှာယူပြီးနောက်နေ့တွင် 50% စရံငွေ တစ်ဝက် ကြိုတင်ပေးချေထားရန် လိုအပ်ပြီး S.K.B မှ စရံငွေပေးသွင်းထားကြောင်း လက်မှတ် ပြန်ပေးမည်ဖြစ်သည်။
ကျန်ငွေတစ်ဝက်ကို ပစ္စည်း လက်ဝယ်ရရှိသည့်အချိန်မှသာ ပေးချေရန် လိုပါသည်။ (ဖော်ပြပါ အချက်များအတိုင်း ပစ္စည်းများအတွက် စရံငွေကြိုပေးထားချင်းမရှိပါက အော်ဒါ Confirm ဖြစ်မည်မဟုတ်ပါ)


3. Online Shopping ဖြစ်သည့်အတွက် ပစ္စည်း၏ အရောင်၊ အချိုးအစား စသည့်အချက်များသည် လက်တွေ့နှင့် အနည်းငယ် ကွဲပြားခြားနားမှုများလဲ ရှိကောင်း ရှိနိုင်ပါသည်။
ထို့ကြောင့် မိမိကျေနပ်မှသာ စိတ်ကြိုက် ကြည့်ရှုမေးမြန်း၍ Order မှာယူနိုင်ပါသည်။


4. စိတ်ကြိုက်မှာယူထားပြီးသော ပစ္စည်းများအား မှာယူထားပြီး ၂၄ နာရီအတွင်းသာ Order ပြန်လည်ပျယ်ဖျက်နိုင်ပါသည်။
(၂၄ ) နာရီ ကျော်လွန်သွားပါ ပြန်လည်လဲလှယ်ခွင့် ၊ ပြန်လည်ပယ်ဖျက်ခွင့် မရှိပါ။
( အဘယ်ကြောင့်ဆိုသော် Customer ထံမှ Order အား အတည်ပြုမှာကြားလိုက်သည်နှင့် S.K.B အနေဖြင့် ထို ပစ္စည်းအား တစ်ဖက်ရောင်းချသူများထံတွင် ကြိုတင်ငွေ ပေးချေ၍ ရန်ကုန်သို့ ပို့ဆောင်ခများအပါအ၀င် အားလုံးရှင်းပြီး ၀ယ်ထားရသောကြောင့် ဖြစ်ပါသည်။ နားလည်ပေးစေလိုပါသည်။ )

5. ရန်ကုန်သို့ ပစ္စည်းရောက်ရှိသည့်နေ့မှစ၍ ( ၃ ) ရက်အတွင်း မှာထားသော ပစ္စည်းများအား စတင်ပို့ဆောင်ပေးမည်ဖြစ်ပါတယ်။
S.K.B Online Shopping မှ မှာယူသော Order များအတွက် ကျသင့်ငွေ စုစုပေါင်း ၂၅၀၀၀ ကျပ် အထက်မှာယူသော မြို့ နယ် ( ၇) မျြိ့နယ် (ဗဟန်း ၊ ကျောက်မြောင်း ၊ တာမွေ ၊ ရွှေဂုံတိုင် ၊ ကမာရွတ် ၊ ကြည့်မြင်တိုင် ၊ အလုံ ၊ အတွင်း နေထိုင်သူများကို အခမဲ့ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။

၂၅၀၀၀ ကျပ်အောက်ဖြစ်ပါက Downtown မြို့နယ်များအတွက်လဲ ပို့ခ ကျသင့်ငွေ ထပ်မံပေးရပါမယ်။ Downtown ပြင်ပ မြို့နယ်များမှ မှာယူသူများအတွက်ကတော့ ကျသင့်ငွေ စုစုပေါင်း ကန့်သတ်ချက်မရှိပဲ မြို့နယ်အပေါ်မှာ မူတည်ပြီးတော့သာ Delivery Charges ထပ်ပေးရမှာ ဖြစ်ပါတယ်။

၅၀၀၀၀ ကျပ် အထက်မှာယူသူများအတွက်လဲ အခမဲ့ ပို့ဆောင်ပေးတဲ့ အစီအစဉ် ရှိပါတယ်။

S.K.B Online Shopping မှ Delivery Charges များကို အားလုံးအတွက် အဆင်ပြေဆုံးဖြစ်အောင် အနည်းဆုံး နှုန်းထားများသာ ယူထားပါတယ်။
(ကိုယ်တိုင် ပစ္စည်းလာယူမည်ဆိုပါက ပို့ဆောင်ခ ပေးစရာမလိုပါ)

6. နယ်မြို့များနှင့် အခြား နိုင်ငံများမှ မှာယူသောသူငယ်ချင်းများအတွက် မိမိတို့နေထိုင်ရာ မြို့အရောက် (သို့) အိမ်အရောက်ကိုလဲ သင့်တင့်သောနှုန်းထားဖြင့် ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ (မှာယူသောပစ္စည်းအတွက် ကျသင့်ငွေနှင့် ပို့ဆောင်ခကို Order မှာယူပြီးပါက S.K.B ထံသို့ အရင်လွှဲပေးရန် လိုအပ်ပါသည်။
ဘဏ်မှလွှဲပါက ဘဏ်ဝန်ဆောင်ခကို မိတ်ဆွေတို့ဖက်မှ ရှင်းပေးရပါမည်။
ငွေလွှဲမည်ဆိုပါက S.K.B ကိုဆက်သွယ်ပြီး အမည်၊မှတ်ပုံတင်နံပါတ်၊ ဖုန်းနံပါတ်၊ Bank Account များကိုမေးမြန်းနိုင်ပါတယ်၊

မကြာခင်မှာလဲ ဘဏ်များဖြင့်ချိတ်ဆက်ပြီး Mobile Banking များ၊ Online Payment များ၊ MPU Cards, Mobile Money များဖြင့်ပေးချေမှုများကိုလဲ ရရှိအောင်ဆောင်ရွက်သွားမှာပါ။)

နယ်မြို့များအတွက် ပို့ခများကို ကားဂိတ်တွင် ပစ္စည်းယူသောအခါ ပေးချေနိုင်ပါသည်။ ပစ္စည်းအနည်းအများပေါ်မူတည်ပြီး ကားဂိတ်မှ တောင်းယူပါသည်။


7. အသေးစိတ် ထပ်မံသိရှိလိုသည်များ ရှိပါက "S.K.B Online Shopping Page" ထံ Message ပို့၍ဖြစ်စေ၊ ဖုန်း 09253098969 သို့ဆက်သွယ် မေးမြန်းနိုင်ပါသည်။


အားပေးဝယ်ယူသူများနှင့် စိတ်ဝင်တစားမေးမြန်းသူများ အားလုံးကို ကျေးဇူးတင်ပါသည်ရှင့် ။

Address

No. 70 , Natmauk Lane (1) , Bahan Township
Yangon

Alerts

Be the first to know and let us send you an email when S.K.B Online Emporium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share