04/05/2026
#ဆီးချိုရောဂါရှိသူများဘယ်လိုနေထိုင်သင့်ပါသလဲ
မျက်စေ့မှုန်လျှင်မျက်မှန်တပ်ရသလိုမျိုး သဘောထားလိုက်ပါ။ မျက်မှန်ချွတ်လိုက်လျှင်နကိုအတိုင်းပြန်မမြင်ပါ။ ထိုသို့သဘောထားပြီး မျက်မှန်တပ်ရသလို ဆေးနေ့တိုင်းသောက်ရပါမည်။
ဘာမှထူးခြားမသွားပဲ ပုံမှန်အတိုင်းနေပါ။
ဆီးချိုရဲ့ပုံမှန်စစ်ဆေးရန်မိမိိ မိသားစု သမားတော်ထံ၃လတခါသွားပါ။ သမားတော်ကလိုအပ်သလိုကြည့်ရှူပေးပါမည်. ကိုယ်လက်လှုပ်ရှားမှုနေ့တိုင်းလုပ်ပါ၊ အစားအသောက်ကို အချိုရည်မှလွဲ၍ ပုံမှန်စားပါ။ ဆီးချိုပုံမှန်ဖြစ်နေလျှင် အချိုအသင့်အတင့်စားပါ၊ ဆီးချိုရောဂါသည် သေချာစွာကုသလျှင် သက်တမ်းမတိုသွားပါ၊
ဆေးနှင့်ပါတ်သက်၍ မိသားစုသမားတော်နှင့်တိုင်ပင်ပါ။ ဆီးချိုရှိလျှင်စိတ်ညစ်စရာမလိုပါ၊