Your MedBox Ymb

Your MedBox Ymb အ​ကောင်းမွန်ဆုံးကျန်းမာ​ရေးဗဟုသုတများနှင့်၊စစ်မှန်အကျိုးများတဲ့​ဆေးများကို တင်ပြ​ပံ့ပိုးပေးပါမယ်

30/08/2026

လူတိုင်းအတွက်မရှိမဖြစ်လိုအပ်​သော​လေး​တွေပါ🥰😊။
Authentic 💯💯





က​လေး​တွေ  အချို/ သကြားဓါတ်များများ (အချိုရည်ဘူး၊ကိတ်မုန့်၊ဘာဂါ၊အာလူး​ကြော်ထမင်းများများစားခြင်းစတဲ့ အစားအစာများပါဝင်သ​ပ...
28/08/2026

က​လေး​တွေ အချို/ သကြားဓါတ်များများ (အချိုရည်ဘူး၊ကိတ်မုန့်၊ဘာဂါ၊အာလူး​ကြော်ထမင်းများများစားခြင်းစတဲ့ အစားအစာများပါဝင်သ​ပေါ့) စားလျှင် ဘာဖြစ်မလဲ ....သိရ​အောင် ... Let's go👉🧍‍♀️🧍‍♂️

အာဟာရ​တွေထဲမှာ အချို(သကြားဓါတ်-(glucose)ဂလူးကို့စ်၊(Sucrose)
စူးခရိုစ့်၊(Fructose)ဖရက်တို့စ် စသဖြင့်
စားလိုက်တဲ့အခါ ကလေး​တွေရဲ့(၂နှစ်အထက်က​လေး​တွေအတွက် ရည်ရွယ်ပါတယ်)ခန္ဓာကိုယ်ထဲမှာ ချက်ချင်းနှင့် အဆင့်လိုက် ဒီလိုပြောင်းလဲမှု​လေးတွေ ဖြစ်​ပေါ်လာပါတယ်။
{ သကြားလို့ဆိုလိုက်လျှင် သကြားအဖြူပဲမမြင်ကြပါနှင့်။သကြား/အချိုဓါတ်ထဲမှာ ထမင်းက' စ ' လို့ အချိုရည်ဘူး၊ဘာဂါ၊ပီဇာ၊အာလူးအကြွပ်​ကြော်၊ဆီ​ကြော်မုန့်များ၊​ပေါင်မုန့်ကိတ်မုန့်အနုအလှ​လေးများ၊ဘာဘယ်တီးများ၊သကြားလုံး၊​ချောကလက် စသဖြင့်
က​လေးတို့အကြိုက် အစုံအလင်ပါဝင်ပါတယ်​နော့်။ }
🍭 ၁။ ပါးစပ် → အစာအိမ် → အူလမ်းကြောင်း
သကြား၊ အချိုရည်၊ မုန့်အချို ၊ထမင်းများများ စတာ​တွေထဲက (carbohydrate)ကစီဓါတ်တွေဟာ အစာခြေလမ်းကြောင်းကနေ glucose ဂလူးကို့စ်လို သေးငယ်တဲ့ သကြားမော်လီကျူး(sugar molecules )တွေအဖြစ် ပြိုကွဲသွားပြီး အူသိမ်ထဲကနေမှ သွေးထဲ
သို့ စုပ်ယူခြင်းခံရပါတယ်။
[🥤 အချိုရည် က အရည်ဖြစ်ပြီး စုပ်ယူရလွယ်ကူတဲ့အတွက် သွေးထဲသို့သကြားဓါတ် မြန်မြန်တက်နိုင်ပါတယ်။]
🩸 ၂။ သွေးထဲမှာ သကြားဓါတ်(Blood glucose) တက်လာပါတယ်။
အစာစားပြီးနောက်—
Sugar / carbohydrate → Digestion → Glucose → Bloodstream
ဖြစ်ပြီး သွေးတွင်း glucose ပမာဏ
တက်လာပါတယ်။
ဒါက ပုံမှန်ဖြစ်စဥ်( physiological response) တခုပါ။
🧪 ၃။ (Pancreas )ပန်ကရိယဆိုတဲ့ ကိုယ်တွင်းအင်္ဂါတခုမှ (Insulin ) အင်ဆူလင်
​ဟော်မုန်း ထုတ်​ပေးပါတယ်။သွေးတွင်း glucose တက်လာတာကို ခန္ဓာကိုယ်က တုံ့ပြန်ပြီး—
Pancreas → Insulin secretion
ဖြစ်လာတာပါ။
Insulin ရဲ့အဓိကအလုပ်က—
🔑 Glucose ကို ဆဲလ်တွင်းဝင်ရောက်နိုင်အောင် ကူညီပေးခြင်းဖြင့် ​သွေးတွင်းဂလူးကို့စ် ကို ကျဆင်း​စေခြင်း ဖြစ်ပါတယ်။ဒီဖြစ်စဥ်က သကြားဓါတ်ကို ပုံမှန် စား​သောက်​နေတဲ့က​လေး​တွေမှာ ဖြစ်​လေ့ရှိတာပါ။သို့​သော် သကြားဓါတ်(ဂလူးကို့စ်)ကို လွန်ကဲစွာ စားသုံး​/ကျွေး​မွေး​နေမိပါက ကိုယ်ထဲမှ insulin ကို အများကြီး ထုတ်သာထုတ်​ပေး​နေရတယ်။အရင်လို အလုပ်​ကောင်း​ကောင်းမလုပ်နိုင်​တော့ဘဲ insulin resistance လို့​ခေါ်တဲ့ အင်ဆူလင်ကို ကိုယ်ခန္ဓာဆဲလ်​တွေမတုံ့ပြန်​တော့ခြင်းဖြစ်လာပြီး ​ဆဲလ်​တွေထဲ
ဂလူးကို့စ်မဝင်နိုင်ဘဲ သွေးထဲတွင် သကြားဓါတ်​တွေပုံ​နေတဲ့ အမျိုးအစား(၂) ​သွေးချိုဆီးချို​ရောဂါ ​စော၍ဖြစ်လာ​စေပါတယ်။
⚡ ၄။ အမှန်က Glucose က ကိုယ်တွင်း စွမ်းအင်တခု ဖြစ်ပါတယ်။(သုံးတတ်လျှင်​ဆေးပါ)
Glucose က—
🧠 ဦးနှောက်
💪 ကြွက်သား
❤️ နှလုံး
🫁 အခြားဆဲလ်များ
အတွက် စွမ်းအင်ရင်းမြစ်အဖြစ် အသုံးပြုရပါတယ်။ဒါ​ကြောင့်က​လေး​တွေ ကစား၊လှုပ်ရှား၊မှတ်သားဖို့အတွက် ဂလူးကို့စ်မှ စွမ်းအင် အမှန် လိုအပ်ပါတယ်။
(Glucose = ခန္ဓာကိုယ်၏ အဓိကလျင်မြန်သော စွမ်းအင်အရင်းအမြစ်တခု)
🏦 ၅။ ကလေးက ချက်ချင်းမသုံးနိုင်တဲ့ ပိုနေတဲ့ Glucose အချို့ကို ​နောင်လိုအပ်ချိန်ပြန်ထုတ်သုံးဖို့ Glycogen အဖြစ် သိုလှောင်​ပေးပြန်ပါတယ်။
Glycogen ကို အသည်းနှင့် ကြွက်သား
တို့တွင် သိုလှောင်ပါတယ်။
Glycogen က ခန္ဓာကိုယ်ရဲ့ အရေးပေါ် glucose သိုလှောင်ရုံ လိုမျိုးထားတာပါ။
🍔 ၆။ ဒီ့ထက်ပိုစားလို့ စွမ်းအင်​တွေပိုလျှံ​နေလျှင် အဆီအဖြစ် ထပ်မံပြီး သိုလှောင်ထားပြန်ပါတယ်။
ကလေးက နေ့စဉ်—
🍭 အချိုများ
🥤 အချိုရည်များ
🍰 Cake / biscuits များ
စားပြီး စုစုပေါင်း စွမ်းအင်လိုအပ်ချက်ထက် ပိုလျှံနေပါက ခန္ဓာကိုယ်က ထိုစွမ်းအင်ပိုလျှံမှုကို အဆီအဖြစ်လည်း သိုလှောင်လိုက်ပါတယ်။
ရေရှည်မှာ—
⚠️ က​လေး ကိုယ်အလေးချိန်တိုးခြင်း၊
⚠️ (Overweight)​ ဝလာမယ်
⚠️ (Obesity) အဝလွန်လာမယ် စသဖြင့်
ဖြစ်လာနိုင်ပါတယ်။
🍭 Fructose(အသီးသကြား) များများစားလျှင် ​​ကော ဘာဖြစ်နိုင်သလဲ?
Fructose က glucose နဲ့ metabolism မတူဘဲ အဓိကအားဖြင့် အသည်းကသာ ဖြိုခွဲအသုံးပြု​ပေးခြင်း( metabolize) လုပ်ပါတယ်။ဒါ​ကြောင့် အသီးသကြားအစားများပါကလည်း အသည်းမှာ အဆီပို​တွေစု​ဆောင်း​ပေးနိုင်လို့ (fatty liver)အသည်းအဆီဖုံးခြင်းကို ဖြစ်​စေဖို့ အား​ပေးပါတယ်။အထူးသဖြင့် အသီး​ဖျော်ရည်များကပိုဖြစ်​စေတယ်​ပေါ့။
ထိုသို့ အချိုရည်နှင့် free sugar ကို အများကြီး၊ မကြာခဏစားသုံးပြီး calorie အင်အားဓါတ်များပိုလျှံနေပါက—
⚠️ အသည်းတွင် Triglycerides အဆီဆိုး
တိုးလာနိုင်ခြင်း၊
⚠️ Liver fat တိုးလာနိုင်ခြင်း
တို့နှင့် လွန်စွာ ဆက်စပ်​နေပါတယ်။
🦷 ၇။ က​လေး ပါးစပ်ထဲမှ သွားကိုလည်း ထိခိုက်စေနိုင်တယ်။
အချိုစားလိုက်တာနှင့် ပါးစပ်ထဲရှိ bacteria တွေက သကြားကို အသုံးပြုပြီး—
Sugar → Bacteria → Acid
ကို ထုတ်ပါတယ်။
Acid က သွားရဲ့( enamel) ​ကြွေလွှာအဖြူကို တဖြည်းဖြည်း ပျက်စီးစေနိုင်ပြီး—
🦷 သွားပိုးစားခြင်း
🦷 သွားနာခြင်းတို့ ဖြစ်လာနိုင်ပါတယ်။
အထူးသဖြင့် အချိုကို တနေ့လုံး နည်းနည်းစီ မကြာခဏစားခြင်းက ပြဿနာပိုဖြစ်စေနိုင်ပါတယ်။
🧠 “Sugar rush” ဖြစ်သလား?
အချိုရည်သောက်ပြီးနောက်—
“ကလေး အရမ်းလှုပ်ရှားလာတယ်၊ energy အရမ်းများလာတယ်”
လို့ မိဘတွေ မြင်တတ်ပါတယ်။
သကြားစားခြင်းက သွေးတွင်း glucose ကို တက်စေပြီး ​နိုးကြားမှု ​ဟော်မုန်း (dopamine) ကိုထွက်​လာ​စေလို့ ခေတ္တခဏ ကလေးကို active ဖြစ်လာ​စေတာပါ။ junk food ​တွေစားခြင်းသည်သကြားဓါတ်အတက်မြန် အကျမြန်လို့ အချိန်အနည်းငယ်အတွင်းမှာပင် တက်ကြွ​စေပြီး​နောက်ပိုင်း ထိုင်းမှိုင်းမှုကို ပိုဖြစ်​လာစေပါတယ်။
​နောက်တခုက ​သကြားဓါတ် (junk food,processed food, sugary drink
စသဖြင့် အာဟာရတန်ဖိုးနည်း သ​ရေစာများ)များများ​ကျွေးမိ​နေပါက ​သွေးတွင်းသကြားဓါတ်အမြဲလို များ​နေပါသဖြင့်
က​လေးကိုယ်ခန္ဓာမှာ ( inflammation ) ရောင်ရမ်းခြင်း​တွေအမြဲရှိ​နေပြီး ကိုယ်ခံအားကျ​စေခြင်း၊​သွေး​ကြော​တွေမာ​ကြော​စေပြီးနှလုံး​သွေး​ကြော​ရောဂါ​တွေ​စောဖြစ်လာခြင်း၊ကင်ဆာ​ရောဂါကိုအား​ပေးခြင်းစတဲ့
အ​ခြေအ​နေ​တွေကိုလည်း ဖြစ်လာ​စေနိုင်တယ်တဲ့။
ဒီလို​တွေ ​ပြောပြ​နေလို့ အချိုကို တခါစားလိုက်တာနှင့် က​လေးကို အန္တရာယ်ဖြစ်​စေတာ​တော့ မဟုတ်ပါဘူး။
စားသင့်တဲ့ပမာဏ​တော့​ကျွေးကြရပါမယ်။စား​နေကျထဲက ဥပမာ​ပေးရလျှင်
က​လေး ထမင်းပန်းကန်ထဲတွင် ထမင်း(ဂလူးကို့စ်) - ၁/၄၊အရွက်-၂/၄၊အသား/ငါး/ပဲ /ဥ အမျိုးမျိုး -၁/၄ ​ကျွေးနိုင်ပါကအ​ကောင်းဆုံးပါ။
က​လေး၁​ယောက် ​နေ့စဥ် စားသုံးနိုင်တဲ့ သကြားပမာဏသည်အသက်အရွယ်အလိုက် လက်ဘက်ရည်ဇွန်း ၃ဇွန်းမှ ၆ဇွန်းထက်မပို​စေသင့်ပါဘူးတဲ့( 12 to 25g /day with age ).
အချိုရည်ဘူးလတ် ၁ပတ်လျှင် ၁ဘူးသာ ​သောက်သုံးသင့်ပါတယ်တဲ့။
ကြီးထွားဖွံ့ဖြိုးချိန်မို့ စားသင့်/​ကျွေးသင့်တဲ့ပမာဏ​တော့​ကျွေးကြရမှာပါ။အဓိကက အချိုရည်၊အာလူး​ကြော်၊ဘာဂါ၊ပီဇာစသည့် Junk food ​တွေ မ​ကျွေးသင့်/ချင့်ချိန်ကြဖို့ပါ။ သကြားအချိုနှင့် အချိုရည်ကို ပမာဏများစွာ၊ မကြာခဏ၊ နေ့စဉ်စားသုံးနေခြင်းကသာ က​လေး ကျန်းမာ​ရေးကိုအဓိက ထိခိုက်​စေမှာဖြစ်လို့ အိမ်မှာ မိဘ/အုပ်ထိန်းသူ​တွေလည်း junk food ​တွေ
မ​သောက်ပြ/မစားပြကြပါနှင့်။​
ရေခဲ​သေတ္တာထဲ အပြည့်ဝယ်ဖြည့်မထားကြပါနှင့်ဗျို့။က​လေးဆိုတာ မိဘ မလုပ်မှသာ သူတို့​လေး​တွေ လိုက်မလုပ်ကြတာမို့ပါ။🚨🚨သကြား အန္တရာယ် အထူးသတိထားဂရုစိုက် ​ကျွေး​မွေးပေးကြပါစို့ 🥰😊။





👶 အာဟာရချို့တဲ့​နေ​သောကလေးငယ်​လေးများကို အချိန်မီ ​ဆေးကုသမှုခံယူနိုင်ဖို့ ကူညီ​ပေးနိုင်ရန် ဗဟုသုတ အလို့ငှာ စာစုက​လေး တခု...
27/08/2026

👶 အာဟာရချို့တဲ့​နေ​သောကလေးငယ်​လေးများကို အချိန်မီ ​ဆေးကုသမှုခံယူနိုင်ဖို့ ကူညီ​ပေးနိုင်ရန် ဗဟုသုတ အလို့ငှာ စာစုက​လေး တခု တင်ပြပါရ​စေ။
ကလေးတယောက်(အထူးသဖြင့် ၆လ မှ ၅ နှစ်အတွင်းက​လေး) အလွန်ပိန်နေတယ်၊ လက်မောင်း​လေးသေးနေတယ်၊ ခြေထောက်တွေဖောင်းနေတယ်ဆိုလျှင် “အစားနည်းလို့ပဲ” လို့ မယူဆသင့်ပါဘူး။

Severe Acute Malnutrition (SAM) "ပြင်းထန်​သောလတ်တ​လောအာဟာရချို့တဲ့ခြင်း" ဖြစ်နေနိုင်ပြီး အချို့ကလေးတွေမှာ အသက်အန္တရာယ်ရှိတဲ့ ​နောက်ဆက်တွဲ​ရောဂါများပါ အတူတွဲ၍
ရှိနေနိုင်ပါတယ်။
စောစောရှာ​တွေ့ → အ​သေအချာစစ်​ဆေး → အန္တရာယ်ရှိသူခွဲခြား → ရှေးဦးပြုစု → လိုအပ်လျှင် ချက်ချင်းလွှဲ»လုပ်​ပေးခြင်းဖြင့်
က​လေးတို့ဘဝကို ကူညီနိုင်မှာဖြစ်ပါတယ်။
အထူးသဖြင့် အသက် ၆လ–၅နှစ်အတွင်း ကလေးတွေမှာ—
- အလွန်ပိန်နေခြင်း၊
- လက်မောင်းအလွန်သေးနေခြင်း၊
- ကိုယ်အလေးချိန် မတက်ခြင်း/ကျဆင်းခြင်း၊
- အစာမစားနိုင်ခြင်း၊နို့မစို့နိုင်ခြင်း၊
- ဝမ်းလျှော/အန်ခြင်း၊
- မကြာခဏဖျားနာခြင်း၊
- ခြေနှစ်ဖက်ဖောင်းခြင်း၊တကိုယ်လုံး​ဖော​ရောင်​နေခြင်း၊
-မျက်စိမျက်ကြည်လွှာဖြူ​နေခြင်း၊အနာဖြစ်​နေခြင်း၊
-အ​ရေပြားတွင် အဖြူအညို​ပျောက်ကျားအကွက်များဖြစ်​နေခြင်း၊အ​ရေခွံတွေကွာသလိုဖြစ်​နေခြင်း၊
- အားနည်း​ဖျော့​တော့၊ မငိုနိုင်ငိုသံမရှိ၊ ငိုက်မျဉ်းနေခြင်းစသည်များ
ရှိ​နေလျှင် (acute malnutrition ) လတ်တ​လော အာဟာရချို့တဲ့​နေခြင်းကို သံသယ
ဖြစ် ကြည့်ရှုစစ်ဆေးသင့်ပါတယ်။
ပထမဆုံး — အန္တရာယ်ရှိ/မရှိ စစ်ပါ။
ကလေး၏ clinical condition တကိုယ်လုံးမှာ အန္တရာယ်ရှိသည့်လက္ခဏာများကို အရင်ကြည့်ပါ။

🚨 Danger signs

- က​လေး ​ရေသောက်/နို့စို့ နိုင်ခြင်းမရှိခြင်း၊
- အစားအစာတိုင်း/ရေ​သောက်တိုင်းကို အန်နေခြင်း၊
- မကြာခဏတက်ခြင်း၊
- သတိလစ်/အိပ်​နေရာမှမနိုးနိုင်ခြင်း၊
- အလွန်ငိုက်မျဉ်းနေခြင်း၊
- အသက်ရှူရခက်​နေခြင်း၊
- ​ခြေလက်​အေးစက်တကိုယ်လုံးဖြူ​ဖျော့ကာ​သွေး​ပေါင်ကျ​နေသည့်လက္ခဏာရှိခြင်း၊
- အလွန်အားနည်း​နေခြင်း စသည်များ
ရှိ​နေလျှင် အရေးပေါ်ဆေးကုသမှုရရှိနိုင်တဲ့ ကျန်းမာရေးဌာနသို့ ချက်ချင်း​စေလွှတ်​ပေးပါ/ပို့​ဆောင်​ပေးပါ။»
က​လေးကိုယ်ခန္ဓာကို ကြည့်ရှုဆန်းစစ်ပါ။
> က​လေးလက်​မောင်းအလွန်​သေးငယ်ကျုံလှီ​နေခြင်း (လက်​မောင်းပ​လွေရိုးဆိုသလိုမျိုး)
> ခြေနှစ်ဖက် ​ဖော​ရောင်ခြင်း ရှိ/မရှိ စစ်
ကြည့်ပါ။
ကလေးရဲ့ ခြေဖမိုးကို လက်မနှင့် ၃ စက္ကန့်ခန့်
ဖိထားပြီး ချိုင့်ရာကျန်မကျန်ကြည့်ပါ။ရှိ​နေပါက ​ဖော​ရောင်​နေခြင်းဖြစ်ပါတယ်။
⚠️ ​ခြေလက်ဗိုက် ​ဖော​ရောင်ခြင်းရှိ​နေလျှင် SAM ဖြစ်​နေနိုင်ပါတယ်။
ကျန်းမာရေးဌာနသို့ ပြသပေးပါ။
က​လေးကို ​တွေ့ရှိတဲ့အချိန်မှာ (ကျန်းမာ​ရေးဌာနသို့မပို့​ဆောင်မီ )ရှေးဦးသူနာပြုစုခြင်း ဘယ်လိုပြုစုမလဲ?
🚨(၁) က​လေး တကိုယ်လုံး ​အေးစက်​နေပါကအပူချိန်မကျအောင်၊ ​အေးစက်မ​နေ​အောင် ထိန်း​ပေးပါ။
- ခြောက်သွေ့တဲ့အဝတ်အစားလဲလှယ်​ပေးခြင်း၊
- စောင်ခြုံထား​ပေးခြင်း၊
(မီးအပူ/ရေနွေးပူနှင့်​တော့ တိုက်ရိုက်
အပူမပေးပါနှင့်။)
(၂) က​လေးက သတိရှိပြီး သောက်နိုင်လျှင်
သင့်လျော်တဲ့အရည်ကို အနည်းငယ်စီ
ပေးတိုက်နိုင်ပါတယ်။
(၃) နို့စို့နိုင်လျှင် မိခင်နို့ကိုဆက်တိုက်ခိုင်းပါ။
(၄) အစားမစားရတာကြာရှည်​နေပြီဟုသံသယရှိရပြီး ကလေးက သတိရှိ/မျိုချနိုင်လျှင် → အမြန်ဆုံး သကြား/ဂလူးကို့စ်ရရှိအောင် စီမံ တိုက်​ကျွေးပြီး ကျန်းမာရေးဌာနသို့ အမြန်ဆုံး ပို့​ဆောင်/လွှဲ​ပေးပါ။
အာဟာရ ချို့တဲ့သူ က​​လေး​တွေ့လျှင်
ဘာတွေကို မလုပ်သင့်ဘူးလဲ?
❌ အလွန်ပိန်နေတဲ့ကလေးကို တခါတည်း အစာ​တွေအများကြီးကျွေးခြင်း(စားပိုးနင့်လျှင်​ ​ဘေးရှိတတ်တယ်ဆိုတာမျိုး သတိချပ်ရပါမယ်)။
❌ အန်နေတဲ့ကလေးကို အရည်အများကြီး တခါတည်းတိုက်ခြင်း။
❌ (severe oedema )တကိုယ်လုံး​ဖော​ရောင်​နေတဲ့က​လေးကို အိမ်မှာပဲ စောင့်ကြည့်​နေခြင်း။
❌ “က​လေးကဖျားတာမရှိတော့ ​ရောဂါမရှိဘူး” ဟုယူဆခြင်း။
❌ အာဟာရချို့တဲ့​နေ​သောကလေးကို ကျွမ်းကျင်သူဆရာဆရာမများကိုပြသခြင်းမပြုဘဲ မုန့်​ကျွေးပြီးအိမ်ပြန်လွှတ်ခြင်း။
စသည်တို့မပြုလုပ်ကြဘဲ အ​ရေး​ပေါ်ကုသမှု​ပေးနိုင်မည့်ကျန်းမာ​ရေးငှာနသို့ပို့​ဆောင်ကုသ​ပေးဖို့အထူးလိုအပ်လှပါတယ်။ အကူအညီလိုအပ်လှပါတယ်။
❤️ အဓိကမှတ်ထားရမယ့် တခုက​တော့....
«“အာဟာရချို့တဲ့​သောကလေးကို အရင်ဆုံး ‘ဘယ်လောက်ပိန်လဲ’ ကြည့်တာအပြင်
‘အခုအန္တရာယ်ရှိ​နေလား’ ကို အရင်ကြည့်​ပေးပါ။”»လိုအပ်တဲ့ကုသမှုရ​အောင်ကူညီ​ပေးကြပါ 》 အားနည်းသူ​ဖေးကူကြပါစို့​🥰။




26/08/2026

ဆေး​လေး​တွေထပ်​ရောက်လာပြန်လို့
အား​ပေးလို့ရပါပြီ🥰။
ရန်ကုန်မြို့တွင်း (Deli free) ပို့​ဆောင်ခ အခမဲ့ ရှိ​နေပါ​သေးတယ်​နော်။






ဆေး​လေး​တွေထပ်​ရောက်လာပြန်လို့ အား​ပေးလို့ရပါပြီ🥰။ရန်ကုန်မြို့တွင်း (Deli free) ပို့​ဆောင်ခ အခမဲ့ ရှိ​နေပါ​သေးတယ်​နော်။ ...
26/08/2026

ဆေး​လေး​တွေထပ်​ရောက်လာပြန်လို့
အား​ပေးလို့ရပါပြီ🥰။
ရန်ကုန်မြို့တွင်း (Deli free) ပို့​ဆောင်ခ အခမဲ့ ရှိ​နေပါ​သေးတယ်​နော်။





🦠 ယခုတ​လော ဖြစ်​နေကြ​သော ကာလဝမ်းရောဂါ (Cholera) အ​ကြောင်း တ​စေ့တ​စောင်းကာလဝမ်းရောဂါသည် Vibrio cholerae ဟု​ခေါ်​သောဘက်တီး...
21/08/2026

🦠 ယခုတ​လော ဖြစ်​နေကြ​သော ကာလဝမ်းရောဂါ (Cholera) အ​ကြောင်း
တ​စေ့တ​စောင်း
ကာလဝမ်းရောဂါသည် Vibrio cholerae ဟု​ခေါ်​သောဘက်တီးရီးယားပိုးတခုကြောင့် ဖြစ်သော ကူးစက်ရောဂါတမျိုးဖြစ်ပြီး
မသန့်ရှင်းသောရေနှင့် အစားအစာမှတဆင့် ကူးစက်ပါသည်။
🚨 သတိထားရမည့် လက္ခဏာများ

- ရုတ်တရက် (ဆန်​ဆေး)ရေလိုဝမ်းအများကြီးသွားခြင်း၊ဝမ်းအရည်များသည်
ငါးညှီနံ့ နံခြင်း၊
- အန်ခြင်း၊
- ရေငတ်ခြင်း၊
- ပါးစပ်ခြောက်ခြင်း၊
- ဆီးနည်းလာခြင်း၊
- မျက်လုံးချိုင့်ခြင်း၊
- အားနည်းခြင်း၊ မူးဝေခြင်း စသည်တို့ဖြစ်ပါတယ်။
⚠️ ကာလဝမ်းပိုးသည် ကူးစက်ခံရသူများ အထူးသဖြင့် ကလေးငယ်များ၊ သက်ကြီးပိုင်းများတွင် ရေဓာတ်ခန်း​ခြောက်ခြင်း
အလွန့်အလွန် လျင်မြန်စွာဖြစ်​စေနိုင်သောကြောင့် အချိန်တိုအတွင်းအရေးပေါ်
ကုသမှုလိုအပ်နိုင်ပါသည်။သို့​ကြောင့် အထူးဂရုစိုက် ကုသ​ပေးကြရပါတယ်။

➡️ဝမ်းလျှောလျှင် ဘာလုပ်ကြမလဲ?
ORS (ဓာတ်ဆားရည်) ကို ချက်ချင်းတိုက်/သောက်ပါ။
အန်နေပါကလည်း နည်းနည်းစီ၊ မကြာခဏ (နား၍ )တိုက်ပေးပါ။
❗ ဝမ်းအများကြီးသွားခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ မသောက်နိုင်ခြင်း သို့မဟုတ် ရေဓာတ်ခန်း​ခြောက်ခြင်း(မျက်တွင်းချိုင့်/​ဟောက်ပက်၊ ဆီးအလွန်နည်း
စသဖြင့်)လက္ခဏာများရှိပါက နီးစပ်ရာဆေးရုံ/​ဆေးခန်း/ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားပါ။

🛡️ ကာကွယ်ရန်
✅ စိတ်ချရသော သန့်ရှင်းသည့်ရေကို သောက်ပါ။(safe water)
✅ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း(ဆီးသွား/ဝမ်းသွားပြီးတိုင်း) ဆပ်ပြာနှင့်​ရေဖြင့် စနစ်တကျလက်ဆေးပါ။
✅ အစားအစာများကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားပါ။
✅ မသန့်ရှင်းသော ​ရေ၊ရေခဲနှင့် အစိမ်းစားရ​သောအစားအစာများ(အထူးသဖြင့် ပြင်ပအစာများ)ကို ရှောင်ပါ။
✅ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။ ယင်နားစာများကိုလည်း
မစားမိကြဖို့ ဂရုစိုက်ကြပါ။
✅ ဝမ်းလျှောနေသူ၏ မစင်၊ အန်ဖတ်များကို စနစ်တကျ(တခါသုံးလက်အိတ်များသုံးခြင်းစသည်)ရှင်းလင်းပါ။ပြုစုပြီး လက်ကို ​ရေနှင့်ဆပ်ပြာဖြင့် ​ဆေးပါ။

💚 ကာလဝမ်းရောဂါသည် အချိန်မီကုသမှုနှင့် ရေဓာတ်မှန်ကန်စွာဖြည့်တင်းခြင်းဖြင့် အသက်အန္တရာယ်ကို လျှော့ချနိုင်သော ရောဂါဖြစ်ပါသည်။
အသက်​သေဆုံးသည်အထိဖြစ်နိုင်သဖြင့်ကာလဝမ်း​ရောဂါမှစလို့ ဝမ်းပျက်ဝမ်း​လျှောဖြစ်ခြင်းကို ပေါ့ပေါ့ဆဆ မထားကြပါနှင့်။
ဝမ်းအရည်သွားသည်နှင့် ဓါတ်ဆားကို စတင်တိုက်ပါ/​သောက်ပါ — အန္တရာယ်ရှိ​သောလက္ခဏာများရှိလာပါက ဆေးရုံသို့ အမြန်ဆုံးသွား​ရောက်ပြသ ကုသမှုခံယူကြပါ။




#ကာလဝမ်းရောဂါ


🦠 ယခုတ​လော ဖြစ်​နေကြ​သော ကာလဝမ်းရောဂါ (Cholera) အ​ကြောင်း တ​စေ့တ​စောင်းကာလဝမ်းရောဂါသည် Vibrio cholerae ဟု​ခေါ်​သောဘက်တီး...
21/08/2026

🦠 ယခုတ​လော ဖြစ်​နေကြ​သော ကာလဝမ်းရောဂါ (Cholera) အ​ကြောင်း
တ​စေ့တ​စောင်း
ကာလဝမ်းရောဂါသည် Vibrio cholerae ဟု​ခေါ်​သောဘက်တီးရီးယားပိုးတခုကြောင့် ဖြစ်သော ကူးစက်ရောဂါတမျိုးဖြစ်ပြီး
မသန့်ရှင်းသောရေနှင့် အစားအစာမှတဆင့် ကူးစက်ပါသည်။
🚨 သတိထားရမည့် လက္ခဏာများ

- ရုတ်တရက် (ဆန်​ဆေး)ရေလိုဝမ်းအများကြီးသွားခြင်း၊ဝမ်းအရည်များသည်
ငါးညှီနံ့ နံခြင်း၊
- အန်ခြင်း၊
- ရေငတ်ခြင်း၊
- ပါးစပ်ခြောက်ခြင်း၊
- ဆီးနည်းလာခြင်း၊
- မျက်လုံးချိုင့်ခြင်း၊
- အားနည်းခြင်း၊
မူးဝေခြင်း စသည်တို့ဖြစ်ပါတယ်။

⚠️ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများတွင် ရေဓာတ်ခန်း​ခြောက်ခြင်းအလွန် လျင်မြန်စွာဖြစ်နိုင်သောကြောင့် အချိန်တိုအတွင်းအရေးပေါ်ကုသမှုလိုအပ်နိုင်ပါသည်။သို့​ကြောင့် ပိုမို၍ ဂရုစိုက်ကြရပါမယ်။
➡️ဝမ်းလျှောလျှင် ဘာလုပ်ကြမလဲ?

ORS (ဓာတ်ဆားရည်) ကို ချက်ချင်းတိုက်/သောက်ပါ။
အန်နေပါကလည်း နည်းနည်းစီ၊ မကြာခဏ (နား၍ )တိုက်ပေးပါ။
❗ ဝမ်းအများကြီးသွားခြင်း၊ အလွန်အမင်းအားနည်းခြင်း၊ မသောက်နိုင်ခြင်း သို့မဟုတ် ရေဓာတ်ခန်း​ခြောက်ခြင်းလက္ခဏာများရှိပါက နီးစပ်ရာဆေးရုံ/​ဆေးခန်း/ကျန်းမာရေးဌာနများသို့ အမြန်ဆုံးသွားပါ။

🛡️ ကာကွယ်ရန်

✅ စိတ်ချရသော သန့်ရှင်းသည့်ရေကို သောက်ပါ။(safe water)
✅ အစာမစားမီနှင့် အိမ်သာအသုံးပြုပြီးတိုင်း(ဆီးသွား/ဝမ်းသွားပြီးတိုင်း) ဆပ်ပြာနှင့်​ရေဖြင့် စနစ်တကျလက်ဆေးပါ။
✅ အစားအစာများကို ကျက်အောင်ချက်ပြီး ပူပူနွေးနွေးစားပါ။
✅ မသန့်ရှင်းသော ​ရေ၊ရေခဲနှင့် အစိမ်းစားရ​သောအစားအစာများကို ရှောင်ပါ။
✅ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။ယင်နားစာများကိုလည်း
မစားကြပါနှင့်။
✅ ဝမ်းလျှောနေသူ၏ မစင်၊ အန်ဖတ်များကို စနစ်တကျ(တခါသုံးလက်အိတ်များသုံးခြင်းစသည်)ရှင်းလင်းပါ။ပြုစုပြီး လက်ကို ​ရေနှင့်ဆပ်ပြာဖြင့် ​ဆေးပါ။

💚 ကာလဝမ်းရောဂါသည် အချိန်မီကုသမှုနှင့် ရေဓာတ်မှန်ကန်စွာဖြည့်တင်းခြင်းဖြင့် အသက်အန္တရာယ်ကို လျှော့ချနိုင်သော ရောဂါဖြစ်ပါသည်။
ဝမ်းလျှောခြင်းကို ပေါ့ပေါ့ဆဆ မထားကြပါနှင့်။
ဝမ်းအရည်သွားသည်နှင့် ဓါတ်ဆားကို စတင်တိုက်ပါ — အန္တရာယ်ရှိ​သောလက္ခဏာများရှိလာပါက ဆေးရုံသို့ အမြန်ဆုံးသွား​ရောက်ပြသကုသမှုခံယူပါ။
ဝမ်းသွားလျှင် ပြုလုပ်​ပေးသင့်တာ​လေး​တွေလည်း ထပ်မံ ရှယ်​ပေးလိုက်ပါတယ်။



#ကာလဝမ်းရောဂါ

💩 ယခုရက်ပိုင်း ဝမ်းပျက်ဝမ်း​လျှော ​ရောဂါများဖြစ်ပွား​နေကြတာ​တွေ့​နေရတာမို့ ဝမ်း​လျှော​စေတဲ့အ​ကြောင်းရင်း​တွေထဲကမှ
ဝမ်းပျက်ပိုး​ကြောင့် ဝမ်းပျက်ဝမ်း​လျှော ဘာလို့ဖြစ်တာလဲ?
ဘယ်လိုကာကွယ်ကြမလဲ? ဒီ ၂ခုက စိတ်ဝင်စားစရာ​ကောင်းပါတယ်🤔😊
"ဝမ်းပျက်တယ်" ဆိုသည်မှာ တ​နေ့တာ ၂၄နာရီအတွင်း ဝမ်းအ​ပျော့/ဝမ်းအရည်များ ၃ကြိမ်ထက်​ကျော်လွန်ပြီး ဝမ်းသွား​နေခြင်းဖြစ်ပါတယ်။
ဖြစ်ပွားပုံမှာ.....
ဝမ်းပျက်​စေ​သောပိုးရှိသော
-သောက်ရေ
-အစားအသောက်
-ရေခဲ
-လက်မသန့်ခြင်း
-ယင်နားသောအစာ(ယင်​ကောင်က ဝမ်းပျက်ပိုးရှိ​သောမစင်​ပေါ်ကိုနားမယ်၊ပြီးလျှင်အစားအစာ​​တွေပေါ်လာနားစဥ် သူ့​ခြေ​ထောက်​တွေမှ ဝမ်းပိုး​တွေက အစားအစာ​တွေဆီမှာကျန်ခဲ့ပြီး ၎င်းယင်နားစာကိုစားမိပါက ဝမ်းပျက်ကြခြင်းဖြစ်ပါတယ်)။
တို့မှတဆင့် ကူးစက်ပါတယ်။
(Incubation period)ရောဂါပျိုးချိန်
ဝမ်းပျက်ပိုးဝင်ပြီး နာရီပိုင်းအတွင်းမှ
၅ ရက်အတွင်း လက္ခဏာပြပါတယ်။
(အများဆုံး ၂–၃ ရက်အတွင်း)
➡️ဝမ်းပျက်ရခြင်းအကြောင်းရင်းများ
(Virus) ဗိုင်းရပ်စ်ပိုးများ
Rotavirus
Norovirus
(Bacteria) ဘက်တီးရီးယားပိုးများ
Cholera
Escherichia coli
Salmonella
Shigella
Campylobacter jejuni
(Parasite)ကပ်ပါး​ကောင်များ
Giardia lamblia
Entamoeba histolytica

⏩️ဝမ်းပျက်ဝမ်း​လျှောဖြစ်လာပါက ​ရောဂါပိုး​ကြောင့် အသက်ဆုံးရသည်ထက် ​ရေဓါတ်ခမ်း​ခြောက်မှု​ကြောင့်ဖြစ်ခြင်းက ပိုများပါတယ်။ဝမ်း အဆက်မပြတ် သွားပြီးလျှင်" Dehydration" လို့​ခေါ်တဲ့ ​"ရေဓါတ်ခန်း​ခြောက်မှု" ဖြစ်လာတာကို အဓိကအ​ရေး
တကြီးကုသ​ပေးကြရမှာပါ။ဒီစာစု​လေးမှာ ​ရေဓါတ်ဖြည့်​ပေးခြင်းကိုပဲ အဓိကထားပြီး ​ပြောပြပါရ​စေ။
Dehydration ​ရေဓါတ်ခန်း​ခြောက်ခြင်းလက္ခဏာများ.....
အပျော့စားလက္ခဏာ
-ရေဆာ
-ပါးစပ်ခြောက်
အလယ်အလတ် လက္ခဏာ
-မျက်လုံးချိုင့်
-ဆီးနည်း
-Skin turgor အ​ရေပြားရှုံ့တွဲ ကျ​နေခြင်း
ပြင်းထန် လက္ခဏာ
-သွေးပေါင်ကျခြင်း၊
-နှလုံးခုန်နှုန်းမြန်ခြင်း၊
-Shock​သွေးလန့်ခြင်း၊
-သတိလစ်ခြင်း စသည်ဖြင့် ​တွေ့ရပါတယ်။
⚠️ဒါ​ကြောင့် ဝမ်းပျက်ဝမ်း​လျှောဖြစ်ပြီဆိုတာနှင့် "ဓါတ်ဆား" ကို အရင်ဆုံး သတိရပါ။
WHO ORS အထုပ်ကြီး (၁ ထုပ်)+
သန့်ရှင်းသော ရေ ၁ လီတာ (1 Litre ) ထဲသို့ ထည့်ဖျော်ပါ။​ဖျော်ချိန်ကိုမှတ်သားပါ။၂၄နာရီ​ကျော်လျှင်သွန်ပစ်ရမှာမို့ပါ။
‼️သတိပြုရန်မှာ
အထုပ်ကို တဝက်၊ လေးပုံတစ်ပုံ ခွဲမဖျော်ကြပါနှင့်။သီးစုံဓါတ်ဆားအထုပ်​တွေသုံး၍မရပါ။ရေ ၁ လီတာထက် ပိုနည်း သို့မဟုတ် ပိုများပြီးလည်း ထည့်​ဖျော်၍မရပါ။
သကြား၊ ဆား၊ နို့၊ ဖျော်ရည် စသည့် အခြားအရာများထဲ ​ရောမထည့်ပါနှင့်။
ည​ရေးညတာ ဓါတ်ဆားထုပ်အဆင်သင့်မရှိခဲ့ပါက အိမ်ရှိ သကြား လက်ဘက်ရည်ဇွန်း ၆ဇွန်း(6tsp)+အိမ်သုံးဆား လက်ဘက်ရည်ဇွန်းတဝက် (1/2 tsp)+​ရေ ၁လီတာဘူးနှင့်ဖျော်စပ်​သောက်သုံးထားလို့ရပါတယ်။
၂၄နာရီ​ကျော်သွား၍ ဓါတ်ဆားမကုန်လျှင် သွန်ပစ်ပါ။(ဒီ​ဖျော်နည်းသည် ယာယီ​သောက်ရန်သာဖြစ်ပါတယ်။ WHO ကမ္ဘာ့ကျန်းမာ​ရေးအဖွဲ့ ညွှန်ထား​သော ဓါတ်ဆားထုပ်ကသာ ဆက်လက်​သောက်သုံးရန် အ​ကောင်းဆုံးဖြစ်ပါတယ်)
ဘယ်လိုတိုက်ရမလဲ?
ဖြည်းဖြည်းနဲ့ မကြာခဏ တိုက်ပါ။
အသက် ၂ နှစ်အောက်
ဝမ်းသွားတိုင်း ၅၀-၁၀၀ မီလီလီတာ တိုက်ပါ။
အသက် ၂ နှစ်မှ ၁၀ နှစ်
ဝမ်းသွားတိုင်း ၁၀၀-၂၀၀ မီလီလီတာတိုက်ပါ။
အသက် ၁၀ နှစ်အထက်နှင့် လူကြီးများအတွက်
ဝမ်းသွားတိုင်း ၂၀၀-၂၅၀ မီလီလီတာ သို့မဟုတ် သောက်နိုင်သလောက် သောက်ပါ​စေ။
အန်​နေလျှင် ဓါတ်ဆား(ORS)ကို ၅မိနစ်တခါခန့် လက်ဘက်ရည်ဇွန်း ၁ဇွန်းစီ(၅ မီလီလီတာ)သာ တိုက်​ပေးပါ၊တဖြည်းဖြည်းဝင်လာပါလိမ့်မယ်။
ဓါတ်ဆားမဝင်/အလတ်အလတ်​ရေဓါတ်ခန်း​ခြောက်ခြင်း​စသဖြင့် အ​​ခြေအ​နေတွေဆိုးရွားလာပါက ​ဆေးရုံသို့ ချက်ချင်းပြ​ပေးကြပါ။
ဝမ်းလျှောရောဂါပိုးကို ကာကွယ်ကြဖို့မှာ အောက်ပါလမ်းကြောင်းတွေကနေ ကူးစက်တယ်ဆိုတာသိထားရပါမယ်။
F***s (မစင်)
Fingers ( လက်)
Flies (ယင်)
Food (အစားအစာ)
Fluids (ရေ၊ အရည်) ​တွေ သန့်ရှင်းမှုမရှိခြင်းမှ ကူးစက်တာမို့ဒီ​နေရာ​တွေကိုကာကွယ်ကြဖို့ပါပဲ။မှတ်မိလွယ်​အောင် ဥပမာ​လေး​တွေ​ပြောပြပါဦးမယ်။
Fingers-လက်မသန့်ခြင်း
လူတယောက် ဝမ်းလျှောနေတယ်။
အိမ်သာတက်ပြီး လက်ကို ဆပ်ပြာနှင့်
မဆေးဘူး။
အဲဒီလက်နှင့် ထမင်း၊ အသုပ်၊ မုန့်တွေကို ကိုင်တယ်။
နောက်တယောက်က သူကိုင်ထားတဲ့ အဲဒီ့အစားအစာကို စားလိုက်လျှင် ပိုးက ပါးစပ်ကနေ အူထဲရောက်ပြီး ဝမ်းလျှောနိုင်ပါတယ်။
- Fluids မသန့်ရှင်းသောရေ
ပိုးပါတဲ့ မစင်ကြောင့် ရေအရင်းအမြစ် ညစ်ညမ်းသွားတယ်။
အဲဒီရေနဲ့ ဟင်းသီးဟင်းရွက်ဆေးတာ၊
ရေခဲလုပ်တာ၊ ဟင်းချက်တာ၊​ရေစစ်​သောက်တာမျိုး လုပ်တယ်။
ဒီအရာ​တွေမိမိတို့ ပါးစပ်ထဲကို ရောက်သွားပြီး စားသုံးသူကို ဝမ်း​ရောဂါ ကူးစက်​စေပါတယ်။
– ယင်နားစာစားကြခြင်း(အထက်မှာ​ပြောခဲ့သလို​ရောဂါကူးစက်​စေပါတယ်) အစားအစာများကို ဖုံးအုပ်ထားကြပါ။
– သားငါးအစိမ်းစားခြင်း
ပင်လယ်စာ၊ အသား၊ ငါးကို မကျက်တကျက် စားခြင်း၊သစ်သီး၊ ဟင်းသီးဟင်းရွက်တွေကို
စနစ်တကျ ရေမဆေးဘဲ စားခြင်း တို့​ကြောင့်
ဒီလိုအစားအစာတွေမှာ ပိုးကျန်နေပြီး ဝမ်းလျှောရောဂါ ဖြစ်စေနိုင်ပါတယ်။
ဒါ​ကြောင့် လက်သန့်,အစားသန့်,​ရေသန့် ​အောင်ဂရုစိုက်​နေထိုင်ကြမှသာ ဝမ်းပျက်ဝမ်း​လျှောပိုး​တွေ​ကြောင့်ဖြစ်တဲ့ ဝမ်းပျက်ဝမ်း​လျှော​ရောဂါကို ကာကွယ်နိုင်ကြမှာဖြစ်ပါတယ်ဆိုတာ​ တင်ပြလိုက်ရပါတယ်😊😊။




21/08/2026

အမှန်အကန်အား​ပေးကြတဲ့ Centrum silver ​လေး​တွေပါ။ဩဂုတ်လ ပရိုမိုးရှင်း​လေးရှိတုန်း​နော်🥰။
Authentic ပစ္စည်းအစစ်အမှန်💯






18/08/2026

Address

Yangon
11411

Website

Alerts

Be the first to know and let us send you an email when Your MedBox Ymb posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share