27/08/2026
ဆေးကုသမှု မခံယူမီ အထူးသဖြင့် ခွဲစိတ်မှု သို့မဟုတ် ပြင်းထန်သော ရောဂါများအတွက် ဒုတိယဆရာဝန်၏ ကုသမှုဆိုင်ရာ အကြံဉာဏ် (Second Opinion) ရယူထားခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး (၅) ခုကို ရရှိစေနိုင်ပါတယ် -
၁။ ရောဂါအမည် တိကျမှန်ကန်မှုကို ပိုမိုသေချာစေခြင်း (Accurate Diagnosis)
ပထမဆရာဝန်၏ စမ်းသပ်စစ်ဆေးတွေ့ရှိချက်များကို တခြားကျွမ်းကျင်သူ အထူးကုဆရာဝန်တစ်ဦးနှင့် ထပ်မံအတည်ပြုခြင်းဖြင့် ရောဂါအမည်တပ် မှားယွင်းမှုများကို ရှောင်ရှားနိုင်ပြီး မိမိတွင် ခံစားနေရသော ရောဂါအခြေအနေကို ပိုမိုတိကျစွာ သိရှိနိုင်မည်ဖြစ်ပါသည်။
၂။ တခြား အစားထိုးကုသနည်းလမ်းများကို သိရှိနိုင်ခြင်း (Alternative Treatment Options)
ဆေးပညာ၏ တိုးတက်မှုအရ ရောဂါတစ်ခုတည်းကိုပင် ကုသနိုင်သည့် နည်းလမ်းများစွာ ရှိပါသည်။ ခွဲစိတ်မှု မပြုလုပ်မီ Second Opinion ယူခြင်းဖြင့် မဖြစ်မနေ ခွဲစိတ်ရန် လိုမလို သို့မဟုတ် ဆေးဝါးဖြင့် ကုသ၍ ရမရ စသည့် အစားထိုးကုသမှု နည်းလမ်းသစ်များကို တိုင်ပင်ဆွေးနွေးခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။
၃။ မလိုလားအပ်သော ကုန်ကျစရိတ်နှင့် ဘေးထွက်ဆိုးကျိုးများကို လျှော့ချနိုင်ခြင်း
မလိုအပ်ဘဲ ခွဲစိတ်မှု ပြုလုပ်ရခြင်း သို့မဟုတ် သင့်တော်မှုမရှိသော ကုသမှုများ ခံယူရခြင်းမှ ရှောင်ရှားနိုင်သည့်အတွက် ဆေးကုသစရိတ်များကို သက်သာစေသည့်အပြင် မလိုအပ်ဘဲ ခန္ဓာကိုယ် နာကျင်ထိခိုက်မှုနှင့် ဘေးထွက်ဆိုးကျိုးများကိုပါ လျှော့ချပေးနိုင်ပါသည်။
၄။ စိတ်ချယံဒကြည်မှုနှင့် စိတ်ဓာတ်ခွန်အား ရရှိခြင်း (Peace of Mind)
မိမိခံယူမည့် ကုသမှုသည် စနစ်တကျ မှန်ကန်ကြောင်း အထူးကုဆရာဝန်များ၏ အတည်ပြုချက်ရရှိထားသည့်အခါ ဆေးကုသမှု ခံယူရာတွင် စိုးရိမ်ပူပန်မှုများ လျော့နည်းသွားပြီး ပိုမိုယုံကြည်မှုရှိရှိဖြင့် ရင်ဆိုင်နိုင်ပါလိမ့်မည်။
၅။ ပိုမိုကောင်းမွန်သည့် ဆေးကုသမှုအဖွဲ့အစည်းကို ရွေးချယ်နိုင်ခြင်း
မတူညီသော အထူးကုဆရာဝန်များ၊ ဆေးရုံ/ဆေးခန်းများနှင့် ဆွေးနွေးကြည့်ခြင်းဖြင့် မိမိရောဂါအတွက် ပိုမိုကျွမ်းကျင်သော အထူးကုအဖွဲ့အစည်းနှင့် ခေတ်မီစက်ပစ္စည်း အစုံအလင်ရှိသည့် ဆေးရုံကို ပိုမိုကောင်းမွန်စွာ ရွေးချယ်နိုင်မည့်အပြင် ကုန်ကျစရိတ်များကိုလည်း ကြိုတင်သိရှိထားနိုင်မည်ဖြစ်ပါသည်။
သင့်ကျန်းမာရေး ကျွန်ုပ်တို့ဦးစားပေး”
“𝗠𝗲𝗱𝗶𝗰 𝗝𝗼𝘂𝗿𝗻𝗲𝘆 – 𝗠𝘆𝗮𝗻𝗺𝗮𝗿’𝘀 𝗟𝗮𝗿𝗴𝗲𝘀𝘁 𝗠𝗲𝗱𝗶𝗰𝗮𝗹 𝗧𝗼𝘂𝗿𝗶𝘀𝗺 𝗣𝗹𝗮𝘁𝗳𝗼𝗿𝗺”
📌နိုင်ငံတကာသို့ သွားရောက်ဆေးကုသလိုသည့် လူနာများအတွက် Medic Journey မှလူနာအကျိုးဦးစားပေးပြီး အကောင်းဆုံးအကြံပေး၍ ကူညီဆောင်ရွက်ပေးလျက်ရှိပါသည်။
အသေးစိတ်တိုင်ပင်ဆွေးနွေးလိုပါက
☎️Hot Line – 09 - 95 7777 068 ၊ 09 - 89 7777 068
သို့ ပိတ်ရက်မရှိ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။
“ကျန်းမာရေးအတွက်အားထားယုံကြည်ရာ Medic Journey ပါ”
🏠 လိပ်စာ - တာဝါ (၃/အေ)၊ လမ်းသစ်ရိပ်သာကွန်ဒို၊ ဘုန်းကြီးလမ်း၊ လမ်းမတော်မြို့နယ်၊ ရန်ကုန်မြို့။
#နိုင်ငံခြားဆေးကုသခြင်းဝန်ဆောင်မှု