Myitta Mon Clinic

Myitta Mon Clinic မေတ္တာမွန် အထွေထွေရောဂါကုဆေးခန်းနှင့် စိတ်ကျန်းမာရေး အထူးကုဆေးခန်း

နေရင်းထိုင်ရင်း ရုတ်တရက် အတိတ်က နာကျင်စရာတွေ ပြန်မြင်ယောင်ပြီး တုန်လှုပ်သွားဖူးပါသလား?"ကျွန်တော်တို့ဟာ အတိတ်တစ်ခုကနေ ရုန...
08/02/2026

နေရင်းထိုင်ရင်း ရုတ်တရက် အတိတ်က နာကျင်စရာတွေ ပြန်မြင်ယောင်ပြီး တုန်လှုပ်သွားဖူးပါသလား?"
ကျွန်တော်တို့ဟာ အတိတ်တစ်ခုကနေ ရုန်းထွက်လာနိုင်ခဲ့ပေမဲ့၊ အဲဒီတုန်းက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကတော့ Flashback အနေနဲ့ လက်ရှိဘဝထဲကို တိုးဝင်လာတတ်တုန်းပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ လက်ရှိအ‌ချိန်‌တွေကို တဖြည်းဖြည်း တိုက်စားသွား‌စေနိုင်တဲ့ အဆိပ်အတောက်တစ်ခု ဖြစ်လာတတ်ပါတယ်။
နေ့စဉ်ဘဝအပေါ် သက်ရောက်မှု (The Emotional Burden)
Flashback ဖြစ်တဲ့အခါ ရိုးရိုးသတိရတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ကပါ တုန်လှုပ်လာတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ -
Hypervigilance လို့ ခေါ်တဲ့ ဘာမှမဖြစ်သေးဘဲ "တစ်ခုခုတော့ မှားတော့မယ်" ဆိုတဲ့ အတွေးနဲ့ အမြဲတမ်းမွန်းကြပ်ခံစားရတတ်ပြီး စိတ်အင်အား အရမ်းကုန်ခမ်းစေပါတယ်။
အတိတ်က နာကျင်မှုတွေကို ခေါင်းထဲမှာ ထပ်ခါတလဲလဲ ပြန်ခံစားနေရတာကြောင့် အလုပ်အာရုံစိုက်မရတာ၊ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာမျိုး ဖြစ်တတ်ပါတယ်။
လူမှုဆက်ဆံရေးတွေမှာ ယုံကြည်မှုပျောက်ဆုံးလာပြီး ငါကြိုးစားကြည့်မယ် ငါ့ကိုယ်ငါ ပြန်တည့်မတ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ တယောက်ထဲ နေချင်လာတတ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကျွန်တော်တို့ တကယ်ချစ်တဲ့သူနားရှိနေတာတောင် အတိတ်က အရိပ်တွေက ကြားထဲမှာ ခံနေတတ်ပါတယ် -
"လိမ်ညာမှု၊ သစ္စာဖောက်မှု" တွေကြောင့် သံသယလွန်ကဲတာ ထပ်ယုံကြည့်ဖို့ခက်တာတွေ ကြုံရတတ်ပါတယ်။
သာမန်စကားလုံး သို့မဟုတ် အပြုအမူလေးတစ်ခုက အရင်ဖြစ်ရပ်တွေကို သတိရကာ အလွန်အမင်း တုံ့ပြန်မိတာမျိုး ဖြစ်တတ်ပါတယ်။ "အရင်လိုပဲ ထပ်လုပ်ဦးမှာ" လို့ စိတ်စွဲနေမိတာမျိုးပါ။
ကိုယ့်ကိုယ်ကို မလုံခြုံသလို ခံစားရတာကြောင့် အဆင်ပြေနေရင်တောင် "ငါနဲ့ မထိုက်တန်ဘူး၊ ရေရှည်နေနိုင်ပါ့မလား" ဆိုတဲ့ အတွေးနဲ့ ဆက်ဆံရေးကို ကိုယ်တိုင် ပြန်ဖျက်ဆီးမိတတ်ပါတယ်။

ဒါကို ဘယ်လို ကျော်ဖြတ်မလဲ?
Trigger ဖြစ်စေတာတွေကို မှတ်သားပါ: ဘယ်လိုအခြေအနေမျိုးမှာ အတိတ်ကပုံရိပ်တွေ ပြန်ပေါ်လာတတ်သလဲဆိုတာ သတိပြုပါ။
Open Communication: သင့်ရဲ့ စိတ်ဒဏ်ရာတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။ ဒါမှသာ သင် Flashback ဖြစ်နေချိန်မှာ ဘေးမှာရှိ‌နေတဲ့သူက နားလည်ပေးနိုင်မှာပါ။

စိတ်ဒဏ်ရာ ပျောက်ကင်းဖို့ဆိုတာ အချိန်ယူရပါတယ်။ ဒီနေ့ အဆင်ပြေပေမဲ့ မနက်ဖြန်မှာ ပြန်ခံစားရတာမျိုး ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်မပျက်ပါနဲ့။
"သင့်ရဲ့ အတိတ်က နာကျင်မှုတွေဟာ သင့်ရဲ့ လက်ရှိတန်ဖိုးကို မဆုံးဖြတ်နိုင်ပါဘူး။"
အတိတ်က အရိပ်တွေက သင့်ကို ရှေ့ဆက်မရအောင် ဆွဲထားနေပြီလို့ ခံစားရရင် တစ်ယောက်တည်း ရုန်းကန်မနေပါနဲ့။ စိတ်ဒဏ်ရာဆိုတာ စနစ်တကျ ကုသရင် ပျောက်ကင်းနိုင်တဲ့ ဝေဒနာတစ်ခုပါ။

Relationship မှာ သင် ဘယ်လိုလူလဲ အချစ်ရေးမှာ သင်က "တွယ်ကပ်" တတ်သူလား? "ရှောင်ဖယ်" တတ်သူလား? ကျွန်‌တော်တို့ တစ်ယောက်နဲ့တစ်...
08/02/2026

Relationship မှာ သင် ဘယ်လိုလူလဲ

အချစ်ရေးမှာ သင်က "တွယ်ကပ်" တတ်သူလား? "ရှောင်ဖယ်" တတ်သူလား?

ကျွန်‌တော်တို့ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြတဲ့အခါ
တုံ့ပြန်ပုံတွေ မတူကြတာဟာ
ကံကြမ္မာကြောင့်မဟုတ်ဘဲ
ကျွန်‌တော်တို့ရဲ့ Attachment Style လို့ခေါ်တဲ့ တွယ်တာမှု ပုံစံ ကြောင့်ပါ။
ဒါဟာ ငယ်စဉ်ကလေးဘဝက
မိဘ ဒါမှမဟုတ် ပြုစုစောင့်ရှောက်သူတွေနဲ့
ဆက်ဆံရေးကနေ စတင်ပုံဖော်ခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့မှာ Relationship တွေကို ပိုပြီးနားလည်နိုင်ဖို့ အဓိက Attachment Style (၄) မျိုးအကြောင်း လေ့လာကြည့်ရအောင် -
ပထမဆုံးတခုက‌တော့ တည်ငြိမ်ပြီး ယုံကြည်မှုရှိသူ ဖြစ်ပါတယ်။

ဒီလိုလူမျိုးတွေက ဆက်ဆံရေးတစ်ခုမှာ
ကိုယ့်ကိုယ်ကိုယ်ရော တစ်ဖက်လူကိုပါ ယုံကြည်မှုရှိကြပါတယ်။
ချစ်သူနဲ့ နီးနီးကပ်ကပ်နေရတာကို သဘောကျသလို၊
တစ်ယောက်တည်းရှိနေချိန်မှာလည်း စိတ်မပူတတ်ပါဘူး။
ပြဿနာတက်ရင် ပွင့်ပွင့်လင်းလင်း ပြောဆိုဖြေရှင်းတတ်သူတွေပါ။
"ငါဟာ အချစ်ခံရဖို့ ထိုက်တန်သလို၊
သူကလည်း ယုံကြည်ဖို့ ထိုက်တန်တဲ့သူပဲ။"လို့ ခံယူထားကြသူတွေပါ။
နံပါတ် ၂ ကတော့ Anxious Attachment စိုးရိမ်စိတ်များပြီး တွယ်ကပ်တတ်သူ
သူတို့ဟာ အချစ်ရေးမှာ အမြဲတမ်း စိတ်မလုံခြုံသလို ခံစားရသူတွေပါ။
ချစ်သူဆီက ဖုန်းချက်ချင်းမလာရင် ဒါမှမဟုတ် စာပြန်တာ နောက်ကျရင် "သူ ငါ့ကို မချစ်တော့ဘူးလား" ဆိုပြီး စိုးရိမ်တကြီး တွေးတတ်ပါတယ်။
အမြဲတမ်း နှစ်သိမ့်မှု၊ အရင်လိုချစ်‌သေးရဲ့လားဆိုပြီး
အတည်ပြုချက် စတာတွေကို တောင်းဆိုနေတတ်သူတွေပါ။
"သူ ငါ့ကို ထားသွားမှာ ကြောက်တယ်။
ငါကပဲ ပိုချစ်နေရသလိုပဲ။ သူက ငါ့လောက် မချစ်ပါဘူး"လို့ တွေးပူတတ်ကြသူတွေပါ။

နံပါတ် ၃။ က‌တော့ Avoidant Attachment အမှီအခိုကင်းချင်ပြီး ရှောင်ဖယ်တတ်သူ🏃‍♂️
နီးကပ်တဲ့ ဆက်ဆံရေးတွေကို ကြောက်ရွံ့ပြီး
ကိုယ့်ရဲ့ လွတ်လပ်မှုကိုပဲ ရှေ့တန်းတင်သူတွေပါ။
တစ်ဖက်လူက ကိုယ့်ဘဝထဲ အရမ်းတိုးဝင်လာရင်
မသက်မသာဖြစ်ပြီး ခပ်ဝေးဝေးကို ရှောင်ထွက်သွားတတ်ပါတယ်။
စိတ်ခံစားချက်တွေကို ထုတ်ပြဖို့ ခက်ခဲပြီး
"ငါ့ဘာသာ ငါနေတာ အကောင်းဆုံးပဲ" လို့ တွေးတတ်ကြပါတယ်။"
ငါ့ကို ဘယ်သူမှ လာမထိန်းချုပ်စေရဘူး။
ငါ့ခံစားချက်တွေကို ပြောပြဖို့ မလိုဘူး။" စတဲ့ ခံယူချက်တလွဲတွေနဲ့ ချစ်ရသူကို အဝေးတွန်းပို့တတ်ကြပါတယ်။

နောက်ဆုံးတစ်တခုကတော့ Fearful-Avoidant (ချစ်ချင်ပေမဲ့ ကြောက်နေသူ) 💔

ဒါကတော့ အရှုပ်ထွေးဆုံး ပုံစံပါ။
စိုးရိမ်စိတ်ရော၊ ရှောင်ဖယ်စိတ်ပါ ရောယှက်နေတာပါ။
ကိုယ်တိုင်ရော ချစ်သူနဲ့ နီးကပ်ချင်ပေမဲ့
တစ်ချိန်တည်းမှာပဲ နာကျင်ရမှာကို အရမ်းကြောက်နေတတ်ပါတယ်။
ဒါကြောင့် တစ်ခါတလေ အရမ်းနီးကပ်ပြီး၊
တစ်ခါတလေကျရင်လည်း အကြောင်းပြချက်မရှိဘဲ me time လိုနေတယ်ဆိုပြီး စိမ်းကားသွားတတ်ပါတယ်။

အခု ဒါတွေကို သိသွားပြီဆိုတော့ ကိုယ့်ရဲ့ အားနည်းချက်ကို ပြင်ဆင်လိုက်ပါတော့။ ဥပမာ - သင်က Anxious ဖြစ်နေရင် ကိုယ့်ရဲ့ စိုးရိမ်စိတ်ကို ဘယ်လိုထိန်းမလဲဆိုတာ လေ့လာနိုင်သလို၊ ချစ်သူက Avoidant ဖြစ်နေရင် သူ့ကို ဘယ်လို နားလည်ပေးရမလဲဆိုတာ သိလာပါလိမ့်မယ်။
နောက် video တွေမှာ ဘယ်လို ပြောင်းမလဲဆိုတာ ဆက်လက်ဖော်ပြပေးသွားပါမယ်
"Attachment Style ဆိုတာ ပြောင်းလဲလို့ မရတဲ့ ကံကြမ္မာမဟုတ်ပါဘူး။
ကိုယ့်ကိုယ်ကိုယ် သိမြင်နားလည်မှုဆိုတဲ့ (Self-awareness) ရှိရင် တည်ငြိမ်တဲ့ ဆက်ဆံရေး (Secure Attachment) ဆီကို လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။"
လူသားတိုင်း အချစ်ရေး သာယာဖြောင့်ဖြူးကြပါစေ...

The Ghost in Your Brainနေရင်းထိုင်ရင်း ရုတ်တရက် အတိတ်က နာကျင်စရာတွေ ပြန်မြင်ယောင်ပြီး တုန်လှုပ်သွားဖူးပါသလား?"ကျွန်တော်တ...
22/01/2026

The Ghost in Your Brain
နေရင်းထိုင်ရင်း ရုတ်တရက် အတိတ်က နာကျင်စရာတွေ ပြန်မြင်ယောင်ပြီး တုန်လှုပ်သွားဖူးပါသလား?"
ကျွန်တော်တို့ဟာ အတိတ်တစ်ခုကနေ ရုန်းထွက်လာနိုင်ခဲ့ပေမဲ့၊ အဲဒီတုန်းက ရရှိခဲ့တဲ့စိတ်ဒဏ်ရာတွေကတော့ Flashback အနေနဲ့ လက်ရှိဘဝထဲကို တိုးဝင်လာတတ်တုန်းပါပဲ။ ဒါဟာ ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝနဲ့ လက်ရှိအ‌ချိန်‌တွေကို တဖြည်းဖြည်း တိုက်စားသွား‌စေနိုင်တဲ့ အဆိပ်အတောက်တစ်ခု ဖြစ်လာတတ်ပါတယ်။
နေ့စဉ်ဘဝအပေါ် သက်ရောက်မှု (The Emotional Burden)
Flashback ဖြစ်တဲ့အခါ ရိုးရိုးသတိရတာမျိုးမဟုတ်ဘဲ ခန္ဓာကိုယ်ကပါ တုန်လှုပ်လာတတ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝမှာ -
Hypervigilance လို့ ခေါ်တဲ့ ဘာမှမဖြစ်သေးဘဲ "တစ်ခုခုတော့ မှားတော့မယ်" ဆိုတဲ့ အတွေးနဲ့ အမြဲတမ်းမွန်းကြပ်ခံစားရတတ်ပြီး စိတ်အင်အား အရမ်းကုန်ခမ်းစေပါတယ်။
အတိတ်က နာကျင်မှုတွေကို ခေါင်းထဲမှာ ထပ်ခါတလဲလဲ ပြန်ခံစားနေရတာကြောင့် အလုပ်အာရုံစိုက်မရတာ၊ အမြဲတမ်း ပင်ပန်းနွမ်းနယ်နေတာမျိုး ဖြစ်တတ်ပါတယ်။
လူမှုဆက်ဆံရေးတွေမှာ ယုံကြည်မှုပျောက်ဆုံးလာပြီး ငါကြိုးစားကြည့်မယ် ငါ့ကိုယ်ငါ ပြန်တည့်မတ်ကြည့်မယ်ဆိုတဲ့စိတ်နဲ့ တယောက်ထဲ နေချင်လာတတ်ပါတယ်။

ဒါ့အပြင် လက်ရှိမှာ ကျွန်တော်တို့ တကယ်ချစ်တဲ့သူနားရှိနေတာတောင် အတိတ်က အရိပ်တွေက ကြားထဲမှာ ခံနေတတ်ပါတယ် -
"လိမ်ညာမှု၊ သစ္စာဖောက်မှု" တွေကြောင့် သံသယလွန်ကဲတာ ထပ်ယုံကြည့်ဖို့ခက်တာတွေ ကြုံရတတ်ပါတယ်။
သာမန်စကားလုံး သို့မဟုတ် အပြုအမူလေးတစ်ခုက အရင်ဖြစ်ရပ်တွေကို သတိရကာ အလွန်အမင်း တုံ့ပြန်မိတာမျိုး ဖြစ်တတ်ပါတယ်။ "အရင်လိုပဲ ထပ်လုပ်ဦးမှာ" လို့ စိတ်စွဲနေမိတာမျိုးပါ။
ကိုယ့်ကိုယ်ကို မလုံခြုံသလို ခံစားရတာကြောင့် အဆင်ပြေနေရင်တောင် "ငါနဲ့ မထိုက်တန်ဘူး၊ ရေရှည်နေနိုင်ပါ့မလား" ဆိုတဲ့ အတွေးနဲ့ ဆက်ဆံရေးကို ကိုယ်တိုင် ပြန်ဖျက်ဆီးမိတတ်ပါတယ်။

ဒါကို ဘယ်လို ကျော်ဖြတ်မလဲ?
Trigger ဖြစ်စေတာတွေကို မှတ်သားပါ: ဘယ်လိုအခြေအနေမျိုးမှာ အတိတ်ကပုံရိပ်တွေ ပြန်ပေါ်လာတတ်သလဲဆိုတာ သတိပြုပါ။
Open Communication: သင့်ရဲ့ စိတ်ဒဏ်ရာတွေအကြောင်း ပွင့်ပွင့်လင်းလင်း ပြောပြထားပါ။ ဒါမှသာ သင် Flashback ဖြစ်နေချိန်မှာ ဘေးမှာရှိ‌နေတဲ့သူက နားလည်ပေးနိုင်မှာပါ။

စိတ်ဒဏ်ရာ ပျောက်ကင်းဖို့ဆိုတာ အချိန်ယူရပါတယ်။ ဒီနေ့ အဆင်ပြေပေမဲ့ မနက်ဖြန်မှာ ပြန်ခံစားရတာမျိုး ရှိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်မပျက်ပါနဲ့။
"သင့်ရဲ့ အတိတ်က နာကျင်မှုတွေဟာ သင့်ရဲ့ လက်ရှိတန်ဖိုးကို မဆုံးဖြတ်နိုင်ပါဘူး။"
အတိတ်က အရိပ်တွေက သင့်ကို ရှေ့ဆက်မရအောင် ဆွဲထားနေပြီလို့ ခံစားရရင် တစ်ယောက်တည်း ရုန်းကန်မနေပါနဲ့။ စိတ်ဒဏ်ရာဆိုတာ စနစ်တကျ ကုသရင် ပျောက်ကင်းနိုင်တဲ့ ဝေဒနာတစ်ခုပါ။

Telegram channel လေးလဲ subscribe ထားလို့ရပါတယ်။
https://t.me/myittamonmentalhealthservice

🏥 မေတ္တာမွန် အထွေထွေရောဂါကုနှင့် စိတ်ရောဂါအထူးကုဆေးခန်း
📍လိပ်စာ (၁) အမှတ် ၄၆၊ ရွှေမဉ္ဇူ ၁လမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်း။ MCC ခန်းမအနီး။
နေ့စဉ် ညနေ ၅နာရီမှ ၈နာရီထိ။
📍 လိပ်စာ (၂)- မဟာဗန္ဓုလလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ဘိုလေး(၂) တည်းခိုခန်းနှင့် စားသောက်ဆိုင်အနီး၊ ဒလမြို့နယ်။ နေ့စဉ် ညနေ ၄:၀၀-၈:၀၀ ထိ။
📞 ဖုန်း - 09 421172297
⏰ စိတ်ရောဂါအထူးကုဆေးခန်း ပြသနိုင်ချိန် -
စနေ၊ တနင်္ဂနွေ (မနက် ၉:၃၀ မှ ညနေ ၄:၀၀ နာရီအထိ)

"ငါ အဲဒီစကားကို မပြောခဲ့သင့်ဘူး""တကယ်လို့ အဆင်မပြေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?""သူတို့ ငါ့ကို အထင်သေးသွားမလား?"ဒီလိုမျိုး ...
21/01/2026

"ငါ အဲဒီစကားကို မပြောခဲ့သင့်ဘူး"
"တကယ်လို့ အဆင်မပြေဖြစ်သွားရင် ဘယ်လိုလုပ်မလဲ?"
"သူတို့ ငါ့ကို အထင်သေးသွားမလား?"
ဒီလိုမျိုး အဖြေမထွက်တဲ့ အတွေးသံသရာထဲမှာ လည်နေရင်းနဲ့ပဲ အလုပ်ထဲအာရုံမစိုက်နိုင်တာ အိပ်မပျော်တာတွေ ကြုံဖူးကြမှာပါ။ ဒါကို အတွေးလွန်ခြင်း (overthinking) လို့ ခေါ်ပါတယ်။ ဒါဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ၊ ပြဿနာကို ပိုကြီးအောင် ပုံဖော်နေတဲ့ "မသိစိတ်ရဲ့ ထောင်ချောက်" တစ်ခုပါပဲ။
ဒါဆို အတွေးလွန်နေမှန်း ဘယ်လိုသိနိုင်မလဲ?
The "What If?" Loop: ဆိုတဲ့ ဖြစ်မလာသေးတဲ့ အဆိုးဆုံးအခြေအနေတွေကိုပဲ ထပ်ခါတလဲလဲ တွေးနေမိတာ။ ဆုံးဖြတ်ချက်တစ်ခု ချပြီးရင်တောင် "ငါမှားသွားပြီလား" ဆိုတဲ့ Second guessing ပြန်တွေးပြီး စိုးရိမ်နေတာမျိုး။
Analysis Paralysis: အသေးအဖွဲကိစ္စလေးတွေကိုတောင် အရမ်းစဉ်းစားလွန်းလို့ ဘာမှမလုပ်ဖြစ်တော့ဘဲ ရပ်တန့်နေတာ တွေ ခံစားရရင်တော့ သေချာပါတယ် သင် အတွေးလွန်နေပါပြီ။
ဒီတော့ အတွေးသံသရာကနေ ဘယ်လိုရုန်းထွက်ကြမလဲ?
၁။ "အတွေး" နဲ့ "ပြဿနာဖြေရှင်းခြင်း" ကို ခွဲခြားပါ
အဖြေရှာလို့ရတဲ့ ကိစ္စလား ဒါမှမဟုတ် ကိုယ်ထိန်းချုပ်လို့မရတဲ့ ကိစ္စလား ဆိုတာကို ခွဲခြားပါ။ ထိန်းချုပ်လို့မရတာတွေကို တွေးနေတာဟာ ခွန်အားတွေကို အလဟဿ ဖြစ်စေပါတယ်။
၂။ အချိန်ကန့်သတ်ချက်ထားပါ (The 2-Minute Rule)
ကိစ္စတစ်ခုကို စဉ်းစားဖို့ ၂ မိနစ်လောက်ပဲ အချိန်ပေးပါ။ အဖြေမထွက်ရင် ခဏရပ်လိုက်ပါ။ နောက်မှ တစ်ခါပြန်စဉ်းစားပါ။
၃။ စာရွက်ပေါ်မှာ ချရေးပါ
ခေါင်းထဲမှာပဲ သိမ်းထားရင် အတွေးတွေက ပိုရှုပ်ထွေးလာတတ်ပါတယ်။ စာရွက်ပေါ်မှာ ချရေးလိုက်တဲ့အခါ အတွေးတွေက ပိုပြီး ရှင်းလင်းသွားပြီး အရာရာဟာ ကိုယ်ထင်သလောက် မကြောက်ဖို့မကောင်းမှန်း သိလာပါလိမ့်မယ်။
၄။ ပစ္စုပ္ပန်ကို ပြန်လာပါ (Grounding)
အတွေးတွေ အရမ်းများလာရင် အသက်ပြင်းပြင်းရှူပါ။ လက်ရှိ သင့်ဘေးနားမှာ မြင်နေရတဲ့အရာ၊ ကြားနေရတဲ့အသံတွေကို အာရုံစိုက်ပါ။ "အတွေးကမ္ဘာ" ထဲကနေ "လက်တွေ့ကမ္ဘာ" ထဲကို ပြန်ဝင်လာဖို့ ကြိုးစားပါ။

"Thinking is a tool. Overthinking is a burden."
"စဉ်းစားတွေးခေါ်ခြင်းဟာ လက်နက်တစ်ခုဖြစ်ပေမဲ့၊ အတွေးလွန်ခြင်းကတော့ ဝန်ထုပ်ဝန်ပိုးတစ်ခုသာ ဖြစ်ပါတယ်။"

အကယ်၍ သင်ဟာ အတွေးသံသရာထဲကနေ ဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ စိတ်ကျဉ်းကျပ်မှုကို ရေရှည်ခံစားနေရတယ်ဆိုရင်တော့ ဒါဟာ စိုးရိမ်ပူပန်မှုရောဂါ (Anxiety Disorder) ရဲ့ လက္ခဏာတစ်ခု ဖြစ်နိုင်ပါတယ်။
Dr. Zayar Naing

Telegram channel လေးလဲ subscribe ထားလို့ရပါတယ်။
https://t.me/myittamonmentalhealthservice

🏥 မေတ္တာမွန် အထွေထွေရောဂါကုနှင့် စိတ်ရောဂါအထူးကုဆေးခန်း
📍လိပ်စာ (၁) အမှတ် ၄၆၊ ရွှေမဉ္ဇူ ၁လမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်း။ MCC ခန်းမအနီး။
နေ့စဉ် ညနေ ၅နာရီမှ ၈နာရီထိ။
📍 လိပ်စာ (၂)- မဟာဗန္ဓုလလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ဘိုလေး(၂) တည်းခိုခန်းနှင့် စားသောက်ဆိုင်အနီး၊ ဒလမြို့နယ်။ နေ့စဉ် ညနေ ၄:၀၀-၈:၀၀ ထိ။
📞 ဖုန်း - 09 421172297
⏰ စိတ်ရောဂါအထူးကုဆေးခန်း ပြသနိုင်ချိန် -
စနေ၊ တနင်္ဂနွေ (မနက် ၉:၃၀ မှ ညနေ ၄:၀၀ နာရီအထိ)

အရှိန်မသေကြသေးဘူးလား?😁😁😁‼️‼️‼️Monday Blues‼️‼️‼️Monday ဆိုတာစိတ်နဲ့ ညစ်နေပြီလား? ပိတ်ရက်မှာ နားထားတာ ပျော်ထားတာတွေနဲ့ အရ...
19/01/2026

အရှိန်မသေကြသေးဘူးလား?😁😁😁
‼️‼️‼️Monday Blues‼️‼️‼️
Monday ဆိုတာစိတ်နဲ့ ညစ်နေပြီလား? ပိတ်ရက်မှာ နားထားတာ ပျော်ထားတာတွေနဲ့ အရှိန်မသေသေးဘူးလား? တစ်ခုချင်းစီကနေပဲ စတင်ကြည့်ရအောင်။

တနင်္လာနေ့မနက်ခင်းမှာ လုပ်ရမယ့်အလုပ် (To-do list) တွေကို ကြည့်ပြီး အသက်ရှူရကျပ်မတတ် ဖိအားများနေပြီလား?

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အလုပ်တွေအများကြီးကို တစ်ပြိုင်နက်လုပ်ဖို့ (Multitasking) ထက် တစ်ခုချင်းစီကို အာရုံစိုက်လုပ်ဖို့ (Single-tasking) အတွက် ပိုပြီး သင့်တော်ပါတယ်။ အရာရာကို အတင်းအကျပ် အကုန်ပြီးအောင် လုပ်ဖို့ ကြိုးစားတဲ့အခါ "Panic" 🥵🥵🥵 ဖြစ်ပြီး ဘာမှမပြီးမြောက်ဘဲ စိတ်ပျက်ရတာမျိုး ဖြစ်တတ်ပါတယ်။
ဒီတော့ တနင်္လာနေ့ကို ဘယ်လိုရင်ဆိုင်ကြမလဲ⁉️
အလုပ်ခွင်မှာ ပျော်ရွှင်တဲ့ တနင်္လာနေ့လေးဖြစ်ဖို့ အထက်လူကြီးဆီက အချစ်ခံရဖို့ နည်းလမ်း (3️⃣) ခုပေးပါမယ်
1️⃣ အရေးကြီးဆုံး ၃ ခုကိုပဲ ရွေးပါ ( Power of Three)
ဒီနေ့လုပ်ရမယ့် အလုပ်တွေထဲကမှ မလုပ်မဖြစ် အရေးအကြီးဆုံး (၃) ခုကိုပဲ ချရေးပါ။ အဲဒီ (၃) ခု ပြီးသွားရင်ပဲ သင့်တစ်နေ့တာဟာ အောင်မြင်နေပါပြီ။ ကျန်တာတွေကို အပိုဆု (Bonus) လို့ပဲ သတ်မှတ်ပါ။
2️⃣ သေးငယ်တဲ့ အောင်မြင်မှုကို တန်ဖိုးထားပါ (Small wins)
အလုပ်ကြီးတစ်ခုလုံးကို ကြည့်ပြီး စိတ်မပိပါနဲ့။ အဲဒီအလုပ်ကို အပိုင်းသေးသေးလေးတွေ ခွဲလိုက်ပါ။ အပိုင်းတစ်ခု ပြီးသွားတိုင်း ကိုယ့်ကိုယ်ကိုယ် "ငါလုပ်နိုင်တယ်" လို့ ချီးကျူးပေးပါ။
3️⃣ "Start Now, Perfect Later" (အခုပဲ စလိုက်ပါ)
ပြီးပြည့်စုံချင်လွန်းတဲ့စိတ် (Perfectionism) ကြောင့် အလုပ်မစနိုင်ဘဲ အချိန်ဆွဲနေမိတတ်ပါတယ်။ အမှားပါမှာကို မကြောက်ဘဲ အခုပဲ စတင်လိုက်ပါ။ စတင်လိုက်ခြင်းက စိုးရိမ်စိတ်ကို ၅၀% လောက် လျော့ကျသွားစေပါတယ်။
"📜မိုင်တစ်ထောင် ခရီးဟာ ခြေလှမ်းတစ်လှမ်းကနေပဲ စတင်တာပါ။ အလုပ်တွေ အပုံလိုက်ကြီးကို ကြည့်မနေပါနဲ့၊ ပထမဆုံး ခြေလှမ်းကိုပဲ အာရုံစိုက်ပါ။"

တနင်္လာနေ့မှာ ပျော်ရွှင်နိုင်ကြပါစေ👀

အကယ်၍ သင်ဟာ အလုပ်ခွင်မှာ အမြဲတမ်း စိုးရိမ်ပူပန်မှုတွေ များနေပြီး စိတ်ဓာတ်တွေ ကျဆင်းနေတယ်လို့ ခံစားရရင်တော့ ကျွန်တော်တို့ မေတ္တာမွန်ဆေးခန်း မှာ နွေးထွေးစွာ လာရောက်တိုင်ပင်နိုင်ပါတယ်ခင်ဗျာ။

မနက်ဖြန် ရုံးတက်ရတော့မယ်အနားတောင်မယူရသေးဘူး မနက်ဖြန်အလုပ်သွားရ‌တော့မယ် 😫😫😫 ကြိုမတွေးပါနဲ့ ခဏလောက် သေချာလေး အနားယူလိုက်ပါ...
18/01/2026

မနက်ဖြန် ရုံးတက်ရတော့မယ်

အနားတောင်မယူရသေးဘူး မနက်ဖြန်အလုပ်သွားရ‌တော့မယ် 😫😫😫

ကြိုမတွေးပါနဲ့ ခဏလောက် သေချာလေး အနားယူလိုက်ပါဦး။"
တနင်္လာနေ့အတွက် ကြိုတင်ပူပန်နေတတ်တဲ့ (Sunday Scaries) တွေအတွက် ရည်ရွယ်ပြီး ဒီစာလေးကိုရေးသားပေးထားပါတယ်။
"မနက်ဖြန် အလုပ်ပြန်တက်ရတော့မယ်" ဆိုတဲ့ အတွေးက ဒီနေ့ တနင်္ဂနွေ အနားယူချိန်ကို ဖျက်ဆီးနေပြီလား? ဒီနေ့ တနင်္ဂနွေနေ့မှာ စိတ်ရောကိုယ်ပါ အမှန်တကယ် Refresh ဖြစ်သွားအောင် ဒါလေးတွေကို တူတူလိုက်လုပ်ကြည့်ရအောင်...
✅ ဒီနေ့မှာ ဒါလေးတွေ လုပ်ပေးပါ (Do's)
📳 Digital Detox လုပ်ပါ
📴တစ်နေ့လုံး မဟုတ်တောင်မှ အနည်းဆုံး ၂ နာရီလောက် ဖုန်းနဲ့ အင်တာနက်ကို ပိတ်ထားပါ။ Social Media ကနေ ခဏထွက်ပြီး ကိုယ့်ဘေးနားက မိသားစု၊ မိတ်ဆွေတွေနဲ့ စကားပြောပါ။
🧠ဦးနှောက်ကို အပန်းဖြေခိုင်းပါ:
👗မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်ပါ:
❌ ဒါတွေတော့ မလုပ်ပါနဲ့ဦး (Don'ts)
📪အလုပ်အီးမေးလ်/ group chat တွေ မစစ်ပါနဲ့:
🏋️ပင်ပန်းလွန်းတဲ့ လှုပ်ရှားမှုတွေ ရှောင်ပါ:
💤နေ့လယ်ဘက် အကြာကြီး မအိပ်ပါနဲ့:
"တနင်္ဂနွေနေ့ဆိုတာ မနက်ဖြန်အတွက် ပြင်ဆင်ရမယ့်နေ့ မဟုတ်ပါဘူး၊ ဒီနေ့အတွက် ပျော်ရွှင်ရမယ့်နေ့သာ ဖြစ်ပါတယ်။"
အားလုံးပဲ စိတ်အပန်းပြေတဲ့ တနင်္ဂနွေနေ့လေး ဖြစ်ပါစေခင်ဗျာ
Telegram channel လေးလဲ subscribe ထားလို့ရပါတယ်။
https://t.me/myittamonmentalhealthservice

🏥 မေတ္တာမွန် အထွေထွေရောဂါကုနှင့် စိတ်ရောဂါအထူးကုဆေးခန်း
📍လိပ်စာ (၁) အမှတ် ၄၆၊ ရွှေမဉ္ဇူ ၁လမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်း။ MCC ခန်းမအနီး။
နေ့စဉ် ညနေ ၅နာရီမှ ၈နာရီထိ။
📍 လိပ်စာ (၂)- မဟာဗန္ဓုလလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ဘိုလေး(၂) တည်းခိုခန်းနှင့် စားသောက်ဆိုင်အနီး၊ ဒလမြို့နယ်။ နေ့စဉ် ညနေ ၄:၀၀-၈:၀၀ ထိ။
📞 ဖုန်း - 09 421172297
⏰ စိတ်ရောဂါအထူးကုဆေးခန်း ပြသနိုင်ချိန် -
စနေ၊ တနင်္ဂနွေ (မနက် ၉:၃၀ မှ ညနေ ၄:၀၀ နာရီအထိ)

အရမ်းစိတ်ပင်ပန်းနေလား ဒါလေးဖတ်ပြီးလိုက်လုပ်ကြည့်🧠Mindfulness (သတိကပ်ခြင်း) ဆိုတာ ဘာလဲ?Mindfulness ဆိုတာ "လက်ရှိဖြစ်ပေါ်န...
17/01/2026

အရမ်းစိတ်ပင်ပန်းနေလား ဒါလေးဖတ်ပြီးလိုက်လုပ်ကြည့်

🧠Mindfulness (သတိကပ်ခြင်း) ဆိုတာ ဘာလဲ?
Mindfulness ဆိုတာ "လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကို အရှိအတိုင်း၊ ဘာဝေဖန်ချက်မှမပါဘဲ သတိတရားနဲ့ ရှုစိုက်ကြည့်နေတာ" ကို ခေါ်ပါတယ်။ Burnout ဖြစ်နေသူတွေ စိတ်အလွန်အကြူး ပင်ပန်းသူ‌၊ စိတ်ပူတတ်သူ၊ သောကများသူ‌တွေဟာ အတိတ်က အမှားတွေ ဒါမှမဟုတ် အနာဂတ်က စိုးရိမ်ပူပန်မှုတွေထဲမှာ နစ်မျောနေတတ်ကြပါတယ်။ Mindfulness က ကျွန်တော်တို့ကို "ယခု၊ ဒီနေရာ (Here and Now)" ဆီကို ပြန်ခေါ်ဆောင်ပေးပါတယ်။ ပစ္စုပ္ပန်ကို တည့်တည့်ရှုခြင်းပေါ့။

🤔🤔🤔ဘာကြောင့် Mindfulness က နေ့စဉ်ဘဝ အတွက် အရေးကြီးတာလဲ?

စိတ်ပင်ပန်းတယ်ဆိုတာ စိတ်ဖိစီးမှုတွေ အဆက်မပြတ် စုပြုံလာရာကနေ ဖြစ်တာပါ။ Mindfulness ကိုလေ့ကျင့်တဲ့အခါ -ဦးနှောက်ထဲက ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှုကို ထိန်းချုပ်တဲ့ Amygdala အပိုင်းကို ငြိမ်သက်စေသောကြောင့် စိတ်ဖိစီးမှု တုံ့ပြန်မှုကို လျှော့ချပေးနိုင်ပါတယ်။ ပြဿနာတွေကို ထိတ်လန့်တုန်လှုပ်မနေဘဲ တည်တည်ငြိမ်ငြိမ်နဲ့ တုံ့ပြန်နိုင်စွမ်း ရှိလာစေလို့ ခံနိုင်ရည်စွမ်း (Resilience) တက်လာစေနိုင်တယ်။
အမြဲတမ်း အလုပ်လုပ်နေရတဲ့ ဦးနှောက်ကို ခဏတာ "Switch off" လုပ်ပေးလိုက်သလိုမျိုး ပင်ပန်းနေတဲ့ ဦးနှောက်ကြီးကို အနားရစေပါတယ်။

ဒါ့အပြင် Mindfulness လေ့ကျင့်တဲ့အခါ ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာအတွင်းမှာ
စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ stress hormone Cortisol ကိုလျော့ကျလာစေလို့ ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတွေနဲ့ ပင်ပန်းနွမ်းနယ်မှုတွေ သက်သာသွားပါတယ်။
စိတ်ခံစားမှုကို တည်ငြိမ်စေတဲ့ "Happy Hormone" Serotonin တိုးပွားစေပါတယ်။ ဒါကြောင့် စိတ်ဓာတ်ကျတာနဲ့ ဒေါသထွက်တာတွေကို လျော့ကျစေပါတယ်။
စိတ်အပန်းပြေတဲ့အခါ Dopamine & Endorphins ဟော်မုန်းတွေ ထွက်လာ‌စေလို့ စိတ်ကျေနပ်မှုနဲ့ နာကျင်ပင်ပန်းမှု သက်သာခြင်းကို ခံစားရစေပါတယ်။
🙌ဒါဆို ဘယ်လိုလေ့ကျင့်ရမလဲ?
၁။ ၅ မိနစ် အသက်ရှူခြင်း 🫁(Mindful Breathing)
အလုပ်ထဲမှာ အရမ်းပင်ပန်းလာရင် ခဏနားပြီး ကိုယ့်ရဲ့ အသက်ရှူသွင်း၊ ရှူထုတ်မှုကိုပဲ အာရုံစိုက်ပါ။ လေဝင်လေထွက်လေးကို သတိပြုနေရုံနဲ့တင် စိတ်ဖိစီးမှု ချက်ချင်း လျော့ကျနိုင်ပါတယ်။
၂။ 5-4-3-2-1 နည်းလမ်း (Grounding Technique)
စိတ်တွေ ဂယောက်ဂယက်ဖြစ်လာရင် ပတ်ဝန်းကျင်ကို ပြန်ကြည့်ပါ -
👀မြင်ရတဲ့ အရာ ၅ ခု။
👆ထိတွေ့လို့ရတဲ့ အရာ ၄ ခု။
🎵ကြားနေရတဲ့ အသံ ၃ ခု။
🌺အနံ့ရတဲ့ အရာ ၂ ခု။
😋အရသာခံလို့ရတဲ့ အရာ ၁ ခု။ (ဒါဟာ သင့်ဦးနှောက်ကို လက်ရှိဆီ ချက်ချင်း ခေါ်ဆောင်ပေးပါတယ်။)
၃။ အလုပ်လုပ်ရင်း သတိကပ်ခြင်း (Mindful Working)
ကော်ဖီသောက်ရင် ကော်ဖီရဲ့ အနံ့နဲ့ အရသာကို သိနေပါ၊ လမ်းလျှောက်ရင် ခြေလှမ်းတိုင်းကို သိနေပါ။ အလုပ်တစ်ခုကို တစ်ကြိမ်မှာ တစ်ခုပဲ အာရုံစိုက်ခြင်း (Single-tasking) တွေက Burnout ကို အထိရောက်ဆုံး ကာကွယ်ပေးပါတယ်။
"Burnout ဆိုတာ သင့်မှာ သင့်ခန္ဓာကိုယ်ကြီးအတွက်လပေးစရာ အင်အားမရှိတော့တာကို ပြောတာပါ။ Mindfulness ကတော့ သင့်ရဲ့ အင်အားတွေကို ပြန်လည် ဖြည့်တင်းပေးမယ့် ရေပူစမ်းတစ်ခုလိုပါပဲ။"
🚭🔞⛔လွဲမှားတဲ့ နည်းလမ်းတွေဖြစ်တဲ့ အရက်သောက်ခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းတွေနဲ့ ရေတိုမဖြေရှင်းသင့်ပါဘူး။ အကယ်၍ သင်ဟာ အမြဲတမ်း စိတ်ပင်ပန်းနေပြီး Mindfulness လေ့ကျင့်တာတောင် မသက်သာဘူးဆိုရင်တော့ ကျွမ်းကျင်သူတွေနဲ့ ဆွေးနွေးဖို့ လိုအပ်နေပါပြီ။
ကျွန်တော်တို့ မေတ္တာမွန်ဆေးခန်း မှာ လိုအပ်သော ကုသမှုများကို လျှို့ဝှက် နွေးထွေးစွာ တိုင်ပင်ဆွေး နွေး ကုသနိုင်ပါတယ်။
Telegram channel လေးလဲ subscribe ထားပေးပါဦး။

https://t.me/myittamonmentalhealthservice

🏥 မေတ္တာမွန် အထွေထွေရောဂါကုနှင့် စိတ်ရောဂါအထူးကုဆေးခန်း
📍လိပ်စာ (၁) အမှတ် ၄၆၊ ရွှေမဉ္ဇူ ၁လမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်း။ MCC ခန်းမအနီး။
⏰ နေ့စဉ် ညနေ ၅နာရီမှ ၈နာရီထိ။

📍 လိပ်စာ (၂)- မဟာဗန္ဓုလလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ဘိုလေး(၂) တည်းခိုခန်းနှင့် စားသောက်ဆိုင်အနီး၊ ဒလမြို့နယ်။ နေ့စဉ် ညနေ ၄:၀၀-၈:၀၀ ထိ။
📞 ဖုန်း - 09 421172297
⏰ စိတ်ရောဂါအထူးကုဆေးခန်း ပြသနိုင်ချိန် -
စနေ၊ တနင်္ဂနွေ (မနက် ၉:၃၀ မှ ညနေ ၄:၀၀ နာရီအထိ)

Address

မဟာဗန္ဓုလမ်း၊ တပင်ရွှေထီးရပ်ကွက်၊ ဒလမြို့နယ်။
Yangon
11261

Opening Hours

Monday 16:00 - 20:00
Tuesday 16:00 - 20:00
Wednesday 16:00 - 20:00
Thursday 16:00 - 20:00
Friday 16:00 - 20:00
Saturday 09:00 - 20:00
Sunday 09:00 - 20:00

Alerts

Be the first to know and let us send you an email when Myitta Mon Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share