ဒို့မိသားစုလေး - Dohmeetharsulay

ဒို့မိသားစုလေး - Dohmeetharsulay မိတ်ဆွေတို့မိသားစုတွေ အာဟာရပြည့်ဝပြီး ကျန်းမာပျော်ရွင်ဖို့ ကူညီပေးနေပါတယ်။

😍 Our Client’s Testimonial 😍✍️ ဒို့မိသားစုလေးရဲ့ ဖြည့်စွက်စာကျွေးခြင်းသင်တန်းကို တက်ရောက်ခဲ့တဲ့ မေမေတစ်ယောက်ရဲ့ ရင်တွင်း...
21/06/2026

😍 Our Client’s Testimonial 😍

✍️ ဒို့မိသားစုလေးရဲ့ ဖြည့်စွက်စာကျွေးခြင်းသင်တန်းကို တက်ရောက်ခဲ့တဲ့ မေမေတစ်ယောက်ရဲ့ ရင်တွင်းဖြစ်ပီတိလေးကို မျှဝေပေးပါရစေရှင် ✍️

📌 ဘေဘီလေးတွေကို စနစ်တကျမိခင်နို့တိုက်ကျွေးချင်တာပဲဖြစ်ဖြစ်
📌 ဖြည့်စွက်စာကိုစနစ်တကျကျွေးမွေးချင်တာပဲဖြစ်ဖြစ်
📌 မိခင်နဲ့ကလေးအာဟာရအတွက် ဒိူ့မိသားစုလေးကအမြဲအဆင်သင့်ပါပဲ 🫶😍

📢 Complementary Feeding Class (Online) 📢မေမေ၊ ဖေဖေတို့ရေ မျှော်နေကြတဲ့ဖြည့်စွက်စာကျွေးနည်းသင်တန်းလေး လာပါပြီ💛✍️ ကလေးအသက်...
15/06/2026

📢 Complementary Feeding Class (Online) 📢
မေမေ၊ ဖေဖေတို့ရေ မျှော်နေကြတဲ့ဖြည့်စွက်စာကျွေးနည်းသင်တန်းလေး လာပါပြီ💛

✍️ ကလေးအသက် (၆) လပြည့်ချိန်မှ စလို့ဖြည့်စွက်အစားအစာများကို အာဟာရပြည့်ဝမှန်ကန်စွာ မိတ်ဆက်ပေးနိုင်ရန် Complementary Feeding Class ကို တက်ရောက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

👶 ဘယ်အချိန်မှာ ဖြည့်စွက်စာ စကျွေးသင့်သလဲ?�
🥣 ပထမဆုံး ကျွေးသင့်တဲ့ အစားအစာတွေက ဘာတွေလဲ?�
🍽️ အသက်အရွယ်အလိုက် ကျွေးရမဲ့အစားအစာ၊အစာပမာဏနှင့် အကြိမ်ရေ�
⚠️ ရှောင်ကြဉ်သင့်သော အစားအစာများ�
💚 Healthy Eating Habits တည်ဆောက်ပေးနည်းတွေအပြင် �
❓ မေမေ၊ ဖေဖေတို့ သိချင်တဲ့ မေးခွန်းများကို ဆွေးနွေးမေးမြန်းနိုင်မည့် အခွင့်အရေး
စတဲ့ အရေးကြီးသော အကြောင်းအရာများကို လေ့လာနိုင်မှာ ဖြစ်ပါတယ်။

📅 သင်တန်းရက် - 4.7.2026 (စနေနေ့)
⏰ အချိန် - 7:00 - 9:00 PM
📍 နေရာ - Zoom Platform

သင်တန်းတက်ရောက်ဖို့အတွက်က ဒီလင့်လေးကနေတဆင့် စာရင်းပေးသွင်းလို့ရပါတယ်။ 👇

https://dohmeetharsulay.com/events/cf-july2026/ -event-booking-form

📩 စာရင်းပေးသွင်းရန်နှင့် အသေးစိတ်သိရှိလိုပါက Message Box မှ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

� � �

📢 Breastfeeding Class 📢မေမေတို့ရေ 💛ဒို့မိသားစုလေးရဲ့ Breastfeeding Class (မိခင်နို့တိုက်ကျွေးရေးသင်တန်း) ကို မကြာမီ စတင်...
10/06/2026

📢 Breastfeeding Class 📢
မေမေတို့ရေ 💛
ဒို့မိသားစုလေးရဲ့ Breastfeeding Class (မိခင်နို့တိုက်ကျွေးရေးသင်တန်း) ကို မကြာမီ စတင်တော့မည်ဖြစ်ပါသည်။

🤱 မွေးဖွားပြီးနောက် မိခင်နို့ကို မှန်ကန်စွာတိုက်ကျွေးနည်း�👶 ကလေး၏ မိခင်နို့လိုအပ်ချက်များကို နားလည်သိရှိနည်း�💞 မိခင်နှင့် ကလေးကြား သံယောဇဉ်ပိုမိုခိုင်မာစေမည့် နည်းလမ်းများ�🍼 နို့မလုံလောက်ဘူးလို့ ထင်ရတဲ့ အခြေအနေများကို မှန်ကန်စွာ သုံးသပ်နည်း�🌱 မိခင်နို့တိုက်ကျွေးနေစဉ် မေမေများအတွက် အာဟာရနှင့် ကျန်းမာရေးစောင့်ရှောက်မှု
စသည့် အရေးကြီးသောအကြောင်းအရာများကို လေ့လာနိုင်မည်ဖြစ်ပါသည်။

📅 သင်တန်းရက် - 13.6.2026 (Saturday)�⏰ အချိန် - 7:00 pm - 9:00 pm

သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းထားသော မေမေတို့အားလုံးကို နွေးထွေးစွာ ကြိုဆိုပါတယ်။ စိတ်ဝင်စားလို့တက်ချင်တယ်ဆိုရင် စာရင်းသွင်းလို့ရပါသေးတယ် 💕

မေးခွန်းများရှိပါက Comment သို့မဟုတ် Message မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။
💛 "မိခင်နို့သည် ကလေးများအတွက် အကောင်းဆုံးဖြစ်သည်"

#မိခင်နို့တိုက်ကျွေးရေး

05/06/2026

#ဒို့မိသားစုလေး

မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ 💛ဒို့မိသားစုလေးရဲ့ Complementary Feeding Class (ဖြည့်စွက်စာကျွေးခြင်းသင်တန်း) ကို မကြာမီ စတင်...
03/06/2026

မင်္ဂလာပါ မေမေ၊ ဖေဖေတို့ရေ 💛
ဒို့မိသားစုလေးရဲ့ Complementary Feeding Class (ဖြည့်စွက်စာကျွေးခြင်းသင်တန်း) ကို မကြာမီ စတင်တော့မှာ ဖြစ်ပါတယ်။

👶 ကလေးငယ်အား ၆ လအရွယ်မှစ၍ အာဟာရပြည့်ဝစွာ အစားအစာစတင်မိတ်ဆက်ပေးနည်း�🥣 ပထမဆုံးကျွေးသင့်သော အစားအစာများ�🍽️ အသက်အလိုက် ကျွေးရမည့်အစားအစာ၊ အစားအစာပမာဏနှင့် အကြိမ်ရေ�⚠️ ဘေးကင်းလုံခြုံစွာပြင်ဆင်ကျွေးမွေးနည်း
စသဖြင့် အရေးကြီးတဲ့အကြောင်းအရာတွေကို လေ့လာနိုင်မှာဖြစ်ပါတယ်။

သင်တန်းတက်ဖို့ စာရင်းပေးသွင်းထားသူများအားလုံးကိုလည်း နွေးထွေးစွာ ကြိုဆိုပါတယ်။ 💕 Registration မလုပ်ရသေးတဲ့ တက်ချင်တဲ့မေမေတွေအတွက်လည်း သင်တန်းကို Registration လုပ်လို့ရပါသေးတယ်ရှင်။

မေးခွန်းများရှိပါက Comment သို့မဟုတ် Message မှတဆင့် ဆက်သွယ်မေးမြန်းနိုင်ပါသည်။

နို့တိုက်မိခင်တွေအတွက် နို့ထွက်အားကောင်းပြီး အာဟာရပြည့်ဝအောင် ဘယ်အစားအစာတွေ စားရမလဲ? ✍️ နို့ထွက်အားကောင်းစေပြီး မိခင်ကို...
31/05/2026

နို့တိုက်မိခင်တွေအတွက် နို့ထွက်အားကောင်းပြီး အာဟာရပြည့်ဝအောင် ဘယ်အစားအစာတွေ စားရမလဲ?

✍️ နို့ထွက်အားကောင်းစေပြီး မိခင်ကို အာဟာရပြည့်အောင် ထောက်ပံ့ပေးဖို့အတွက်

1. Protein (အသားဓါတ်/ပရိုတင်းဓါတ်)
2. Healthy Fat (ကျန်းမာရေးနဲ့ ညီညွတ်တဲ့အဆီ)
3. Carbohydrates (ကဆီဓါတ်)
4. Fruits & Vegetables (သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ)
5. Hydration & Boosters (ရေဓါတ်ဖြည့်တင်းခြင်းနှင့်နို့ထွက်အားကောင်းစေသောအရာများ) စတဲ့ အစားအစာတွေ စားဖို့လိုအပ်ပါတယ်။

1. Protein (ပရိုတင်း/အသားဓါတ်) - ဥများ၊ အသား၊ ငါး၊ နို့ထွက်ပစ္စည်းများ၊ ပဲမျိုးစုံနှင့် အချိန်ကြာကြာချက်ထားသော အသားများ ပါဝင်သည်။ (ကြက်ဥ/ဘဲဥ၊ ကြက်ပေါင်သား၊ အမဲသား၊ နို့ဒိန်ချဉ်၊ ချိစ်)

2. Healthy Fat - ဟော်မုန်းထုတ်လုပ်မှုကိုပံ့ပိုးပေးပြီးတစ်နေ့တာလုံးအားအင်ပြည့်ဝစေပါသည်။ (ထောပတ်သီး၊ အခွံမာအသီးများနှင့် အစေ့အဆံများ၊ နို့ထောပတ်၊ မြေပဲထောပတ်)

3. Carbohydrates (ကဆီဓါတ်) - မိခင်နို့ထွက်မှုကို ပံ့ပိုးပေးပြီး ဗိုက်ပြည့်စေသည်။ (ထမင်း၊ ကန်စွန်းဥ၊ အာလူး၊ ပေါင်မုန့်)

4. Fruits & Veg (သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်များ) - ဗီတာမင်၊ သတ္တုဓါတ်များ နှင့် အန်တီအောက်ဆီဒန့်များပါဝင်ပြီး မိခင်နှင့်ကလေးအတွက် အကျိုးရှိစေသည်။ (ငှက်ပျောသီး၊ ပန်းဂေါ်ဖီစိမ်း၊ မုန်လာဥနီ၊ သခွါးသီး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ)

5. Hydration & Boosters (ရေဓါတ်ဖြည့်တင်းခြင်းနှင့် အားဖြည့်အစားအစာများ) - ရေဓါတ်ကိုဖြည့်တင်းပေးပြီး အာဟာရဖြစ်စေကာ မိခင်နို့ထွက်နှုန်းကို ပံ့ပိုးပေးသည်။ (ရေ၊ အုန်းရည်၊ အသားပြုတ်ရည်)

🔹 နို့တိုက်ချိန်မှာ ဆာလောင်ခြင်းဟာ တကယ်မလွယ်ကူပါဘူး။ ဒီအစားအစာတွေက နို့တိုက်မိခင်တွေကို ဗိုက်ပြည့်စေပြီး အာဟာရပြည့်ဝစေပါတယ်။

မိခင်နို့ဟာ သင့်ကလေးအသက်ရှင်သန်ဖို့ အမြဲပြောင်းလဲနေတဲ့ အာဟာရနဲ့ သဘာဝဆေးဝါးတစ်မျိုးလိုပါပဲ။မိခင်နို့တိုက်ကျွေးခြင်းအကြောင...
24/05/2026

မိခင်နို့ဟာ သင့်ကလေးအသက်ရှင်သန်ဖို့ အမြဲပြောင်းလဲနေတဲ့ အာဟာရနဲ့ သဘာဝဆေးဝါးတစ်မျိုးလိုပါပဲ။

မိခင်နို့တိုက်ကျွေးခြင်းအကြောင်းထဲက အံ့ဩစရာအကောင်းဆုံးအရာတစ်ခုကတော့ မိခင်နို့ဟာ ဘယ်တော့မှ တူညီမနေဘူးဆိုတာပါ။ မိခင်နို့ဟာ အောက်ဖော်ပြပါအခြေအနေတွေကိုလိုက်ပြီး နို့ရဲ့ပုံစံနဲ့ ပါဝင်ပစ္စည်းတွေ ပြောင်းလဲတတ်ပါတယ် —

🤍 မီးဖွားပြီး ဘယ်နှစ်ရက်ရှိသလဲ�
🤍 နေ့အချိန် / ညအချိန်�
🤍 နို့တိုက်နေတဲ့အဆင့်�
🤍 ကလေးရဲ့ အသက်အရွယ်�
🤍 ကလေး
နေမကောင်းဖြစ်နေချိန်

⭐ Colostrum (မွေးပြီးစနို့)�ပမာဏနည်းပေမယ့် ကိုယ်ခံအားနဲ့ အာဟာရဓာတ်တွေ အလွန်ကြွယ်ဝပါတယ်။
⭐ Foremilk�ရေဓာတ်ပိုများပြီး ကလေးကို ရေဓာတ်ပြည့်ဝစေဖို့ ကူညီပေးပါတယ်။
⭐ Hindmilk�ပိုပျစ်ပြီး အဆီဓာတ်ကြွယ်ဝတာကြောင့် ကလေးဗိုက်ပြည့်စေပြီး ကြီးထွားဖွံ့ဖြိုးရန်အတွက် အထောက်အကူပြုပါတယ်။
⭐ Night Milk�အိပ်စက်မှုနဲ့ ခန္ဓာကိုယ်လည်ပတ်မှုစနစ်ကို ကူညီပေးတဲ့ melatonin ဆိုင်ရာဓာတ်တွေ ပိုပါဝင်ပါတယ်။ မိခင်ခန္ဓာကိုယ်က ဘယ်အချိန်မှာ ဘယ်လိုနို့ရည်
တိုက်ရမလဲဆိုတာကို သိနေသလိုပါပဲ 🤯

ကလေးတွေ နေမကောင်းဖြစ်တဲ့အခါမှာလည်း မိခင်နို့က ထပ်မံပြောင်းလဲပြီး ကိုယ်ခံအားကို ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ပါတယ်။ အဲဒီအချိန်မှာ နို့က ပိုမို ကျဲသလို ဒါမှမဟုတ် အစိမ်းရောင်သန်းသလို ဖြစ်နိုင်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်ပြီး ကလေးအတွက်လည်း ဘေးကင်းပါတယ်။
ဒါကြောင့် မိခင်နို့ဟာ တစ်ခါတိုက်တိုင်း၊ ကလေးတစ်ကြိမ်စို့တိုင်းမှာ အရောင်နဲ့ ပုံစံကွဲပြားနေတာပါ။

မိခင်နဲ့ ကလေး အာဟာရအတွက်ဆိုရင် ဒို့မိသားစုလေးက အမြဲအဆင်သင့်ပါနော် 😍

18/05/2026
မင်္ဂလာပါမေမေတို့ရေ 💕�ကလေးလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ “ဖြည့်စွက်စာကျွေးမွေးခြင်း” အကြောင်းကို စနစ်တကျ...
18/05/2026

မင်္ဂလာပါမေမေတို့ရေ 💕
�ကလေးလေးတွေရဲ့ ကျန်းမာဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့ “ဖြည့်စွက်စာကျွေးမွေးခြင်း” အကြောင်းကို စနစ်တကျလေ့လာချင်တဲ့ မေမေတွေအတွက် မိမိကိုယ်တိုင်Online မှတဆင့် လေ့လာပြီး အပြန်အလှန်ဆွေးနွေးလို့ရမဲ့ Complementary Feeding Online Class လေး ပြန်လည်ဖွင့်လှစ်ပေးတော့မှာဖြစ်ပါတယ်ရှင့် ✨

✍️ သင်တန်း Registration လုပ်ပြီးတာနဲ့ သင်တန်းနဲ့ပတ်သက်တဲ့ လေ့လာရမဲ့ Video တွေကို တခါတည်းရယူပြီးတော့
✍️ မိမိသိရှိဆွေးနွေးလိုတာတွေကို June 6,2026 (7-9 Pm) မှာ Zoom Meeting ကနေ မေးမြန်းဆွေးနွေးလို့ရပါတယ်။

👶 ဘယ်အရွယ်ကစပြီး ဖြည့်စွက်စာစကျွေးရမလဲ�🥣 ဘယ်လိုအစားအစာတွေကို စတင်ကျွေးသင့်လဲ�📌 အာဟာရပြည့်ဝပြီး အသက်အရွယ်နဲ့ကိုက်ညီတဲ့အစားအစာတွေ�⚠️ မေမေတွေ အများဆုံးကြုံရတဲ့ Feeding Challenges တွေကို ဘယ်လိုဖြေရှင်းမလဲ
စတဲ့ အသုံးဝင်ပြီး လက်တွေ့အသုံးချနိုင်မယ့် အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာဖြစ်ပါတယ်နော် 💛

သင်တန်းတက်ရောက်ပြီးသား မေမေများဆီက Positive Feedback လေးတွေ အများကြီးရထားတဲ့ Class လေးဖြစ်လို့ တက်ရောက်ဖို့ အရမ်းတန်ပါတယ်ရှင့် ✨

📌 စိတ်ဝင်စားတဲ့မေမေတွေအတွက် သင်တန်းအသေးစိတ်အကြောင်းအရာနဲ့ Registration တင်ဖို့အတွက် Messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်
Viber No. 09452115449 ကိုလည်း ဆက်သွယ်နိုင်ပါတယ် 💕

📌 ကလေးငယ်တွေရဲ့ အစောပိုင်းကာလတွေမှာ အာဟာရပြည့်ဖို့ ဘာကြောင့်အရေးကြီးတာလဲ?  ✍️ ကလေးငယ်တစ်ဦးရဲ့ အစောပိုင်းနှစ်တွေဟာ ဦးနှော...
14/05/2026

📌 ကလေးငယ်တွေရဲ့ အစောပိုင်းကာလတွေမှာ အာဟာရပြည့်ဖို့ ဘာကြောင့်အရေးကြီးတာလဲ?

✍️ ကလေးငယ်တစ်ဦးရဲ့ အစောပိုင်းနှစ်တွေဟာ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အလွန်အရေးကြီးတဲ့ အချိန်ကာလတစ်ခု ဖြစ်ပါတယ်။ အသက် ၂ နှစ်မှ ၃ နှစ်ဝန်းကျင်တွင် ကလေးငယ်ရဲ့ဦးနှောက်ဟာ အရွယ်ရောက်ပြီးသူ၏ ဦးနှောက်အရွယ်အစားနီးပါးအထိ ကြီးထွားလာပြီး၊ ထိုကာလမှာ အာရုံကြောဆဲလ်တွေဟာ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးလျက်ရှိပါတယ်။

🔹 ဤအခြေအနေတွင် အာဟာရဓာတ်က အခြေခံကျသော အခန်းကဏ္ဍအဖြစ် ပါဝင်ပါသည်။ ဖွံ့ဖြိုးဆဲဦးနှောက်သည် ၎င်း၏ဖွဲ့စည်းပုံကို တည်ဆောက်ဖို့၊ အချက်ပြစနစ်များကို ပံ့ပိုးပေးရန်နှင့် ဆဲလ်များပျက်စီးမှုကို ကာကွယ်ရန်အတွက် သတ်မှတ်ထားသော အာဟာရဓာတ်များကို လိုအပ်ပါသည်။

📍 အဓိကလိုအပ်သော အာဟာရဓာတ်များမှာ သံဓာတ် (Iron)၊ ဒီအိတ်ချ်အေ (DHA - Omega 3)၊ ကိုလင်း (Choline)၊ ဇင့်/သွပ်ဓာတ် (Zinc) နှင့် အိုင်အိုဒင်း (Iodine)တို့ ဖြစ်သည်။ 📍

✍️ ဤဖွံ့ဖြိုးမှုအဆင့်တွင် အာဟာရဓာတ်များ ချို့တဲ့ခြင်းသည် သင်ယူလေ့လာနိုင်စွမ်း၊ အာရုံစိုက်နိုင်စွမ်းနှင့် ရေရှည်သိမြင်နားလည်မှုဆိုင်ရာ ရလဒ်များ (Long-term cognitive outcomes) ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့်ပင် ဘဝ၏ ကနဦးအစောပိုင်း အာဟာရပြည့်ဝမှုသည် အလွန်အရေးကြီးရခြင်း ဖြစ်ပါသည်။ ✍️

Address

Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Alerts

Be the first to know and let us send you an email when ဒို့မိသားစုလေး - Dohmeetharsulay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ဒို့မိသားစုလေး - Dohmeetharsulay:

Share