17/03/2026
ဒီရက်ပိုင်း ရာသီဥတုက အရမ်းပူပါတယ်နော် ဒီလိုပူတဲ့အချိန်မှာ သွေးတိုးရှိသူတွေ သတိထားဖို့ လိုပါတယ်ရှင်။
ချွေးထွက်များလို့ ရေဓာတ်ဆုံးရှုံးတဲ့အခါ သွေးပေါင်ချိန် အတက်အကျ ဖြစ်နိုင်လို့ပါ။
ဒီလိုအချိန်မျိုးမှာ ကညွတ် က သွေးတိုး၊ ဆီးချိုရှိသူတွေအတွက် များစွာ အထောက်အကူပြုပါတယ်။
သွေးတိုးအတွက် – ကညွတ်က ဆီးရွှင်စေတဲ့အတွက် ခန္ဓာကိုယ်ထဲက ပိုလျှံနေတဲ့ဆားတွေကို စွန့်ထုတ်ပေးပြီး သွေးပေါင်ချိန်ကျစေတယ်။ ပိုတက်စီယမ်ဓာတ်လည်း ကြွယ်ဝတဲ့အတွက် သွေးကြောတွေကို ပြေလျော့စေတယ်။
ဆီးချိုအတွက် – သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ထုတ်လုပ်မှုကို အားပေးပါတယ်။
ဒါကြောင့် ဒီလိုပူပြင်းတဲ့ရာသီမှာ ကညွတ် ကို ပုံမှန်စားသုံးပေးပါ။
ရေများများသောက်ပါ။
နေပူထဲ ကြာကြာမနေပါနဲ့။
ကညွတ် ဆေးလေးလည်း ဆောင်ထားဖို့မမေ့ပါနဲ့။
ကျန်းမာရေး ဂရုစိုက်ကြပါစို့။