Metta Nann Specialist Clinic

Metta Nann Specialist Clinic Quality Care

ကလေးများအတွက် အိပ်မက်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးအန္တာရာယ် 😱မိုးရာသီရောက်ပြီဆိုတာနဲ့ မေမေတွေ စိတ်အပူဆုံးက သွေးလွန်တ...
16/05/2026

ကလေးများအတွက် အိပ်မက်ဆိုး (သို့မဟုတ်) သွေးလွန်တုပ်ကွေးအန္တာရာယ် 😱

မိုးရာသီရောက်ပြီဆိုတာနဲ့ မေမေတွေ စိတ်အပူဆုံးက သွေးလွန်တုပ်ကွေးအန္တာရာယ်ဖြစ်ပါတယ်။ 😔

သွေးလွန်တုပ်ကွေးက ကလေးတွေမှာ အသက်အန္တာရာယ်ဖြစ်တဲ့အထိ ဒုက္ခပေးနိုင်တာကြောင့် မေမေတို့ သတိထားစောင့်ကြည့်ရမယ့် ရောဂါတစ်ခု ဖြစ်ပါတယ်။ 🧑‍🏫

ဒါဆိုရင် ဘယ်လိုအခါမျိုးမှာ မေမေတို့ကလေးကို သွေးလွန်တုပ်ကွေးလို့ သံသယဖြစ်သင့်သလဲ။

♦️ ကလေးက
အဖျားကြီးလွန်းရင် (အထူးသဖြင့် အဖျား ၁၀၄ ဒီဂရီဖာရင်ဟိုက်/ ၄၀ ဒီဂရီစင်တီဂရိတ်)

♦️ခေါင်းကိုက်ရင်

♦️ မျက်လုံးအောင့်ရင်

♦️ ကိုယ်လက်နာကျင်ကိုက်ခဲရင်

♦️ ပျို့အန်ရင်

♦️ အရေပြားမှာ အနီစက်တွေ ထွက်ရင် သွေးလွန်တုပ်ကွေးကို သံသယဖြစ်ပြီး ကလေးဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။ ✨

သွေးလွန်တုပ်ကွေးက မပြင်းထန်လို့ အိမ်မှာ စောင့်ကြည့်ရမယ်ဆိုရင်လည်း အန္တာရာယ်ရှိတဲ့ လက္ခဏာတွေကို သေသေချာချာ စောင့်ကြည့်ဖို့ လိုပါတယ်။ ဒါတွေကတော့

♦️ ဗိုက်အောင့်လွန်းရင်

♦️ ဆက်တိုက်အန်နေရင်

♦️ အသက်ရှူမြန်လာရင်

♦️ နှာခေါင်းသွေးလျှံတာ၊ သွားဖုံးသွေးယိုတာတွေ ဖြစ်လာရင်

♦️ နုံးပြီး မှိန်းလွန်းရင်

♦️ ဂျီကျလွန်းရင်

♦️ အန်တဲ့အခါ၊ ဝမ်းသွားတဲ့အခါ သွေးပါရင်

♦️ ရေမသောက်နိုင်‌တောရင်

♦️ အဖျားကျသွားတာတောင် ဖြူဖျော့အေးစက်နေရင် နီးစပ်ရာဆေးရုံကို အမြန်ဆုံးသွားသင့်ပါတယ်။ 🧑‍🏫

သွေးလွန်တုပ်ကွေးက သိပ်မပြင်းထန်ရင် အိမ်မှာတင် ဂရုစိုက်ပေးလို့ ရပါတယ်။ သွေးလွန်တုပ်ကွေးဖြစ်နေတဲ့ ကလေးကို

✅ အနားများများယူပါ‌စေ။

✅ရေများများတိုက်ပါ။

✅ အာဟာရရှိမယ့် အစားအစာတွေ ကျွေးပါ။

✅ ဆရာဝန်ညွှန်ကြားထားတဲ့ ဆေးတွေတိုက်ပါ။

✅ ကလေးကို သက်သောင့်သက်သာရှိအောင် ထားပါ။

✅ သွေးလွန်တုပ်ကွေးက မပြင်းထန်ဘူးဆိုရင် ၁ပတ်၊ ၂ပတ်လောက်အကြာမှာ ပြန်ကောင်းသွားနိုင်ပါတယ်။ ဒီကြားထဲမှာတော့ ကလေးကို ဆရာဝန်ညွှန်ကြားထားတဲ့အတိုင်း ပြုစုပေးပါ။ အန္တာရာယ်ရှိတဲ့ လက္ခဏာတွေ ဖြစ်လာရင် ဆေးရုံကို အမြန်ဆုံးသွားပါလို့ တိုက်တွန်းချင်ပါတယ်။ ✨

သင့်ကလေးက သွေးလွန်တုပ်ကွေးလို့ သံသယရှိတဲ့အခါ မေတ္တာနန်းကို သတိရလိုက်ပါ။

မေတ္တာနန်းဆေးခန်းမှာ ကလေးအထူးကုဆရာဝန်ကြီးဖြစ်တဲ့ ဒေါက်တာနုထားဝေနဲ့ နေ့စဉ်ပြသနိုင်ပြီဖြစ်တာကြောင့် အောက်ပါ ဖုန်းနံပါတ်များမှတဆင့် ကြိုတင်ဘိုကင်တင်နိုင်ပါတယ်။ ✨

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📱 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

“𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

မိုးရာသီမှာ သတိထားရမယ့် အရေပြားပြဿနာ (၅)မျိုး 😱မိုးရာသီမှာ ရာသီတုပ်ကွေးတို့၊ သွေးလွန်တုပ်ကွေးတို့ ဖြစ်တတ်ရုံသာမက အရေပြား...
14/05/2026

မိုးရာသီမှာ သတိထားရမယ့် အရေပြားပြဿနာ (၅)မျိုး 😱

မိုးရာသီမှာ ရာသီတုပ်ကွေးတို့၊ သွေးလွန်တုပ်ကွေးတို့ ဖြစ်တတ်ရုံသာမက အရေပြားပြဿနာတွေလည်း အဖြစ်များပါတယ်။ 🧑‍🏫

အရေပြားပြဿနာက အဖြစ်များပေမယ့် သေသေချာချာ မကုသကြတာ၊ ဆရာဝန်နဲ့ ပြရမှာ ရှက်တာကြောင့် လူသိပ်မသိကြတာ ဖြစ်ပါတယ်။ ခုလိုမျိုး ပူနွေးစိုစွတ်တဲ့ မိုးဦးကျအချိန်မှာဆို အရေပြားရောဂါတွေက ပိုတောင်ဖြစ်တတ်ပါသေးတယ်။ 🧑‍🏫

မိုးရာသီမှာ သတိထားရမယ့် အရေပြားပြဿနာ (၅)မျိုးကတော့

♦️ အရေပြားမှိုရောဂါ

ပူနွေးစိုစွတ်တဲ့ ရာသီဥတုရယ်၊ ချွေးထွက်တာရယ်နဲ့ ပေါင်းပြီး ခန္ဓာကိုယ်မှာ ပွေး၊ ညှင်း စတဲ့ မှိုရောဂါတွေ ဖြစ်တတ်ပါတယ်။ ပွေးဆိုရင် တစ်ယောက်ကနေ တစ်ယောက်ကို ကူးစက်တတ်သလို သေသေချာချာ မကုသရင် ပြန်ဖြစ်တတ်ပါတယ်။

♦️ ပေါင်ခြံပွေး

ပွေးက ပေါင်ခြံလို ပူနွေးစိုစွတ်တဲ့နေရာမှာ အဖြစ်များတတ်ပါတယ်။ မိုးစိုနေတဲ့ အဝတ်နဲ့ အချိန်ကြာကြာနေတာ၊ ချွေးထွက်တာ၊ အတွင်းခံကျပ်ကျပ်ဝတ်ထားတာကြောင့် မှိုတွေ ပေါက်လွယ်ပြီး ပေါင်ခြံပွေးတွေ ပိုထွက်တတ်ပါတယ်။

♦️ သဲဝဲစားရောဂါ

စိုစွတ်တဲ့ မိုးရေနဲ့ မကြာခဏ ထိတွေ့ရတဲ့အခါ၊ တစ်နေကုန် ခြေထောက်ရေစိုနဲ့ နေရတဲ့အခါ ခြေချောင်းကြားမှာ မှိုစွဲပြီး သဲဝဲစားရောဂါတွေ ဖြစ်လာပါတယ်။ သဲဝဲစားရောဂါသာမက ခြေသည်းမှိုစွဲတာလည်း ဖြစ်လာနိုင်ပါတယ်။

♦️ ဝက်ခြံ

မိုးရေရယ်၊ ချွေးရယ်၊ မျက်နှာအဆီပြန်တာရယ်ပေါင်းပြီး ဝက်ခြံတွေ ပိုထွက်တတ်ပါတယ်။ ဝက်ခြံမှာမှ ပိုးဝင်ပြီး ရောင်ရမ်းတဲ့ ဝက်ခြံတွေ ထွက်တတ်တာကို သတိထားဖို့ လိုပါတယ်။

♦️ နှင်းခူ

ရေစိုချွေးစိုတာကြောင့် ရှိပြီးသား နှင်းခူက ပြန်ဖြစ်တတ်ပါတယ်။ စိုစွတ်တဲ့ ရာသီဥတုကြောင့် ယားယံတာက ပိုဆိုးတတ်ပါတယ်။

ဒါတွေကတော့ မိုးရာသီမှာ ဖြစ်တတ်တဲ့ အရေပြားရောဂါတွေပဲ ဖြစ်ပါတယ်။ အရေပြားရောဂါတွေ ဖြစ်လာရင် ဆရာဝန်နဲ့ ပြရမှာ ရှက်တာကြောင့် ဆေးတွေ လျှောက်လိမ်းတတ်ပါတယ်။ ဒါက အနာတခြား ဆေးတခြားဖြစ်ပြီး ရောဂါ မသက်သာတာ၊ အရေပြားပြဿနာတွေ ပိုဆိုးတာ၊ အရေပြားတွေ ပုံပျက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရေပြားပြဿနာတွေ ဖြစ်လာပြီဆိုရင် ဆေးတွေ၊ ‌ဆေးမြီးတိုတွေ လျှောက်မသုံးဘဲ အရေပြားဆရာဝန်နဲ့ သေသေချာချာ ပြသဖို့ တိုက်တွန်းချင်ပါတယ်။ ✨

အရေပြားပြဿနာအမျိုးမျိုးကို စိတ်ချလုံခြုံစွာ တိုင်ပင်ဆွေးနွေးလိုပါက မေတ္တာနန်းဆေးခန်းမှ အရေပြားဆရာဝန်ကြီးများနဲ့ ပြသဖို့ အောက်ပါ ဖုန်းနံပါတ်များမှတဆင့် ကြိုတင်ဘိုကင်တင်နိုင်ပါတယ်။.✨

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📱 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

“𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞
#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

မိုးရာသီမှာ ကလေးတွေအတွက် အဖြစ်အများဆုံးရောဂါများ 🧑‍🏫မိုးရာသီရောက်လာတော့မှာဖြစ်တဲ့အတွက် မိုးရာသီနဲ့အတူ ပါလာမယ့် ရောဂါတွေက...
12/05/2026

မိုးရာသီမှာ ကလေးတွေအတွက် အဖြစ်အများဆုံးရောဂါများ 🧑‍🏫

မိုးရာသီရောက်လာတော့မှာဖြစ်တဲ့အတွက် မိုးရာသီနဲ့အတူ ပါလာမယ့် ရောဂါတွေကို သတိထားဖို့ လိုလာပြီနော်။ 🧑‍🏫

အထူးသဖြင့် နုနယ်တဲ့ ကလေးလေးတွေကို အရိပ်တကြည့်ကြည့် စောင့်ကြည့်နေဖို့ လိုအပ်ပြီး နေထိုင်မကောင်းတာနဲ့ ကလေးဆရာဝန်နဲ့ ပြသဖို့ ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ 🧑‍🏫

မိုးရာသီမှာ အဖြစ်များတဲ့ ကလေးရောဂါ (၅)မျိုးကတော့

(၁) ရာသီတုပ်ကွေး ♦️

ရာသီတုပ်ကွေးက မိုးရာသီမှာ ဘယ်သူမဆိုဖြစ်နိုင်ပေမယ့် ကလေးတွေမှာ ဖြစ်ရင်တော့ ပိုပြီးသတိထားဖို့ လိုပါတယ်။ ကလေးတွေမှာ အခန့်မသင့်ရင် အဆုတ်ရောင်နမိုးနီးယားလိုမျိုး နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာနိုင်လို့ ကလေးတွေ ရာသီတုပ်ကွေး မဖြစ်အောင် ကာကွယ်‌ပေးတာ အကောင်းဆုံးပါ။

(၂) အအေးမိဖျားနာ ♦️

ရာသီတုပ်ကွေးလိုမျိုး နောက်ထပ်ဂရုစိုက်ရမယ့် ရောဂါကတော့ အအေးမိတာပါ။ တုပ်ကွေးလောက် မပြင်းထန်ပေမယ့် ကျောင်းပျက်တာ၊ ဝေဒနာတွေ ခံစားရတာ၊ တခြားသူတွေကို ကူးစက်တာတွေ ဖြစ်နိုင်တာကြောင့် သတိထားဖို့ လိုပါတယ်။

(၃) သွေးလွန်တုပ်ကွေး ♦️

မိုးရာသီရဲ့ နတ်ဆိုးလို့ ပြောကြတဲ့ သွေးလွန်တုပ်ကွေးက ကလေးမေမေတိုင်း ကြောက်ကြတဲ့ ရောဂါဆိုးပါ။ ၃ရက်အထက် ဖျားပြီဆိုတာနဲ့ သွေးလွန်တုပ်ကွေးကို သံသယရှိသင့်ပြီး ကလေးဆရာဝန်နဲ့ အမြန်ဆုံးပြဖို့ လိုပါတယ်။ ကလေးကို ခြင်မကိုက်စေဖို့ ဂရုစိုက်ပေးဖို့လည်း လိုပါတယ်။ 🧑‍🏫

(၄) ဝမ်းပျက်ဝမ်းလျှော ♦️

မသန့်ရှင်းတဲ့ လမ်းဘေးစာ စားမိတာ၊ ယင်နားစာကို မသိလိုက်ဘဲ စားမိတာကနေ ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောရဲ့ အကြီးမားဆုံး အန္တရာယ်က ရေဓာတ်ဆုံးရှုံးတာ ဖြစ်တာကြောင့် အန်နေ၊ ဝမ်းလျှောနေတဲ့ ကလေးကို ဓာတ်ဆားဝင်‌အောင် တိုက်ပေးရပါမယ်။ အစာသန့်ရှင်းဖို့၊ လက်သန့်ရှင်းဖို့ကိုလည်း ဂရုစိုက်သင့်ပါတယ်။

(၅) Leptospirosis ♦️

ကြွက်‌သေးကနေ ကူးစက်တတ်တဲ့ရောဂါဖြစ်ပြီး အသည်းနဲ့ ကျောက်ကပ်ကို ပျက်စီးစေနိုင်ပါတယ်။ ခုလိုမိုးတွင်းမှာ မသန့်ရှင်းတဲ့ရေ၊ ကြွက်သေးတွေ ပါနိုင်တဲ့ရေကို ထိတွေ့မိရာကနေ ဖြစ်နိုင်လို့ ရေကြီးရေလျှံနေတဲ့နေရာ၊ ရေဝပ်တဲ့နေရာတွေကို ဂရုစိုက်ပြီး ရှောင်ဖို့ လိုပါတယ်။
ဒါတွေကတော့ မိုးတွင်းမှာ အဖြစ်များတဲ့ ကလေးရောဂါတွေပဲ ဖြစ်ပါတယ်။ ကလေးတွေက ရောဂါတစ်ခုခုဖြစ်တဲ့အအခါ လူကြီးတွေထက်ပိုခံစားရတဲ့အပြင် နောက်ဆက်တွဲပြဿနာတွေလည်း ဝင်လွယ်တာကြောင့် နေထိုင်မကောင်းဖြစ်တာနဲ့ ကလေးဆရာဝန်နဲ့ ပြသတာက မိဘတွေကို စိတ်‌အေးစေမှာပါ။

မေတ္တာနန်းဆေးခန်းမှာ ကလေးအထူးကုဆရာဝန်ကြီးများ ရှိနေပြီး ပြသလိုပါက အောက်ပါ ဖုန်းနံပါတ်များမှတဆင့် ကြိုတင်ဘိုကင်တင်နိုင်ပါတယ်။ ✨

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

📱 Ph.-09421606940, 09421606939

🏥ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱Ph.- 09763459621

“Metta Nann: Quality Care"

#အထူးကုဆေးခန်း
#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜
#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫
#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞

မေတ္တာနန်းဆေးခန်းမှာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ ရပါပြီ 📢မကြာမီ မိုးရာသီတုပ်ကွေးကာလ ရောက်လာတော့မှာဖြစ်တဲ့အတွက် တုပ်ကွေးကာက...
01/05/2026

မေတ္တာနန်းဆေးခန်းမှာ တုပ်ကွေးကာကွယ်ဆေးထိုးလို့ ရပါပြီ 📢

မကြာမီ မိုးရာသီတုပ်ကွေးကာလ ရောက်လာတော့မှာဖြစ်တဲ့အတွက် တုပ်ကွေးကာကွယ်ဆေး ကြိုထိုးထားသင့်ပါတယ်။ 🧑‍🏫

တုပ်ကွေးကာကွယ်ဆေးက ထိုးပြီး ၂-၄ပတ်အကြာမှာ 𝐚𝐧𝐭𝐢𝐛𝐨𝐝𝐢𝐞𝐬 ခုခံအားပေါ်မှာ ဖြစ်တဲ့အတွက် မိုးမကျခင် ကြိုထိုးထားတာ အကောင်းဆုံးပဲ ဖြစ်ပါတယ်။ ✨

‌မေတ္တာနန်းဆေးခန်းမှာဆိုရင် ဒီနှစ်အတွက် တုပ်ကွေးဗိုင်းရပ်စ် ၄မျိုးကို ကာကွယ်နိုင်တဲ့ တုပ်ကွေးကာကွယ်ဆေးကို ရရှိနိုင်ပြီပဲ ဖြစ်ပါတယ်။ ✨

ထိုးနည်းကတော့

🔸 အသက် ၆လမှ ၉နှစ်အထိ ကလေး (တစ်ခါမှမထိုးဘူးရင်)- ၁လခြား ၂ကြိမ်

🔸 အသက် ၉နှစ်အထက် အရွယ်အားလုံး - ၁ကြိမ် ထိုးရမှာပဲ ဖြစ်ပါတယ်။

မေတ္တာနန်းဆေးခန်းရဲ့ တုပ်ကွေးကာကွယ်ဆေးများက အရည်အသွေးပြည့်မီပြီး 𝐜𝐨𝐥𝐝 𝐜𝐡𝐚𝐢𝐧 ကောင်းကောင်းနဲ့ ထိန်းသိမ်းထားတဲ့‌ ဆေးတွေ ဖြစ်တာကြောင့် ဆေးအာနိသင်မရမှာကို စိုးရိမ်စရာမလိုပါဘူးနော်။ ✨

အထူးအစီအစဉ်အနေနဲ့

မိသားစုလိုက် ဆေးထိုးချင်သူများအတွက် ၅ယောက်နဲ့ အထက်ဆိုရင် အိမ်တိုင်ရာရောက် ထိုးနှံပေးပါတယ်။ ✨

အရှေ့ဒဂုံ၊ မြောက်ဒဂုံနဲ့ မြောက်ဥက္ကလာဆိုရင် 𝐓𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐟𝐞𝐞𝐬 အခမဲ့ဖြစ်ပြီး ရန်ကုန်မြို့တွင်း တခြားမြို့နယ်များအတွက် သင့်တင့်‌တဲ့ 𝐭𝐫𝐚𝐧𝐬𝐩𝐨𝐫𝐭𝐚𝐭𝐢𝐨𝐧 𝐟𝐞𝐞𝐬နဲ့ ထိုးနှံပေးပါတယ်။ ✨

လူပေါင်းများစွာ ထိုးလိုတဲ့ အသင်းအဖွဲ့များ၊ ကျောင်းများနဲ့ 𝐜𝐨𝐦𝐩𝐚𝐧𝐲များအတွက် 𝐬𝐭𝐨𝐜𝐤 𝐥𝐢𝐦𝐢𝐭𝐚𝐭𝐢𝐨𝐧 ရှိတာကြောင့် ကြိုတင်ဆက်သွယ်ပြီး ရက်ချိန်းယူနိုင်ပါတယ် ခင်ဗျာ။ 📢

တုပ်ကွေးကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဆရာဝန်ကြီးများနဲ့ ပြသလိုပါက

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📱 𝐏𝐡.-𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟒𝟎, 𝟎𝟗𝟒𝟐𝟏𝟔𝟎𝟔𝟗𝟑𝟗

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 𝐏𝐡.- 𝟎𝟗𝟕𝟔𝟑𝟒𝟓𝟗𝟔𝟐𝟏

“𝐌𝐞𝐭𝐭𝐚 𝐍𝐚𝐧𝐧: 𝐐𝐮𝐚𝐥𝐢𝐭𝐲 𝐂𝐚𝐫𝐞”

#အထူးကုဆေးခန်း

#𝐘𝐚𝐧𝐠𝐨𝐧𝐂𝐥𝐢𝐧𝐢𝐜

#𝐐𝐮𝐚𝐥𝐢𝐭𝐲𝐂𝐚𝐫𝐞𝐌𝐲𝐚𝐧𝐦𝐚𝐫

#𝐌𝐲𝐚𝐧𝐦𝐚𝐫𝐇𝐞𝐚𝐥𝐭𝐡𝐜𝐚𝐫𝐞

#𝐌𝐞𝐭𝐭𝐚𝐍𝐚𝐧𝐧𝐒𝐩𝐞𝐜𝐢𝐚𝐥𝐢𝐬𝐭𝐂𝐥𝐢𝐧𝐢𝐜

ယနေ့အခါမှာကျရောက်သော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖွား၊ပွင့်၊ဟော ၊ စံ ၊ဗျာဒိတ်တော်ခံယူတော်မူခဲ့သော ကဆုန်လပြည့် နေ့ (ဗုဒ္ဓ နေ့)...
30/04/2026

ယနေ့အခါမှာကျရောက်သော ဗုဒ္ဓမြတ်စွာဘုရားရှင်၏ ဖွား၊ပွင့်၊ဟော ၊ စံ ၊ဗျာဒိတ်တော်ခံယူတော်မူခဲ့သော ကဆုန်လပြည့် နေ့ (ဗုဒ္ဓ နေ့) အခါသမယမှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းအဖြာဖြာဖြင့်
ဘုရားရှင်ရဲ့ တရား တော် များကို နှလုံးသွင်းဆင်ခြင်ကြရင်း ဓမ္မအလင်းရောင်ဖြင့် ဘဝအ မောများ ပြေပျောက်နိုင် ကြပါ စေကြောင်း မေတ္တာနန်း မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ✨

"Metta Nann: Quality Care"


#ရန်ကုန်ဆေးခန်း

မေတ္တာနန်းမှ သင့်အိမ်သို့ ကျန်းမာခြင်းအား ယူဆောင်လာခဲ့ပါမည် ✨ဆေးခန်းသွားဖို့ အားမရှိလောက်‌အောင် အိပ်ရာထဲလဲနေတာလား . . . ...
23/04/2026

မေတ္တာနန်းမှ သင့်အိမ်သို့ ကျန်းမာခြင်းအား ယူဆောင်လာခဲ့ပါမည် ✨

ဆေးခန်းသွားဖို့ အားမရှိလောက်‌အောင် အိပ်ရာထဲလဲနေတာလား . . . 🤔

အတက်အဆင်း လုပ်ဖို့ ဒူးတွေနာနေလို့ ဆေးခန်းမသွားနိုင်ဘူးလား . . .🤔

နှာခေါင်းပိုက်၊ ဆီးပိုက်တွေ လဲဖို့ လိုနေပြီလား . . . 🤔

ဒါတွေ လုပ်ဖို့ ဆေးခန်းကို မဖြစ်မနေ လာဖို့ မလိုအပ်တော့ပါဘူး။ ✅

မေတ္တာနန်းမှာ Home care service ရှိနေပါပြီ။ ✨

မေတ္တာနန်းရဲ့ ဝန်ဆောင်မှုတစ်ခု‌အနေနဲ့ ဆေးခန်းလာပြီး ဆေးကုသဖို့ အဆင်မပြေတဲ့လူနာတွေ၊ နှာခေါင်းပိုက်၊ ဆီးပိုက် လဲဖို့ လိုအပ်တဲ့ လူနာတွေကို ကျွမ်းကျင်ဆရာဝန်နဲ့ သူနာပြုများကိုယ်တိုင် အိမ်တိုင်ရာရောက် ကုသမှု ပေးနေပြီ ဖြစ်ပါတယ်။ ✨

မေတ္တာနန်း Home care service ကနေ ရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့

✅ အိမ်တိုင်ရာရောက် ဆရာဝန်ပင့်ဆောင်နိုင်ခြင်း

✅ ECG ရိုက်ခြင်း

✅ ဆီးပိုက်၊ နှာခေါင်းပိုက်လဲခြင်း

✅ အနာဆေးထည့်ခြင်း

✅ ပိုးသတ်ဆေးဝါးများထိုးခြင်း

✅ ကာကွယ်ဆေးများထိုးခြင်း

✅ သွေးစစ်ဆီးစစ် ရောဂါရှာဖွေခြင်း

✅ ကျန်းမာရေးစစ်ဆေးခြင်း စတာတွေပဲ ဖြစ်ပါတယ်။

ဆေးခန်းမသွားနိုင်လို့ ဆေးမကုရဘူး မဖြစ်လေအောင် မေတ္တာနန်းက စီစဉ်ထားပေးတာကြောင့် လူကြီးမင်းတို့က အိမ်မှာနေပါ။ ✨

မေတ္တာနန်းမှ သင့်အိမ်သို့ ကျန်းမာခြင်းအား ယူဆောင်လာခဲ့ပေးပါမယ်။ 📢

တစ်ခုခုလိုအပ်တယ်ဆိုရင် မက်ဆင်ဂျာကနေဖြစ်စေ၊ ဖုန်းဆက်ပြီးဖြစ်စေ ကြိုတင်ရက်ချိန်းယူနိုင်ပါတယ်။

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📱 Ph.-09421606940, 09421606939

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 Ph.- 09763459621

"Metta Nann: Quality Care"

မေတ္တာနန်းဆေးခန်းတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ 🧑‍🏫မေတ္တာနန်းဆေးခန်းက လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ ...
21/04/2026

မေတ္တာနန်းဆေးခန်းတွင် ရရှိနိုင်သော ဝန်ဆောင်မှုများ 🧑‍🏫

မေတ္တာနန်းဆေးခန်းက လူနာများကို ကျန်းမာရေးစောင့်ရှောက်မှုပေးတဲ့အခါ အချိန်ကုန် လူပင်ပန်းတာမျိုး မဖြစ်စေဖို့ တစ်နေရာတည်းမှာတင် ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဝန်ဆောင်မှုအားလုံးရရှိအောင် စီစဉ်ထားရှိပါတယ််။ ✨

မေတ္တာနန်းဆေးခန်းမှာ ရနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့

✅ အထူးကုဆရာဝန်ကြီးများနဲ့ ပြသခြင်း

✅ အွန်လိုင်းမှတဆင့် ဆရာဝန်ကြီးများနဲ့ ဆွေးနွေးနိုင်ခြင်း

✅ အ‌ထွေ‌ထွေရောဂါနဲ့ အရေးပေါ်ကုသမှုများ ပေးနိုင်ခြင်း

✅ နေ့ခြင်းပြီးကုသမှုများပေးခြင်း

✅ အိမ်တိုင်ရာရောက်ကုသ‌မှုပေးခြင်း

✅ အယ်ထွာဆောင်း (USG) ရိုက်ခြင်း

✅ ဓာတ်မှန် (X-ray) ရိုက်ခြင်း

✅ အီးစီဂျီ (ECG) ဆွဲခြင်း

✅ ဓာတ်ခွဲစစ်ဆေးခြင်း

✅ ကာကွယ်ဆေးထိုးခြင်း

✅ Medical checkup လုပ်ပေးခြင်း

✅ အရည်အသွေးပြည့်ဝ‌တဲ့ ဆေးဝါးများ ဝယ်ယူနိုင်ခြင်း

✅ ဆေးဝါးများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးခြင်း စတဲ့ ဝန်ဆောင်မှုများ ရရှိနိုင်ပါတယ်။

ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကိစ္စအဝဝကို တစ်နေရာတည်းမှာ one stop service ရအောင် စီစဉ်ပေးထားတာကြောင့် တခြားနေရာကို ထပ်သွားစရာမလို၊ အချိန်ကုန် လူပင်ပန်းဖြစ်စရာမလိုတာကြောင့် မိမိရဲ့ ကျန်းမာရေးကောင်းမွန်ဖို့ကိုပဲ အာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။ ✨

မေတ္တာနန်းဆေးခန်းမှာ ပြသလိုပါက

📍 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📱Ph.-09421606940, 09421606939

📍 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📱 Ph.- 09763459621

“Metta Nann: Quality Care"

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှစ်ကူးအချိန်အခါသမယမှ စတင်ပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ ဘေးအန္တရာယ်ကင်းခြင်းတို့နဲ...
17/04/2026

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှစ်ကူးအချိန်အခါသမယမှ စတင်ပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ ဘေးအန္တရာယ်ကင်းခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းမှူကုသိုလ်များ ပွားများ‌နိုင်ပါစေကြောင်း မေတ္တာနန်းမိသားစုမှ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

"ခေတ်မီအဆင့်အတန်း ကရုဏာအစွမ်းဖြင့် မေတ္တာနန်း"

မေတ္တာဖြင့်သာ ကုသပါသည်  💚နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြကြတဲ့အခါ လူနာတိုင်း လိုချင်တာက မေတ္တာတရားကို အခြေခံတဲ့ ကျန်းမာရေ...
14/04/2026

မေတ္တာဖြင့်သာ ကုသပါသည် 💚

နေမကောင်းဖြစ်လို့ ဆေးခန်းသွားပြကြတဲ့အခါ လူနာတိုင်း လိုချင်တာက မေတ္တာတရားကို အခြေခံတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပဲ ဖြစ်ပါတယ်။ 🧑‍🏫

နွေးနွေးထွေးထွေး ကိုယ်ချင်းစာတရားအပြည့်နဲ့ ကူညီဖေးမတဲ့အခါ ဆရာဝန်နဲ့ မတွေ့ရသေးခင်မှာတင် ရောဂါတစ်ဝက်လောက် သက်သာသွားသလို ခံစားရစေမှာပဲ ဖြစ်ပါတယ်။ ✨

မေတ္တာနန်းဆေးခန်းမှာဆိုရင် ကိုယ့်ဆီလာပြတဲ့လူနာတိုင်းကို မေတ္တာတရား၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ဝန်ဆောင်မှု ပေးနိုင်အောင် သင်ကြားပေးထားပါတယ်။ ✅

ဆေးခန်းကို စပြီး ဝင်လာတည်းကစလို့ ဆရာဝန်ပြသခြင်း၊ နောက်ဆုံး ဆေးဝယ်ပြီး ဆေးခန်းကနေ ပြန်သွားသည်အထိ အခက်အခဲမရှိ အစစအရာရာ အဆင်ပြေချော့မွေ့အောင် စီစဉ်ထားရှိပါတယ်။ ✅

ဝန်ထမ်းတွေရဲ့ စိတ်ရှည်ပြီး ကောင်းမွန်တဲ့ ဝန်ဆောင်မှုနဲ့ ဆရာဝန်ကြီးများရဲ့ ပညာစွမ်း ပေါင်းစပ်လိုက်တဲ့အခါ လူနာများရဲ့ ရောဂါကို ထိထိရောက်ရောက် ကုသပေးနိုင်မှာပဲ ဖြစ်ပါတယ်။ ✅

ဒါကြောင့် မိသားစုသဖွယ် နွေးထွေးပြီး
မေတ္တာ၊ ကိုယ်ချင်းစာတရားအပြည့်နဲ့ ဝန်ဆောင်မှုရရှိနိုင်တဲ့ ဆေးခန်းကို ရှာနေတယ်ဆိုရင်မေတ္တာနန်းမှာ ကုသမှုခံယူလှည့်ပါ။ 🧑‍🏫

ဝေဒနာသက်သာရုံသာမက စိတ်အေးချမ်းသာစွာ ဆေးကုသနိုင်မည်ဆိုတာကို အာမခံပါတယ်။ ✅

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

Ph.-09421606940, 09421606939

🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

Ph.- 09763459621

“ခေတ်မီအဆင့်အတန်း ကရုဏာအစွမ်းဖြင့် မေတ္တာနန်း”

မေတ္တာနန်းမိသားစုရဲ့ စတုဒီသာအလှူမှအမှတ်တစ်ရပုံရိပ်လေးတစ်ချို့ကိုပြန်လည်မျှဝေ‌ပေးလိုက်ပါတယ် ✨မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှ...
12/04/2026

မေတ္တာနန်းမိသားစုရဲ့ စတုဒီသာအလှူမှအမှတ်တစ်ရပုံရိပ်လေးတစ်ချို့ကိုပြန်လည်မျှဝေ‌ပေးလိုက်ပါတယ် ✨

မြန်မာသက္ကရာဇ် ၁၃၈၈ခုနှစ် နှစ်ကူးအခါသမယမှ စတင်ပြီး စိတ်ချမ်းသာခြင်း၊ ကိုယ်ကျန်းမာခြင်း၊ဘေးအန္တရာယ်ကင်းခြင်းတို့နဲ့ ပြည့်စုံပြီး ကောင်းမှူကုသိုလ်များ ပွားများ‌နိုင်ပါစေကြောင်းလဲဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

"ခေတ်မီအဆင့်အတန်း၊ ကရုဏာအစွမ်းဖြင့် မေတ္တာနန်း"

မေတ္တာနန်းအထူးကုဆေးခန်းလေးရဲ့ တည်နေရာ ✨မေတ္တာနန်းအထူးကုဆေးခန်းမှာ လာရောက်ပြသချင်တဲ့ လူနာများ အဆင်ပြေစေဖို့ ဆေးခန်းနဲ့ ဆေ...
12/04/2026

မေတ္တာနန်းအထူးကုဆေးခန်းလေးရဲ့ တည်နေရာ ✨

မေတ္တာနန်းအထူးကုဆေးခန်းမှာ လာရောက်ပြသချင်တဲ့ လူနာများ အဆင်ပြေစေဖို့ ဆေးခန်းနဲ့ ဆေးဆိုင်လိပ်စာများကို ဖော်ပြပေးလိုက်ပါတယ်။ 📢

တကယ်လို့ ရှာမတွေ့ဘူးဆိုရင်လည်း ဖုန်းဆက်မေးမြန်းနိုင်ပါတယ်ရှင့်။

🏥 ဆေးခန်း နှင့် ဆိုင် ၁ -အမှတ် ၅၉၀, ဗိုလ်စောနောင်လမ်း,အရှေ့ဒဂုံ ၉ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ်, ရန်ကုန်

📆 ဆေးခန်းဖွင့်ချိန် - မနက် ၈နာရီမှ ည ၈နာရီအထိ

Ph.-09421606940, 09421606939


🏥 ဆိုင် ၂ - အမှတ် ၁၄၂(က), ဗိုလ်မှူးဗထူးလမ်း, အရှေ့ဒဂုံ ၅ ရပ်ကွက်, အရှေ့ဒဂုံမြို့နယ် , ရန်ကုန်

📆 ဆိုင် ၂ ဖွင့်ချိန် - မနက် ၇နာရီမှ ည ၈နာရီအထိ

Ph.- 09763459621

“ခေတ်မီအဆင့်အတန်း ကရုဏာအစွမ်းဖြင့် မေတ္တာနန်း”

Address

No. 590, Bo Saw Naung Street, 9 Ward, East Dagon Township
Yangon

Website

Alerts

Be the first to know and let us send you an email when Metta Nann Specialist Clinic posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share