08/04/2022
Frajiour 💚
Instock
"" ချောမွတ်ကြည်ပြောင် အလှဆောင်
Wormwood Cream ကို ဆောင် ""
[**Fraijour Orginal Herb Wormwood Calming Watery Cream Review**]
ကျွန်တော်ဒီတစ်ခါတော့ Budget saved ဖြစ်ပြီး အရမ်းကို Hydrating ကောင်းတဲ့ Moisturizer တစ်ခုအကြောင်းပြောပြချင်လွန်းလို့ ဒီ review လေးကို
Sharing လုပ်လိုက်ပါတယ်
ကျွန်တော်က မနက်ပိုင်း Skin care routine တွေသုံးရင် အတတ်နိုင်ဆုံး လျှော့သုံးပြီး ညဘက်တွေဆို Active Ingredient တွေကို ပိုသုံးဖြစ်တာမို့ ညဘက်သုံးမယ့် Moisturizer ကိုသေချာရွေးသုံးရပါတယ် ကျွန်တော့်အတွက် Moisturizer တစ်ခုမှာ အလိုချင်ဆုံးအရာကို ပြောပါဆိုရင် Hydrating အပြည့်အဝပေးနိုင်ရမယ်ပေါ့ဗျာ ကျွန်တော်လိုချင်တဲ့ Hydrating အပြည့်ရရင် Moisturizer ကိုသုံးရတာ ကျေနပ်တယ်ပေါ့ဗျာ
ကျွန်တော် Fraijour Warmwood cream ကို ဝယ်ပြီးတော့ စပြီးသုံးတဲ့ရက်မှာတင် အရမ်းကို ကြွေပြီး ကြိုက်လွန်းလို့ Review ရေးဖို့ idea ရခဲ့ပေမယ့် result ကိုသေချာသိချင်လို့ စမ်းသုံးရင်းနဲ့ အခုဆို ဘူးက ဖင်ကပ်ပဲကျန်တော့တဲ့အထိ ၂လ ကျော် သုံးပြီးတဲ့အခါမှ ဒီ review လေးပေးဖို့ ဖြစ်လာပါတော့တယ်
သူ့ရဲ့ အဓိက ingredient ကတော့ Wormwood (Mugwort) ပါ Wormwood က Camling နဲ့ Soothing အရမ်းဖြစ်တော့ အသားနီရဲတာမျိုးတွေ ဝက်ခြံကြောင့်ရောင်ရမ်းနေတာတွေကို သိသိသာသာသက်သာစေပါတယ် ပြီးတော့ ဒီ cream က Plants extracts တွေကနေ အဓိက ယူပြီး ထုတ်ထားတာမို့ Mild ဖြစ်ပြီး skin irritating ဖြစ်နိုင်ချေ အရမ်းနည်းပါတယ် ဒါကြောင့် Ingredients တွေထပ် Personal experience ကိုမြန်မြန်လေးသွားလိုက်မယ်နော်
ဒီ cream ကို စသုံးမယ့်နေ့မှာပဲ ဖြစ်ချင်တော့ ကျွန်တော်က မျက်နှာကို scrub လုပ်လိုက်မိပါတယ် အာ့ဒီတော့ Toner တွေ serum တွေသုံးပြီး Moisturizer လိမ်းပြီးတဲ့အခါမှာ skin က အရမ်းကို အိစက်နေပြီး ကျောက်ကျောရဲ့ မျက်နှာပြင်လိုမျိုး ပြောင်ပြောင်တင်းတင်းလေးနဲ့ အိအိလေးဖြစ်နေတာပဲ အာ့တစ်ချက်နဲ့တင်အရမ်းကို ကြွေလွန်းလို့ စိတ်ထဲမှာတောင် အမလေး ကြိုက်လိုက်တာဆိုပြီး ပြောမိသေးတာ
သူ့ရဲ့ Cream type က Watery cream လို့ပြောတဲ့အတိုင်းပဲ ထိလိုက်ရင် အိစက်စက်လေးနဲ့ လိမ်းလိုက်ရင်လည်း မျက်နှာကို ရေနဲ့ဖြန်းလိုက်သလို စိုရွဲအိစက်ပြီး စိမ့်ဝင်တာကလည်းမြန်သေးတယ်
လိမ်းလိမ်းချင်းကို ကြည်ကြည်လေးဖြစ်နေတာက အပေါ်ယံ Skin က Glow တာမျိုးမဟုတ်ပဲ skin အတွင်းထဲကနေ Glow လို look မျိုးလေးကို ရတယ် ( * အရမ်းကြိုက်တယ် *)
ဒါလေးလိမ်းအိပ်ပြီး မနက်နိုးလာရင်လည်းမျက်နှာလေးက တင်းတင်းရင်းရင်းဖြစ်နေတာလေးကိုလည်းကြိုက်တယ်
ဒါလေးသုံးလို့ ဝက်ခြံတွေပိုပြီးထွက်လာတာမျိုးတွေ လုံးဝမဖြစ်ဘူး
ကျွန်တော် Oily ance prone တောင်သုံးလို့အဆင်ပြေပြီးတော့ လိုချင်တဲ့ Hydrating နဲ့ Moisturizing effects ကို သေသေချာချာလေးရလို့ ညတိုင်း ဒါလေးကိုပဲ သုံးဖြစ်နေတာအခုချိန်ထိပါပဲ သူက တခြား Skin care တွေနဲ့လည်းတွဲသုံးရတာ အဆင်ပြေတာမို့ ဒါလေးကိုပဲစွဲသုံးမိနေတာလည်းပါတယ် သူက နေ့ရောညပါ သုံးလို့ရတယ်ဆိုပေမဲ့ ကျွန်တော်ကတော့ ညဘက်ကိုပဲ သုံးဖြစ်ပါတယ်
သူက All skin types အဆင်ပြေပေမဲ့ Super Oily Skin သမားတွေ မနက်ဘက်သုံးမယ်ဆို cream ပမာဏကို ချိန်ပြီး လိုသလောက်လေပဲသုံးပေးပါ သူကလည်း လိမ်းပြီးပြီး ကြည်ကြည်လေးဖြစ်နေလို့ အဆီပြန်လာရင် အဆီပိုပြန်သလိုခံစားရမှာစိုးလို့ ညဘက် ကိုသုံးဖို့ပိုပြီး Recommended လုပ်ချင်ပါတယ်
သဘာဝ plants extracts တွေနဲ့ လုပ်ထားတာမို့ Sensitive skin တွေလည်း သုံးလို့အဆင်ပြေပါတယ်
ကျွန်တော့်ကို ဒီတစ်ဗူးကုန်လို့ ဒါပဲဆက်သုံးဦးမလားလို့မေးရင်
အဖြေက Yes ပါ ဒီ တစ်ဗူးကုန်ရင်လည်း နောက်တစ်ဗူးထပ်ဝယ်ပြီးသုံးဦးမှာပါ
သူက 100ml ပါတဲ့ တစ်ဗူးကိုမှ 18000ks ဆိုတော့ အရမ်းတန်လွန်းနေပြီ ရှယ်ပလန်တဲ့သုံးပါလိမ့်ဗျာ
ဒီ Wormwood cream လေးကို သုံးချင်တယ်ဆိုရင် Fraijour Myanmar_Official မှာ ဝယ်လို့ရပါတယ်