22/02/2026
"Trigger finger / Stenosing Tenosynovitis-လက်ချောင်းအကွေးအဆန့်နာကျင်ခြင်း"
Trigger finger ဖြစ်စေတဲ့ အကြောင်းအရင်း က တော့ လက်ချောင်း အဆစ်လေးများရှိ (Tendon Sheath )အရွတ်ပြားရောင်ခြင်းကြောင့် လက်ချောင်း အကွေးအဆန့်လုပ်တဲ့အခါ ချက်ချင်းဆန့်မရဘဲ ထောက်ခနဲမြည်ခြင်းများဖြစ်ပါတယ်။ လက်ညှိူးနဲ့ လက်မဟာ အခြားသော လက်များထက် အဖြစ်များတယ်
Trigger finger ဖြစ်လျှင် ဘလိုလက္ခဏာတွေခံစားရတတ်လဲ?
- လက်ချောင်းဆစ်အရင်းမှနာခြင်း
-မနက်ခင်း အချိန်တွင် နာကျင်မှုပိုဆိုးတတ်ခြင်း
- ဖိကြည့်လျှင် အကြောထုံးလေးတွေ့ရပီး နာခြင်း
- အကွေးဆန့်ခက်ခဲခြင်း
- ကွေးပြီးလျှင် တခြားလက်အကူညီဖြင့်ပြန်ဆန့်ရ ခြင်း
- လက်ချောင်းလေးများရောင်ရမ်းခြင်း၊ကိုက်ခဲခြင်း၊ တင်းနေတတ်ခြင်း
ဘယ်လိုသူတွေမှာ အဖစ်များတတ်လဲ?
- အမျိုးသမီးတွေဟာ အမျိုးသားများထက် ၇၅% ပို၍အဖြစ်များခြင်း
- အသက် ၄၅နှစ်နဲ့အထက်များတွင်အထက်များတွင်အတွေ့ရများခြင်း
-လက်ချောင်းလေးများကို အားစိုက်အသုံးပြုရသူ
(ကွန်ပျူတာ, mouseအသုံးပြုရသူ၊ ဂိမ်းကစား၊ ဖုန်းအသုံးပြုရသူ)
-- ဆီးချိုရောဂါရှိသူများ
- Gout (ဂေါက်)ရောဂါရှိသူများ
- လေးဘက်နာရောဂါရှိသူများ
ဘလိုကုသမှုခံယူမလဲ
✔️ပထမဆုံး လက်ချောင်းလေးများကို (REST) အနားပေးထားရပါမယ်
✔️လက်ချောင်းကိုရေနွေးအိတ်ကပ်ခြင်း/ ရေနွေး ၁၀-၁၅မိနစ်စိမ်ပေးခြင်း
✔️သင့်တော်တဲ့လေ့ကျင့်ခနိးများပြုလုပ်ပေးခြင်း (လေ့ကျင့်ခန်းများပြုလုပ်ရာတွင် ကျွမ်းကျင်သော အကြောအဆစ်ကျွမ်းကျင်ပညာရှင် Physiotherapistများနှင့်တိုင်ပင်ပါ)
Trigger finger or Stenosing tenosynovitis နှင့်ပတ်သက်ပြီး နည်းလမ်းမှန်စနစ်တကျကုသမှုခံယူလိုပါက Thein Than Htaike Physio Care မှ အိမ်တိုင်ရာရောက် ၀န်ဆောငိမှုပေးနေပြီဖြစ်ကြောင်းသတငိးကောင်းပါးအပ်ပါသည်။
📞09970053584သို့လည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်❤️