Save the Trees

Save the Trees We can save the trees

မိုးအေးအေးနဲ့ 🌿🌱အရွက်နုနုလေးတွေခူးရတဲ့ဖီလင်က ဘာနဲ့မှလဲလို့မရဘူး
17/04/2025

မိုးအေးအေးနဲ့ 🌿🌱အရွက်နုနုလေးတွေခူးရတဲ့ဖီလင်က ဘာနဲ့မှလဲလို့မရဘူး

18/07/2023
အပင်မြင့်၍ လေဒဏ်ကိုကြောက်ရသော..ဒေသတွင် အောက်ပါဖော်ပြထားသည့် ပုံအတိုင်းလုပ်၍ထားပါက အသီးလှ၍ အပင်လဲမှာကိုလည်းစိုးရိမ်စရာမလိ...
22/01/2023

အပင်မြင့်၍ လေဒဏ်ကိုကြောက်ရသော..
ဒေသတွင် အောက်ပါဖော်ပြထားသည့် ပုံအတိုင်း
လုပ်၍ထားပါက အသီးလှ၍ အပင်လဲမှာကိုလည်း
စိုးရိမ်စရာမလိုတော့ပါ...

ဗဟုသုတအဖြစ်သာ...
Credit.....
မျှဝေပေးလိုက်ပါတယ်ဗျ....

ရာသီဥတုအပြောင်းအလဲဖြစ်ခြင်းက သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေသလား?ရာသီဥတုအပြောင်းအလဲသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရောဂါပျံ့န...
16/05/2022

ရာသီဥတုအပြောင်းအလဲဖြစ်ခြင်းက သင့်စိတ်ကျန်းမာရေးကို ထိခိုက်စေသလား?

ရာသီဥတုအပြောင်းအလဲသည် ပတ်ဝန်းကျင်ညစ်ညမ်းမှု၊ ရောဂါပျံ့နှံ့မှုနှင့် အစားစာ ရှားပါးမှုတို့ကြောင့် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာအရပါ ထိခိုက်နိုင်ကြောင့် လူအများစုက နားလည်ထားကြပါတယ်။ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုးရွားသော စိတ်ကျန်းမာရေးအကျိုးဆက်တစ်ခုဖြစ်သည့် Eco-anxiety သည် စိုးရိမ်ပူပန်မှုတစ်ခုဖြစ်ကြောင်း ထောက်ပြထားပါတယ်။ ဒီစိုးရိမ်မှုတွေဟာ မိမိကြုံတွေ့ရသည့် မုန်တိုင်းတွေနဲ့ မိမိဒေတွင်း မြင့်မားတဲ့အပူချိန်တွေဖြစ်တဲ့ တသက်တာအတွေ့အကြုံတွေမှ ဖြစ်ပေါ်လာခြင်းဖြစ်ပါတယ်။ မိမိ အနေဖြင့် သဘာဝဘေးအန္တရာယ်တွင်း ကိုယ်ချစ်ရတဲ့သူတွေကိုဆုံးရှုံးဖူးခဲ့တာမျိုး၊ မိမိနေဖူးခဲ့တဲ့နေရာနဲ့မတူတော့တာမျိုးလည်း ဖြစ်နိုင်ပါသေးတယ်။ ဒုတိယအနေဖြင့် ရာသီဥတုမှတ်တမ်းပုံစံကဲ့သို့ သတင်းတိုးချဲ့ခြင်းကလည်း အပြုသဘောဆောင်တဲ့ တိုးတက်မှုတစ်ခုဖြစ်ပြီး လူတွေပိုပြီးသိရှိလာခြင်းက လက်တွေ့ကျ အရေးယူလုပ်ဆောင်စေနိုင်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကို အထောက်ကူပြုစေတဲ့ ဘဝနေထိုင်မှုပုံစံ အလေ့အကျင့်တွေဖြစ်လာစေဖို့ မိမိကိုယ်ကိုယ် ပြင်းပြင်းထန်ထန် ဒီလိုပုံစံလေးတွေဖြင့် သုံးသပ်လို့ရပါသေးတယ်။

-တစ်ခါသုံးပလက်စတစ်နှင့် ဖော့ အသုံးပြုခြင်း
-လေအေးစက်(အဲကွန်း) ဖွင့်ခြင်း
-အသားများများစားခြင်း

ရာသီဥတုပြောင်းလဲမှုကို ကိုင်တွယ်ဖြေရှင်းရာတွင် ကမ္ဘာလုံးဆိုင်ရာ ကတိကဝတ်တစ်ခုလည်း လိုအပ်သလို ကြီးမားသော ပြသာနာတစ်ခုဖြစ်တာကြောင့် တစ်ဦးတယောက်တည်း မဖြေရှင်းနိုင်ပါဘူး။ မိမိကိုယ်ကိုယ် အပြစ်တင်ခြင်းနှင့် မိမိလုပ်ရပ်အပေါ် ရှက်ရွံ့မှု ခံစားချက်တွေက စွမ်းဆောင်မှု မရှိခြင်းခံစားချက်မျိုး ဖြစ်သွားနိုင်ပါတယ်။ ဒီလို မစွမ်းဆောင်နိုင်ဘူးဖြစ်သွားတဲ့ ခံစားချက်ဟာ Eco-anxiety အခန်းကဏ္ဍမှာ အရေးပါအရာရောက်နေပါတယ်။ လူသားတိုင်းက ကမ္ဘာမြေပေါ် မှီခိုနေနေရတဲ့အတွက် Eco-anxiety က ဘယ်သူ့ကိုမဆို ထိခိုက်နိုင်ပါတယ်။ အထူးသဖြင့် ရာသီဥတုအပြောင်းအလဲကို အများဆုံးခံရနိုင်သည့် အုပ်စုတွေဖြစ်တဲ့

-တိုင်းရင်းသားမျိုးနွယ်စုများ၊
-ပထဝီဝင်အနေထားအရ အန္တရာယ်ရှိတဲ့ နေရာဒေသ၊ ခြောက်သွေ့တဲ့နေရာဒေသများ၊ ကမ်းရိုးတန်း သို့မဟုတ် ကျွန်းဒေသများတွင် နေထိုင်ကြသူများ၊
-လူမှုစီးပွားရေးအရ အခက်အခဲအဆင်မပြေသော လူ့အသိုင်းအဝိုင်းများ၊
-ကလေးငယ်များနှင့် အသက်ရွယ်အိုမင်းသူများ၊
-မသန်စွမ်းသူများ သို့မဟုတ် နာတာရှည်ရောဂါ စိုးရိမ်နေရသူများ။

ဒါ့အပြင် အထိခိုက်များတဲ့ အသိုင်းအဝိုင်းအများစုဟာ ဆေးကုသမှုနှင့် စိတ်ပိုင်းဆိုင်ရာကျန်းမာရေး စောင့်ရှောက်မှုတွေအတွက် အတားအဆီးတွေ ပိုပြီးများလာပါတယ်။ ဒီလို လိုအပ်ချက်တွေမရရှိနိုင်ခြင်း ရာသီဥတုနှင့်ဆက်လျဉ်းပြီး စိတ်ဖိစီးမှုကို ကိုင်တွယ်ဖြေရှင်းရာ လိုအပ်သည့် အထောက်အပံ့မျိုး ရှာဖွေဖို့အတွက် အတားအဆီးဖြစ်နေပါတယ်။

Climate Change Taking a Toll on Your Mental Health?

Most people understand that climate change can affect both physically and mentally through pollution, the spread of disease, and food scarcity. Mental health professionals have already pointed to one serious mental health consequence: eco-anxiety.

The anxiety comes from your lived experiences that you can meet strong storms and highest heat temperature in your regions. Maybe you’ve lost loved ones in those disasters- lives that, unlike homes. Secondly, expanding news like climate reports is a positive progress and the greater awareness can lead people to take action.It’s easy to judge yourself harshly for lifestyle practices that contribute to climate change, like:
using plastic and Styrofoam
running your air conditioner
eating a meat-heavy diet
Changing climate cannot be resolved alone because it is a large-scale problem that requires a global commitment to tackling climate change.Feelings of guilt and shame for your impact may go hand in hand with feelings of powerlessness.This sense of powerlessness can play a significant role in eco-anxiety.
Everyone depends on the health of the planet, so eco-anxiety can affect anyone. Particularly vulnerable groups include:
Indigenous communities
people living in coastal or island regions, dry areas, or other regions with high geological risk
socioeconomically disadvantaged communities
children and older adults
people living with disabilities or chronic health concerns
What’s more, many of the communities with the highest risk also contend with more barriers to medical treatment and mental healthcare. This lack of access prevents them from seeking the kind of support needed to manage climate-related stress.
Reference link- https://www.healthline.com/health/eco-anxiety

"




"

Eco-anxiety is just one way that climate change is starting to affect our mental health.

ရာသီဥတုပြောင်းလဲမှုကြောင့်   ဂေဟစနစ်များအပေါ် သက်ရောက်မှုများ နှစ်ဆယ့်တစ်ရာစုအစောပိုင်းတွင် တွေ့ကြုံနေရသည့် လျှင်မြန်သော...
29/04/2022

ရာသီဥတုပြောင်းလဲမှုကြောင့် ဂေဟစနစ်များအပေါ် သက်ရောက်မှုများ

နှစ်ဆယ့်တစ်ရာစုအစောပိုင်းတွင် တွေ့ကြုံနေရသည့် လျှင်မြန်သော ရာသီဥတုပြောင်းလဲဖောက်ပြန်မှုသည် ဂေဟစနစ်များပေါ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် သက်ရောက်မှုရှိနေပါသည်။ ရာသီဥတုပြောင်းလဲမှုသည် သက်ရှိများမျိုးပွားချိန်ပြောင်းလဲခြင်း၊ အစာကွင်းဆက်ဖြစ်စဉ်များကိုထိခိုက်စေခြင်း၊ ရာသီဥတုပူပြင်းမှု၊ မုန်တိုင်းများကျရောက်မှုနှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မှု မရှိခြင်းတို့ကြောင့် သက်ရှိများအသက်ဆုံးရှုံးခြင်း စသည်တို့ကိုဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသောကြောင့် ရေချိုအတွင်းသို့ ရေငန်များ ဝင်ရောက်သည့် ရေချိုတွင်နေထိုင်သော သက်ရှိမျိုးစိတ်အချို့ကို နေရာရွှေ့ပြောင်းရန် သို့မဟုတ် သေဆုံးစေရန် တွန်းအားပေးနိုင်သည့်အပြင် ရေနေသတ္တဝါများ၏ အစာကွင်းဆက်တွင် အရေးပါသည့် ပုဇွန်ဆိတ်၊ သေးငယ်သောငါးကလေးများနှင့် အခြားသောအစာကွင်းဆက်အတွက် အရေးပါသောသက်ရှိများကိုလည်း ထိခိုက်စေနိုင်ပါသည်။

သို့သော်လည်း ဂေဟစနစ်များသည် လွန်ကဲသောရာသီဥတုအခြေအနေများ (ရေကြီးခြင်း၊ တောမီးများ၊
လေဆင်နှာမောင်းများ၊ ဟာရီကိန်းမုန်တိုင်းများ) ၏သက်ရောက်မှုများကို တားဆီးရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ဥပမာအနေဖြင့် သန္တာကျောက်တန်းများ၊ ဒီရေတောများနှင့်ကျွန်းများသည် ကမ်းရိုးတန်းဂေဟစနစ်ကို မုန်တိုင်းလှိုင်းဒဏ်များမှ ကာကွယ်ပေးသည်။

ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို ဂေဟစနစ်များ ပြန်လည်ထူထောင်ခြင်း၊ ကာကွယ်ခြင်းဖြင့်
လျှော့ချနိုင်ပါသည်။

The rapid climate change that is being experienced in the early twenty-first century impacts the ecosystem in various ways.
In many places, the climate is rapidly changing and the ecosystem is in danger because of the inability of animals and plants. Climate influences the key stages of the species’ life cycle such as migration, blooming, and reproduction. In particular, as winter is shorter and milder, the timing of this process changes in some areas. Climate change can alter where species live, how they interact, and the timing of biological events, which could fundamentally transform current ecosystems and food webs. For instance, as the sea level rises, saltwater intrusion into a freshwater system may force some key species to relocate or die, thus removing predators or prey that are critical in the existing food chain. Moreover, as temperatures continue to rise, many species are no longer able to thrive in places where they once lived. One-third of the Earth’s corals have been lost due to the warming ocean. Scientists estimate that 8% of current animal species are at risk of extinction due to climate change alone. It is also estimated that by 2070 nearly 20% of tropical plant species will be unable to germinate because of temperatures beyond their upper limit.
However, ecosystems play an important role in “buffering” the effects of extreme climate conditions (floods, wildfires, tornadoes, hurricanes) on the movement of materials and the flow of energy through the environment. For example, reefs, mangrove forests, and barrier islands protect the ecosystem system against storm surges. Therefore, climate change can be mitigated by restoration and prevention of the ecosystem.

"




"

မိုးဦးလေဦး သတိပြု Yangon မဟာရန်ကုန်မိုး⛈⛈⛈⛈⛈⛈⛈⛈⛈၂၀၂၂ မေလ ပထမပတ်အတွင်း ရန်ကုန်တိုင်းကြီးမှာ မိုးတွေရွာနိုင်ပြီး အပူလျော...
26/04/2022

မိုးဦးလေဦး သတိပြု
Yangon မဟာရန်ကုန်မိုး
⛈⛈⛈⛈⛈⛈⛈⛈⛈
၂၀၂၂ မေလ ပထမပတ်အတွင်း ရန်ကုန်တိုင်းကြီးမှာ မိုးတွေရွာနိုင်ပြီး အပူလျော့ကျသဃာကာ ရန်ကုန်မြေရဲ့မိုးရာသီကိုရောက်ရှိသွားမှာဖြစ်ပါတယ်
ဘာမုန့်မှမကြွေးလည်း ခန့်မှန်းပေးသွားမှာဖြစ်ပါတယ်
ခန့်မှန်းချိန် 26/04/2022 at 4:50PM(MMT)
ပြည်သူ့အချစ်တော်လေး
Su Su San
𝘾𝙡𝙞𝙢𝙖𝙩𝙤𝙡𝙤𝙜𝙞𝙨𝙩
𝘼𝙙𝙫𝙖𝙣𝙘𝙚𝙙 𝙒𝙚𝙖𝙩𝙝𝙚𝙧 𝙁𝙤𝙧𝙚𝙘𝙖𝙨𝙩𝙚𝙧
&
𝐌𝐞𝐭𝐞𝐨𝐫𝐨𝐥𝐨𝐠𝐢𝐜𝐚𝐥 𝐈𝐧𝐭𝐞𝐥𝐥𝐢𝐠𝐞𝐧𝐜𝐞 𝐎𝐟𝐟𝐢𝐜𝐞𝐫

 #အပူချိန်အရမ်းမြင့်တက်နေပါတယ်။ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ ရောက်နိုင်ပါတယ်။အ...
25/04/2022

#အပူချိန်အရမ်းမြင့်တက်နေပါတယ်။

ဒီနေ့ အပူချိန်ဟာ ၄၃ ´C အထိ တက်လာပါပြီ။
ဒီအတိုင်း ဆက်တက်နေရင် ၄၅-၄၇´C အထိ
ရောက်နိုင်ပါတယ်။

အပူချိန် တက်နှုန်းတွေကိုလေ့လာကြည့်ရင်
ယခက်က ၁´C တက်ဖို့ ၁၀ နှစ် ကြာပါတယ်။

အခု ၃ နှစ် အတွင်း ၂`C တက်လာပါတယ်။

အပူချိန် ၁´C တက်လာတိုင်း
ပျမ်းမျှအသက် ၂ နှစ် လျော့စေပါတယ်။

အထူးသတိထားကြပါ။ မြန်မာတွေရဲ့ပျမ်းမျှအသက်ဟာ
ကျား ၅၃၊ မ ၅၇ ဖြစ်ပါတယ်။

အခု အပူချိန် ၂´C တက်လာမှုကြောင့်
၄ နှစ် ထပ်လျော့သွားနိုင်ပါတယ်။

စိုထိုင်းဆလည်း အရမ်းလျော့နည်းနေပါတယ်။
ဒီအခြေအနေဟာ တော်သေးတယ်လို့
ပြောလို့ ရပေမယ့်အပူဒဏ်ပို ခံစားရနိုင်ပါတယ်။

ဒီအချိန်မှာ အစားအစာ၊ အနေအထိုင်သတိပြုကြပါ။
အအေးစာတွေက အပူစုပ်နိုင်ပေမယ့်
အပူရှပ်ခြင်းကိုအဓိက ဖြစ်စေပါတယ်။

အရေးကြီးတာကနေပူထဲမှာ
နံက် ၁၁ နာရီမှ ညနေ ၃ နာရီအတွင်း
သွားလာ လှုပ်ရှားအလုပ်လုပ်ကိုင်ခြင်း ရှောင်ကြဉ်ကြပါ။

ဗမာချည်သား အဝတ်ထူထူတွေက
အပူဒဏ်ကို ကာကွယ်ပေးနိုင်ပါတယ်။

အပူက ပြန်ရောက်လာစဉ်
အဝတ်များ ချွတ်ခြင်း၊ ရေခဲရေသောက်ခြင်း၊
ရေချိုးခြင်းတို့ ရှောင်ပါ။

ဆားနှင့် ရေသောက်ခြင်းကိုလည်း
မပြုလုပ်ကြပါနဲ့။

အပူက ပြန်ရောက်စဉ် ၅ မိနစ်ခန့်
ပြန်လာစဉ်ကအတိုင်း နေပေးကြပါ။
အဲယားကွန်းခန်းအတွင်း အဝင်အထွက် လုပ်ကိုင်သွားလာနေရသူများသတိပြုကြပါ။

အပူမှ ပြန်ရောက်ချိန်
အဲကွန်းခန်းအတွင်းရုတ်တရက် ဝင်ရောက်ပါက
ခန္ဒာကိုယ်အရေပြားမှ သွေးများ ဗဟို သွေးလှည့်အဖွဲ့ထဲ
ရောက်ရှိပြီးရုတ်တရက် သွေးပေါင်တက်ကာ
လေဖြတ်ခြင်း၊ ဦးနှောက်သွေးကြောပေါက်ခြင်းတို့
ဖြစ်တတ်ပါတယ်။

အဲကွန်းခန်းထဲ ကြာရှည်နေရသူများ
အပူထဲသို ထွက်ချိန်မှာသွေးပေါင်ထိုးကျပြီး
မူးဝေတတ်ပါတယ်။

ရေများများ သောက်ပါ။
အငန်/အချိုလျော့စားကြပါ။

ချွေးထွက်လွန်သူမှ လွဲ၍
ဓာတ်ဆားရေ သောက်ခြင်း လျော့ပါ။
ဟင်းကျန်ထမင်းကျန်များ စားခြင်း ရှောင်ပါ။

ဟင်းကျန်များ နွေးရာတွင်
ရေဖြည့်ထည့်၍ နွေးပါ။
လက်သုပ်များ လျော့စားပါ။
မိဘပြည်သူအများ ဘေးရန်ကင်းကွာ ကျန်းမာချမ်းသာကြပါစေ။

လေးစားစွာဖြင့်ပေးပါသည်။

01/02/2022

ငါတို့မြို့ ငါတို့ငြိမ်ချင်ငြိမ်မယ်
ငါတို့လှူပ်ချင်လှူပ်မယ်

ငါတို့မြို့ငါတို့ပိုင်တယ်

#1.2.2022

ထန်းပင်မြစ်ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်..ထန်းပင်ကြီးရဲ့...
11/12/2021

ထန်းပင်မြစ်

ထန်းပင်မြစ်ဆိုတော့ အချို့မသိသေးသူများက ထန်းပင်ကြီးရဲ့ အမြစ်တွေလို့ထင်နေကြတော့ ရယ်လိုက်ရသေးတယ်..
ထန်းပင်ကြီးရဲ့အမြစ်က ကြီးမားလွန်းလို့ နွားတွေစားဖို့အတွက် နွားစာကျင်း(မြက်တွေထည့်ကျွေးတဲ့ခွက်ကြီး)တွေတောင် ထွင်းလို့ရပါတယ်။

စားလို့ရတဲ့ထန်းပင်မြစ်က ထန်းသီးအရင့်တွေကိုမြေမြုပ်ထားပီး ထွက်လာတဲ့ ထန်းပင်ပေါက်ပါ။ ဥပမာပြောရရင် ယာတောသူတို့စားနေတဲ့ ပဲပင်ပေါက်လိုဘဲပေါ့... အာ့တာကိုမစားရင် ထန်းပင်ကြီးဖြစ်လာမှာပေါ့လေ😁

သူ့အရသာက နုလွန်းရင်ခါးသက်သက်ဖြစ်တတ်ပီး... ရောင်းတန်းဝင်အရွယ်လောက်ဆိုရင်တော့ စားပီးရင်းစားချင်စရာကောင်းတဲ့ ထူးဆန်းတဲ့အရသာမျိုးလေးပါ။ မီးဖုတ်စားရင် အနံ့ပိုပီးမွှေးပါတယ်။

စားသုံးရန်အတွက်... ထန်းပင်မြစ်မီးဖုတ်(သို့)ထန်းပင်မြစ်ပြုတ်ကိုအခွံခွာပီးလျှင် ထန်းမြစ်ဖွေးဖွေးလေး တွေ့ပါလိမ့်မယ်။ ထိုထန်းမြစ်လေးရဲ့ အပေါ်ယံအမျှင်ပါးလေးကို နောက်တစ်ကြိမ်ထပ်ခွာပါ..
ထို့နောက်အလယ်ကနေခြမ်းကာ အထဲကအူတိုင်အနှံလေးကိုဖယ်ပီး စိတ်ကြိုက်စားလို့ရပါပီ(မစားဖူးသေးသူများ အတွက်ပြောတာပါနော်😁)

ထန်းပင်မြစ်ကို မီးဖုတ်ပီးလည်းစားလို့ရသလို ပြုတ်ပီးလည်း ဆီနဲ့ဆားနဲ့ တို့စားကြပါတယ်။
အချို့ကလည်း ထန်းမြစ်ကြော်၊ထန်းမြစ်နှမ်းထောင်း စသဖြင့်အမျိုးမျိုးစားလေ့ရှိကြပါတယ်။

ဒါ့ကြောင့် ယာတောသူတို့လည်းအညာစာတစ်မျိုးဖြစ်တဲ့ ထန်းပင်မြစ်ကို လမ်းကြုံရင်စားကြည့်ဖို့ မမေ့ကြပါနဲ့နော်😍

Credit ကူးယူဖော်ပြသည်။

“ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး --- တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ”■ အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ကျနော်တို့ ပြည်သူတရပ်လ...
05/12/2021

“ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး --- တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ”

■ အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေး ကျနော်တို့ ပြည်သူတရပ်လုံး သွေးမအေးဘူးဆိုတာကို လာမယ့် ဒီဇင်ဘာ (၁၀) ရက်၊ “ကမ္ဘာ့လူ့အခွင့်အရေးနေ့” မှာ ငြိမ်သက်ခြင်းသပိတ် (Silent Strike)၊ အနက်ရောင်လှုပ်ရှားမှု (Black Campaign) တို့ဖြင့် ထုတ်ဖော်ကြပါစို့။

▬▬▬▬▬

အခုလာမယ့် ဒီဇင်ဘာ (၁၀) ရက်နေ့ဟာ “ကမ္ဘာ့လူ့အခွင့်အရေးနေ့” ဖြစ်ပါတယ်။

ကျနော်တို့ တိုင်းပြည်မှာတော့ဖြင့် လူထုအနေနဲ့ ဘယ်နေ့ရောအခါကမှ လူ့အခွင့်အရေးဆိုတာကို ပြည့်ပြည့်ဝဝ မရရှိခဲ့ဖူးတာ အားလုံးအသိပါပဲ။ အထူးသဖြင့် ဒီ ၂၀၂၁ စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာတော့ ဒီနိုင်ငံမှာ လူ့အခွင့်အရေးဆိုတာ ဘာလဲလို့ မေးရလောက်အောင်ပဲ အခွင့်အရေးအားလုံး အလုံးစုံ ဆိတ်သုဉ်းကွယ်ပျောက်နေပြီ ဖြစ်ပါတယ်။ ကျနော်တို့ လူထုအတွက်ကတော့ “အဝီစိ” ကနေ “မဟာအဝီစိ” သို့ ရောက်ရှိသွားခြင်းပဲ ဖြစ်ပါတယ်။

ဒီဇင်ဘာ (၁၀) ရက်ဟာ ကျနော်တို့ နိုင်ငံအတွက် အင်မတန်မှ ထင်ရှားတဲ့ နိုင်ငံရေးသမိုင်းမှတ်တိုင်တစ်ခုလည်း ရှိပါတယ်။ ခရစ် ၁၉၉၁ ခု၊ ဒီဇင်ဘာ (၁၀) ရက်နေ့ (10 D) မှာ အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးတို့အပြင် (နဝတ) စစ်အာဏာရှင်ရဲ့ ဖမ်းဆီးခြင်းခံထားရတဲ့ အဲ့နှစ်ရဲ့ “ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်” ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတို့အတွက် ရန်ကုန်မြို့မှာ ကျောင်းသားလူငယ်တွေက ဆန္ဒထုတ်ဖော်၊ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ထုံးစံအတိုင်း စစ်အာဏာရှင်တွေကတော့ လက်နက်အားကိုး၊ အကြမ်းဖက်ဖြိုခွဲခဲ့ကာ ကျောင်းသားလူငယ်ပေါင်း ရာနဲ့ချီဖမ်းဆီးခံခဲ့ကြရပါတယ်။ ဒီ (10 D) လှုပ်ရှားမှုဟာ အာဏာရှင်ဆန့်ကျင်ရေး မြန်မာ့သမိုင်းမှာ အထင်ကရဖြစ်ရပ်တစ်ခုအဖြစ် သမိုင်းမှတ်တမ်းတင်ပြီး ဖြစ်ပါတယ်။

အာဏာရှင်စနစ် တခုမဟုတ်တခုအောက်မှာ ရှိနေသမျှ ကျနော်တို့လူထုအနေနဲ့ လူ့အခွင့်အရေးအကြောင်း စကားတောင် ဟခွင့်ရမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့်လည်း ယခုဆိုရင် ကျနော်တို့ ပြည်သူအားလုံးဟာ “တောင်းယူ” လို့ မရတဲ့ လူ့အခွင့်အရေးကို ပုံစံမျိုးစုံနဲ့ “တိုက်ယူ” နေကြပါပြီ။

ကျနော်တို့ ပြည်သူတွေ သွေးမအေးဘူးဆိုတာကို ဖော်ထုတ်ပြသရေး၊ တိုင်းပြည်မှာ လူ့အခွင့်အရေးဆိတ်သုဉ်းနေတာကို ဖော်ညွှန်းရေး၊ တော်လှန်ရေးအဆက်ဆက် ပေးဆပ်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းအပေါင်းကို ဂုဏ်ပြုအောက်မေ့ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ အခု ဒီဇင်ဘာ (၁၀) ရက်နေ့မှာ ပြည်သူအများ ပါဝင်နိုင်တဲ့ အောက်ပါ “သပိတ်လှုပ်ရှားမှု” တွေမှာ အားလုံး ပါဝင်ကြဖို့ တိုက်တွန်းအပ်ပါတယ်။

∎ ငြိမ်သက်ခြင်းသပိတ် (Silent Strike)

ကျနော်တို့ အရင် မတ်လတုန်းက လုပ်ခဲ့ကြသလိုပါပဲ။ အဲ့ဒီနေ့ မနက် (၁၀) နာရီကနေ ညနေ (၄) နာရီအတွင်းမှာ လူထုအားလုံးက အပြင်လမ်းမတွေထက် လုံးဝ မထွက်ကြဘဲ ကိုယ့်အိမ်မှာပဲ ကိုယ်နေကြတဲ့ (Silent Strike) သပိတ် ဖြစ်ပါတယ်။ အဲ့နေ့မှာ လုံးဝ ခြောက်သွေ့ငြိမ်သက်နေတဲ့ မြို့ရွာတွေက လူထုရဲ့ တိတ်ဆိတ်တဲ့ သပိတ်ကြွေးကြော်သံတွေကို စစ်အာဏာရူးတွေနဲ့ ကမ္ဘာ့ပြည်သူတွေ ကောင်းကောင်းကြီး ကြားနိုင်ပါလိမ့်မယ်။

∎ အနက်ရောင်လှုပ်ရှားမှု (Black Campaign)

အဲ့ဒီနေ့မှာ ကျနော်တို့အားလုံး အနက်ရောင် အဝတ်အစားကို ဝတ်ဆင်သုံးစွဲပြီး အာဏာရှင်ဆန့်ကျင်ရေး အထိမ်းအမှတ် လက် (၃) ချောင်းထောင်ကာ ဓာတ်ပုံမှတ်တမ်းတင်ပြီး လူမှုကွန်ယက်စာမျက်နှာတွေမှာ မျှဝေဖော်ထုတ်ကြဖို့ ဖြစ်ပါတယ်။

“သွေးအေးသွားရင် ခွင့်မလွတ်ကြေး” ဆိုတဲ့ ကျနော်တို့ ကြွေးကြော်သံအတိုင်း ကျနော်တို့ သွေးမအေးဘဲ ပြည်သူ့တော်လှန်ရေးကို နိုင်ရာတာဝန်ထမ်းရွက်ကာ ကျရာကဏ္ဍကနေ ဆက်လက် ချီတက်ကြပါစို့။






#လူ့အခွင့်အ‌ရေး_တောင်းယူလို့မရ_တိုက်ယူကြ
#အာဏာရှင်စနစ်အောက်ရှိနေသမျှ_လူ့အခွင့်အရေးအကြောင်း_စကားတောင်ဟခွင့်မရ
#စစ်အာဏာရှင်စနစ်_မုချကျရှုံးရမည်
#အရေးတော်ပုံ_အောင်ရမည်
ီဇင်ဘာ_၂၀၂၁

စံပါယ်ပန်း များများနဲ့ လှလှပွင့်အောင် စိုက်နည်း ===================================စံပါယ်ပန်းကို မိုးဦးကာလတွင် အပင်ပျိုး...
06/08/2021

စံပါယ်ပန်း များများနဲ့ လှလှပွင့်အောင် စိုက်နည်း
===================================
စံပါယ်ပန်းကို မိုးဦးကာလတွင် အပင်ပျိုးထောင် စိုက်ပျိုးကြသည်။ အပင်မစိုက်ခင် မြေဆွေး၊ နွားချေးဆွေးများကို စိုက်မည့်နေရာတွင် ကျင်းထူးပြီး ထည့်ပေးရမည်။

( အချိုးနှုန်းကတော့ ၁ ကျင်းလျှင် ၅၀၀ မှ ၁၀၀၀ ဂရမ်နှုန်း ) ပြီးလျှင် အပင်ကိုင်းတက် (Sucker) ဒါမှမဟုတ်ရင် အမြစ်ထွက်ပြီး ကိုင်းကူး/ ကိုင်ထိုးပင် ( layering/ cutting) အပင်တွေကို စိုက်လို့ရပါပြီ။

၁ နှစ်သားဆိုရင် ပန်းစပွင့်ပါတယ်။ စိုက်တဲ့အချိန်မှာ 3 ပေ 5 ပေခြား ပြီးစိုက်ကြပါတယ်။ စံပါယ်ပန်း ဟာ မိုးဦးကျတွင် စတင်ပွင့်ကြပါသည်။

အချို့ဒေသတွင် စံပါယ်ပန်း စောစောပွင့်စေရန် ဆောင်းအကုန် ဒီဇင်ဘာလ/ ဇန်နဝါရီလလောက်မှာ အပင်ပြုပြင်ပေးရပါတယ်။

ပြုပြင်နည်းတွေကတော့ အရွက်ချွေပေးတာတို့၊ မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) ထည့်ပေးတာ၊ ရေလောင်း ပေါင်းသင်ပေးတာတို့ကို ကြိုလုပ်ရင် စောပန်းပွင့်လို့ စျေးကောင်း ရနိုင်ပါတယ်။

အရွက်ချွေတဲ့အခါ အရွက်ရင့်တွေကို တစ်ရွက်ခြင်း ချွေပေးရပါတယ်။ အဲဒီလိုမဟုတ်ဘဲ ဆွဲပြီး အကုန်ချွေပစ်ရင် အရွက်အရင်းက ထွက်လာမဲ့ အဖူးခိုင် အညွန့်လောင်းတွေကို ထိခိုက်မိပြီး အပွင့်ကန်းကုန်တတ်ပါတယ်။

အရွက်ချွေတဲ့အခါ အရွက်ထပ်ဖျား အညွန့်တွေကို မချွေရပါဘူး။ အရွက်ချွေခြင်း၊ ပေါင်းရှင်းခြင်းတွေ လုပ်ပြီးရင် ရေသွင်းခြင်း ရေလောင်းခြင်း လုပ်ပေးရပါတယ်။

အရွက်ချွေပြီး တစ်ပတ်ကြာမှ မြေဆွေး နွားချေးဆွေး မြေသြဇာ (နှမ်းဖတ်ပုပ်ရည်) တွေ အပင်ခြေမှာ ထည့်ပေးရပါတယ်။

ရေကိုလဲ ကိုယ့်မြေ အခြေအနေကိုကြည့်ပြီး လောင်းရပါမယ်၊ အပင်က ရေဝပ်တဲ့ဒါဏ်ကိုလဲ မခံနိုင်ပါဘူး။ ဖေဖော်ဝါရီလကုန် မတ်လဆန်းလောက်ဆိုရင် ပန်းတွေပွင့်လာတာပါဘဲ။

ပန်းခူးရင်လဲ ခူးပြီး ပန်းအညှာတွေကို စိတ်ရှည်လက်ရှည် ချွေပေးရသေးတယ်။ ဒါမှ နောက်ပန်းတွေ လှိုင်လှိုင်ပွင့်လာမှာပါ။

နွေရာသီဆို မနက်တစ်ကြိမ် / ညတစ် ကြိမ် ရေလောင်းပေးရပါတယ်။ ပန်းပွင့်ချိန် ရေလောင်းဖို့လဲ မပျင်းပါနဲ့။

ပန်းပွင့်တွေ အထွက်နည်းလာပြီဆိုရင် ကွန်ပေါင်းဓာတ်မြေသြဇာ ( NPK 10-52-17 ) အချိုးအတိုင်း အညွှန်းပါအတိုင်း ဖြန်းပေးရပါတယ်။

ကဲ... ဒီလောက်ဆိုရင် အဆင်ပြေမယ် ထင်ပါတယ်‌နော်။ အပင်တွေ များမယ်ဆိုရင်တော့ အလှည့်ကျခူး လို့ရအောင် ပထမအတန်းကို ဒီဇင်ဘာလ 25 ရက်မတိုင်ခင်အပြီး

အရွက်ချွေခြင်း၊ 4/5 ရက်ခြားပြီး ဒီဇင်ဘာလကုန်မှာ ဒုတိယတန်းကိုချွေခြင်း၊ ဇန်နဝါရီလဆန်းမှာ တတိယတန်းကို ချွေခြင်း အလှည့်ကျ ဆောင်ရွက်ခြင်းဖြင့် ပန်းပွင့်ကို အလှည့်ကျ ခူးလို့ရအောင် ဆောင်ရွက်နိုင်ပါတယ်။

~ Green Way

ယနေ့လုပ်အားပဲပင် ကြိုးတန်း (မြောင်း ရေသွင်း)
03/08/2021

ယနေ့လုပ်အား
ပဲပင် ကြိုးတန်း (မြောင်း ရေသွင်း)

Address

Yesagyo
130413

Opening Hours

06:00 - 21:00

Alerts

Be the first to know and let us send you an email when Save the Trees posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Save the Trees:

Share