29/04/2022
ရာသီဥတုပြောင်းလဲမှုကြောင့် ဂေဟစနစ်များအပေါ် သက်ရောက်မှုများ
နှစ်ဆယ့်တစ်ရာစုအစောပိုင်းတွင် တွေ့ကြုံနေရသည့် လျှင်မြန်သော ရာသီဥတုပြောင်းလဲဖောက်ပြန်မှုသည် ဂေဟစနစ်များပေါ်တွင် နည်းလမ်းအမျိုးမျိုးဖြင့် သက်ရောက်မှုရှိနေပါသည်။ ရာသီဥတုပြောင်းလဲမှုသည် သက်ရှိများမျိုးပွားချိန်ပြောင်းလဲခြင်း၊ အစာကွင်းဆက်ဖြစ်စဉ်များကိုထိခိုက်စေခြင်း၊ ရာသီဥတုပူပြင်းမှု၊ မုန်တိုင်းများကျရောက်မှုနှင့် လိုက်လျောညီထွေစွာနေထိုင်နိုင်မှု မရှိခြင်းတို့ကြောင့် သက်ရှိများအသက်ဆုံးရှုံးခြင်း စသည်တို့ကိုဖြစ်ပေါ်စေပါသည်။ ဥပမာအားဖြင့် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာသောကြောင့် ရေချိုအတွင်းသို့ ရေငန်များ ဝင်ရောက်သည့် ရေချိုတွင်နေထိုင်သော သက်ရှိမျိုးစိတ်အချို့ကို နေရာရွှေ့ပြောင်းရန် သို့မဟုတ် သေဆုံးစေရန် တွန်းအားပေးနိုင်သည့်အပြင် ရေနေသတ္တဝါများ၏ အစာကွင်းဆက်တွင် အရေးပါသည့် ပုဇွန်ဆိတ်၊ သေးငယ်သောငါးကလေးများနှင့် အခြားသောအစာကွင်းဆက်အတွက် အရေးပါသောသက်ရှိများကိုလည်း ထိခိုက်စေနိုင်ပါသည်။
သို့သော်လည်း ဂေဟစနစ်များသည် လွန်ကဲသောရာသီဥတုအခြေအနေများ (ရေကြီးခြင်း၊ တောမီးများ၊
လေဆင်နှာမောင်းများ၊ ဟာရီကိန်းမုန်တိုင်းများ) ၏သက်ရောက်မှုများကို တားဆီးရာတွင် အရေးကြီးသော အခန်းကဏ္ဍတွင် ပါဝင်ပါသည်။ ဥပမာအနေဖြင့် သန္တာကျောက်တန်းများ၊ ဒီရေတောများနှင့်ကျွန်းများသည် ကမ်းရိုးတန်းဂေဟစနစ်ကို မုန်တိုင်းလှိုင်းဒဏ်များမှ ကာကွယ်ပေးသည်။
ထို့ကြောင့် ရာသီဥတုပြောင်းလဲမှုကို ဂေဟစနစ်များ ပြန်လည်ထူထောင်ခြင်း၊ ကာကွယ်ခြင်းဖြင့်
လျှော့ချနိုင်ပါသည်။
The rapid climate change that is being experienced in the early twenty-first century impacts the ecosystem in various ways.
In many places, the climate is rapidly changing and the ecosystem is in danger because of the inability of animals and plants. Climate influences the key stages of the species’ life cycle such as migration, blooming, and reproduction. In particular, as winter is shorter and milder, the timing of this process changes in some areas. Climate change can alter where species live, how they interact, and the timing of biological events, which could fundamentally transform current ecosystems and food webs. For instance, as the sea level rises, saltwater intrusion into a freshwater system may force some key species to relocate or die, thus removing predators or prey that are critical in the existing food chain. Moreover, as temperatures continue to rise, many species are no longer able to thrive in places where they once lived. One-third of the Earth’s corals have been lost due to the warming ocean. Scientists estimate that 8% of current animal species are at risk of extinction due to climate change alone. It is also estimated that by 2070 nearly 20% of tropical plant species will be unable to germinate because of temperatures beyond their upper limit.
However, ecosystems play an important role in “buffering” the effects of extreme climate conditions (floods, wildfires, tornadoes, hurricanes) on the movement of materials and the flow of energy through the environment. For example, reefs, mangrove forests, and barrier islands protect the ecosystem system against storm surges. Therefore, climate change can be mitigated by restoration and prevention of the ecosystem.
"
"