Primal Care

Primal Care Quality services by ethical & quality Malaysian medical experts for the people of Myanmar

🇲🇲✨ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် သမိုင်းဝင်နေ့ရက်တစ်ရက် ✨🇲🇲​၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က ParkRoyal Yangon ဟ...
08/06/2026

🇲🇲✨ မြန်မာ့ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် သမိုင်းဝင်နေ့ရက်တစ်ရက် ✨🇲🇲

​၂၀၂၆ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့က ParkRoyal Yangon ဟိုတယ်မှာ မိုးကောင်းရတနာ မိခင်နှင့်ကလေး အထူးကုဆေးရုံကြီး၊ Myanmar Primal Synergy Co. Ltd. နဲ့ အမေရိကန်နိုင်ငံအခြေစိုက် American Board of Regenerative Medicine (ABRM) တို့ ပူးပေါင်းပြီး မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးအကြိမ် ABRM Diplomate သင်တန်း (1st ABRM Diplomate Cohort) ကို တရားဝင်မိတ်ဆက် ဆန္ဒပြုပွဲ အခမ်းအနားကို ကျင်းပခဲ့ပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့ မျိုးဆက်ပွားနှင့် တစ်ရှူးပြုပြင်မှုဆိုင်ရာ ဆေးပညာ (Regenerative Medicine) ကဏ္ဍ တိုးတက်ပြောင်းလဲလာဖို့အတွက် အရေးပါတဲ့ သမိုင်းမှတ်တိုင်တစ်ခုပဲ ဖြစ်ပါတယ်။

​အခမ်းအနားအဖွင့်အမှာစကားပြောကြားရာမှာ မိုးကောင်းရတနာ မိခင်နှင့်ကလေး အထူးကုဆေးရုံကြီးရဲ့ မန်နေဂျင်းဒါရိုက်တာ ဖြစ်သူ ဒေါက်တာမျိုးဦး က စတမ်ဆဲလ် (Stem Cell) ဆေးပညာ၊ ဆဲလ်ကုထုံးများ (Cellular Therapies)၊ အိတ်ဆိုဆုမ်း (Exosomes)၊ တစ်ရှူးအင်ဂျင်နီယာပညာရပ် (Tissue Engineering) နဲ့ တိကျခေတ်မီ ဆေးပညာ (Precision Medicine) တို့ရဲ့ တိုးတက်လာမှုတွေဟာ ခေတ်သစ်ကျန်းမာရေးကဏ္ဍကို ဘယ်လိုပြောင်းလဲစေနေကြောင်းနဲ့ လူနာတွေ ကုသစောင့်ရှောက်မှုအပိုင်းမှာ အခွင့်အလမ်းသစ်တွေ ဘယ်လောက်အထိ ဖန်တီးပေးနေပြီလဲဆိုတာကို မျှဝေပြောကြားသွားခဲ့ပါတယ်။

​ဆက်လက်ပြီး ABRM ရဲ့ မြန်မာနိုင်ငံကိုယ်စားလှယ်နှင့် Primal Synergy ရဲ့ CEO ဖြစ်သူ Mr. Joseph Lopez ကလည်း တက်ရောက်လာသူတွေကို နှုတ်ခွန်းဆက်စကားပြောကြားရာမှာ— အခုလို သင်တန်းမိတ်ဆက်နိုင်ခြင်းဟာ မြန်မာနိုင်ငံရဲ့ Regenerative Medicine ကဏ္ဍအတွက် စာမျက်နှာသစ်တစ်ခု ဖွင့်လှစ်လိုက်နိုင်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် အခုပထမဆုံးအကြိမ် တက်ရောက်မယ့် သင်တန်းသား ဆရာဝန်တွေကိုလည်း ကျင့်ဝတ်နဲ့အညီ အထောက်အထားခိုင်လုံတဲ့ ဆေးပညာရပ်ဆိုင်ရာ နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ လက်တွဲပြီး၊ ရှေ့ဆောင်လမ်းပြသူတွေအနေနဲ့ မြန်မာ့ကျန်းမာရေးကဏ္ဍ အနာဂတ်ကို ဝိုင်းဝန်းပုံဖော်ပေးကြဖို့ တိုက်တွန်းအားပေးသွားခဲ့ပါတယ်။

​ဒီအဖွင့်သင်တန်း (Inaugural ABRM Diplomate Course) ကို လာမယ့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်ကနေ ၁၂ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်ပြီး၊ မိုးကောင်းရတနာ မိခင်နှင့်ကလေး အထူးကုဆေးရုံကြီး အနေနဲ့လည်း မြန်မာနိုင်ငံရဲ့ ပထမဆုံးသော ABRM ဆက်နွှယ်ဆေးရုံ (First ABRM Affiliate Hospital in Myanmar) အဖြစ် ဂုဏ်ယူစွာ သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

​မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍ အနာဂတ်ကို ပိုမိုတိုးတက်အောင် ရှေ့ဆောင်လမ်းပြပြီး သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ကြတဲ့ ပထမဆုံးအကြိမ် သင်တန်းသား ဆရာဝန်ကြီးများအားလုံးကို လှိုက်လှိုက်လှဲလှဲ ဂုဏ်ယူဝမ်းမြောက်အပ်ပါသည်။

​မြန်မာနိုင်ငံရဲ့ Regenerative Medicine ဆေးပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ဖို့ အတူတကွ လက်တွဲဆောင်ရွက်သွားကြပါစို့။

​

04/06/2026

UTF Yangon 2026 ကို လာရင် Primal Care ကို ဘယ်နေရာမှာ ရှာရမလဲ? 🤔🗺️
ပွဲလာမယ့်သူတွေ အလွယ်တကူ ဝင်ခဲ့လို့ရအောင် ကျွန်တော်တို့ရဲ့ တည်နေရာကို တရားဝင် ကြေညာပေးလိုက်ပါပြီ။ အဖြေကတော့ " Booth No. 25 " ပါခင်ဗျာ! 🌟
Sedona Hotel (Grand Ballroom) ရဲ့ အဝင်ဝကနေ လှမ်းကြည့်လိုက်တာနဲ့ ကျွန်တော်တို့ရဲ့ စည်ကားလှပတဲ့ Booth လေးကို တွေ့ရမှာပါ။

ဒီပွဲမှာ ဘာတွေ ပါဝင်မလဲဆိုတော့...

🤝 June 13 - 14 🎁
- Business ဆွေးနွေးချင်တဲ့ မိတ်ဖက်များအတွက် B2B Networking လုပ်နိုင်မယ်
- ခေတ်စားနေတဲ့ Medical & Wellness Travel
- အထူး ပရိုမိုးရှင်း Package များနဲ့
- ရင်ခုန်စိတ်လှုပ်ရှားစရာ ကံစမ်းမဲအစီအစဉ်များ ပါဝင်သွားမှာဖြစ်ပါတယ်။

အဲ့ဒါကြောင့်မို့လို့ June 13 နဲ့ 14 မှာ ဆုံကြမယ်! 👋❤️

အသေးစိပ်အကြောင်းအရာများကို သိရှိနိုင်ဖို့ Video လေးကို ကြည့်ရှုပေးကြပါအုံးနော်!

ပိုမိုစုံစမ်းသိရှိလိုပါက -
09 420 781 898 , 09 442 246 789 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

Launching Ceremony of the Advanced Orthopaedic & Spine Centre, Sunway Medical Centre Penang.Date: 2 June 2026 (Tuesday)T...
02/06/2026

Launching Ceremony of the Advanced Orthopaedic & Spine Centre, Sunway Medical Centre Penang.

Date: 2 June 2026 (Tuesday)
Time: 11:00 AM
Sunway Medical Centre Penang

Guest of Honour:
YAB Mr. Chow Kon Yeow
Chief Minister of Penang

Primal Care attended in person to celebrate this significant miletone @ Sunway Medical Center Penang.

Bravo SMCP!!

Sunway Medical Centre Penang ရဲ့ "အဆင့်မြင့် အရိုး၊ အဆစ်နှင့် ကျောရိုးဆစ် ခွဲစိတ်ကုသရေးစင်တာ" (Advanced Orthopaedic & Spine Centre) ဖွင့်လှစ်ခြင်း အခမ်းအနား အမှတ်တရ 🎉

နေ့ရက်: ၂ ဇွန် ၂၀၂၆ (အင်္ဂါနေ့)

အချိန်: မနက် ၁၁:၀၀ နာရီ

နေရာ: Sunway Medical Centre Penang

အထူးဧည့်သည်တော်:
ပီနန်ပြည်နယ် ဝန်ကြီးချုပ် YAB Mr. Chow Kon Yeow

Sunway Medical Centre Penang ရဲ့ ကြီးကျယ်ခမ်းနားလှတဲ့ မှတ်တိုင်သစ်တစ်ခုအတွက် Primal Care မိသားစုမှ အခမ်းအနားသို့ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ကာ အတူတကွ ဂုဏ်ပြုဆင်နွှဲခဲ့ကြပါတယ်။ 🤝✨

Bravo SMCP!! ဆက်လက်အောင်မြင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 👏🏥

ဆက်သွယ်လိုပါက -
09 420 781 898 , 09 442 246 789 သို့ တနင်္လာမှ သောကြာနေ့ ရုံးချိန်အတွင်း သိလိုသည်များကို ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

UTF Yangon 2026 ရောက်ရင် Primal Care ရဲ့ Booth လေးဆီ ဝင်ခဲ့ဖို့ မမေ့နဲ့နော်! 📢✨Sedona Hotel မှာ ကျင်းပမယ့် မြန်မာနိုင်ငံ...
01/06/2026

UTF Yangon 2026 ရောက်ရင် Primal Care ရဲ့ Booth လေးဆီ ဝင်ခဲ့ဖို့ မမေ့နဲ့နော်! 📢✨

Sedona Hotel မှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ အကြီးဆုံး Travel Fair ကြီးကို လာခဲ့ဖို့ အားလုံးပဲ အဆင်သင့်ဖြစ်ပြီလား? ✈️🧳

ဒီပွဲမှာ Leisure Travel တွေအပြင် အခုနောက်ပိုင်း ခေတ်စားနေတဲ့ Medical & Wellness Travel အကြောင်းတွေကို တစ်နေရာတည်းမှာ စုံစုံလင်လင် စုံစမ်းမေးမြန်းနိုင်ဖို့ ကျွန်တော်တို့ Primal Care က အထူးအစီအစဉ်တွေနဲ့ စောင့်ကြိုနေမှာပါ။ 🏥❤️🧘‍♀️
ကျွန်တော်တို့ Booth လေးမှာ ဘယ်လို အထူးအခွင့်အရေးတွေ၊ စိတ်လှုပ်ရှားစရာ အစီအစဉ်ကောင်းတွေနဲ့ လက်ဆောင်တွေ စောင့်ကြိုနေမလဲဆိုတာ လူကိုယ်တိုင် လာရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်ပါတယ်။

ကျွန်တော်တို့ရဲ့ Booth နံပါတ် ဘယ်လောက်လဲ ဆိုတာကိုတော့ နောက်ထပ် Post မှာ စိတ်လှုပ်ရှားစရာ Reveal လုပ်ပေးသွားမှာမို့လို့ Page ကို စောင့်ကြည့်ပေးပါဦးခင်ဗျာ! 👋🌟

ပိုမိုစုံစမ်းသိရှိလိုပါက -
09 420 781 898 , 09 442 246 789 သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါတယ်။

🌏✈️ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Travel Fair ကြီး ပြန်လာပါပြီ!🔥 UTF Yangon 2026 မှာ သင့်ရဲ့ ခရီးသွားအိပ်မက်တွေကို အကောင်အထ...
29/05/2026

🌏✈️ မြန်မာနိုင်ငံရဲ့ အကြီးဆုံး Travel Fair ကြီး ပြန်လာပါပြီ!

🔥 UTF Yangon 2026 မှာ သင့်ရဲ့ ခရီးသွားအိပ်မက်တွေကို အကောင်အထည်ဖော်လိုက်ပါ ✨

📍 Sedona Hotel (Grand Ballroom)
📅 13 – 14 June 2026

Leisure Travel • Medical Travel • Wellness
လိုအပ်သမျှကို တစ်နေရာတည်းမှာ ရှာဖွေနိုင်မယ့် အခွင့်အရေး 🌟

အသေးစိတ်သိရှိလိုပါက
📞 09 420 781 898 , 09 442 246 789 သို့
ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

"Malaysia Healthcare Week Yangon 2026" ပြပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးပြီး မြန်မာနိုင်ငံတွင် မလေးရှားနိုင်ငံ၏ ကျန်းမ...
26/05/2026

"Malaysia Healthcare Week Yangon 2026" ပြပွဲကြီး အောင်မြင်စွာကျင်းပပြီးစီးပြီး မြန်မာနိုင်ငံတွင် မလေးရှားနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အခန်းကဏ္ဍကို ပိုမိုခိုင်မာစေခဲ့

ရန်ကုန်မြို့ PARKROYAL Yangon ဟိုတယ်မှာ (၄) ရက်တိုင်တိုင် ကျင်းပခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ ဆွေးနွေးမှုများ၊ ဆေးပညာရပ်ဆိုင်ရာ ဖလှယ်မှုများ၊ ပြည်သူ့ကျန်းမာရေး အသိပညာပေးမှုများနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ပါဝင်သော "Malaysia Healthcare Week Yangon 2026" ပြပွဲကြီးသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။
အဆိုပါ မလေးရှားကျန်းမာရေးခရီးစဉ်ကို Malaysia Healthcare Travel Council (MHTC) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. En Lokman Izam Aziz က ဦးဆောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Primal Synergy က ပူးပေါင်းဆောင်ရွက်သူအဖြစ် ပါဝင်ကူညီခဲ့ပါသည်။
ယခုပြပွဲကြီးတွင် မလေးရှားနိုင်ငံ၏ ထိပ်တန်းကျန်းမာရေးစောင့်ရှောက်မှု အဖွဲ့အစည်းကြီးများဖြစ်ကြသည့် -

• Institut Jantung Negara (IJN)
• Subang Jaya Medical Centre (SJMC)
• Alpha IVF & Women’s Specialists
• Prince Court Medical Centre
• Pantai Hospital Kuala Lumpur
• Sunway Medical Centre Penang
• KPJ Damansara Specialist 2
• KPJ Penang

တို့မှ စုံလင်စွာ ပါဝင်ပြသခဲ့ကြပါတယ်။

အဆိုပါ ဆေးရုံ/အဖွဲ့အစည်းကြီးများသည် မလေးရှားနိုင်ငံ၏ အဆင့်မြင့် ထူးချွန်ဆုရ အထူးကုဌာနကြီးများဖြစ်သော နှလုံးရောဂါအထူးကု၊ ကင်ဆာရောဂါအထူးကု၊ ဦးနှောက်နှင့်အာရုံကြောအထူးကု၊ အရိုးအကြောအဆစ်အထူးကု၊ သားဖွားမီးယပ်နှင့် မျိုးအောင်ခြင်းဆိုင်ရာဆေးပညာ (Fertility) အပြင် မိခင်နှင့်ကလေးကျန်းမာရေး ဆိုင်ရာ အဆင့်မြင့်ဝန်ဆောင်မှုများကို အကောင်းဆုံး ခင်းကျင်းပြသ မိတ်ဆက်ပေးခဲ့ကြပါသည်။

🌟 မလေးရှားနိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အရေး 🌟Malaysia Healthcare Week – Yangon 202...
14/05/2026

🌟 မလေးရှားနိုင်ငံမှ အထူးကုဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးနိုင်မည့် အခွင့်အရေး 🌟

Malaysia Healthcare Week – Yangon 2026 တွင် မလေးရှားနိုင်ငံ၏ အထူးကုဆေးရုံများနှင့် အတွေ့အကြုံရှိ အထူးကုဆရာဝန်ကြီးများကို တိုက်ရိုက်တွေ့ဆုံနိုင်မည့် Specialist Meet & Greet အစီအစဉ်သို့ ဖိတ်ခေါ်အပ်ပါသည်။

နှလုံးရောဂါကုသမှု၊ ကင်ဆာကုသမှု၊ မျိုးဆက်ပွားကျန်းမာရေး၊ ဦးနှောက်နှင့်အာရုံကြောကုသမှု , အရိုး၊အ‌ကြောဆိုင်ရာ ကုသမှု, အမျိုးသမီးများနှင့် ကလေးကျန်းမာရေး စသည့် အထူးကုဆိုင်ရာ ကျန်းမာရေးဝန်ဆောင်မှုများ အကြောင်း မေးမြန်းဆွေးနွေးနိုင်ပြီး မလေးရှားကျန်းမာရေးစနစ်၏ ယုံကြည်စိတ်ချရမှု၊ နွေးထွေးသောဝန်ဆောင်မှုနှင့် လူနာဦးစားပေးစောင့်ရှောက်မှုများကို တစ်နေရာတည်းတွင် သိရှိနိုင်ပါသည်။
ကျင်းပမည့် အချိန်နဲ့နေရာလေးကတော့
📅 16 & 17 May 2026
နံနက် ၉:၃၀ မှ ညနေ ၅:၃၀ အထိ
📍 PARKROYAL HOTEL, Yangon
သင်နှင့် မိသားစုအား နွေးထွေးစွာ ကြိုဆိုလျက် စောင့်မျှော်နေပါသည်။ ❤️
အသေးစိတ်သိရှိလိုပါက - 09420781898 , 09442246789 တို့ကို ဆက်သွယ်မေးမြန်းနိုင်ပါတယ်။
ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးလိုပါက
အောက်ပါ လင့်ခ်လေမှလည်း စာရင်းပေးသွင်းနိုင်ပါတယ် -

https://forms.gle/4HGWT78Ln3K4nfVN6

မလေးရှားနိုင်ငံရဲ့ ထိပ်တန်းအထူးကုဆေးရုံကြီးများ မြန်မာနိုင်ငံသို့ လာရောက်မည့် အခမဲ့ကျန်းမာရေးဟောပြောပွဲကြီး ကျင်းပဖို့ ရ...
14/05/2026

မလေးရှားနိုင်ငံရဲ့ ထိပ်တန်းအထူးကုဆေးရုံကြီးများ မြန်မာနိုင်ငံသို့ လာရောက်မည့် အခမဲ့ကျန်းမာရေးဟောပြောပွဲကြီး ကျင်းပဖို့ ရက်အနည်းငယ်သာလိုပါတော့တယ် 📢📢

ကျန်းမာရေးအတွက် အကောင်းဆုံးသော ကုသမှုတွေကို ရှာဖွေနေသူများအတွက် သတင်းကောင်း!

လာမယ့် Malaysia Healthcare Week မှာ မလေးရှားနိုင်ငံရဲ့ နာမည်ကြီး အထူးကုဆေးရုံကြီး (၇) ခုက တာဝန်ရှိသူတွေနဲ့ အထူးကု ဆရာဝန်ကြီးများကိုယ်တိုင် မြန်မာနိုင်ငံသို့ ၁၆.၅.၂၀၁၆ မှ ၁၇.၅၂၀၂၆ ထိလာရောက်မှာ ဖြစ်ပါတယ်။ ထိုဆရာဝန်ကြီးများမှလည်း စိတ်ဝင်စားဖွယ် ကျန်းမာရေး ဗဟုသုတများကိုလည်း ဟောပြောပေးသွားမှာပါ။ ဒါ့အပြင် မိမိတို့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေအတွက် ဆရာဝန်ကြီးများနဲ့ တိုက်ရိုက်တွေ့ဆုံကာ အသေးစိတ် ဆွေးနွေးတိုင်ပင်ခွင့် ရရှိမယ့် အခွင့်အရေးကို လက်မလွတ်စေဖို့ Primal Care မှ သတင်းပါးအပ်ပါတယ်။

ယခုပွဲမှာ ပါဝင်မယ့် ထိပ်တန်းဆေးရုံကြီးများနဲ့ ၎င်းတို့ရဲ့ အဓိက အထူးကုကဏ္ဍများမှာ -

၁။ IJN (National Heart Institute)

နှလုံးနှင့် သွေးကြောဆိုင်ရာ အထူးကုဆေးရုံကြီး။ ကလေးနှလုံးရောဂါနှင့် မွေးရာပါနှလုံးရောဂါ ခွဲစိတ်မှုများတွင် အထူးထင်ရှားသည်။

၂။ Subang Jaya Medical Centre

နိုင်ငံတကာအသိအမှတ်ပြု ဆေးရုံကြီးဖြစ်ပြီး ကင်ဆာ၊ ကလေးကျန်းမာရေးနှင့် အရိုးအဆစ်ကုသမှုများတွင် ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည်။

၃။ Alpha IVF & Womens Specialists

မျိုးပွားမှုဆိုင်ရာ အဆင့်မြင့်နည်းပညာများဖြင့် ရင်သွေးရတနာ ပိုင်ဆိုင်နိုင်အောင် ကူညီပေးနေသော ကမ္ဘာ့အဆင့်မီ အမျိုးသမီးအထူးကုဌာန။

၄။ Pantai Hospital Kuala Lumpur

ပြီးပြည့်စုံသော အထူးကုဝန်ဆောင်မှုများပေးသည့် IHH Healthcare အုပ်စုဝင် ဆေးရုံကြီး။ ကင်ဆာ၊ နှလုံးနှင့် အရိုးအဆစ်ကုသမှုတွင် နာမည်ကျော်သည်။

၅။ Prince Court Medical Centre

ပရီမီယံ ဝန်ဆောင်မှုနှင့် အဆင့်မြင့်ကုသမှုများ ပေးအပ်နေသည့် ဆေးရုံကြီး။ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါများအတွက် အထူးစိတ်ချရသည်။

၆။ KPJ Healthcare

မလေးရှားနိုင်ငံတစ်ဝှမ်း ဆေးရုံကွန်ရက်အများဆုံးရှိပြီး ကင်ဆာ၊ နှလုံးနှင့် အရိုးအဆစ်ဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးအပ်နေသည်။

၇။ Sunway Medical Centre (Penang)

ခေတ်မီနည်းပညာသုံး ကုသမှုများနှင့် ဆေးဘက်ဆိုင်ရာ ခရီးသွားဝန်ဆောင်မှုများ ပေးအပ်နေသည့် ခေတ်မီအထူးကုဆေးရုံကြီး။

ဆေးရုံကြီးများမှ ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကြိုတင်စာရင်းပေးသွင်းလိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။ 👇👇
https://forms.gle/587MT7NpYwgHFt7n9

ကျန်းမာရေးဟောပြောပွဲအားတက်ရောက်လိုပါက
အောက်ပါ Link မှ စာရင်းပေးသွင်းနိုင်ပါတယ် 👇👇
https://forms.gle/QjpQxXUFEvTq1Nt46

အသေးစိပ်သိရှိလိုပါက -
09420781898, 09442246789 သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Malaysia Healthcare Weekend: မလေးရှားနိုင်ငံရဲ့ ထိပ်တန်းအထူးကုဆေးရုံကြီးများ မြန်မာနိုင်ငံသို့ လာရောက်မည်!ကျန်းမာရေးအတွက...
12/05/2026

Malaysia Healthcare Weekend: မလေးရှားနိုင်ငံရဲ့ ထိပ်တန်းအထူးကုဆေးရုံကြီးများ မြန်မာနိုင်ငံသို့ လာရောက်မည်!

ကျန်းမာရေးအတွက် အကောင်းဆုံးသော ကုသမှုတွေကို ရှာဖွေနေသူများအတွက် သတင်းကောင်း!

လာမယ့် Malaysia Healthcare Week မှာ မလေးရှားနိုင်ငံရဲ့ နာမည်ကြီး အထူးကုဆေးရုံကြီး (၇) ခုက တာဝန်ရှိသူတွေနဲ့ အထူးကု ဆရာဝန်ကြီးများကိုယ်တိုင် မြန်မာနိုင်ငံသို့ ၁၆.၅.၂၀၁၆ မှ ၁၇.၅၂၀၂၆ ထိလာရောက်မှာ ဖြစ်ပါတယ်။ ထိုဆရာဝန်ကြီးများမှလည်း စိတ်ဝင်စားဖွယ် ကျန်းမာရေး ဗဟုသုတများကိုလည်း ဟောပြောပေးသွားမှာပါ။ ဒါ့အပြင် မိမိတို့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေအတွက် ဆရာဝန်ကြီးများနဲ့ တိုက်ရိုက်တွေ့ဆုံကာ အသေးစိတ် ဆွေးနွေးတိုင်ပင်ခွင့် ရရှိမယ့် အခွင့်အရေးကို လက်မလွတ်စေဖို့ Primal Care မှ သတင်းပါးအပ်ပါတယ်။

ယခုပွဲမှာ ပါဝင်မယ့် ထိပ်တန်းဆေးရုံကြီးများနဲ့ ၎င်းတို့ရဲ့ အဓိက အထူးကုကဏ္ဍများမှာ -

၁။ IJN (National Heart Institute)

နှလုံးနှင့် သွေးကြောဆိုင်ရာ အထူးကုဆေးရုံကြီး။ ကလေးနှလုံးရောဂါနှင့် မွေးရာပါနှလုံးရောဂါ ခွဲစိတ်မှုများတွင် အထူးထင်ရှားသည်။

၂။ Subang Jaya Medical Centre

နိုင်ငံတကာအသိအမှတ်ပြု ဆေးရုံကြီးဖြစ်ပြီး ကင်ဆာ၊ ကလေးကျန်းမာရေးနှင့် အရိုးအဆစ်ကုသမှုများတွင် ရလဒ်ကောင်းများ ပိုင်ဆိုင်ထားသည်။

၃။ Alpha IVF & Womens Specialists

မျိုးပွားမှုဆိုင်ရာ အဆင့်မြင့်နည်းပညာများဖြင့် ရင်သွေးရတနာ ပိုင်ဆိုင်နိုင်အောင် ကူညီပေးနေသော ကမ္ဘာ့အဆင့်မီ အမျိုးသမီးအထူးကုဌာန။

၄။ Pantai Hospital Kuala Lumpur

ပြီးပြည့်စုံသော အထူးကုဝန်ဆောင်မှုများပေးသည့် IHH Healthcare အုပ်စုဝင် ဆေးရုံကြီး။ ကင်ဆာ၊ နှလုံးနှင့် အရိုးအဆစ်ကုသမှုတွင် နာမည်ကျော်သည်။

၅။ Prince Court Medical Centre

ပရီမီယံ ဝန်ဆောင်မှုနှင့် အဆင့်မြင့်ကုသမှုများ ပေးအပ်နေသည့် ဆေးရုံကြီး။ အစာအိမ်၊ အူလမ်းကြောင်းနှင့် အသည်းရောဂါများအတွက် အထူးစိတ်ချရသည်။

၆။ KPJ Healthcare

မလေးရှားနိုင်ငံတစ်ဝှမ်း ဆေးရုံကွန်ရက်အများဆုံးရှိပြီး ကင်ဆာ၊ နှလုံးနှင့် အရိုးအဆစ်ဆိုင်ရာ ဝန်ဆောင်မှုများကို အကောင်းဆုံး ပေးအပ်နေသည်။

၇။ Sunway Medical Centre (Penang)

ခေတ်မီနည်းပညာသုံး ကုသမှုများနှင့် ဆေးဘက်ဆိုင်ရာ ခရီးသွားဝန်ဆောင်မှုများ ပေးအပ်နေသည့် ခေတ်မီအထူးကုဆေးရုံကြီး။

ဆေးရုံကြီးများမှ ဆရာဝန်ကြီးများနှင့် တွေ့ဆုံဆွေးနွေးရန်အတွက် ကြိုတင်စာရင်းပေးသွင်းလိုသူများအနေဖြင့် အောက်ပါ Link မှတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါတယ်။ 👇👇
https://forms.gle/587MT7NpYwgHFt7n9

ကျန်းမာရေးဟောပြောပွဲအားတက်ရောက်လိုပါက
အောက်ပါ Link မှ စာရင်းပေးသွင်းနိုင်ပါတယ် 👇👇
https://forms.gle/QjpQxXUFEvTq1Nt46

အသေးစိပ်သိရှိလိုပါက -
09420781898, 09442246789 သို့ဆက်သွယ်စုံစမ်းမေးမြန်နိုင်ပါတယ်။

Address

No 32 (Mezzanine Floor), Jalan Astana 4B/KU 2
Meru
41050

Telephone

+60122737444

Website

Alerts

Be the first to know and let us send you an email when Primal Care posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Primal Care:

Share