Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

  • Home
  • Singapore
  • Singapore
  • Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ ကျန်းမာလှပစေကြောင်း နည်းလမ်းကောင်း
(393)

🌷 ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ဖို့ အချိန်ရောက်ပါပြီရှင် 🌷တစ်ခါတလေ ကိုယ့်ရဲ့ကျန်းမာရေးအတွက်ဘာတွေပြောင်းလဲသင့်လဲ သိနေကြပေမယ...
09/09/2026

🌷 ကိုယ့်ကိုယ်ကို ပြန်ဂရုစိုက်ဖို့ အချိန်ရောက်ပါပြီရှင် 🌷

တစ်ခါတလေ ကိုယ့်ရဲ့ကျန်းမာရေးအတွက်
ဘာတွေပြောင်းလဲသင့်လဲ သိနေကြပေမယ့်
စတင်ဖို့အတွက်တော့ တွန့်ဆုတ်နေမိတတ်ကြပါတယ်။

“စားတာလေးပဲ လျှော့လိုက်ရင်ရပြီ...”
“လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ရင်ရပြီ...”
ဆိုပြီး ကိုယ့်ဘာသာကိုယ် ကြိုးစားကြည့်ရင်း
ဘယ်ကနေစရမလဲ၊ ဘယ်လိုဆက်လုပ်ရမလဲ မသိဖြစ်သွားတာတွေလည်း ရှိတတ်ပါတယ်နော်။ ❤️

အဲ့ဒီလိုအချိန်မှာ
ကိုယ့်ရဲ့နေ့စဉ်နေထိုင်မှုပုံစံလေးတွေကို ပြန်လည်သုံးသပ်ပြီး
ပိုမိုကောင်းမွန်တဲ့ပုံစံလေးတစ်ခုဆီ ပြောင်းလဲနိုင်ဖို့
လမ်းမှန်လေးနဲ့ စနစ်တကျ လိုက်ပါလုပ်ဆောင်နိုင်ဖို့က အရေးကြီးပါတယ်ရှင်။ 🌱

💥 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟵 လေးနဲ့အတူ
ကိုယ့်ရဲ့ Lifestyle လေးကို ပြန်လည်တည်ဆောက်ဖို့
အတူတူ စတင်ကြရအောင်ပါရှင်။ 🥰💪🏻

━━━━━━━━━━━━━━━━━━
⏳ 𝗕𝗮𝘁𝗰𝗵-𝟭𝟵 စတင်ရန် (၉) ရက်သာ လိုပါတော့တယ်ရှင်
━━━━━━━━━━━━━━━━━━

ဒီတစ်ခေါက် Challenge လေးမှာလည်း
𝐃𝐫 𝐇𝐭𝐚𝐫 နဲ့ အတူ Assisting ဒေါက်တာများနဲ့ Operations Team ကြီးက စားသောက်နေထိုင်မှုပုံစံတွေကို
စနစ်တကျ လိုက်ပါလုပ်ဆောင်နိုင်အောင်
အတူတူ လမ်းပြပေးသွားမှာပါရှင်။ ❤️

ကိုယ့်ကိုယ်ကို ပိုကောင်းတဲ့ပုံစံတစ်ခုဆီ ရောက်အောင်
စောင့်နေရုံနဲ့တော့ မဖြစ်နိုင်ပါဘူးနော်။

ကိုယ့်အတွက် ကိုယ်တိုင် စတင်ပေးလိုက်တဲ့နေ့က
ပြောင်းလဲမှုရဲ့ ပထမဆုံးနေ့လေး ဖြစ်လာမှာပါ။ 🌷

📣 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟵 မှာ ပါဝင်ချင်တဲ့သူလေးတွေ
Comment မှာ ❝ 𝗕𝗮𝘁𝗰𝗵-𝟭𝟵 ❞ လို့ ရေးပေးခဲ့ပါရှင်။
Admin Team မှ အမြန်ဆုံး ဆက်သွယ်ပေးသွားမှာပါနော်။ 🤗❤️

💌 𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (𝗖𝗕) မှာလည်း
သင်တန်းအကြောင်း အသေးစိတ် လာရောက်စုံစမ်းပြီး
စာရင်းသွင်းအပ်နှံနိုင်ပါတယ်ရှင်။

⏰ 𝟭𝟴 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝟮𝟬𝟮𝟲 မှာ စတင်မယ့်
𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟵 မှာ တွေ့ကြမယ်နော်။ 🥰🌷💪🏻

လေးစားချစ်ခင်လျက်၊
𝗗𝗿. 𝗛𝘁𝗮𝗿’𝘀 𝗧𝗲𝗮𝗺



#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ



“ တကယ်လို့ သင်က အရင်ကထက်ပိုဝလာတယ်ဆိုရင်တော့ ဒီစာလေးက သင့်အတွက်ပါ “💕💕💕💕💕💕💕👩‍⚕️ ဒီတစ်ပတ် Sunday tip လေးက ဝလာလို့ စိတ်ညစ်နေ...
06/09/2026

“ တကယ်လို့ သင်က အရင်ကထက်ပိုဝလာတယ်ဆိုရင်တော့ ဒီစာလေးက သင့်အတွက်ပါ “

💕💕💕💕💕💕💕

👩‍⚕️ ဒီတစ်ပတ် Sunday tip လေးက ဝလာလို့ စိတ်ညစ်နေတဲ့သူလေးတွေ ဝိတ်ထိန်းရခက်လို့ ဘယ်လိုလုပ်ရမှန်းမသိဖြစ်နေတဲ့သူလေးတွေအတွက် အဓိကရေးသားပေးထားတာပါ။

📌 ဘယ်အဆင့်ထိဝနေသလဲဆိုတဲ့အပေါ်မူတည်ပြီး ကျန်းမာရေးအခြေအနေများ ကွဲပြားသွားတာကြောင့်အရင်ဆုံး ကိုယ့်ရဲ့ Body weight ကို ကိုယ်အလေးချိန်အညွှန်းကိန်း (Body mass index- BMI) နဲ့ တွက်ချက်ဖို့လိုပါတယ်။ BMI သိဖို့အတွက် မိမိကိုယ်အလေးချိန် (ကီလိုဂရမ်) ကို အရပ်အမြင့် (မီတာ) ၂ထပ်ကွမ်းနဲ့စားပါ။ ဥပမာပြောရရင်....

ကိုယ်အလေးချိန် - ၇၀ ကီလိုဂရမ်, အရပ် - ၁၇၀ စင်တီမီတာရှိရင် ၇၀ ÷ (၁.၇) x (၁.၇) အတွက် BMI (၂၄.၂) ရပါတယ်။ မိမိရဲ့ BMI ကို တွက်ပြီးရင်တော့ WHO က ဖော်ပြထားတဲ့ BMI သတ်မှတ်ချက်တွေနဲ့ ပြန်တိုက်ကြည့်ရအောင်...

18.5 kg/m2 – Underweight
18.5 - 24.9 kg/m2 – Normal weight
25 - 29.9 kg/m2 - Overweight
30 - 34.9 kg/m2 – Obese class I (အဝလွန်ရောဂါအဆင့် ၁)
35 - 39.9 kg/m2 - Obese class II (အဝလွန်ရောဂါအဆင့် ၂)
40 kg/m2 နှင့်အထက် - Obese class III (အဝလွန်ရောဂါအဆင့် ၃)

တကယ်လို့ Overweight , Obese ဖြစ်နေရင် ဘာတွေဖြစ်နိုင်သလဲ ?

🔺 BMI 30 နဲ့အထက်ဆိုရင် Obese အဝလွန်နေပြီလို့ ပြောလို့ရပါတယ်။ အဲဒီလို အရမ်းဝနေတဲ့သူတွေမှာ…

နှလုံးရောဂါ
သွေးတိုးရောဂါ
ဆီးချိုရောဂါ
ကင်ဆာရောဂါ
အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ
သည်းခြေကျောက်တည်ခြင်း
အဆစ်အမြစ်များရောင်ရမ်းခြင်း စတဲ့ရောဂါမျိုးစုံဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အလွန်အမင်းဝတဲ့ သူတွေဟာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေလည်း ပိုဖြစ်နိုင်ပါတယ်။

▶️ BMI 30 အောက် Overweight အဆင့်မှာရှိတဲ့သူတွေက Obese အဝလွန်အဆင့်မရောက်သေးပေမဲ့ သာမန်လူတွေထက် နောက်ဆက်တွဲရောဂါဝေဒနာတွေကို ခံစားရနိုင်ခြေများပါတယ်။

✅ ဒါကြောင့် ကျန်းမာရေးမထိခိုက်အောင် Overweight ဖြစ်နေပြီဆိုတာနဲ့ ဝိတ်ချဖို့ စပြီးကြိုးစားသင့်ပါတယ်။ တကယ်လို့ အဝလွန်ရောဂါအထိပါဖြစ်နေပြီဆိုရင် အမြန်ဆုံး ဝိတ်ချရမှာဖြစ်ပါတယ်။

ဒါဆို ဘယ်လိုဝိတ်ချကြမလဲ ??

👩‍⚕️ ကျန်းမာလှပချင်လို့ ဝိတ်ချတာဖြစ်လို့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ဝိတ်ချနည်းလမ်းတွေဖြစ်ဖို့ အရေးကြီးပါတယ်။

(၁) နေ့စဥ် Healthy plate လေးအတိုင်းစားပေးပါ။
🍛 Healthy plate ကို ပြင်ဆင်ပုံလေးပြောပြမယ်နော်.... စားမယ့်ပန်းကန်ပြားမှာ ၄ပုံ ၂ပုံက ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေ၊ ၄ပုံ ၁ပုံက အသားဓာတ်၊ ကျန်တဲ့ ၄ပုံ ၁ပုံကတော့ ကစီဓာတ်ထည့်ပြီး စားသုံးရပါမယ်။

(၂) လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။
🏋️‍♀️ လေ့ကျင့်ခန်းတွေမလုပ်နိုင်ရင်တောင် ကိုယ်လက်လှုပ်ရှားမှုလေးတွေကို တတ်နိုင်သမျှ လုပ်စေချင်ပါတယ်။ တစ်နေ့ကို အနည်းဆုံး မိနစ် (၃၀) ခန့် လေ့ကျင့်ခန်းအတွက် အချိန်ပေးပါ။

(၃) အစားစားရင် သတိလေးနဲ့ စားပါ။
▪️စားချင်တာတွေကြိုက်သလောက်စားတာမျိုးမလုပ်ပဲ “ ဒီအစားအစာက အာဟာရဖြစ်ရဲ့လား ၊ အရမ်းချို/ငန်နေလား ၊ အဆီတွေပါလား ၊ အသင့်စားအစားအသောက်တွေဖြစ်နေလား ၊ ကယ်လိုရီများသလား “ စသဖြင့် အရင်စဥ်းစားပါ။ အစားအစာမှာပါတဲ့ အာဟာရအညွှန်းကိန်းလေးတွေ (Nutrition facts) ကို ဖတ်ပါ။ ကိုယ်စားမယ့်ပမာဏကိုလည်း ချင့်ချိန်ပြီး စားပေးပါရှင်...

(၄) ပုံမှန်ဝိတ်ချိန်ပေးပါ၊။ စားဖြစ်တဲ့အစားအစာတွေကို မှတ်သားပါ။
📉 ကျွန်မတို့ ဒိုင်ယာရီမှတ်သလိုမျိုး ကိုယ်စားဖြစ်တဲ့အစားအသောက်တွေကို တတ်နိုင်သလောက်လိုက်မှတ်ထားရင် ကိုယ့်ရဲ့ စားသောက်မှုပုံစံ (Eating habits) ကို သိနိုင်ပါတယ်။ စာအုပ်ထဲမှာဖြစ်ဖြစ် ၊ ဖုန်းထဲမှာဖြစ်ဖြစ်မှတ်လို့ရတယ်နော်... ထိုနည်းတူ ဝိတ်အတက်အကျကိုသိဖို့ ၂/၃ရက်တစ်ခါ တစ်ပတ်တစ်ခါ ဝိတ်ချိန်တဲ့အလေ့အကျင့် လေးကို ပြုလုပ်ပေးပါ။ ဒါဆို မိမိလိုချင်တဲ့ဝိတ်ကို ထိန်းထားနိုင်ပါလိမ့်မယ်။

(၅) အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်မှာနေပါ။
✳️ ဝိတ်ချတာဟာ ထင်သလောက်မလွယ်ကူပါဘူး ... ကျွန်မတို့ကြိုးစားနေစဥ်အတွင်းမှာ ကိုယ့်လိုပဲ ဝိတ်ချနေတဲ့အဖော်လေးတွေရှိရင် ၊ လေ့ကျင့်ခန်းတွေအတူတူလုပ်ကြရင် ၊ တစ်ယောက်နဲ့တစ်ယောက်အားပေးပြီး ရှေ့ဆက်ကြရင် ကျွန်မတို့ရဲ့ပန်းတိုင်ကို လွယ်ကူစွာနဲ့ မြန်မြန်ဆန်ဆန်ရောက်နိုင်မှာ ဖြစ်ပါတယ်...

ဒီစာလေးကြောင့် ဝိတ်ချတဲ့အခါ အထောက်အကူဖြစ်ရင်ပဲ ဝမ်းသာပီတိဖြစ်မိမှာပါရှင်... ကိုယ့်ရဲ့ ခံစားချက်လေးတွေကို ပြောပြခဲ့လို့ရသလို BMI လေးတွေတွက်ပြီး comment ပေးခဲ့လို့ရပါတယ်။ အချင်းချင်း motivation ပေးရင်း sharing လုပ်ကြရအောင်နော်.... 💌💝❤️

ချစ်ခြင်းများစွာဖြင့်

ဒေါက်တာထား



#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

🥇𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 - 𝟭𝟴 𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻 𝗣𝗿𝗶𝘇𝗲 𝗪𝗶𝗻𝗻𝗲𝗿 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 🎉🏆မင်္ဂလာညနေခင်းလေးပါ ချစ်ရတဲ့ မိတ်ဆွေများရှင်❣️Super Cha...
01/09/2026

🥇𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 - 𝟭𝟴
𝗖𝗵𝗮𝗺𝗽𝗶𝗼𝗻 𝗣𝗿𝗶𝘇𝗲 𝗪𝗶𝗻𝗻𝗲𝗿 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 🎉🏆

မင်္ဂလာညနေခင်းလေးပါ ချစ်ရတဲ့ မိတ်ဆွေများရှင်❣️

Super Challenge Batch-18 ရဲ့ Champion Prize Winner ကို ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ကြေညာ ပေးလိုက်ပါတယ်ရှင်....

🏆🏆 𝗠𝗮 𝗔 𝗠𝗲 @ 𝗔𝗠𝗲 𝗠𝗲 𝗧𝘂𝗻

𝐇𝐞𝐚𝐫𝐭𝐟𝐞𝐥𝐭 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬! 🎉🎉

တစ်ချိန်က ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းပြီး
ဓာတ်ပုံရိုက်ရင်တောင် ကိုယ့်ခန္ဓာကိုယ်ကို ဖုံးကွယ်ထားချင်ခဲ့တဲ့
Ma A Me...

အခုတော့ ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့
Super Challenge Batch-17 ရဲ့ Second Prize Winner ကနေ
Batch-18 ရဲ့ Champion Prize Winner အဖြစ် ထပ်မံရပ်တည်နိုင်ခဲ့ပါပြီ။ 👏👏

ဒါဟာ ဆုတစ်ဆု ရရှိသွားတာထက် ပိုပြီး အဓိပ္ပါယ်ရှိတဲ့ အောင်မြင်မှုလေးတစ်ခုပါရှင်။

━━━━━━━━━━━━━━

Ma A Me ရဲ့ Batch-18 Result လေးကတော့—

🏅 Starting Weight – 149.5 lb
🏅 Final Weight – 127.4 lb
🏅 Total Weight Loss – 22.1 lb 🎉

ဒါ့အပြင်...

🏅 Challenge တစ်လျှောက် Report မှန်မှန်တင်နိုင်ခဲ့ခြင်း
🏅 96 Hours Long Fasting ကိုလည်း အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ခြင်း 👏👏

တို့နဲ့အတူ ကိုယ့်ရဲ့ Commitment နဲ့ Consistency ကို အကောင်းဆုံး သက်သေပြနိုင်ခဲ့ပါတယ်ရှင်။

━━━━━━━━━━━━━━

အထူးသဖြင့် အံ့ဩစရာကောင်းတာက...

Batch-17 မှာ 29.6 lb လျော့ချနိုင်ခဲ့ပြီး Second Prize ရရှိခဲ့တဲ့
Ma A Me က Batch-18 မှာလည်း မရပ်တန့်ဘဲ ထပ်မံကြိုးစားခဲ့ပြီး Champion ဖြစ်လာခဲ့တာပါ။ 🥇

အောင်မြင်မှုတစ်ခုရပြီးတဲ့နောက်
“ဒီလောက်ဆို လုံလောက်ပြီ” လို့ ရပ်တန့်မသွားဘဲ...

ကိုယ့်ရဲ့ Goal ကို ဆက်လက်အာရုံစိုက်ပြီး
နောက်ထပ် Challenge တစ်ခုမှာလည်း Consistent ဖြစ်အောင် ဆက်လက်ကြိုးစားခဲ့တဲ့ စိတ်ဓာတ်ကတော့ တကယ်ကို ချီးကျူးထိုက်ပါတယ်ရှင်။ 👏💖

━━━━━━━━━━━━━━

ဒီလို ကြိုးစားအားထုတ်မှုတွေနဲ့ ရရှိလာတဲ့ ဂုဏ်ယူထိုက်တဲ့ အောင်မြင်မှုအတွက်

🥇 𝐂𝐡𝐚𝐦𝐩𝐢𝐨𝐧 𝐏𝐫𝐢𝐳𝐞 ဆုကြေးငွေ (၅၀၀,၀၀၀ ကျပ်) ကို
Dr. Htar's Team မှ ဝမ်းမြောက်ဂုဏ်ယူစွာဖြင့် ချီးမြှင့်လိုက်ပါတယ်ရှင်။ 🎉🏆

ဒီဆုလေးက Ma A Me ရဲ့ Weight Loss Result ကိုသာမက
Consistency၊ Discipline နဲ့ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်တဲ့အချိန်တွေမှာတောင် ဆက်ပြီးယုံကြည်ခဲ့တဲ့ စိတ်ဓာတ်ကိုပါ ဂုဏ်ပြုတဲ့ ဆုလေးတစ်ဆု ဖြစ်ပါတယ်။ 🌷

💗💗 💌 💗💗

Ma A Me ရဲ့ Weight Loss Journey လေးက
အခုမှစတင်မယ့် Challenger တွေအတွက်လည်း အားတက်စရာ၊ Motivation ရစရာကောင်းတဲ့ Journey လေးတစ်ခု ဖြစ်စေမယ်လို့ ယုံကြည်ပါတယ်ရှင်။

တစ်ကြိမ်အောင်မြင်ခဲ့တာထက်
အောင်မြင်ပြီးတဲ့နောက်မှာလည်း ဆက်လက်ကြိုးစားနိုင်တာက
ပိုပြီးတန်ဖိုးရှိပါတယ်။ 💝

ကိုယ့်ကိုယ်ကို ယုံကြည်ပြီး စတင်လိုက်ပါ။
Consistency လေးနဲ့ ဆက်သွားပါ။
တစ်နေ့မှာ ကိုယ်တိုင်လည်း ကိုယ့်ရဲ့ Result ကို ဂုဏ်ယူစွာ
ပြန်ကြည့်နိုင်ပါလိမ့်မယ်ရှင်။ 🥰

လေးစားချစ်ခင်ခြင်းများစွာဖြင့်
ဒေါက်တာထား




#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

⏰ 𝐓𝐢𝐦𝐞 𝐭𝐨 𝐑𝐞𝐯𝐞𝐚𝐥 𝐎𝐮𝐫 𝟐𝐧𝐝 𝐏𝐫𝐢𝐳𝐞 𝐖𝐢𝐧𝐧𝐞𝐫! 🥈𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐫 တွေ အများကြီးထဲက ဒီတစ်ခါ 𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 ကို ဘယ်သူက ထိုက်ထိုက်တန်တ...
01/09/2026

⏰ 𝐓𝐢𝐦𝐞 𝐭𝐨 𝐑𝐞𝐯𝐞𝐚𝐥 𝐎𝐮𝐫 𝟐𝐧𝐝 𝐏𝐫𝐢𝐳𝐞 𝐖𝐢𝐧𝐧𝐞𝐫! 🥈

𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐫 တွေ အများကြီးထဲက ဒီတစ်ခါ 𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 ကို ဘယ်သူက ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားလဲဆိုတာ သိချင်ကြပြီလားရှင်? 😍

🥈 𝙆𝙤 𝙕𝙖𝙮 𝙔𝙖𝙧 𝙈𝙞𝙣 🥈

🎉 𝐁𝐢𝐠 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧 ပါရှင့် အစ်ကိုရေ! 🎊❤️

𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 ဆုရှင် အစ်ကိုဇေယျာမင်းဟာဆိုရင်ဖြင့် ဒေါက်တာထားရဲ့ 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞𝐫 ဟောင်းတစ်ဦးဖြစ်ပြီး၊ 𝟗𝐭𝐡 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 မှာလည်း 𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 ကို ဆွတ်ခူးခဲ့ဖူးသူ ဖြစ်ပါတယ်ရှင်။ 🥰

အခု 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 𝟏𝟖 မှာလည်း 𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 ကို ထပ်မံဆွတ်ခူးနိုင်ခဲ့တာကြောင့်—

𝟗𝐭𝐡 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 တစ်ကြိမ် + 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 𝟏𝟖 တစ်ကြိမ် 🏆 𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 နှစ်ထပ်ကွမ်း ဆုရှင် 🏆 အဖြစ် ဂုဏ်ယူစရာကောင်းစွာ မှတ်တမ်းဝင်ခဲ့ပါပြီရှင်။ 👏👏👏

💪 ဒီလိုထူးချွန်တဲ့ ရလဒ်ရရှိလာဖို့ ဘယ်လိုကြိုးစားခဲ့လဲဆိုတော့…
𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟖 တစ်လျှောက် ကိုယ့်ရဲ့ Goal ကို မျက်ခြည်မပြတ်ဘဲ Dr. Htar ရဲ့ လမ်းညွှန်ချက်တွေအတိုင်း စနစ်တကျ လိုက်နာပြီး အဆုံးထိ အားကြိုးမာန်တက် ကြိုးစားခဲ့တဲ့ အစ်ကို့ရဲ့ ရလဒ်ကတော့—

🍀 ကိုယ်အလေးချိန် (𝟐𝟓) ပေါင်အထိ လျော့ချနိုင်ခဲ့ပြီး

🍀 𝐏𝐫𝐨𝐥𝐨𝐧𝐠𝐞𝐝 𝐅𝐚𝐬𝐭𝐢𝐧𝐠 ကိုလည်း Challenge အတွင်း သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်များအတိုင်း နာရီ (𝟏𝟑𝟕) တိုင်အောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ 👏👏👏

🥗 𝐇𝐞𝐚𝐥𝐭𝐡𝐲 𝐏𝐥𝐚𝐭𝐞 လေးတွေကိုလည်း သေချာပြင်ဆင်စားသောက်ခဲ့သလို 📝 𝐃𝐚𝐢𝐥𝐲 𝐑𝐞𝐩𝐨𝐫𝐭 လေးတွေကိုလည်း Challenge ကာလတစ်လျှောက် တစ်ရက်မပျက် မှန်မှန်တင်ခဲ့ပါတယ်။

🤝 𝐆𝐫𝐨𝐮𝐩 𝐀𝐜𝐭𝐢𝐯𝐢𝐭𝐢𝐞𝐬 တွေမှာလည်း တက်ကြွစွာ ပါဝင်ခဲ့ပြီး 📈 နေ့စဉ်အောင်မြင်မှု မှတ်တိုင်လေးတွေကို 𝐀𝐩𝐩𝐥𝐢𝐜𝐚𝐭𝐢𝐨𝐧 မှာ မှတ်တမ်းတင်နိုင်ခဲ့သူလေးပါ။ 😍

ထို့အပြင် Dr. Htar ရဲ့ 𝐋𝐞𝐜𝐭𝐮𝐫𝐞 အချိန်တိုင်းကိုလည်း အပြည့်အဝ တက်ရောက်ခဲ့ပြီး ကိုယ့်ရဲ့ Commitment နဲ့ Consistency ကို အကောင်းဆုံး သက်သေပြနိုင်ခဲ့တာကြောင့်—
🏆 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟖 ရဲ့ 🥈 𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 𝐖𝐢𝐧𝐧𝐞𝐫 အဖြစ် ထိုက်ထိုက်တန်တန် ရရှိခဲ့တာပဲ ဖြစ်ပါတယ်ရှင်။ ❤️🎉

💐 ဒီလိုထူးချွန်စွာ ကြိုးစားခဲ့တဲ့ 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟖 𝐒𝐞𝐜𝐨𝐧𝐝 𝐏𝐫𝐢𝐳𝐞 𝐖𝐢𝐧𝐧𝐞𝐫 အတွက်—
💵 ဆုကြေးငွေ (𝟑𝟎𝟎,𝟎𝟎𝟎) ကျပ်ကို Dr. Htar's Team မှ ဂုဏ်ယူဝမ်းမြောက်စွာဖြင့် ချီးမြှင့်လိုက်ပါတယ်ရှင်။ 🎉💐

💃 ကိုယ့်ရဲ့ Transformation Journey ကိုလည်း ဒီလိုပဲ စတင်ချင်တယ်ဆိုရင်… 🥰

📅 September 4 မှာ စတင်မယ့် 💎 𝐄𝐱𝐭𝐫𝐚 𝐂𝐚𝐫𝐞 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟖
𝐏𝐨𝐬𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬 👇

🔗 https://www.facebook.com/share/p/1DCnGQmidh/

📅 September 18 မှာ စတင်မယ့် 🪙 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟗
𝐏𝐨𝐬𝐭 𝐃𝐞𝐭𝐚𝐢𝐥𝐬 👇

🔗 https://www.facebook.com/share/p/19VYLdXAyG/

💪 𝐘𝐨𝐮𝐫 𝐓𝐫𝐚𝐧𝐬𝐟𝐨𝐫𝐦𝐚𝐭𝐢𝐨𝐧 𝐒𝐭𝐨𝐫𝐲 𝐂𝐚𝐧 𝐁𝐞 𝐍𝐞𝐱𝐭! ❤️

📢 လူဦးရေကန့်သတ်ထားတာကြောင့် ကိုယ့်ရဲ့ Transformation Journey ကို မလွတ်သွားရအောင် အချိန်မီ Join ထားလိုက်ပါနော်! 🤗

ဒီနေ့ကစပြီး ကိုယ့်အတွက် အကောင်းဆုံး Version ကို အတူတူ ဖန်တီးကြရအောင်နော်။ 💪❤️

လေးစားချစ်ခင်လျက်
𝐃𝐫. 𝐇𝐭𝐚𝐫'𝐬 𝐓𝐞𝐚𝐦 🤍








🏆 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟴 | 𝗧𝗵𝗶𝗿𝗱 𝗣𝗿𝗶𝘇𝗲 𝗪𝗶𝗻𝗻𝗲𝗿 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 🏆တစ်လတာ Challenge ခရီးစဉ်တစ်လျှောက်ကိုယ့်ကိုယ်ကို စည်းကမ်းရ...
01/09/2026

🏆 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟴 | 𝗧𝗵𝗶𝗿𝗱 𝗣𝗿𝗶𝘇𝗲 𝗪𝗶𝗻𝗻𝗲𝗿 𝗔𝗻𝗻𝗼𝘂𝗻𝗰𝗲𝗺𝗲𝗻𝘁 🏆

တစ်လတာ Challenge ခရီးစဉ်တစ်လျှောက်
ကိုယ့်ကိုယ်ကို စည်းကမ်းရှိရှိ ထိန်းကျောင်းရင်း
မိမိရဲ့ Lifestyle ကို တစ်ဆင့်ချင်းစီ ပြောင်းလဲလာနိုင်ခဲ့တဲ့ Challenger များထဲက…

ကြိုးစားအားထုတ်မှု၊ စည်းကမ်းရှိမှုနဲ့ Challenge အတွင်း ပူးပေါင်းပါဝင်မှုတွေကို စုစုပေါင်းအကဲဖြတ်ပြီး ရွေးချယ်ထားတဲ့ 𝗧𝗵𝗶𝗿𝗱 𝗣𝗿𝗶𝘇𝗲 𝗪𝗶𝗻𝗻𝗲𝗿 ကို ကြေညာပေးရမယ့်အချိန် ရောက်ရှိလာပါပြီရှင်။ 🥰

𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟴 ရဲ့ 𝗧𝗵𝗶𝗿𝗱 𝗣𝗿𝗶𝘇𝗲 ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သူကတော့…

🥉🏆 𝗧𝗛𝗜𝗥𝗗 𝗣𝗥𝗜𝗭𝗘 𝗪𝗜𝗡𝗡𝗘𝗥 🏆🥉
👉 𝗧𝗛𝗘𝗧 𝗛𝗡𝗜𝗡 𝗝𝗨𝗟𝗬

ဖြစ်ပါတယ်ရှင်။ 🎉👏👏

💐 𝗔 𝗕𝗶𝗴 𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝘁𝗼 𝗢𝘂𝗿 𝗧𝗵𝗶𝗿𝗱 𝗣𝗿𝗶𝘇𝗲 𝗪𝗶𝗻𝗻𝗲𝗿! 💐

သူမဟာ Challenge တစ်လျှောက် မိမိကိုယ်ကို စနစ်တကျ ထိန်းကျောင်းရင်း တကယ်ကို သိသာထင်ရှားတဲ့ Result တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်ရှင်။ 💚

⚖️ 𝟭𝟰𝟱 𝗹𝗯𝘀 ➝ 𝟭𝟮𝟵.𝟴 𝗹𝗯𝘀
🔥 𝗧𝗼𝘁𝗮𝗹 𝗪𝗲𝗶𝗴𝗵𝘁 𝗟𝗼𝘀𝘀 – 𝟭𝟱.𝟮 𝗹𝗯𝘀

စုစုပေါင်း (15.2) ပေါင် လျော့ချနိုင်ခဲ့ရုံသာမက Before & After မှာလည်း သိသာထင်ရှားတဲ့ Body Transformation ကို မြင်တွေ့ရပါတယ်ရှင်။

💫 ဗိုက်ပိုင်း သိသိသာသာ ချပ်လာခြင်း

💫 ခါး၊ ပေါင်နဲ့ ကျောပိုင်း အဆီများ လျော့ကျလာခြင်း
💫 Body Shape ပြောင်းလဲလာခြင်း

💫 Weight Loss နဲ့အတူ Confidence ပိုမိုတိုးတက်လာခြင်း

ဒီလို ပြောင်းလဲမှုတွေဟာ တစ်နေ့တည်းနဲ့ ဖြစ်လာတာမဟုတ်ဘဲ နေ့စဉ်နေ့တိုင်း ကိုယ့်ကိုယ်ကို မလျှော့ဘဲ ထိန်းကျောင်းခဲ့တဲ့ ကြိုးစားမှုတွေရဲ့ ရလဒ်ပဲ ဖြစ်ပါတယ်ရှင်။ 🥰

Challenge အတွင်း သူမရဲ့ ပူးပေါင်းပါဝင်မှုကို ပြန်ကြည့်မယ်ဆိုရင်လည်း —

📌 𝗗𝗮𝗶𝗹𝘆 𝗥𝗲𝗽𝗼𝗿𝘁 – 𝟮𝟬 ကြိမ်

⏰ 𝗟𝗼𝗻𝗴 𝗙𝗮𝘀𝘁𝗶𝗻𝗴 – 𝟰𝟴 𝗵𝗿𝘀 အထိ

📱 𝗗𝗿 𝗛𝘁𝗮𝗿 𝗔𝗽𝗽 ကို ထိရောက်စွာ အသုံးပြုခြင်း

💃 𝗚𝗿𝗼𝘂𝗽 𝗔𝗰𝘁𝗶𝘃𝗶𝘁𝗶𝗲𝘀 မျိုးစုံတွင် တက်ကြွစွာ ပါဝင်ခဲ့ခြင်း

💻 𝗭𝗼𝗼𝗺 𝗦𝗲𝘀𝘀𝗶𝗼𝗻𝘀 များကို ကြိုးစားတက်ရောက်ခဲ့ခြင်း

စတဲ့ အချက်တွေမှာလည်း စနစ်တကျ ပါဝင်ခဲ့ပြီး ဒေါက်တာထားရဲ့ ညွှန်ကြားချက်များကို တစ်လတာလုံး အလေးထားလိုက်နာခဲ့တဲ့ စံပြ Challenger တစ်ယောက် ဖြစ်ပါတယ်ရှင်။ 🌱👏

🏆 ဒါကြောင့် ဆုရွေးချယ်ရေးအဖွဲ့မှ ပေးအပ်သည့် ငွေကျပ် (၂၀၀,၀၀၀) တန်ဖိုးရှိ 𝗧𝗵𝗶𝗿𝗱 𝗣𝗿𝗶𝘇𝗲 ကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်ရှင်။ 🎊

ဒီလို Result ကောင်းတစ်ခုကို ဖန်တီးနိုင်ခဲ့တဲ့ သူမရဲ့ ကြိုးစားအားထုတ်မှုအတွက် အားလုံးကလည်း Comment မှာ ဝိုင်းဝန်းဂုဏ်ပြုပေးကြရအောင်နော်။ 💕👏

𝗖𝗼𝗻𝗴𝗿𝗮𝘁𝘂𝗹𝗮𝘁𝗶𝗼𝗻𝘀 𝗼𝗻𝗰𝗲 𝗮𝗴𝗮𝗶𝗻! 🎉🥉

ဒီအောင်မြင်မှုက Challenge ပြီးဆုံးသွားတာနဲ့အတူ ရပ်တန့်သွားမယ့် အောင်မြင်မှုမျိုးမဟုတ်ဘဲ နောက်ထပ် Healthy Lifestyle ခရီးလမ်းအတွက် ခိုင်မာတဲ့ အစတစ်ခု ဖြစ်ပါစေရှင်။ 💚

━━━━━━━━━━━━━━━━━━

🌿 𝗬𝗼𝘂𝗿 𝗧𝗿𝗮𝗻𝘀𝗳𝗼𝗿𝗺𝗮𝘁𝗶𝗼𝗻 𝗦𝘁𝗮𝗿𝘁𝘀 𝗪𝗶𝘁𝗵 𝗢𝗻𝗲 𝗗𝗲𝗰𝗶𝘀𝗶𝗼𝗻.

အပြောင်းအလဲဆိုတာ အချိန်ယူရပေမယ့်
မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ စည်းကမ်းရှိရှိနဲ့ ဆက်လက်ကြိုးစားသွားမယ်ဆိုရင် မိမိလိုချင်တဲ့ Healthy Version အသစ်ကို မိမိကိုယ်တိုင် ဖန်တီးနိုင်ပါတယ်ရှင်။ 💚

အခုလို ကျန်းမာပေါ့ပါးပြီး ယုံကြည်မှုပိုရှိတဲ့ Lifestyle အသစ်တစ်ခုကို စတင်ချင်တယ်ဆိုရင်တော့ —

📌 𝗘𝘅𝘁𝗿𝗮 𝗖𝗮𝗿𝗲 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟴
🗓️ 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝟰 ရက်နေ့ စတင်မည်
https://www.facebook.com/share/p/1FCRWXeHZZ/

📌 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟵
🗓️ 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝟭𝟴 ရက်နေ့ စတင်မည်
https://www.facebook.com/share/p/1EVudLbFhH/

မိမိနဲ့ သင့်တော်မယ့် Challenge ကို ရွေးချယ်ပြီး Page Messenger မှတစ်ဆင့် အချိန်မီ စာရင်းပေးအပ်နှံနိုင်ပါပြီရှင်။ 🤗💚

💫𝗦𝘁𝗮𝗿𝘁 𝗧𝗼𝗱𝗮𝘆. 𝗦𝘁𝗮𝘆 𝗖𝗼𝗻𝘀𝗶𝘀𝘁𝗲𝗻𝘁. 𝗕𝗲𝗰𝗼𝗺𝗲 𝗬𝗼𝘂𝗿 𝗛𝗲𝗮𝗹𝘁𝗵𝗶𝗲𝗿 𝗦𝗲𝗹𝗳.💫

ဂုဏ်ယူဝမ်းမြောက်စွာဖြင့်…
ဒေါက်တာထား






#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

🏅 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 (𝟭𝟴) 🎉 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐰𝐚𝐫𝐝 𝐖𝐢𝐧𝐧𝐞𝐫𝐬 🎉ဒီနေ့ကတော့ Super Challenge Batch-18 ရဲ့ တစ်လတာခရီးစဉ်အတွင်း အကောင်...
01/09/2026

🏅 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 (𝟭𝟴) 🎉 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐰𝐚𝐫𝐝 𝐖𝐢𝐧𝐧𝐞𝐫𝐬 🎉

ဒီနေ့ကတော့ Super Challenge Batch-18 ရဲ့ တစ်လတာခရီးစဉ်အတွင်း အကောင်းဆုံးကြိုးစားခဲ့ကြတဲ့ Challenger တွေရဲ့ အားထုတ်မှုတွေကို ဂုဏ်ပြုအသိအမှတ်ပြုရမယ့် အထူးနေ့လေးတစ်နေ့ ဖြစ်ပါတယ်ရှင်။ 🥰

Challenge တစ်လတာဆိုတာ ကိုယ်အလေးချိန်လျော့ကျဖို့အတွက်ပဲ ဖြတ်သန်းရတဲ့ အချိန်တစ်ခု မဟုတ်ပါဘူး။

နေ့စဉ်စားသောက်ပုံတွေကို မှန်မှန်ကန်ကန် ပြင်ဆင်စားသောက်တတ်လာခြင်း၊ ကိုယ်လက်လှုပ်ရှားမှုတွေကို ပိုမိုဂရုစိုက်လာခြင်း၊ ကိုယ့်ရဲ့ Lifestyle ကို တစ်နေ့ပြီးတစ်နေ့ ပိုကောင်းအောင် ပြုပြင်လာခြင်းတွေကလည်း ဒီခရီးစဉ်ရဲ့ အရေးကြီးတဲ့ ရလဒ်တွေပါပဲ။ 💪🏻

တစ်ချို့နေ့တွေမှာ အားနည်းခဲ့နိုင်သလို
တစ်ချို့နေ့တွေမှာ ပင်ပန်းခဲ့နိုင်ပါတယ်။

ဒါပေမယ့် ကိုယ့်ရဲ့ Goal ကို မမေ့ဘဲ ပြန်လည်ကြိုးစားခဲ့ကြတဲ့ စိတ်ဓာတ်၊ ပန်းတိုင်မရောက်မချင်း ဆက်လက်လျှောက်လှမ်းခဲ့တဲ့ ဇွဲလုံ့လတွေဟာ တကယ်ကို တန်ဖိုးရှိပါတယ်ရှင်။ 🤍

Batch-18 မှာ ပါဝင်ခဲ့ကြတဲ့ Challenger တစ်ဦးချင်းစီတိုင်းရဲ့ ကြိုးစားအားထုတ်မှုနဲ့ ပြောင်းလဲတိုးတက်မှုတွေကြောင့် Special Award Winner တွေကို ရွေးချယ်တဲ့အခါမှာလည်း အလွန်ခက်ခဲခဲ့ပါတယ်...

အဲဒီထဲကမှ Challenge ကာလအတွင်းမှာ—

✅ Dr. Htar ရဲ့ ညွှန်ကြားချက်များအတိုင်း သေသေချာချာ ကြိုးစားလိုက်နာခဲ့မှု
✅ စည်းကမ်းတကျ ပါဝင်ခဲ့မှု
✅ မိမိရဲ့ Lifestyle ကို ပြောင်းလဲဖို့ စိတ်အားထက်သန်စွာ ကြိုးစားခဲ့မှု
✅ Activities နဲ့ Reports တွေမှာ တက်ကြွစွာ ပါဝင်ခဲ့မှု
✅ Body Transformation မှာ သိသာတဲ့ တိုးတက်မှုတွေ ရရှိခဲ့မှု

စတဲ့ အချက်တွေကို စုပေါင်းအကဲဖြတ်ပြီး ထူးထူးခြားခြား ကြိုးစားခဲ့ကြတဲ့ Challenger ( ၈ ) ဦးကို 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐰𝐚𝐫𝐝 အဖြစ် Dr. Htar's Team မှ ရွေးချယ်ဂုဏ်ပြုလိုက်ပါတယ်ရှင်။ 🎉

💰 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐰𝐚𝐫𝐝 𝐖𝐢𝐧𝐧𝐞𝐫𝐬 ( ၈ ) ဦးကို ဆုကြေးငွေ (၁၀၀,၀၀၀) ကျပ်စီ ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။ 🎊

🏅 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐰𝐚𝐫𝐝 𝐖𝐢𝐧𝐧𝐞𝐫𝐬

🎖️𝐊𝐡𝐢𝐧 𝐇𝐭𝐞𝐢𝐤 𝐓𝐢𝐧

🎖️𝐋𝐢𝐧 𝐋𝐢𝐧 𝐌𝐚𝐰

🎖️𝐌𝐲𝐚𝐭 𝐌𝐲𝐚𝐭 𝐒𝐚𝐧

🎖️𝐍𝐚𝐧 𝐇𝐨𝐦

🎖️𝐎𝐤𝐞 𝐒𝐨𝐞 𝐌𝐚𝐮𝐧𝐠

🎖️𝐓𝐡𝐮𝐳𝐚𝐫 𝐖𝐲𝐧𝐧

🎖️𝐖𝐢𝐧𝐭 𝐘𝐚𝐝𝐚𝐧𝐚𝐫 𝐒𝐨𝐞

🎖️𝐘𝐢𝐧 𝐘𝐢𝐧 𝐖𝐢𝐧

🎉 𝐂𝐨𝐧𝐠𝐫𝐚𝐭𝐮𝐥𝐚𝐭𝐢𝐨𝐧𝐬 𝐭𝐨 𝐚𝐥𝐥 𝐒𝐩𝐞𝐜𝐢𝐚𝐥 𝐀𝐰𝐚𝐫𝐝 𝐖𝐢𝐧𝐧𝐞𝐫𝐬! 🎉

ဒီဆုဟာ ကိုယ်အလေးချိန်ကျဆင်းမှုတစ်ခုတည်းအတွက် ချီးမြှင့်တဲ့ဆု မဟုတ်ပါဘူးရှင်။

ကျန်းမာလှပတဲ့ ခန္ဓာကိုယ်နဲ့ မှန်ကန်တဲ့ နေထိုင်မှုပုံစံတစ်ခု ရရှိဖို့ ကိုယ်တိုင်ဆုံးဖြတ်ပြီး စတင်ခဲ့တဲ့ ခရီးလမ်းမှာ မလွယ်ကူတဲ့နေ့တွေကို ဖြတ်ကျော်ရင်း ဆက်လက်ကြိုးစားခဲ့တဲ့ အားထုတ်မှုတွေကို အသိအမှတ်ပြုတဲ့ ဆုလေးတစ်ခု ဖြစ်ပါတယ်ရှင်။ 🤍

အရေးကြီးဆုံးကတော့ Challenge ပြီးဆုံးသွားတာနဲ့အတူ ဒီနေရာမှာ ရပ်မနေဘဲ…

🌱 ပိုမိုကျန်းမာတဲ့ နေ့ရက်တွေကို ဆက်လက်ပိုင်ဆိုင်ရင်း ဒီ Challenge အတွင်း တည်ဆောက်ခဲ့တဲ့ Healthy Lifestyle ကို နေ့စဉ်ဘဝထဲမှာ ဆက်လက်ထိန်းသိမ်းသွားနိုင်ကြပါစေရှင်။ 🤍

Batch-18 မှာ ပါဝင်ခဲ့ကြတဲ့ Challenger တစ်ဦးချင်းစီတိုင်းရဲ့ ရလဒ်လေးတွေအတွက်လည်း Dr. Htar's Team မှ ဝမ်းမြောက်ဝမ်းသာ ဂုဏ်ယူပါတယ်ရှင်။ 👏🏻🎉

🥇🥈🥉 𝐓𝐨𝐩 𝐖𝐢𝐧𝐧𝐞𝐫𝐬 ဖြစ်တဲ့ First Prize, Second Prize နဲ့ Third Prize ဆုရှင်များကိုလည်း မကြာမီ ကြေညာပေးသွားမှာ ဖြစ်တဲ့အတွက် အားလုံးပဲ ဆက်လက်စောင့်မျှော်ပေးကြပါဦးနော်။ 💓

ကိုယ်တိုင်လည်း Healthy Lifestyle တစ်ခုကို စတင်တည်ဆောက်ပြီး ကိုယ့်ရဲ့ Body Transformation Journey ကို အကောင်းဆုံးစတင်ချင်တယ်ဆိုရင်—

💗 September 4 ရက်နေ့မှာ စမည့် 𝐄𝐱𝐭𝐫𝐚 𝐂𝐚𝐫𝐞 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 𝟖 အတန်းနှင့်

💗 September 18 ရက်နေ့မှာ စမည့် 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡 𝟏𝟗 အတန်း

တို့အတွက် အခုပဲ စာရင်းသွင်းအပ်နှံနိုင်ပါပြီရှင်။ 🥰

📌 𝐄𝐱𝐭𝐫𝐚 𝐂𝐚𝐫𝐞 𝐁𝐚𝐭𝐜𝐡-𝟖 အတန်း Post Details

https://www.facebook.com/share/p/1DWjZEgoFw/

📌 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 𝐁𝐚𝐭𝐜𝐡-𝟏𝟗 အတန်း Post Details

https://www.facebook.com/share/p/1FYqB5DGgH/

📩 အသေးစိတ်အချက်အလက်များကို Page Messenger (CB) မှာလည်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။

လေးစားချစ်ခင်လျက် 🤍
𝐃𝐫. 𝐇𝐭𝐚𝐫'𝐬 𝐓𝐞𝐚𝐦







#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

⏳ 𝗘𝘅𝘁𝗿𝗮 𝗖𝗮𝗿𝗲 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 𝟴 စဖို့ ၃ ရက်ပဲလိုပါတော့တယ်ရှင်…“ဝိတ်ချမယ်” လို့ စဉ်းစားနေတဲ့နေ့တွေကို ကျော်ပြီး“ဝိတ်ကျနေပြ...
01/09/2026

⏳ 𝗘𝘅𝘁𝗿𝗮 𝗖𝗮𝗿𝗲 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵 𝟴 စဖို့ ၃ ရက်ပဲလိုပါတော့တယ်ရှင်…

“ဝိတ်ချမယ်” လို့ စဉ်းစားနေတဲ့နေ့တွေကို ကျော်ပြီး
“ဝိတ်ကျနေပြီ” ဆိုတဲ့ Result ဆီ စတင်လျှောက်ဖို့
အချိန်နီးကပ်လာပါပြီ 💚

ဒီ Challenge လေးကို ပါဝင်ဖို့ စိတ်ကူးထားပေမယ့်
အခုထိ မဆုံးဖြတ်ရသေးဘူးဆိုရင်လည်း…

ဒီ Post လေးက ကိုယ့်အတွက် နောက်ထပ်တစ်ကြိမ် ပြန်စဉ်းစားဖို့ Reminder လေးပါ။ 🌿

Super Challenge တွေလို ပုံမှန်ဆက်တိုက် ဖွင့်ပေးနေတဲ့ Challenge မဟုတ်တာကြောင့်
Extra Care Challenge ကတော့ တစ်ကြိမ်နဲ့တစ်ကြိမ် ပြန်လည်ဖွင့်လှစ်ဖို့ အချိန်ယူရတတ်ပါတယ်ရှင်။ 🤍

ဒါကြောင့် ဒီတစ်ကြိမ်မှာ ပါဝင်ဖို့ စိတ်ကူးထားတယ်ဆိုရင်
အခွင့်အရေးလေးကို လက်မလွှတ်ဘဲ
ကိုယ့်ရဲ့ Healthy Lifestyle Journey ကို အတူတူ စတင်လိုက်ရအောင်နော်။ 💚

⏳ 𝟯 𝗗𝗮𝘆𝘀 𝘁𝗼 𝗚𝗼 — 𝗦𝗲𝗽𝘁𝗲𝗺𝗯𝗲𝗿 𝟰, 𝟮𝟬𝟮𝟲

💎 𝐄𝐱𝐭𝐫𝐚 𝐂𝐚𝐫𝐞 - 𝐁𝐚𝐭𝐜𝐡 𝟖
👉 Details ကြည့်ရန်:

https://www.facebook.com/share/p/1Ei3o6EEbA/

လေးစားချစ်ခင်ခြင်းများစွာဖြင့်
ဒေါက်တာထား




#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

🎊 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟴 𝗧𝗼𝗽 𝗙𝗶𝗻𝗮𝗹𝗶𝘀𝘁𝘀 🎊ကိုယ့်ကိုယ်ကို အကောင်းဆုံး Version တစ်ခုဖြစ်လာအောင် အဖွဲ့အားနဲ့အတူ လက်တွဲကြိုး...
30/08/2026

🎊 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 𝗕𝗮𝘁𝗰𝗵-𝟭𝟴 𝗧𝗼𝗽 𝗙𝗶𝗻𝗮𝗹𝗶𝘀𝘁𝘀 🎊

ကိုယ့်ကိုယ်ကို အကောင်းဆုံး Version တစ်ခုဖြစ်လာအောင် အဖွဲ့အားနဲ့အတူ လက်တွဲကြိုးစားခဲ့ကြတဲ့ Super Challenge Batch-18 ရဲ့ Journey လေးကတော့ အခုဆိုရင် Top Finalists တွေကို ကြေညာရမယ့်အချိန် ရောက်ရှိလာပါပြီရှင်။ 🥰

Top Finalists တွေအားလုံးက Weight ကျသွားဖို့တစ်ခုတည်းအတွက် ကြိုးစားခဲ့ကြတာ မဟုတ်ပါဘူး။

♦️ တစ်လတာအတွင်း ကိုယ့်ရဲ့စည်းကမ်းကို တည်ဆောက်ခဲ့ကြတယ်…
♦️ အခက်အခဲတွေကြားက မရပ်တန့်ဘဲ ဆက်လျှောက်ခဲ့ကြတယ်…
♦️ ကိုယ့်ကိုယ်ကို အရင်ထက် ပိုချစ်တတ်လာခဲ့ကြတယ်…
♦️ Lifestyle အဟောင်းတွေကို ပြောင်းလဲပြီး Healthy Lifestyle အသစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ကြတယ်…

ဒီလိုပြောင်းလဲမှုတွေအားလုံးကို တစ်လတာအတွင်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ကြတဲ့ စိတ်ဓာတ်ခိုင်မာသူတွေပဲ ဖြစ်ကြပါတယ်ရှင်။ 💪💪

အခုလို တစ်လလုံး တစ်စိုက်မတ်မတ် ကြိုးစားခဲ့ကြတဲ့ Challenger တစ်ယောက်ချင်းစီကိုလည်း Dr Htar Team မှ အထူးကျေးဇူးတင်ဂုဏ်ပြုပါတယ်ရှင်။ 👏👏👏

Top Finalists တွေကို ရွေးချယ်တဲ့အခါမှာလည်း Weight ကျသွားတဲ့ပမာဏတစ်ခုတည်းကိုပဲ ကြည့်ပြီး ရွေးချယ်ခဲ့တာ မဟုတ်ပါဘူးရှင်။

✅ Challenge တစ်လျှောက်လုံး Dr Htar ရဲ့ ညွှန်ကြားချက်တွေအတိုင်း သေချာလိုက်နာပြီး Healthy Food တွေကို လိုအပ်တဲ့ Calories ပြည့်ပြည့်ဝဝ စားပေးနိုင်ခဲ့ခြင်း

✅ Report တွေကို မှန်မှန်ကန်ကန် တင်ပြနိုင်ခဲ့ခြင်း

✅ Zoom Session တွေကို မပျက်မကွက် တက်ရောက်ပြီး Activities တွေမှာလည်း တက်တက်ကြွကြွ ပါဝင်ခဲ့ခြင်း

✅ FB Group နဲ့ Messenger Group တွေမှာလည်း အဖွဲ့ဝင်အချင်းချင်း ရင်းနှီးနွေးထွေးစွာ အားပေးအားယူ ပြုလုပ်ခဲ့ခြင်း

စသဖြင့် ဘက်ပေါင်းစုံကနေ ကြည့်ပြီး သေချာရွေးချယ်စိစစ်ပေးထားတာ ဖြစ်ပါတယ်ရှင်။ 🥰

Super Challenge Batch-18 ရဲ့
🏆 𝗧𝗢𝗣 𝗙𝗜𝗡𝗔𝗟𝗜𝗦𝗧𝗦 🏆

▪️𝗔 𝗠𝗲
▪️𝗛𝗮𝘆 𝗠𝗮𝗻 𝗢𝗼
▪️𝗛𝗻𝗶𝗻 𝗧𝗵𝗮𝗻𝗱𝗮𝗿
▪️𝗞𝗵𝗶𝗻 𝗛𝘁𝗲𝗶𝗸 𝗧𝗶𝗻
▪️𝗞𝘆𝗮𝘄 𝗠𝗶𝗻 𝗔𝘂𝗻𝗴
▪️𝗞𝘆𝗮𝘄𝘁 𝗞𝗮𝘆 𝗞𝗵𝗮𝗶𝗻𝗴
▪️𝗟𝗶𝗻 𝗟𝗶𝗻 𝗠𝗮𝘄
▪️𝗠𝘆𝗮𝘁 𝗠𝘆𝗮𝘁 𝗦𝗮𝗻
▪️𝗠𝘆𝗮𝘁 𝗬𝗲𝗲 𝗔𝘂𝗻𝗴
▪️𝗡𝗮𝗻 𝗛𝗼𝗺
▪️𝗡𝗮𝗻 𝗦𝗮𝗻𝗱𝗶 𝗢𝗼
▪️𝗢𝗸𝗲 𝗦𝗼𝗲 𝗠𝗮𝘂𝗻𝗴
▪️𝗣𝗵𝘆𝘂 𝗭𝗶𝗻 𝗧𝗵𝗲𝗶𝗻𝘁
▪️𝗦𝘂 𝗣𝘆𝗮𝗲
▪️𝗧𝗵𝗲𝘁 𝗛𝗻𝗶𝗻 𝗝𝘂𝗹𝘆
▪️𝗧𝗵𝘂𝘇𝗮𝗿 𝗪𝘆𝗻𝗻
▪️𝗪𝗶𝗻𝘁 𝗬𝗮𝗱𝗮𝗻𝗮𝗿 𝗦𝗼𝗲
▪️𝗬𝗶𝗻 𝗬𝗶𝗻 𝗪𝗶𝗻
▪️𝗭𝗮𝗿 𝗭𝗮𝗿 𝗟𝘄𝗶𝗻
▪️𝗭𝗮𝘆 𝗬𝗮𝗿 𝗠𝗶𝗻

🎉 Congratulations to all our Top Finalists! 🎉

Top Finalists တွေထဲကနေ…
🥇 First Prize
🥈 Second Prize
🥉 Third Prize
🏅 Special Awards

ဘယ်သူတွေက ဘယ်ဆုတွေ ရရှိသွားမလဲဆိုတာကိုတော့ အတူတူ ရင်ခုန်စွာ စောင့်မျှော်အားပေးကြရအောင်နော်… ❤️

မိမိကိုယ်တိုင်လည်း အခုလို ကောင်းမွန်တဲ့ပြောင်းလဲမှုတွေနဲ့ Healthy Lifestyle တစ်ခုကို စတင်ချင်တယ်ဆိုရင်တော့…

📌 September 4 ရက်နေ့မှာ စတင်မယ့်
Extra Care Challenge Batch-8 👇

https://www.facebook.com/share/p/1Eps2TM1y3/

📌 September 18 ရက်နေ့မှာ စတင်မယ့်
Super Challenge Batch-19 👇

https://www.facebook.com/share/p/1Ym7X9cFF6/

ရွေးချယ်စရာ Challenge ၂ ခုတောင် ရှိတာမို့ ကိုယ်နဲ့သင့်တော်မယ့် Challenge ကို ရွေးချယ်ပြီး Page Messenger မှာ အချိန်မီ သင်တန်းအပ်နှံထားလို့ ရပါပြီရှင်။ 🤗

ချစ်ခြင်းများစွာဖြင့်
ဒေါက်တာထား






#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

ဒီနေ့တော့ ကျွန်မတို့ရဲ့ ဘဝမှာ အရေးကြီးတာတွေ မကြီးတာတွေနဲ့ ပတ်သတ်ပြီး Life Category ခွဲခြားသိဖို့ အကြောင်းလေး ဝေမျှပေးပါရ...
30/08/2026

ဒီနေ့တော့ ကျွန်မတို့ရဲ့ ဘဝမှာ အရေးကြီးတာတွေ မကြီးတာတွေနဲ့ ပတ်သတ်ပြီး Life Category ခွဲခြားသိဖို့ အကြောင်းလေး ဝေမျှပေးပါရစေရှင်…

လူတိုင်းမှာ သူ့အယူအဆလေးနဲ့သူ ရှိကြပါတယ်။
တချို့ကျတော့ ဖြစ်ခဲလှတဲ့ လူဘဝမှာ စားချင်တာတွေစားမယ်…
သွားချင်တာတွေ သွားမယ်…
သောက်ချင်တာတွေ သောက်မယ် ဆိုတဲ့ အယူအဆလေးတွေ ရှိတတ်ကြပြီး…

တချို့ကျတော့ ငယ်ရွယ်စဉ်မှာ ကျန်းမာရေး လိုက်စားထားမှ အသက်အရွယ်တစ်ခု ရောက်လာချိန်မှာ ကိုယ့်ခန္ဓာကိုယ် ကိုယ်သယ်နိုင်ပြီး လူပိုတစ်ယောက်လို မဖြစ်ဖို့ ဆိုတဲ့ အယူအဆလေးတွေ ရှိတတ်ကြပါတယ်။

လူတိုင်းရဲ့ ဘဝအတွေ့အကြုံ၊ ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်နဲ့ တန်ဖိုးထားမှုတွေ မတူကြတာကြောင့် Life Choice တွေလည်း ကွဲပြားတတ်ကြပါတယ်ရှင်…

အရေးကြီးတာက ကိုယ်ရွေးချယ်ထားတဲ့ Lifestyle က ကိုယ့်ရဲ့ အနာဂတ်ကို ဘယ်လိုပုံဖော်ပေးမလဲဆိုတာကို သတိထားမိဖို့ပါပဲ…

━━━━━━━━━━━━

ကျွန်မ သဘောကျလက်ခံတဲ့ Healthy Aging Concept တစ်ခုကတော့…

Lifespan = အသက်ဘယ်လောက်ကြာကြာ ရှင်သန်လဲ ဆိုတာထက်…
Healthspan = အဲဒီအသက်အရွယ်တွေမှာ ဘယ်လောက်ကြာကြာ ကျန်းမာ၊ လွတ်လပ်၊ အားအင်ရှိရှိ နေနိုင်လဲ ဆိုတာကို ပိုအလေးထားတဲ့ အမြင်လေးပါရှင်။

🌸🌸🌸

အသက် ၉၅ နှစ်ထိ ရောက်ပေမဲ့ နောက်ဆုံး ၂၀ နှစ်လုံး ဆေးတွေ၊ နာတာရှည်ရောဂါတွေ၊ ကိုယ်တိုင်မလှုပ်ရှားနိုင်မှုတွေနဲ့ နေရတာထက်…

အသက် ၈၅–၉၀ နှစ်အထိပဲဖြစ်ဖြစ်
ကိုယ်တိုင်လမ်းလျှောက်နိုင်၊ စဉ်းစားနိုင်၊ မိသားစုနဲ့ အချိန်ကောင်းတွေ ဖြတ်သန်းနိုင်၊ ကိုယ့်ဘဝကို ကိုယ်ထိန်းချုပ်နိုင်တာက ပိုတန်ဖိုးရှိပါတယ်။

“ဘယ်လောက်ကြာကြာ အသက်ရှင်မလဲ” ဆိုတာတစ်ခုတည်းမဟုတ်ဘဲ…

“အသက်ရှင်နေတဲ့ နှစ်တွေထဲမှာ ဘယ်လောက်ကြာကြာ ကျန်းမာ၊ လွတ်လပ်ပြီး ကိုယ်လိုချင်တဲ့ဘဝပုံစံအတိုင်း နေနိုင်မလဲ” ဆိုတာက ပိုအရေးကြီးပါတယ်ရှင်…

ဒါကြောင့် Healthy Lifestyle ရဲ့ ရည်ရွယ်ချက်က အသက်ရှည်အောင်တင်မဟုတ်ဘူး…

❤️ အသက်ကြီးလာတဲ့အခါလည်း ကိုယ့်ခြေထောက်နဲ့ကိုယ် လျှောက်နိုင်ဖို့
❤️ ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်နိုင်ဖို့
❤️ ချစ်တဲ့သူတွေနဲ့ Quality Time ပိုရဖို့
❤️ နောက်ဆုံးအချိန်ထိ “အသက်ရှင်နေတာ” မဟုတ်ဘဲ “ဘဝကို ခံစားနေနိုင်ဖို့” ပါ။

အကောင်းဆုံးကတော့…

“Add years to your life” ထက်
“Add life to your years” ပါ။

အသက်ထဲကို နှစ်တွေထည့်တာထက်…
နှစ်တွေထဲကို ဘဝရဲ့အရည်အသွေး ထည့်နိုင်တာက ပိုအရေးကြီးပါတယ်။

🔰🔰🔰

ဒါနဲ့ ပတ်သက်ပြီး ကျွန်မ သဘောကျမိတဲ့ ပုံပြင်လေး ဝေမျှချင်ပါတယ်။
“The Jar of Life” ဆိုတဲ့ ပုံပြင်လေးပါ…
တစ်ချို့လည်း ဖတ်ဖူး ကြည့်ဖူးကြမယ်ထင်ပါတယ်။

တစ်နေ့မှာ ဆရာတစ်ယောက်က ကျောင်းသားတွေရှေ့မှာ ဖန်ပုလင်းအလွတ်တစ်လုံး ယူလာပြီး.. ကျောက်တုံးခပ်ကြီးကြီးတွေကို ပုလင်းထဲ တစ်တုံးပြီးတစ်တုံး ထည့်လိုက်ပါတယ်…

“ဒီပုလင်း ပြည့်ပြီလား…” လို့ မေးတဲ့အခါ…
ကျောင်းသားတွေက…
“ပြည့်ပါပြီ” လို့ ဖြေကြပါတယ်…

ဒါပေမယ့် ဆရာက အရွယ်လတ်လတ် ကျောက်စရစ်လေးတွေ ထပ်ထည့်လိုက်ပါတယ်…

ကျောက်စရစ်လေးတွေက ကျောက်တုံးကြီးတွေကြားက နေရာလွတ်တွေထဲ ဝင်သွားပါတယ်…

နောက်ထပ် သဲလေးတွေ ထည့်လိုက်တဲ့အခါ…
သဲလေးတွေက ကျန်နေတဲ့ နေရာအသေးလေးတွေထဲ ဝင်သွားပါတယ်…

နောက်ဆုံး ကော်ဖီလေးတောင် ထပ်ထည့်နိုင်ခဲ့ပါတယ်…

ပြီးတော့ ဆရာက ပြောပါတယ်…
“ဒီပုလင်းက ကျွန်တော်တို့ရဲ့ ဘဝပါ…”

ကျောက်တုံးကြီးတွေက ဘဝမှာ တကယ်တန်ဖိုးရှိတဲ့အရာတွေပါ…

❤️ ကျန်းမာရေး
❤️ မိသားစု
❤️ ကိုယ်ချစ်ရတဲ့သူတွေ
❤️ ကိုယ့်ဘဝရဲ့ ရည်ရွယ်ချက်တွေပါ…

ကျောက်စရစ်လေးတွေကတော့…
အလုပ်…
အိမ်…
ပိုင်ဆိုင်မှုတွေ…
နေ့စဉ်တာဝန်တွေပါ…

သဲလေးတွေကတော့…
အသေးအမွှားစိတ်ပူမှုတွေ…
အချိန်ကုန်စေတဲ့ အရာလေးတွေပါ…

🌼🌼🌼

ဒီပုံပြင်ရဲ့ အရေးကြီးဆုံး သင်ခန်းစာက…

“Prioritization” ဦးစားပေးခြင်း ဆိုတဲ့ အရာပါရှင်…
သဲလေးတွေကို အရင်ထည့်လိုက်ရင်…

ကျောက်တုံးကြီးတွေအတွက် နေရာမကျန်တော့ပါဘူး…

ဒါပေမယ့်…
ကျောက်တုံးကြီးတွေကို အရင်ဆုံး နေရာပေးလိုက်ရင်…
ကျန်တဲ့အရာတွေအတွက် နေရာရှိနိုင်ပါသေးတယ်…

🌼🌼🌼🌼🌼

ကျွန်မတို့ဘဝမှာလည်း တစ်ခါတစ်လေ…
အလုပ်တွေအရမ်းများလို့…
တာဝန်တွေအရမ်းများလို့…
အချိန်မရှိလို့… ဆိုပြီး ကိုယ့်ကျန်းမာရေးကို နောက်ဆုံးမှာ ထားမိတတ်ကြပါတယ်ရှင်…

ဒါပေမယ့်…
တကယ်တော့ ကျန်းမာရေးက အချိန်တွေကုန်ပြီး နောက်ဆုံးချိန်မှ ထည့်ရမယ့် သဲလေး မဟုတ်ပါဘူး…

ဘဝရဲ့ အစမှာ နေရာပေးရမယ့် ကျောက်တုံးကြီးတစ်ခုပါ ❤️

ကျန်းမာရေးဆိုတာ…
တစ်ခါတရံ ဆုံးရှုံးပြီးမှ ပိုတန်ဖိုးထားမိတဲ့ အရာတစ်ခု ဖြစ်တတ်ပါတယ်…

ဒါပေမယ့် ကျန်းမာရေးဆိုတဲ့ ကျောက်တုံးကြီးက ပြန်တည်ဆောက်ဖို့ အချိန်ယူရတဲ့ တန်ဖိုးကြီးတဲ့ အရာတစ်ခုပါ…

ဒီနေ့မှာ လုပ်နေတဲ့ သေးငယ်တဲ့ ရွေးချယ်မှုလေးတွေ…
ဒီနေ့မှာ တည်ဆောက်နေတဲ့ Healthy Habit လေးတွေက…

နောင် ၁၀ နှစ်၊ ၂၀ နှစ်အကြာက ကိုယ့်ကိုယ်ကို ပြန်ပေးတဲ့ အကောင်းဆုံး လက်ဆောင်လေးတွေ ဖြစ်လာမှာပါရှင်… ❤️

ကျန်းမာတဲ့ ခန္ဓာကိုယ်နဲ့ ပိုကောင်းတဲ့ အနာဂတ်အတွက်…
ကျွန်မတို့ရဲ့ တန်ဖိုးအရှိဆုံးအရာတွေကို အတူတူ ဆက်လက်စောင့်ရှောက်သွားကြပါမယ်ရှင်…

လေးစားချစ်ခင်ခြင်းများစွာဖြင့်
ဒေါက်တာထား



#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

💚 September မှာ ကိုယ့်အတွက် Challenge တစ်ခု ရွေးကြမယ်September လမှာ ကိုယ့်ရဲ့ Lifestyle ကို Reset လုပ်ပြီးကျန်းမာရေးအတွက...
25/08/2026

💚 September မှာ ကိုယ့်အတွက် Challenge တစ်ခု ရွေးကြမယ်

September လမှာ ကိုယ့်ရဲ့ Lifestyle ကို Reset လုပ်ပြီး
ကျန်းမာရေးအတွက် အလေ့အကျင့်ကောင်းတွေကို စနစ်တကျ စတင်တည်ဆောက်ချင်တယ်ဆိုရင်…

ဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့ Lifestyle နဲ့ လိုက်ဖက်တဲ့ Challenge ၂ ခု ထဲက ရွေးချယ်လို့ရပါတယ်ရှင် 🥰

💎 𝗘𝘅𝘁𝗿𝗮 𝗖𝗮𝗿𝗲 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 – 𝗕𝗮𝘁𝗰𝗵 𝟴

လူဦးရေကို အကန့်အသတ်နဲ့ထားပြီး
တစ်ဦးချင်းစီအပေါ် ပိုမိုအာရုံစိုက်ကာ Personal Guidance & Care ပိုမိုရရှိနိုင်အောင် စီစဉ်ထားတဲ့ Challenge လေးပါ။

✅ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေအလိုက် ပိုမိုနီးကပ်တဲ့ Guidance လိုချင်သူ
✅ Private ဆန်ဆန်နဲ့ ကိုယ့်အတွက် အထူးဂရုစိုက်ပေးတဲ့ပုံစံကို ပိုနှစ်သက်သူ
✅ လူနည်းတဲ့ Environment မှာ ကိုယ့်ရဲ့ Goal ကို အာရုံစိုက်ပြီး လုပ်ချင်သူ

ဆိုရင် Extra Care က ပိုသင့်တော်နိုင်ပါတယ်ရှင် 💎

▰▰▰▰▰▰▰▰▰▰

🪙 𝗦𝘂𝗽𝗲𝗿 𝗖𝗵𝗮𝗹𝗹𝗲𝗻𝗴𝗲 – 𝗕𝗮𝘁𝗰𝗵 𝟭𝟵

လူအများနဲ့အတူ Challenge လုပ်ရင်း
တစ်ယောက်နဲ့တစ်ယောက် Motivation ပေး၊ Support ပေးပြီး Community အငွေ့အသက်နဲ့ ဆက်လက်ကြိုးစားချင်သူတွေအတွက် စီစဉ်ထားတာပါ။

✅ Group နဲ့အတူတူ Challenge လုပ်ရတာကို နှစ်သက်သူ
✅ Motivation & Support လိုအပ်သူ
✅ Budget-friendly ဖြစ်တာကြောင့် Challenge ကို အခုမှ စတင်ဝင်‌ရောက်ချင်သူများအတွက်

ဆိုရင် Super Challenge က ပိုအဆင်ပြေနိုင်ပါတယ်ရှင် 🪙

ဒါကြောင့်…

“ဘယ် Challenge က ပိုကောင်းလဲ?” ဆိုတာထက်
“ကိုယ့်ရဲ့ Goal နဲ့ Lifestyle အတွက် ဘယ် Challenge က ပိုသင့်တော်လဲ?” ဆိုတာကို ရွေးကြရအောင်နော် 💚

▰▰▰▰▰▰▰▰▰▰

💎 𝐄𝐱𝐭𝐫𝐚 𝐂𝐚𝐫𝐞 - 𝐁𝐚𝐭𝐜𝐡 𝟖
👉 Details ကြည့်ရန်:

https://www.facebook.com/share/p/1Ei3o6EEbA/

🪙 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 - 𝐁𝐚𝐭𝐜𝐡 𝟏𝟗
👉 Details ကြည့်ရန်:

https://www.facebook.com/share/p/1B7zijnXf1/

September မှာ
ကိုယ့်အတွက် ပိုကောင်းတဲ့ Version တစ်ခုဆီ
အတူတူ စတင်ကြရအောင် 🫶🏻

💎 𝐄𝐱𝐭𝐫𝐚 𝐂𝐚𝐫𝐞 - 𝐁𝐚𝐭𝐜𝐡 𝟖 လား?
🪙 𝐒𝐮𝐩𝐞𝐫 𝐂𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 - 𝐁𝐚𝐭𝐜𝐡 𝟏𝟗 လား?

Comment မှာ “𝗘𝘅𝘁𝗿𝗮 𝟴” ဒါမှမဟုတ် “𝗦𝘂𝗽𝗲𝗿 𝟭𝟵” လို့ ရေးပေးနိုင်သလို
Page Chat Box ကနေ တိုက်ရိုက်ဆက်သွယ်ပြီး အသေးစိတ်မေးမြန်းကာ အပ်နှံနိုင်ပါတယ်ရှင် 🥰




#ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Dr Htar - ကျန်းမာလှပစေကြောင်းနည်းလမ်းကောင်းများ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category