27/12/2022
#ကျနော့်အဖေပြောပြခဲ့သော
သေသည့်တိုင်အောင်(သွားခိုင်)
တဲ့ဆေးနည်း
အသက်ကြီးလာရင် (သွား)နာတာ
သွား(နဲ့ )တာဖြစ်လာတတ်ပါတယ်
နောက်တော့(သွား)ကကျိုးတော့
တာပါဘဲ ကျိုးပီးရင်ပြန်မပေါက်
တော့ပါ (သွား)ကျိုးရင်မိမိစားတဲ့
အစာကျေညှက်စွာမဝါးနိုင်ခြင်း
ကြောင့်အဟာရဖြစ်ထွန်းမှု
နည်းတော့တာပါ
အသက်ကြီးလာတာနဲ့ မိမိ၏(သွား)
မကျိုးရအောင် ကြိုတင်ကာကွယ်
နိုင်ရန်စေတနာရှေ့ထား၍ငွေမကုန်
တဲ့ဆေးနည်းလေးကိုမျှဝေရခြင်းဖြစ်
ပါတယ်
(မသိရင်ရွှေတစ်ဆုပ်လောက်တန်ဘိုး
ရှိသလိို သိရင်ဖွဲတစ်ဆုပ်လောက်)
တန်ဘိုးမရှိသော်လည်း ဒီဆေးနည်း
လေးကို သုံးစွဲသူ သက်ကြီးရွယ်အို
များ(သွား)မကျိုး သွားခိုင်တာကိုတွေ့
မြင်ရ၍ ဒီဆေးနည်းမျှဝေခြင်းအား
ဖြင့်ပီတိဖြစ်မိပါတယ်
၁။ကုက္ကိုခေါက်(တောကုက္ကို)
၂။တမာခေါက်
၃။ထနောင်းခေါက်
လည်းကောင်းအခေါက်သုံးမျိုးကို
ဆတူရေနှင့်သုံးခွက်တစ်တင်ပြုပ်ပါ
ပြုပ်ရေကို မနက်မျက်နှာမသစ်ခင်
၁၅မိနစ်ခန့်ငုံထားပါ ပြီးမှမျက်နှာသစ်
ပါသုံးရက်ဆက်တိုက်ပုံမှန်ပြုလုပ်ရင်
(နဲ့)နေတဲ့(သွား)ပြန်ခိုင်ပါတယ်
အသားငါးစားရင် သွားနာပြီးပြန်( နဲ့)
လာတတ်ပါတယ် ၄င်းပြုပ်ရေကို
ထပ်ငုံပါ သေသည့်တိုင်အောင်
(သွား)မကျိုးတော့ပါ။
* **-------** *