True Essence of Life

True Essence of Life I am your Navigator. I am your Star to find your path. I am your light but you need to sail your boat
(1)

         ကတ်ဖတ်ရာမှာ သိကောင်းစရာ (၃၁)ကျမရေးတဲ့စာတွေကို အမြဲဖတ်နေကျသူတွေ သတိထားမိမယ်ဆိုရင် အများကြီး complicated ဖြစ်တဲ့ ...
05/06/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၃၁)

ကျမရေးတဲ့စာတွေကို အမြဲဖတ်နေကျသူတွေ သတိထားမိမယ်ဆိုရင် အများကြီး complicated ဖြစ်တဲ့ spiritual terms တွေ difficult occult vocabulary တွေ trends တွေ အရမ်းမသုံးထားတာကို သတိထားမိကြပါလိမ့်မယ်

တကယ်က “ပိုပြီး academic ပညာရပ်ဆန်အောင် ရေးလို့ရတာပဲ” “ပိုပြီး အံ့ဩဘနန်း အဆန်းတကြယ် mysterious ဖြစ်အောင် ပြောလို့ရတာပဲ” လို့ တွေးနိုင်ပါတယ်

ဒါပေမယ့် ကျမ intentionally simple words တွေကိုပဲ ရွေးသုံးတာပါ အဓိက ရည်ရွယ်ချက်က တကယ့်အနှစ်သာရ ဆိုတာ အရမ်းရိုးရှင်းလို့ပါ တကယ့် နက်ရှိုင်းတဲ့ အမှန်တရားတွေဟာ အရမ်းရိုးရှင်းတတ်ပါတယ်

breathing ဝင်သက်ထွက်သက်
loving မေတ္တာတရား
feeling ခံစားချက်
growing တိုးတက်မှုတွေ
healing ကုစားခြင်းတွေ
letting go လွှတ်ချနိုင်ခြင်းတွေ
being present ပစ္စုပ္ပန်တည့်တည့်မှာ နေနိုင်ခြင်းတွေ
ဒါတွေဟာ လူတိုင်း နားလည်နိုင်တဲ့ ရိုးရှင်းတဲ့ ဘဝအတွေ့အကြုံ တွေပါ

ဒါပေမယ့် အဲ့ဒီထဲမှာပဲ ဘဝရဲ့ အနက်ရှိုင်းဆုံး အနှစ်သာရတွေ wisdom တွေ ရှိနေပါတယ်

လူတွေအများစုဟာ အဆန်းတကြယ် ထူးထူးခြားခြား ဖြစ်တာတွေကိုမှအံ့ဩတကြီး အဟုတ်ဖြစ်တယ်လို့ ထင်တတ်ပါတယ်

difficult words ခက်ခဲနက်နဲတဲ့ စကားအလှတွေ
complex systems ရှုပ်ထွေးဆန်းကြယ်တဲ့ အရာတွေ
mysterious language အံ့ဩဘနန်း ထူးထွေဆန်းပြား သာမန်နားမလည်နိုင်တဲ့အရာတွေ
ဒါတွေကိုမြင်ရင် “ဒါတွေက ပိုမြင့်မားတဲ့ အသိဉာဏ် ပညာ ဖြစ်မယ် အမှန်တရားဖြစ်မယ်” လို့ ပိုပြီးခံစားမိတတ်ကြပါတယ်

ဒါပေမယ့် wisdom အစစ်ဟာ အရမ်းကြီးရှုပ်ထွေးနေတဲ့ထဲမှာ အမြဲတစေ ရှိနေတာမဟုတ်ပါဘူး ရိုးစင်းမှုတွေထဲမှာ ပိုရှိပါတယ်

သဘာဝတရားကြီး ကို ကြည့်ပါ

နေ က ရိုးရိုးလေးပဲ အနောက်အရပ်ကဝင်တယ် အရှေ့အရပ်ကထွက်တယ်

လ က ရိုးရိုးလေးပဲ သေးလိုက်ကြီးလိုက် ကမ္ဘာကို သူ့စည်းချက်အတိုင်းတနေ့စီလည်ပတ်တယ်

အပင်တွေ က ရိုးရိုးလေးပဲ ကြီးထွားတယ် အရွက်တွေကြွေ အပွင့်တွေဝေ အသီးတွေသီး မျိုးဆက်တွေပွားတယ်

ရေတွေ က မြင့်ရာကနေနိမ့်ရာကို ရိုးရိုးလေးပဲ စီးဆင်းတယ်

ဒါပေမယ့် အဲ့ဒီ ရိုးရှင်းမှု တွေထဲမှာ
universe ကြီးတခုလုံးရဲ့ intelligence တွေ ရှိနေပါတယ်

Tarot ကိုလည်း အဲ့ဒီလိုပဲ မြင်နိုင်ပါတယ် Tarot cards တွေဟာ
ရုပ်ပုံလေးတွေ symbol လေးတွေ color လေးတွေ story လေးတွေပါပဲ
ဒါပေမယ့် လူသားတွေရဲ့ ဘဝ experience တခုလုံးကို အဲ့ဒီ ရိုးရှင်းတဲ့ ရုပ်ပုံကားချပ်လေး တွေထဲမှာ တွေ့ရပါတယ်

ဥပမာ The Fool card လူတယောက် ခရီးစဖို့ ထွက်လာတယ် ဒါပဲ
ဒါပေမယ့် အဲ့ဒီထဲမှာ
faith
risk
innocence
possibility
new beginning
trust in life
ဆိုတဲ့ နက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ ပါနေပါတယ်

The Hermit ကလည်း မီးအိမ်ကို ကိုင်ထားတဲ့ လူတယောက် ဒါပဲ
ဒါပေမယ့် အဲ့ဒီထဲမှာ
solitude
inner wisdom
self reflection
truth seeking
spiritual guidance
ဆိုတာတွေ အားလုံး ပါနေပါတယ်

Tarot ကို deeper level မှာ တကယ်ကိုနားလည်လာတဲ့အခါ cards meaning တွေကို အလွတ်ကျက်တာထက် တကယ့်အနှစ်သာရကို ခံစားတတ်လာဖို့ ပိုအရေးကြီးပါတယ်

Tarot ရဲ့ အနှစ်သာရဆိုတာ card တွေရဲ့ keyword တွေပဲမဟုတ်ဘူး အဓိက energyတွေ ဖြစ်ပါတယ်

ဥပမာ Death card ရဲ့ အဓိက အဓိပ္ပာယ် က death and rebirth တင်မဟုတ်ဘူး
transformation
release
cycle ending
space for rebirth
ဆိုတဲ့ ဘဝရဲ့ လည်ပတ်နေတဲ့ စည်းချက် ဖြစ်ပါတယ်

Tower card ရဲ့ အဓိပ္ပာယ်ဟာလည်း
destruction တင်မဟုတ်ဘူး
illusion collapse
truth revelation
awakening through disruption
စတာတွေ ဖြစ်ပါတယ်

Tarot ဟာ ဘဝ ကို ရှုပ်ထွေးအောင် မလုပ်ပဲ အရိုးရှင်းဆုံး ထင်ဟပ်ပြသနေတဲ့ ကြေးမုံပြင်တခုလိုပါ ဘဝ ရဲ့ ရှိနေပြီးသား အတွေ့အကြုံ အဖြစ်အပျက် patterns တွေကို symbolic mirror နဲ့ ပြန်ပြနေတာပါ

ဒါကြောင့် Tarot ကို တကယ်
နားလည်လာတဲ့အခါ ပိုသိတာများလာလေ ကိုယ့်ကိုယ်ကို ပိုမိုရှင်းလင်းပြတ်သားစွာ clarity ပိုများလာတတ်ပါတယ်

အရိုးရှင်းဆုံး အရာတွေထဲကနေမှ တကယ့်အနှစ်သာရ ကို မြင်လာတတ်ပါတယ်

တိတ်ဆိတ်ငြိမ်သက်ခြင်း ထဲမှာ ငြိမ်းချမ်းခြင်း ကို သိမြင်လာတယ်

ဝင်လေထွက်လေ ထဲမှာ ပစ္စုပ္ပန် ကို တည့်တည့် ရှုမြင်လာတယ်

သံသရာစက်ဝန်းတွေ ထဲမှာ မတည်မြဲခြင်း အပြောင်းအလဲတွေ ကို မြင်လာတယ်

relationships တွေထဲမှာ reflection တွေကို မြင်လာတယ်

နာကျင်ခံစားရတဲ့ စိတ်ခံစားချက်တွေ ထဲမှာ transformation လုပ်နိုင်တာကို မြင်လာတယ်

ဘဝ ဟာ တကယ်တော့ အရမ်းကြီးရှုပ်ထွေးနေတာ မဟုတ်ပါဘူး လူတွေရဲ့ စိတ်တွေ human mind ကသာ complicated ဖြစ်အောင် လုပ်နေတာ များပါတယ်

Tarot က အဲ့ဒီ noise တွေကို ဖယ်ပြီး ဘဝရဲ့ အတွေ့အကြုံတွေ အလင်းခြမ်း အမှောင်ခြမ်း အရိပ်တွေ သဏ္ဌာန်တွေ အားလုံးကို အမှန်အတိုင်းကို ပြန်မြင်စေတဲ့ ကြေးမုံပြင်တချပ်လို ထင်ဟပ်ပြနိုင်ပါတယ်

ဒါကြောင့် ကျမ posts တွေမှာ
ရိုးရှင်းတဲ့ စကားလုံးတွေကို သုံးတာဟာ knowledge ကို လျော့ရေးထားတာ မဟုတ်ပါဘူး တကယ့်အနှစ်သာရတွေကို ပိုရှင်းရှင်းလင်းလင်း မြင်နိုင်အောင် ရေးထားတာပါ

English စကားလုံးတချို့ မြန်မာလိုတွေရောနေတာတော့ ဘာသာပြန်လိုက်ရင် မလိုအပ်ပဲ ပိုရှုပ်ထွေးကုန်မှာစိုးလို့ပါ

တကယ် wisdom ရှိတဲ့အရာတွေဟာလူတိုင်း ခံစားနားလည်နိုင်လောက်အောင် simple ဖြစ်တတ်ပါတယ်

Tarot ပညာရပ်ကို လေ့လာနေတာဟာ ပို complicated ဖြစ်လာဖို့ မဟုတ်ပါဘူး
ပို aware ဖြစ်လာဖို့
ပို present ဖြစ်လာဖို့
ပို authentic ဖြစ်လာဖို့
ပို connected ဖြစ်လာဖို့ပါ

တကယ့်အနှစ်သာရ အဓိပ္ပာယ်တွေဆိုတာ ရှုပ်ရှုပ်ထွေးထွေး အံ့မခန်း အကြီးကြီးတွေထဲမှာ မဟုတ်ဘူး အရိုးရှင်းဆုံးအရာတွေထဲမှာပဲ အမြဲရှိနေတတ်ပါတယ် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

           ကတ်ဖတ်ရာမှာ သိကောင်းစရာ (၃၀)Tarot Reading လုပ်တဲ့အခါ တချို့သော Reader တွေ Querent တွေဟာ ကိုယ့်ရဲ့ Reading မှန...
28/05/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၃၀)

Tarot Reading လုပ်တဲ့အခါ တချို့သော Reader တွေ Querent တွေဟာ ကိုယ့်ရဲ့ Reading မှန်ဖို့ကိုပဲ 100% accuracy ကို expectation ထားတာဟာ အခါခပ်သိမ်းအတွက် မသင့်တော်ပါဘူး

တချို့လူတွေက Tarot ကို
အနာဂတ်ဟောကိန်း prediction တခုလို မြင်တတ်ကြတယ် “ဒီအတိုင်း အတိအကျ ဖြစ်လာမယ် ဖြစ်ရမယ်” “ဘယ်ရက်မှာ ဘာဖြစ်မလဲ အတိအကျ ပြောနိုင်ရမယ် ဖြစ်ရမယ်”
“ဒီ reading ထဲကလို မဖြစ်ရင် ဒီ Reader မှားတယ် ဒီ Reading မမှန်ဘူး” ဆိုပြီး တွေးတတ်ကြပါတယ်

ဒါပေမယ့် Tarot ဟာ 100% အမြဲမှန်အောင်ခန့်မှန်းတဲ့ ပညာရပ် prediction tool တခု မဟုတ်ပါဘူး

Reading လုပ်တဲ့အချိန်မှာ ဖြစ်နေပျက်နေတဲ့ energy တွေအရ သိပ်မဝေးကွာတဲ့အချိန်ကာလမှာ ဖြစ်ပျက်လာနိုင်တဲ့ လက်ရှိအခြေအနေရဲ့ Energy snapshot တခုပဲ ဖြစ်ပါတယ်

ဆိုလိုတာက Reading လုပ်နေတဲ့အချိန်မှာတော့ အဲ့ဒီ Reading ဟာ အဲ့ဒီ လက်ရှိကာလ energy အတွက်တကယ် မှန်ပါတယ်

ဒါပေမဲ့ အချိန်အတိုင်းအတာတခုရောက်လာတဲ့အခါမှာ အတိတ်ကာလတခုက ဖတ်ခဲ့တဲ့ Reading ထဲက အတိုင်း အတိအကျ ဖြစ်မလာနိုင်တော့တဲ့ အရာတွေ ရှိပါတယ် ဘာကြောင့်လဲဆိုတော့ Energy ဆိုတာ ပြောင်းလဲတတ်ပါတယ် Shift လုပ်လို့ ရပါတယ် ဆိုတာ ရှေ့က မှတ်စုတွေမှာ မျှဝေထားပြီးသားတွေရှိပါတယ်

ဥပမာ Reading မှာ အနာဂတ်မှာ မကောင်းတာ တခုခုကြုံနိုင်တယ်လို့ သတိပေးတာမျိုး ပါလာတယ်ဆိုပါတော့ အဲ့လို ပါလာတဲ့အခါ Reader အနေနဲ့ Querent ကို အသိပေးတဲ့အခါ ကြီးတဲ့အမှုငယ်အောင် ငယ်တဲ့အမှု ပပျောက်အောင် တကယ်ကြုံလာတဲ့အခါ ကြိုတင်ပြင်ဆင် ရင်ဆိုင်
နိုင်အောင် အားပေးပြီး အသိပေးတတ်ရင် ဒီသတိထားစရာကိစ္စဟာ ဖြစ်မလာတော့တာတွေလည်း ရှိပါတယ် နမူနာအနေနဲ့ စကားကတောက်ကဆ အဆင်မပြေဖြစ်စရာတွေ့တယ် ဆိုပါတော့ ဒါဆိုရင် ဘယ်လို စိတ်ထားပြီး ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာပါ အဲ့ဒီ ကတ်တွေမှာ suggestion တွေ advice တွေ တပါတည်း ပါလာတတ်ပါတယ်

ဒါကို reader က မြင်တတ်ပြီး အသိပေးတတ်ရင် querent ကလည်း တကယ် လိုက်နာပြီး ရင်ဆိုင်ကျော်လွှားနိုင်ရင် အဲ့ဒီ အဖြစ်အပျက်ဟာ ဖြစ်မလာနိုင်တော့ပါဘူး ဒါက မြင်သာတဲ့ ဥပမာတခု အနေနဲ့ ပေးတာပါ

Tarot က “ဘာဖြစ်မလဲ” တခုတည်းကို ပြောနေတာမဟုတ်ဘူး “လက်ရှိ energy flow က ဘယ်ကို ဦးတည်နေသလဲ” “ဒီ direction အတိုင်းသွားရင် ဘာဖြစ်နိုင်လဲ” “ဘယ် energy pattern တွေ influence ဖြစ်နေသလဲ” ဆိုတာတွေကို ပြသနေတာပါ

လူတွေရဲ့
energy state
mindset
choices
actions
environment
relationships
timing
consciousness
တွေဟာ အမြဲပြောင်းလဲနေပါတယ်

ဒါကြောင့် အနာဂတ်ဟောကိန်းတွေ ဆိုတာလည်း အမြဲမှန်မနေပါဘူး
တချို့သော လောကီပညာတွေကို အယုံအကြည်မရှိ ရွဲ့တတ်ကြတဲ့ လူရွတ်တွေဆိုရင် ဗေဒင်က ဒီလိုဟောလို့ ဗေဒင်မှန်ကိုမမှန်စေရဘူးဆိုပြီး ဗေဒင်မမှန်အောင် အရွဲ့တိုက်တမင် လုပ်ပြကြတဲ့သူတွေတောင်ရှိပါတယ် ဒါက ရီစရာအနေနဲ့ပြောတာပါ

နောက်ထပ် ဥပမာတခုအနေနဲ့ ပြောရရင် reading တခုမှာ
Tower + 10 of Swords + Devil
ထွက်လာတယ်ဆိုပါစို့
ဒါဟာ
toxic pattern
collapse
painful ending
destructive attachment
ကို warning အနေနဲ့ ပြနေတာ ဖြစ်
နိုင်ပါတယ် ဒါပေမယ့် Reader က သေချာ အသိပေး ပြောပြတဲ့အခါ querent က ဂရုတစိုက်နဲ့ awareness ရသွားပြီး healthy decision ယူလိုက်
ရင် energy ပြောင်းသွားနိုင်ပါတယ် အဲ့ဒီတော့ reading ထဲက exact event မဖြစ်တော့တာဟာ reading မှားသွားတာ မဟုတ်ပါဘူး Energy shift ဖြစ်သွားတာပါ

Tarot reading ရဲ့ အဓိက ရည်ရွယ်ချက် ဟာလည်း Reading တွေအားလုံး ဖြစ်ကိုဖြစ်လာမယ်ဆိုပြီး မကောင်းတဲ့ ကိစ္စတွေ Reading ထဲပါလာတဲ့အခါ querent တွေ ကြောက်လာအောင် ခြိမ်းခြောက်ဖို့ အစီအရင် ယတြာတွေ လုပ်လာအောင် ဆွယ်ဖို့ မဟုတ်ပါဘူး သတိထားမိအောင် awarenessရလာအောင် အသိပေးဖို့ပါ နောက်ပြီး ဒီ ယတြာအစီအရင်ဆိုတာလည်း အတိုင်းအတာတခုအထိပဲ အထောက်အပံ့ပေးနိုင်တာပါ ဘယ်လောက်ပဲ ယတြာစွမ်းစွမ်း ကြိုးစားအားထုတ်မှုဆိုတာမရှိရင်လည်း ထိရောက်မှုမရှိပါဘူး စာမေးပွဲအောင်ဖို့ ယတြာချေပြီး စာမေးပွဲအတွက်စာမကျက် စာမေးပွဲသွားမဖြေရင် ယတြာကောင်းလဲ မအောင်ပါဘူး

ဟာသ အနေနဲ့ ပြောရရင် ကျမ querent တယောက်ပြောသလို Reading ကကျန်တာ အကုန်မှန်တယ် သမီးလိုချင်နေတာလေး မရသေးတာ တခုပဲ ဆိုတာမျိုး သူလိုချင်တဲ့အရာအတွက်တော့ သူ့ဘက်က အားထုတ်မယ်မရှိဘူးရှင် 😂

(***မှတ်ချက် ကျမ ယတြာ အစီအရင် မလုပ်ပေးတတ်ပါရှင်)

တချို့ cards တွေဟာ warning ပေးတယ်
တချို့ cards တွေက advice ပေးတယ်
တချို့ cards တွေက hidden influence ပြတယ်
တချို့ cards တွေက healing guidance ကို ပြတယ်

ဒါကြောင့် Tarot reading က
prediction တခုတည်း အတွက်မဟုတ်ဘဲ guidance လည်း ဖြစ်ပါတယ်

ဥပမာ Reading ထဲမှာ 5 of Pentacles ထွက်လာတယ်ဆိုရင် “ဆင်းရဲတော့မယ် နေမကောင်းဖြစ်တော့မယ်” လို့ ပုံသေကားချပ် ပြောတာထက် စာရင် “mindset ကို သတိထားပါ တခါတလေ ကိုယ့်စိတ်ကိုယ်က ကိုယ့်မှာရှိတာတွေနဲ့ enjoy မဖြစ်နိုင်တာ လိုတာထက်ပိုပြီး ရချင်နေတာလဲ ဖြစ်တတ်ပါတယ်” “အကူအညီလိုအပ်ရင် တောင်းပါ အကူအညီတွေ ပေးလာရင်လည်း ကျေးဇူးတင်ဝမ်းမြောက်စွာ လက်ခံတတ်ပါစေ" "ကျန်းမာရေးကို ဂရုစိုက်ပါ အထူးသဖြင့် ရာသီအကူးအပြောင်းတွေမှာ ကိုယ်ခံအားကောင်းနေအောင် အာဟာရပြည့်ဝအောင်စား လိုအပ်ရင် ဖြည့်စွက်အားဆေးတွေသောက်ပါ ကျန်းမာရေးအညံ့ရှိတတ်လို့ပါ" စတဲ့ ကောင်းသောအပြောင်းအလဲဘက် ဦးတည်တဲ့ လမ်းညွှန်မှုတွေနဲ့ အသိပေးတာမျိုး ပိုဖြစ်သင့်ပါတယ်

The Devil card ထွက်လာရင်လည်း
“negative entity တွေဝင်နေတယ် အမှောင့်ပယောဂ အတိုက်အခိုက်
အနှောင့်အယှက် ရှိတယ်” ဆိုပြီး fear-based reading တွေပဲလုပ်တာထက်စာရင် (မရှိဘူးမဟုတ်ဘူး ရှိနိုင်ပါတယ် ဒါပေမဲ့ များသောအားဖြင့် Devil ကတ် ထွက်တိုင်း ကြောက်စရာမလိုပါဘူး)

attachment တွေ ကိုယ့်အတွက်မကောင်းတဲ့ အစွဲတွေ addiction တွေရှိနေတာမျိုး
obsession လိုတာထက်ပိုပြီး တပ်မက်စွဲလမ်းနေတာမျိုး toxic cycle ဖြစ်နေတာမျိုး အရမ်းချုပ်ချယ် control လုပ်မိနေတာမျိုးတွေကို သတိထားမိစေဖို့က ပိုအရေးကြီးပါတယ်

***Important Insight
Tarot reader တယောက်ရဲ့ ethical role က doom prediction လုပ်ဖို့ သွေးထွက်အောင် မှန်လိုက်တာဆိုတဲ့ အပေါ် သာယာနေဖို့ click bait တွေနဲ့ ကိုယ့်ဆီ လူလာများအောင်ပဲလုပ်ဖို့ မဟုတ်ပါဘူး energy awareness ပေးနိုင်ဖို့ပါ

လောကီပညာရှင်တွေဆီလာသမျှလူတွေ တော်တော်များများဟာ ပူလို့သာရောက်လာကြတဲ့သူတွေပါ တနည်းနည်းနဲ့ အပူရှိနေပြီးသားသူကိုမှ Reading တခုက querent ကို စိတ်ဓာတ်ပိုကျသွားစေရင် powerless ဖြစ်သွားစေရင် အဲ့ဒီ reading ဟာ healthy reading မဟုတ်တော့ပါဘူး

Tarot ဟာ querent ရဲ့ free will ကို completely ဖယ်ရှားဖို့လည်း မဟုတ်ပါဘူး

လူတယောက်ရဲ့ ရွေးချယ်မှု choice တခု စိတ်နေစိတ်ထား အတွေးအခေါ် အယူအဆ အမြင်တွေ mindset shift တခု ကိုယ့်ကိုယ်ကိုကုစားဖို့ လိုနေတဲ့ healing realization တခု တကယ်ဘာလုပ်ရမလဲဆိုတဲ့ action change တခုကနေ အနာဂတ်မှာ ဖြစ်လာနိုင်တဲ့အရာတွေ နဲ့ပတ်သက်တဲ့ future energy ကို ပြောင်းလဲနိုင်ပါတယ်

ဒါကြောင့် Tarot reading ဆိုတာ
100% မှန်ကိုမှန်ရမှာ မဟုတ်ဘဲ
“current energetic possibility”
ကို ဖတ်နေတာပါဆိုတာလေး Reader တွေရော Querent တွေရော ရင်ထဲ အမြဲထည့်ထားရပါမယ်

တချို့အရာတွေက အတိတ်ကံအရ
strong karmic pattern ဖြစ်လို့ ရှောင်လွဲလို့မရ ဖြစ်နိုင်ခြေ ပိုပြီးမြင့်တတ်ပါတယ် ဒါမှမဟုတ် querent ကိုယ်တိုင်က energy ကို Reader လမ်းညွှန်တဲ့အတိုင်း Shift လိုက်မလုပ်နိုင်လို့ ကြုံလာရတာတွေရှိပါတယ်

ဒါပေမယ့် လူတွေရဲ့consciousness အသိတရား နဲ့ သတိတရား awareness ဟာ energy flow ကို influence လုပ်နိုင်ဆဲပါ

Tarot Reading ကို 100% အမှန်တရားတခုလို သုံးလိုက်မိတဲ့အခါ Reading တွေအပေါ်အရမ်းမှီခိုမိသလို ဖြစ်သွားတတ်တယ် အကြောက်တရားတွေ ဖြစ်သွားတတ်တယ် free will ပျောက်သွားတတ်တယ် critical thinking လျော့သွားတတ်တယ်

ဒါကြောင့် healthy tarot reading ဆိုတာ warnings တွေမြင်တဲ့အခါ သတိထားနိုင်ဖို့ကို ပြောပေးနိုင်ရမယ် shadow ကိုမြင်လာအောင် လမ်းညွှန်နိုင်ရမယ် possible outcomes ကို ပြနိုင်ရမယ် advice & guidance ပေးနိုင်ရမယ် empowerment ဖြစ်စေရမယ် ဒါတွေ balance ဖြစ်ဖို့ အရေးကြီးပါတယ်

Tarot cards တွေဟာ ခြိမ်းခြောက်နေတဲ့ ဆူပူနေတဲ့ punishment တွေ မဟုတ်ပါဘူး consciousness mirrors တွေပါ Tarot reading ရဲ့ တကယ့် true purpose က 100% မှန်တဲ့ အနာဂတ်ဟောကိန်း future prediction ဆိုတာထက် awareness သတိတရားပိုရှိလာစေဖို့ healing ကုစားနိုင်စွမ်းရှိလာစေဖို့ clarity ပိုမိုကြည်လင်ပြတ်သားစွာ သိလာမြင်လာ ဆုံးဖြတ်နိုင်လာတာတွေ alignment ဟန်ချက်ပိုညီလာတာ better choices ပိုကောင်းတဲ့ မှန်ကန်တဲ့ ရွေးချယ်မှုတွေ လုပ်လာနိုင်တာ positive energy shift အကောင်းဘက်ကို ဦးတည်နိုင်လာတာတွေကို ကူညီပေးဖို့ ပိုအရေးကြီးပါတယ်

Tarot ဟာ “ဘာဖြစ်မလဲ” တင်မဟုတ်ဘဲ “ဘာကို သတိထားရမလဲ" “ဘာကို heal လုပ်ရမလဲ” “ဘယ် direction ကို ရွေးနိုင်လဲ”ဆိုတာတွေကိုပါ ပြသပေးနေတဲ့ energetic guidance tool တခုဖြစ်ပါတယ် ဆိုတဲ့အကြောင်း မှတ်စုလေးရေးရင်း မျှဝေပေးလိုက်ပါတယ် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

  ဒီတခါရတဲ့ message က ထူးထူးဆန်းဆန်းပဲ အဆဲခံရနိုင်တဲ့ topic ဖြစ်ပြီး sensitive ဖြစ်တဲ့ ကိစ္စမို့ ပြောပြသင့်လား မပြသင့်လာ...
26/05/2026




ဒီတခါရတဲ့ message က ထူးထူးဆန်းဆန်းပဲ အဆဲခံရနိုင်တဲ့ topic ဖြစ်ပြီး sensitive ဖြစ်တဲ့ ကိစ္စမို့ ပြောပြသင့်လား မပြသင့်လား မသိပေမဲ့ message ရလာတော့လည်း သိစေချင်တာမို့ လာပြောပြတာပါ

မမြင်ရတဲ့လောက က Fairies တွေ Angels တွေ Deities တွေ စတဲ့ တခြားသော ကျမတို့ မမြင်နိုင်တဲ့ Higher Beings တွေက ကျမတို့ လူသားတွေကို ပေးတဲ့ message ပါ

သူတို့ အရမ်းကို အလုပ်တွေကြိုးကြိုးစားစားလုပ်ပြီး ဒုက္ခရောက်တဲ့သူတွေ လိုအပ်တဲ့သူတွေကို ကူညီဖို့ ကြိုးစားကြပါတယ်တဲ့ ဒါပေမဲ့ တချို့သောသူတွေ ဒုက္ခရောက်တဲ့သူတွေဆီ သူတို့ အကူအညီတွေက မရောက်ပါဘူးတဲ့ ဘာလို့လဲဆိုတော့ အဲ့ဒီလူတွေရဲ့ လက်မခံတတ် ကျေးဇူးမတင်တတ် မသိတတ် နားမလည်တတ်တဲ့ စိတ်တွေ အမူအကျင့်တွေကြောင့်ပါလို့ ဆိုပါတယ် သူတို့ တကယ်ကို အရမ်းကို ကြိုးစားပမ်းစား အားထုတ် ကူညီနေကြပုံတွေလည်း ပြကြပါတယ်

personally ကျမ အထင်မှာတော့ တချို့သူတွေရဲ့ ကံအကျိုးပေးလည်းပါမယ်ထင်ပါတယ် ဘယ်သူမှ ကူညီမရအောင် သူတို့ကံကိုက အကျိုးမပေးနေတာမျိုးလည်း ရှိမယ်ထင်ပါတယ်

စိတ်တွေပူလောင် ညစ်ထေးပြီး အတိတ်ကံမကောင်းလို့ အဆင်မပြေရင် လက်ရှိကံလေးကောင်းအောင် ကြိုးစားနိုင်မယ်ဆိုရင် ဘာမဆို အသေးအဖွဲလေးကအစ ကျေးဇူးတင် ဝမ်းမြောက်တတ်မယ်ဆိုရင် တချိန်ချိန်မှာ သူတို့ပေးတဲ့အကူအညီကို လက်ခံတတ်လာမယ် ရရှိလာနိုင်မယ် ထင်ပါတယ်

ကျမ နားလည်သလိုလေး ပြန်ပြောပြတာပါ

ကျမ အကြားအမြင် မရပါဘူး ဒါပေမဲ့ တခါတလေ ဒီလို ဆက်သွယ်ပေးပို့လာတဲ့ ရေဒီယိုလှိုင်းတွေလို ပုံရိပ်တွေ အသံတွေ နဲ့ ချိတ်ဆက်မိတဲ့အခါတော့ အဲ့ဒီချိတ်မိတဲ့အခိုက်အတန့်လေးမှာ သိရတာလေးတွေ ရှိပါတယ် ဒီလို ရလာတဲ့ message တွေဟာ 100% မှန်တယ် မမှန်ဘူးကတော့ ကျမ အတပ်မပြောနိုင်ပေမဲ့ ကြုံဖူးသမျှကတော့ တကယ်တွေပါ post တွေ ဖတ်နေကျသူတွေ သိတဲ့သူတွေလည်း သိကြမှာပါ

ဒီတော့လေ အဆင်မပြေကြသူတွေ အားမငယ်ပါနဲ့ ကူညီပေးမဲ့သူတွေကရှိပါတယ် မမြင်နိုင်ပေမဲ့ပေါ့လေ ဒါပေမဲ့ ကိုယ်ကလည်း အကူအညီတွေနဲ့ ထိုက်တန်အောင် နေတတ် စိတ်ထားတတ်ဖို့ ကြိုးစားအားထုတ်တတ်ဖို့တော့ လိုမယ်ထင်ပါတယ်လို့ ပြောချင်ပါတယ်

အပေးအယူလုပ်တဲ့သဘောမျိုး လောဘအကျိုးမျှော်ကိုးတဲ့ သဘောမျိုးရှိတဲ့သူတွေထက် တကယ် ထိုက်တန်တဲ့သူတွေဆီ အကူအညီတွေ ရောက်ရှိနိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းပေးပါတယ်

လိုအပ်သူများအတွက်
မေတ္တာဖြင့်

           ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၉)Tarot ကို စလေ့လာတဲ့အချိန်မှာ beginner reader လူအများစုက spreads တွေနဲ့ အရင်လေ့ကျင...
24/05/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၉)

Tarot ကို စလေ့လာတဲ့အချိန်မှာ beginner reader လူအများစုက spreads တွေနဲ့ အရင်လေ့ကျင့်ကြသင်ကြပါတယ်

Past - Present - Future လို 3 cards spread တွေ
Celtic Cross လို spread အကြီးတွေ
Relationship Spread
Career Spread
Shadow Work Spread
စသဖြင့် position meaning တွေပါတဲ့ spread system တွေသင်ကြ လေ့လာကြ လေ့ကျင့်ကြပါတယ်

ဒါဟာ မကောင်းတာမဟုတ်ပါဘူး အထူးသဖြင့် beginner တွေအတွက်
spread တွေဟာ structure ပေးနိုင်တယ် direction ပေးနိုင်တယ် မေးခွန်းတွေကို သေချာ စနစ်တကျ organize လုပ်ပေးနိုင်ပါတယ်

ဒါပေမယ့် Tarot reader တယောက်
အနေနဲ့ spreadတွေနဲ့ လေ့ကျင့်ရင်း spread တွေထဲမှာပဲ trapped ဖြစ်မသွားဖို့ကလည်း အရေးကြီးပါတယ်

တခါတလေ reader တွေဟာ
ဒီ position က future ဆိုတော့ future meaning ပဲ ဖတ်ရမယ် ဒီနေရာက obstacle ဆိုတော့ negative meaning ပဲ ဖြစ်ရမယ် ဆိုပြီး rigid meaning ထဲ trapped ဖြစ်သွားတတ်ပါတယ်

တခါတလေ spread မပါပဲ ဖတ်ရတာ မဖတ်တတ်တော့သလိုတောင် ဖြစ်နေတယ် စသည်ဖြင့် ဖြစ်လာတတ်ပါတယ်

ဒါဆို Tarot reading ဟာ living conversation မဟုတ်တော့ဘဲ fixed formula တခုလို ဖြစ်သွားတတ်ပါတယ်

Tarot cards တွေဟာ static objects မဟုတ်ပါဘူး energetic language တခု ဖြစ်ပါတယ် Energy ဆိုတာ စီးဆင်းနေတယ် ဆက်သွယ်နေတယ် ပြောင်းလဲနေတယ် ဒါကြောင့် တခါတလေ cards တွေဟာ spread position ထက် သူတို အချင်းချင်း interaction ကို ပိုပြောနေတတ်ပါတယ်

ဥပမာ spread ထဲမှာ “The obstacle” position မှာ The Star ထွက်တယ် keyword အရဆို hope card ဖြစ်တာကြောင့် confusing ဖြစ်နိုင်တယ် ဒါပေမယ့် intuitive reading နဲ့ ကြည့်လိုက်ရင် querent ဟာ idealism ထဲ trapped ဖြစ်နေတာ healing fantasy ထဲ escape လုပ်နေတာ unrealistic expectations တွေကို မလွှတ်ချနိုင်သေးတာတွေလည်း ဖြစ်နိုင်ပါတယ်

ဒါကြောင့် Tarot reading မှာ position meaning တခုတည်းကို ဖက်တွယ်မနေဘဲ
• energy flow
• symbolism interaction
• emotional tone
• intuitive feeling
• visual storytelling
တို့ကိုပါ ကြည့်တတ်ဖို့ လိုပါတယ်

တချို့ experienced readers တွေဆို
spreadတွေကို လုံးဝ မသုံးတော့တာတွေတောင် ရှိပါတယ် ဘာကြောင့်လဲဆိုတော့ cards တွေကို living energetical conversation အနေနဲ့ ဖတ်လာနိုင်လို့ပါ

How to Read Tarot Intuitively Without Spreads - spread မပါပဲ ဘယ်လို ဖတ်ကြမလဲ
1.Observe Before Interpreting
card meaning မပြောခင်
ပထမဆုံး full picture မြင်တတ်လာအောင် ကြည့်တတ်ဖို့ လိုပါတယ်
• ဘယ် card က အရင် attention ဆွဲလဲ
• ဘယ် symbol က ထင်းနေလဲ
• ဘယ်လူပုံက ဘယ်ဘက်ကို ကြည့်နေလဲ
• colors mood က ဘယ်လိုလဲ
• cards တွေက တကတ်နဲ့တကတ် interact ဖြစ်နေလား
ဆိုတာတွေကို မြင်အောင်ကြည့်ပါ

2.Feel the Energy Tone
တခါတလေ အဓိပ္ပာယ် ထက် ခံစားလိုက်ရတဲ့ ခံစားချက်က အများကြီး ပိုတာသွားပါတယ် cards တွေကို ကြည့်တဲ့အချိန်
heavy feeling လား
hopeful feeling လား
blocked feeling လား
chaotic feeling လား
soft healing feeling လား
ဘယ်လို ခံစားလိုက်ရသလဲ ဆိုတာကို သတိထားကြည့်ပါ

Tarot ဟာ ပုံရိပ်တွေကနေ symbolic meaning ပဲ ပေးတဲ့ visual language တင်မဟုတ်ဘူး energetic language လည်း ဖြစ်ပါတယ်

3.Let the Cards Talk to Each Other
Tarot reading ဟာ individual card meanings တွေကို သီးခြားစီ စုပေါင်းထားတာထက် ပိုပြီး conversational ဖြစ်ပါတယ်
ဥပမာ The Hermit beside 3 of Cups
→ isolation within social environment
→ feeling alone around people
→ inner withdrawal despite connections
ဆိုတာမျိုး energetic stories တွေ ပေါ်လာနိုင်ပါတယ်

4.Trust Repeating Symbols & Patterns
cards တွေ အများကြီးထဲမှာ
water symbols များနေတာ
moon symbols များနေတာ
red colors များနေတာ
people turning away များနေတာ
ဆိုရင် အဲ့ဒါဟာ subconscious theme ဖြစ်နိုင်ပါတယ်

5.Don’t Force Traditional Meanings
တခါတလေ Death card က ending မဟုတ်ပဲ numbness ဖြစ်နေနိုင်တယ်
Tower card က disaster မဟုတ်ပဲ sudden awakening ဖြစ်နေနိုင်တယ်
Devil card က toxicity မဟုတ်ပဲ attachment through fear ဖြစ်နေနိုင်တယ် Intuitive reading ဆိုတာ
card meaning ကို ဖျက်ပစ်တာ မဟုတ်ပါဘူး တကယ့် အနှစ်သာရ ကို ရလာအောင် tarot cards လေးတွေ အသက်ဝင်လာသလို ဖြစ်အောင် ဘက်ပေါင်းစုံကနေ ကြိုးစား ဖတ်တာပါ

6.Silence is Important
တခါတလေ card တွေ ချပြီးပြီးချင်း အမြန် cards meaning တွေပဲ spread position အတိုင်း မပြောပဲ quietly observe လုပ်တဲ့အချိန်မှာ intuition က ပိုထွက်လာတတ်ပါတယ် Mind noise လျော့သွားတဲ့အခါ symbolic messages တွေ ပိုမြင်လာတတ်ပါတယ်

7.Important Insights
Spread တွေဟာ map တွေလိုပါပဲ
ဒါပေမယ့် map ကfixed territory မဟုတ်ပါဘူး Real energy experience က spread meaning ထက် ပိုအသက်ဝင် အဓိပ္ပာယ်ရှိပါတယ်

Beginner stage မှာ spread တွေက အကူအညီပေးနိုင်ပါတယ် ဒါပေမယ့်
အချိန်ကြာလာတာ နဲ့အမျှ အတွေ့အကြုံများ လာတဲ့ Tarot reader တယောက်ဟာ fixed positions တွေထက် energy flow ကို ဖတ်နိုင်လာဖို့ ပိုအရေးကြီးပါတယ်

Tarot ဟာ mathematical equation တခု မဟုတ်ပါဘူး living symbolic language တခုပါ

ဒါကြောင့် spread တွေထဲ trapped မဖြစ်ပဲ cards တွေရဲ့ breathing visual interaction, energy movement, storytelling flow ကို မြင်တတ်လာတဲ့အခါ Tarot reading ဟာ ပိုမိုအသက်ဝင် ပို intuitive ဖြစ် ပို authentic ဖြစ်လာပါတယ် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

   လူတိုင်းမှာ Yin Yang Energy ဆိုပြီး ရှိကြပါတယ် message အရ လူတော်တော်များများမှာ Yang ဓာတ်လွန်ကဲမှုရဲ့ ဒဏ်တွေ ခံစားနေရ...
20/05/2026



လူတိုင်းမှာ Yin Yang Energy ဆိုပြီး ရှိကြပါတယ် message အရ လူတော်တော်များများမှာ Yang ဓာတ်လွန်ကဲမှုရဲ့ ဒဏ်တွေ ခံစားနေရတယ် Yin ဓာတ်လေးနဲ့ ပြန်လည်ထိန်းညှိရမယ်လို့ message လေးရပါတယ်

ခေတ်အနေအထားအရ တကယ်လဲ ဟုတ်နေတာပါပဲ Yang ဆိုတာ masculine energy ပါ masculine energy တွေ လွန်ကဲမှုဟာ ဘယ်ကလာလဲဆိုရင် ရုန်းကန်လွန်းရတဲ့ လူနေမှုစနစ်ကြီးကနေလာပါတယ် ကိုယ်လုပ်မှ ကိုယ်ရမယ် အလုပ်လုပ်ရမယ် ကြိုးစားရမယ် လက်လှုပ်မှ ပါးစပ်
လှုပ်နိုင်မယ် စသည်ဖြင့် လူထု အများစုရဲ့ survival mode ဆီကနေ လာပါတယ်

ကမ္ဘာလုံးဆိုင်ရာ အလုပ်အကိုင်တွေရှားပါးလာတာ နည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ဝန်ထမ်းတွေ အစုလိုက်အပြုံလိုက် အလုပ်တွေပြုတ်ကုန်တာတွေဟာ ဒီအခက်အခဲကို ပိုပြီး တွန်းအားပေးလာတာနဲ့အမျှ နေရာအနှံ့အပြားမှာ လူတွေပိုပြီး ရုန်းကန်လာနေကြရတာမို့ Yang energy တွေ လွန်ကဲမှု ပိုမိုများပြားလာနေပါတယ်

Yin energy ဟာ feminine energy ဖြစ်ပါတယ် ဒီ energy ဟာ ကြင်နာတတ်တယ် ဂရုစိုက်တတ်တယ် လှလှပပ ပြင်ပြင်ဆင်ဆင် သက်တောင့်သက်သာနေတတ်တယ် စိတ်အေးလက်အေးရှိတယ် ဖြတ်ထိုးဉာဏ်ကောင်းတယ် ကျန်းမာရေးကိုဂရုစိုက်တတ်တယ် အပေးအကမ်းရက်ရောတယ် ကျွေးမွေးလှူဒါန်းချင်တယ် ကျေးဇူးတင် ဝမ်းမြောက်တတ်တယ် မေတ္တာ ကရုဏာ မုဒိတာပွားနိုင်တယ် စသည်ဖြင့် ယေဘုယျအားဖြင့် ရှိကြပါတယ်

ဒါပေမဲ့ လူတွေဟာ ရုန်းကန်ရတာတွေများလာတဲ့အခါ အလုပ်မှ အလုပ် ငွေမှငွေ ဖြစ်လာပြီး တရားတာ မတရားတာတွေမသိတော့ဘူး စိတ်တွေလည်း မရှည်တော့ဘူး ကြမ်းတမ်းရိုင်းစိုင်းတဲ့ ဒေါသတွေကြီးစိုးလာတာမျိုးတွေ ဖြစ်လာတတ်ပါတယ်

ဒါကြောင့် မိမိကိုယ်ကို ပြန်လည်
သုံးသပ်ပြီး လိုအပ်နေတာလေးတွေ ဆင်ခြင်ထိန်းညှိပေးနိုင်ရင် ခက်ခဲတဲ့အခြေအနေမှာလည်း နေရတာ ပိုပြီးအဆင်ပြေ ကျန်းမာလာမှာပါ

ခန္ဓာကိုယ် ဓာတ်ကြီးလေးပါး သဘာဝမှာလည်း မီး နဲ့ လေ ဟာ အဖိုဓာတ် ဖြစ်ပြီး မြေနဲ့ ရေဟာ အမဓာတ်တွေပါ
ခန္ဓာကိုယ် တည်ဆောက်ထားတဲ့ အခြေခံ ဓာတ်ကြီးလေးပါးမှာ အဖိုဓာတ်ဖြစ်တဲ့ မီးနဲ့လေ များရင် အပူကြီးစိုးတဲ့ လောဘ ဒေါသ အတ္တ မာန တွေ လွန်ကဲ လာတတ်တယ်
အမဓာတ်ဖြစ်တဲ့ မြေနဲ့ရေ များရင် မောဟတွေဝင် ပျင်းရိ လေးလံ ဖင့်တွဲ မလုပ်ချင်မကိုင်ချင် ထိနမိဒ္ဓ မျိုးစုံဝင်တတ်ပါတယ်

ဘယ်လို ဓာတ်သဘာဝတွေနဲ့ပဲ ချိန်ညှိပါစေ အဓိကကတော့ အရာရာ ညီညွတ်မျှတပြီး အစွန်းမရောက်တဲ့ အလယ်အလတ်မှာ balance လေး ထိန်းပြီး နေနိုင်မှသာ အဆင်ပြေမှာဖြစ်ပါတယ်

လိုအပ်သူများအတွက်
မေတ္တာဖြင့်

  အချိန်ကာလ နေရာဒေသ မသိပါလူအများအပြား လူအချင်းချင်းပေးတဲ့ အန္တရာယ် ကျရောက်တတ်ပါတယ် ဥပမာ အတွင်းသတင်းပေါက်ကြားခြင်း တိုင်က...
15/05/2026




အချိန်ကာလ နေရာဒေသ မသိပါ
လူအများအပြား လူအချင်းချင်းပေးတဲ့ အန္တရာယ် ကျရောက်တတ်ပါတယ်

ဥပမာ အတွင်းသတင်းပေါက်ကြားခြင်း တိုင်ကြားခံရခြင်း တို့ကြောင့် အန္တရာယ်ကျရောက်တတ် ဘေးသင့်တတ်ပါတယ်

သတိရှိရှိနေကြပါ

အပြောင်းအလဲကောင်းများအတွက် ခေါင်းဆောင်ကောင်းများ လိုအပ်နေပါတယ်
လုပ်စရာရှိတာတွေအတွက် ဖြတ်ချဖို့ လိုအပ်တာမှန်သမျှ ဖြတ်ချနိုင်ဖို့ လိုအပ်နေပါတယ်

ကောင်းမွန်သောအရွေ့တခုဖြစ်လာဖို့အတွက် အချိန်အတိုင်းအတာတခုထိတော့ ကြာဦးမယ် နှောင့်နှေးပါဦးမယ်

အမှန်တရားဟာ သူ့နေရာသူရဖို့ ဝေဝါး ဝေးကွာ နေပါသေးတယ် တရားသောအရာတွေအတွက် မတရားသောအရာတွေအများအပြားရဲ့ အတားအဆနးများစွာရှိနေဆဲပါ

Pisces, Ta**us, Cancer, Libra, Scorpio အချိန်ကာလတွေ ရာသီဖွားတွေ ပိုသတိထားပါ

၇ရက်သားသမီး အားလုံး ဂရုစိုက်ကြပါ ကြာသပတေးနေ့နံတွေ နေ့ဖွားတွေ ကြာသပတေးနေ့ရက်တွေမှာ ပိုသတိထားပါ (ဒီနှစ် ကြာသပတေးကလည်း အတာစားထားတာဆိုတော့ တခြားနေ့နံတွေထက် ပိုဂရုစိုက်သင့်တယ်လို့ပေါ်ပါတယ်)

အချိန်တိုင်း နေရာတိုင်းအတွက် သတိရှိရှိနေကြပါ

ကမ္ဘာတဝှမ်းရှိ သက်ရှိများအားလုံး အန္တရာယ်ကင်းဘေးရှင်းကြပါစေ 🙏

လိုအပ်သူများအတွက်
မေတ္တာဖြင့်

           ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၈)Tarot Reading 101 series ကိုstorytelling, signs & symbols, colors, elements, timi...
10/05/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၈)

Tarot Reading 101 series ကို
storytelling, signs & symbols, colors, elements, timing, numerology, astrology, intuition, psychology, energy patterns, shadow work, healing စတာတွေ အများကြီး ချိတ်ဆက်ပြီး မှတ်စုလေးတွေ ရေးပြနေတာဟာ ကျမဘာတွေသိပါတယ်ဆိုပြီး သမားဂုဏ်ပြ knowledge တွေကို complicated ဖြစ်အောင် လုပ်ဖို့မဟုတ်ပါဘူး

တကယ်တော့ အဓိက reason က
“everything is connected” ဆိုတဲ့
nature of existence နဲ့ universal truth ကို ပိုမိုနားလည်ဖို့ပါ အရာအားလုံးဟာ ဆက်စပ်နေပါတယ် Tarot ကိုလေ့လာရင်း Universe နဲ့ မိတ်ဆွေဖြစ်လာသလိုပေါ့ Tarot Universe ကိုနားလည်လာရင် အပြင်က Universe ကိုလည်း နားလည်လာတာပါပဲ

ဩကာသလောက ဒီဘဒ္ဒကမ္ဘာကြီး စကြာဝဠာကြီးထဲမှာ ဘာတခုမှ သီးခြားဖြစ်တည်နေတယ်ဆိုတာ မရှိပါဘူး အရာအားလုံးဟာ တခုနဲ့တခု ဆက်နွယ်နေပါတယ်

time အချိန်
emotion ခံစားချက်
planet ဂြိုဟ်ခွင် အလှည့်အပြောသ်းတွေ
nature သဘာဝတရားကြီး
color အရောင်တွေ
number နံပါတ်တွေ
human psychology လူသားတွေရဲ့ စိတ်ပိုင်းဆိုင်ရာ အလုပ်လုပ်ပုံတွေ
energy pattern စွမ်းအင်တွေရဲ့ အဖြစ်အပျက်တွေ
season ရာသီဥတု အပြောင်းအလဲတွေ
body language ခန္ဓာကိုယ်အချက်ပြမှုတွေ
subconscious mind မသိစိတ်ရဲ့ အလုပ်လုပ်ပုံတွေ

စတာတွေဟာ တခုချင်းစီ ခွဲခြမ်းစိတ်ဖြာပြနေကြလို့သာ သီးခြားစီဖြစ်တည်နေကြသလို ထင်ရပေမယ့် အမှန်တကယ်တော့ energetic language ရဲ့different expressions တွေပါပဲ

Tarot ကတ်တွေဟာ အဲ့ဒီ interconnected patterns တွေကို symbolic form နဲ့ ပြသပေးနေတာပါ

ဒါကြောင့် Tarot ကို card meaning အနေနဲ့ပဲ ကြည့်မယ်ဆိုရင် surface layer အနေနဲ့သာ မြင်နိုင်ပါလိမ့်မယ်

ဒါပေမယ့် astrology ကို ချိတ်ကြည့်လိုက်တဲ့အခါ cosmic cycle ကို မြင်လာမယ်

numerology ကို ချိတ်လိုက်တဲ့အခါ
frequency pattern ကို မြင်လာမယ်

color symbolism ကို ကြည့်လိုက်တဲ့အခါ emotional vibration နဲ့ energetic field ကို မြင်လာမယ်

storytelling perspective နဲ့ ဖတ်လိုက်တဲ့အခါ human experience ကို မြင်လာမယ်

intuition နဲ့ ခံစားလိုက်တဲ့အခါ unspoken energy ကို မြင်လာမယ်

ဥပမာ The Hermit ကတ်တကတ်တည်းမှာတောင်
number 9 ရှိတယ်
Virgo energy ရှိတယ်
earth element ရှိတယ်
solitude symbolism ရှိတယ်
lantern light symbolism ရှိတယ်
wisdom archetype ရှိတယ်
timing energy ရှိတယ်
shadow meaning ရှိတယ်
spiritual meaning ရှိတယ်

ဒါတွေဟာ သီးခြား knowledge တွေ မဟုတ်ပါဘူး တူညီတဲ့ truth ကို language မတူတဲ့ နည်းစနစ်တွေ ရှုထောင့်တွေကနေ ပြောပြနေကြတာပါ

ဒါကြောင့် ဒီ series မှာ ရေးပြနေတဲ့အကြောင်းအရာတွေဟာ
“ဒီ card က ဘာ အဓိပ္ပာယ် လဲ”
ဆိုတဲ့ level ထက်ကျော်လွန်ပြီး
“energyတွေဟာ ဘယ်လို အလုပ်လုပ်လဲ”
“nature patterns တွေ သဘာဝတရားကြီးက ဘယ်လို ချိတ်ဆက်နေတာလဲ”
“လူတွေရဲ့ အတွေ့အကြုံ experienceတွေဟာ cosmic influence နဲ့ ဘယ်လို ဆက်နွယ်နေလဲ” ဆိုတာတွေကို မြင်လာနိုင်စေဖို့ဖြစ်ပါတယ်

Tarot reader တယောက်အနေနဲ့ knowledge layer တခုတည်းနဲ့ ဖတ်နေမယ်ဆိုရင် reading ဟာ တသမတ်တည်းလို flat ဖြစ်နေသလို ဖြစ်တတ်ပါတယ်

ဒါပေမယ့် multiple perspectives နဲ့ ကြည့်တတ်လာတဲ့အခါ Tarot reading ဟာ multi dimensional perspectives တွေရှိတဲ့ living system တခုလို ဖြစ်လာပါတယ်

တခါတလေ Tarot က astrology events တွေနဲ့ ကိုက်ညီနေတတ်တယ်

တခါတလေ numerology နဲ့ ကိုက်ညီနေတယ်

တခါတလေ psychology နဲ့ ကိုက်ညီနေတယ်

တခါတလေ quantum ideas တွေနဲ့တောင် ဆက်စပ်နေတာတွေ ရှိတတ်ပါတယ်

ဘာကြောင့်လဲဆိုတော့ energy တွေရဲ့ အမှန်တရား တခုတည်း universal truth တခုတည်းကို မတူညီတဲ့ energetic language တွေနဲ့ လူသားတွေ နားလည်ဖို့ ကြိုးစားနေကြတာဖြစ်လို့ပါ

အဲ့ဒါကြောင့် Tarot ကို လေ့လာတဲ့အခါ card meaning ကို အလွတ်ကျက်ဖို့ထက် energy patterns တွေကို မြင်တတ်ဖို့က ပိုအရေးကြီးပါတယ်

Nature ဆိုတဲ့ သဘာဝတရားကြီး မှာလည်း pattern တွေရှိတယ် မဟုတ်ပါလား
season cycle
moon cycle
human emotions
birth and death
day and night
inhaling and exhaling
growth and destruction
အားလုံးဟာ cycle ပဲ

Tarot ဟာ အဲ့ဒီ energy cycle ကို
multiple layer of knowlege တွေနဲ့ different perspectives တွေကနေ ပြန်ပြောပြနေတာပါ

ဒီ မှတ်စုလေးတွေ ကို ရေးနေရတဲ့ အဓိက အကြောင်းရင်းက Tarot ကို fortune telling tool တခုလိုပဲ မမြင်စေချင်တာပါ

Tarot ဟာ သုံးတတ်ရင် ကျမတို့အတွက် အမျိုးမျိုးသော အကျိုးရှိစေတဲ့
consciousness study
human psychology
spiritual healing
energy observation
symbolic language
universal pattern recognition
tool တခုလည်း ဖြစ်နိုင်ပါတယ်

“Everything is connected” ဆိုတာကို တကယ် နားလည်လာတဲ့အခါ Tarot card တကတ်ဟာ ပုံရိပ်တွေနဲ့ စက္ကူကတ်တကတ်ပဲ မဟုတ်တော့ပါဘူး Universe ရဲ့ language အစိတ်အပိုင်းတခု ဖြစ်လာပါတယ်

ဒါကြောင့် Tarot ကို လေ့လာနေတယ်ဆိုတာဟာ ကတ်ဖတ်နေတာထက်ပိုပြီး nature သဘာဝတရားကြီးကို လေ့လာနေတာ
energy တွေကို လေ့လာနေတာ human experience တွေကို လေ့လာနေတာ spiritual healing ကို လေ့လာနေတာ
universal truth ကို လေ့လာနေတာနဲ့ တူလာပါတယ်

အဆုံးမှာတော့ ဘယ်ပညာရပ် ဘယ်အကြောင်းအရာ ဘာတွေဘယ်လိုပဲ အကြောင်းတရား အများကြီးရှိပေမယ့် universal truth က တခုတည်းပါ

Everything is connected
Oneness ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

           ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၇)Tarot Reading တခုမှာWeekdays + Planetary Energy + Zodiac + Decan + Elements + Mod...
08/05/2026


ကတ်ဖတ်ရာမှာ သိကောင်းစရာ (၂၇)

Tarot Reading တခုမှာ
Weekdays + Planetary Energy + Zodiac + Decan + Elements + Modality + Astrological House တို့ကို ပေါင်းဖတ်နိုင်တဲ့အခါ timing, energy activation, life cycle, seasonal shift တွေကို ပိုမိုနက်ရှိုင်းစွာ နားလည်လာနိုင်ပါတယ် Tarot ကို decan နဲ့ planetary association တွေကို ချိတ်ဆက်ပြီး Cosmic energy influence ကို ဖတ်တာဖြစ်ပါတယ်

Weekdays & Planetary Association ဆိုတာ ရက်သတ္တပတ် တပတ်တာထဲမှာရှိတဲ့နေ့တွေမှာ သက်ဆိုင်ရာ ruling planet energy တွေနဲ့ ချိတ်ဆက်ထားတာကို ညွှန်းဆိုပြသပါတယ်

Monday — Moon
emotion, intuition, subconscious

Tuesday — Mars
action, conflict, drive

Wednesday — Mercury
communication, thinking

Thursday — Jupiter
expansion, wisdom, luck

Friday — Venus
love, beauty, relationship

Saturday — Saturn
karma, discipline, restriction

Sunday — Sun
identity, vitality, success

ဒီဆက်စပ်မှုလေးကို အရင်ကလည်း weedays in tarot ဆိုပြီး မှတ်စုလေး ရေးပြခဲ့ဖူးပါတယ် ဒီ link မှာ သွားပြန်ကြည့်လို့ ရပါတယ်

https://www.facebook.com/share/1Ax7rFPCFU/?mibextid=wwXIfr

ဒါကြောင့် တခါတလေ reading တခုကို ဘယ်နေ့မှာ ဘယ်နေ့ဖွားအတွက် ဖတ်လဲဆိုတာတွေကပါ energy interpretation မှာ ဆက်စပ်မှု ရှိနိုင်ပါတယ်

ဥပမာ Tuesday မှာ Wands cards ထွက်လာရင် Mars energy double ဖြစ်နိုင်ပါတယ် ဒါဆိုရင် Mars ရဲ့ action ယူရမဲ့အရာတွေကို highlights လုပ်နေတာဖြစ်နိုင်သလို အင်္ဂါနေ့ဖွားတွေ အင်္ဂါနံတွေ အင်္ဂါနေ့မှာ ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေကို အထူး ရည်ညွှန်းနေတာ ဖြစ်လာနိုင်သလို ပြင်ပက astrological transit တွေ aspect တွေ events တွေကို ရည်ညွှန်းနေတာမျိုးလဲ ဖြစ်နိုင်ပါတယ်

Minor Arcana & Zodiac Decan
Tarot suit တခုချင်းစီက Minor Arcana (2–10) cards 9 ကတ်ဟာ
Zodiac sign 12 ခုကို Decan (10° segment) ၃ ခုစီနဲ့ ခွဲထားပါတယ်

one zodiac sign = 30° → 3 decans (10° each)

ဒါကြောင့် one minor arcana card = sign + decan + ruling planet + elemental energy + modality စသည်တို့ ပေါင်းစပ်ပြီးသား energy combination တခုဖြစ်လာပါတယ်

ဒီနေရာမှာ Golden Dawn system ရဲ့ planetary ချိတ်ဆက်မှုကို အခြေခံပြီး ချိတ်ဆက်ပြထားပါတယ်

Minor arcana card number 2,3,4 တွေဟာ သက်ဆိုင်ရာ elemental zodiac တွေရဲ့ Cardinal sign တွေ ဖြစ်ပြီး 5,6,7 တွေဟာ Fixed sign တွေ 8,9,10 တွေဟာ Mutable sign တွေရဲ့ decan တွေဖြစ်ပါတယ်

Decan တွေကို Ruling Planet တွေနဲ့ ချိတ်ဆက်မှုကတော့ weekdays ရဲ့ နေ့ ၇နေ့ ကိုစိုးမိုးတဲ့ ruling planet ၇ခု နဲ့ပဲ ချိတ်ဆက်ထားတာမို့ ခေတ်သစ် planet တွေဖြစ်တဲ့ Uraus နဲ့ Neptune တွေ မပါဝင်ပါဘူး

ဒါဆို decan တွေနဲ့ minor arcana တွေနဲ့ ဘယ်လို ချိတ်ဆက်သွားလဲဆိုရင် နံပါတ်ကတော့ အစဉ်အတိုင်း 2,3,4,5,6,7,8,9,10 ကို နံပါတ်စဉ် 9ခု suit 4ခုမို့ 9 times 4 ခါက 36 ရတာပေါ့

ပြက္ခဒိန်မှာ Astrological zodiac တွေက Aries, Ta**us, Gemini, Cancer ဒီလို အစဉ်အတိုင်း သွားတယ် မဟုတ်လား နောက်ဆုံး Pisces အထိ 12 zodiac sign ရှိတယ် ၁၂ လစာ တနှစ်စာပေါ့ Sign တခုချင်းစီအလိုက် သူတို့စိုးမိုးတဲ့ ဂြိုဟ် ruling planet ရှိသလို သူတို့ရဲ့ ကိုယ်ပိုင်အထိုင်အိမ် သက်ဆိုင်ရာ Astrological House လေးတွေလည်း ၁၂ ခုရှိပါတယ်

အဲ့ဒီတော့ sign တခုကို decan ၃ခုနှုန်း ဆိုတော့ 12 times 3 ကလဲ 36 ပဲရတာပဲပေါ့

အဲ့ဒါကိုမှ minor arcana 36 cards ကို သက်ဆိုင်ရာ element တွေရဲ့ modality အလိုက် နံပါတ်စဉ်အတိုင်းလေး နေရာချသွားရုံပါပဲ
all cardinal from different suits - 2,3,4
all fixed from different suits - 5,6,7
all mutable from different suits - 8,9,10

weekdays တွေရဲ့ စိုးမိုးဂြိုဟ် planet ၇ခုကိုလဲ size အလိုက် အသေးဆုံးကနေ အကြီးဆုံးအထိ အစဉ်အတိုင်း စီလိုက်ရင်

Moon ^
Mercury ^
Venus ^
Sun ^ (The center of the planet system)
Mars ^
Jupiter ^
Saturn ^

ဒီလိုဖြစ်သွားမှာပေါ့နော်

Aries က သူ့ရဲ့ ကိုယ်ပိုင် planet Mars ဂြိုဟ် စိုးမိုးတဲ့ decan နဲ့ ပွဲဦးစထွက်တဲ့အခါကျတော့ Aries ရဲ့ decan ကို Mars ကနေ တဖြည်းဖြည်း သေးသွားတဲ့အပေါ်ဘက်ကိုသွားပြီး အောက်ဆုံးကနေတပတ်လည်အောင် ပြန်ပတ်လာခဲ့ရင်

Mars - Sun - Venus - Mercury - Moon - Saturn - Jupiter ဆိုပြီး loop ပတ်ရမဲ့ planet တွေ အစဉ်အတိုင်းရလာပါတယ် ဒီလိုနဲ့ decan တခုစီကို zodiac sign အလိုက် modality အလိုက် suit တခုချင်းစီက minor arcana ကတ်လေးတွေကို နံပါတ်စဉ်အတိုင်းရယ် ဂြိုဟ်စဉ်အလိုက်ရယ် စီတန်း ချိတ်ဆက်သွားရုံပါပဲ

Signs (Wands)
Aries (Cardinal Fire — House 1 — Astrological New Year - start in spring)
2 of Wands → Mars in Aries → 1st decan of Aries → beginning of action, raw initiation energy

3 of Wands → Sun in Aries → 2nd decan of Aries → expansion, vision

4 of Wands → Venus in Aries → 3rd decan of Aries → celebration, stabilization

Leo (Fixed Fire — House 5)
5 of Wands → Saturn in Leo → 1st decan of Leo → conflict, ego test

6 of Wands → Jupiter in Leo → 2nd decan of Leo → victory, recognition

7 of Wands → Mars in Leo → 3rd decan of Leo → standing ground, challenges

Sagittarius (Mutable Fire — House 9)
8 of Wands → Mercury in Sagittarius → 1st decan of Sagittarius → fast movement, messages

9 of Wands → Moon in Sagittarius → 2nd decan of Sagittarius → resilience, emotional endurance

10 of Wands → Saturn in Sagittarius → 3rd decan of Sagittarius → burden, responsibility, long journey

Signs (Swords)
Gemini (Mutable Air — House 3)
8 of Swords → Jupiter in Gemini
9 of Swords → Mars in Gemini
10 of Swords → Sun in Gemini

Libra (Cardinal Air — House 7 - starts autumn)
2 of Swords → Moon in Libra
3 of Swords → Saturn in Libra
4 of Swords → Jupiter in Libra

Aquarius (Fixed Air — House 11)
5 of Swords → Venus in Aquarius
6 of Swords → Mercury in Aquarius
7 of Swords → Moon in Aquarius

Signs (Cups)
Cancer (Cardinal Water — House 4 - starts summer)
2 of Cups → Venus in Cancer
3 of Cups → Mercury in Cancer
4 of Cups → Moon in Cancer

Scorpio (Fixed Water — House 😎
5 of Cups → Mars in Scorpio
6 of Cups → Sun in Scorpio
7 of Cups → Venus in Scorpio

Pisces (Mutable Water — House 12 — Astrological Year End)
8 of Cups → Saturn in Pisces
9 of Cups → Jupiter in Pisces
10 of Cups → Mars in Pisces ( *** Last decan of Pisces is influenced by the planet Mars energy pushed through the transition of year end to start a new year in Mars in Aries of first decan Aries)

Signs (Pentacles)
Ta**us (Fixed Earth — House 2)
5 of Pentacles → Mercury in Ta**us
6 of Pentacles → Moon in Ta**us
7 of Pentacles → Saturn in Ta**us

Virgo (Mutable Earth — House 6)
8 of Pentacles → Sun in Virgo
9 of Pentacles → Venus in Virgo
10 of Pentacles → Mercury in Virgo

Capricorn (Cardinal Earth — House 10 - starts winter)
2 of Pentacles → Jupiter in Capricorn
3 of Pentacles → Mars in Capricorn
4 of Pentacles → Sun in Capricorn

How to Link Everything Together ဒါတွေကို ဘယ်လို ချိတ်ဆက်ကြည့်ကြမလဲ? ဥပမာ
Tuesday (Mars day)
Minor Arcana → 2 of Wands (Mars in Aries)
Major Arcana → The Tower (Mars) + The Emperor (Aries - ruling planet Mars)
→ 1st decan of Aries
→ Cardinal Fire
→ House 1
→ Astrological New Year
→ beginning of life cycle
→ initiation of identity
→ triple Mars energy
→ strong action initiation
→ decision making point
→ new beginning force

ဒီလိုတွေ ချိတ်ဆက်ပြီး ဖတ်တတ်လာတဲ့အခါ Tarot card တကတ်ဟာ
simple meaning တခုပဲ မဟုတ်တော့ဘဲ
• timing point
• seasonal energy
• personality pattern
• soul cycle စတာတွေကို မြင်လာအောင် ပြသနိုင်ပါတယ်

Important Insights
Decan system ကို နားလည်လာတဲ့အခါ Minor Arcana cards တွေဟာ
“daily life events” တွေတင်မဟုတ်တော့ဘဲ “astrological timeline” ဖြစ်လာပါတယ်

Tarot reader တယောက်အနေနဲ့
• card ကို ဖတ်နိုင်လာမယ်
• planet ကို ချိတ်နိုင်လာမယ်
• zodiac ကို နားလည်လာမယ်
• timing ကို မြင်နိုင်လာမယ် ဆိုရင် reading ဟာ multiple layer cosmic influence energy ကို ဖတ်နိုင်လာမှာဖြစ်ပါတယ်

Tarot က story telling လုပ်တဲ့ ပုံပြင်တခုလိုပဲဖတ်လို့ရတာ မဟုတ်ဘူး time နဲ့ energy flow ကိုပါချိတ်ဆက်ပြသနိုင်တဲ့ Energy Reading tool တခုဖြစ်ပါတယ်

ဒါကြောင့် Tarot မှာ Astrological associationsတွေကို ပေါင်းစပ်ပြီး ဖတ်နိုင်လာတဲ့အခါ Tarot reading ဟာ သာမာန် timeline ကို predict လုပ်တာထက်ပိုပြီး cosmic alignment tool တခု ဖြစ်လာပါလိမ့်မယ် ခက်သလား မခက်ပါဘူးနော့် ✨

လိုအပ်သူများအတွက်
မေတ္တာဖြင့်

Address

Singapore

Opening Hours

Monday 18:00 - 21:00
Tuesday 18:00 - 21:00
Wednesday 18:00 - 21:00
Thursday 09:00 - 17:00
17:00 - 21:00
Friday 18:00 - 21:00
Saturday 10:00 - 12:00
15:00 - 17:00
Sunday 10:00 - 12:00
15:00 - 17:00

Alerts

Be the first to know and let us send you an email when True Essence of Life posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to True Essence of Life:

Share