Glow Inside Out By Su

Glow Inside Out By Su Your light isn't meant to be hidden. It's meant to Lead.

Glow Inside Out အတွင်းရော အပြင်ရောလှဖို့ဆိုတာ ဈေးကြီးတဲ့ skincare တွေဝယ်နိုင်မှ၊ luxury life နေနိုင်မှ မဟုတ်ပါဘူး။တကယ်တမ...
28/05/2026

Glow Inside Out အတွင်းရော အပြင်ရောလှဖို့ဆိုတာ
ဈေးကြီးတဲ့ skincare တွေဝယ်နိုင်မှ၊ luxury life နေနိုင်မှ မဟုတ်ပါဘူး။

တကယ်တမ်း glow တဲ့သူတွေမှာ တွေ့ရတာက
သူတို့ရဲ့ နေ့စဉ်အလေ့အကျင့်လေးတွေပါပဲ။

မနက်နိုးလာရင် ကိုယ့်ကိုယ်ကို အပြစ်မတင်ပဲ
ဒီနေ့ကို ကောင်းကောင်းဖြတ်သန်းမယ်ဆိုတဲ့ စိတ်လေးထားတတ်တာ၊
ရေများများသောက်တာ၊
အိပ်ရေးဝဝအိပ်တာ၊
ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့အရာတွေကနေ နည်းနည်းဝေးဝေးနေတာ၊
ကိုယ့်ကိုယ်ကို ကြင်နာတဲ့စကားလေးတွေ ပြောပေးတတ်တာတွေက
အတွင်းကနေ တဖြည်းဖြည်း လင်းလာစေတယ်။

Glow တောက်ပဖို့ ဆိုတာ make up နဲ့ပဲ မရဘူး။
ကိုယ့်စိတ်ငြိမ်ချမ်းမှု၊ ကိုယ့်ကိုယ်ကို ချစ်တဲ့ပုံစံ၊
နေ့တိုင်း ကိုယ့်ဘဝကို တန်ဖိုးထားပြီး ရှင်သန်နေတဲ့ energy က
လူတစ်ယောက်ကို ပိုလင်းစေတယ်။

တချို့နေ့တွေမှာ မပြည့်စုံနိုင်ဘူး၊
ပင်ပန်းမယ်၊ စိတ်ကျမယ်။
ဒါပေမယ့် ကိုယ့်ကိုယ်ကို မပစ်ထားပဲ
နေ့တိုင်း နည်းနည်းစီဂရုစိုက်နေတတ်ရင်
အဲ့ဒီ consistency လေးကပဲ
အတွင်းရော အပြင်ရော တောက်ပလာစေတဲ့အလင်းရောင်အစစ်ပါ။

လှပမှုဆိုတာ
အပြင်ပန်းတစ်ခုတည်းမဟုတ်ဘူး…
စိတ်ကောင်းထားတတ်မှု၊
အေးချမ်းမှု၊
ကိုယ့်ကိုယ်ကို လက်ခံတတ်မှုတွေက
လူတစ်ယောက်ကို ပိုပြီး တောက်ပစေပါတယ် 🤍

#ဆု


26/05/2026

လူတွေက “ဒီဟာကိုလုပ်လိုက်ရင် ပိုကောင်းတဲ့သူဖြစ်လာမလား” ဆိုတဲ့မေးခွန်းကို မကြာခဏ မေးတတ်ကြတယ်။
ပိုလှလာမလား… ပိုတော်လာမလား… ပိုတန်ဖိုးရှိလာမလားဆိုပြီး ကိုယ့်ကိုယ်ကို အမြဲပြင်ဆင်နေကြတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့
လူတစ်ယောက်ရဲ့ တန်ဖိုးက သူဘာတွေ ထပ်ဖြည့်ထားလို့ ဖြစ်လာတာမဟုတ်ဘူး။
သူ့အတွင်းမှာ ရှိပြီးသား အလင်းကို သူကိုယ်တိုင် မမြင်ရသေးတာပဲ ဖြစ်တယ်။
ကိုယ်ဟာ အားနည်းချက်ရှိနိုင်တယ်။
တစ်ခါတလေ ယုံကြည်မှုလျော့နည်းနိုင်တယ်။
တချို့နေ့တွေမှာ ကိုယ့်ကိုယ်ကို မချစ်နိုင်လောက်အောင် ပင်ပန်းနေနိုင်တယ်။
ဒါပေမယ့် အဲ့ဒီအရာတွေကြောင့် ကိုယ်ဟာ “မလုံလောက်သေးတဲ့သူ” ဖြစ်သွားတာတော့ မဟုတ်ဘူး။
ပန်းတစ်ပွင့်က ပန်းဖြစ်ဖို့ အတင်းသက်သေပြနေစရာ မလိုသလို
နေမင်းကြီးကလည်း သူတောက်ပနေတာကို လူတိုင်းလက်ခံမှ တန်ဖိုးရှိတာ မဟုတ်ဘူး။
ကိုယ်လည်း အဲ့လိုပဲ…
တခြားသူတွေရဲ့ အသိအမှတ်ပြုမှု၊ ချီးကျူးမှု၊ သဘောကျမှုတွေ မရှိသေးလည်း
ကိုယ်ဟာ လုံလောက်အောင်ကောင်းတဲ့သူတစ်ယောက် ဖြစ်ပြီးသားပါ။
တချို့အရာတွေကို ကိုယ်လုပ်တာက “တန်ဖိုးရှိလာဖို့” မဟုတ်ဘဲ
ကိုယ့်အတွင်းမှာ ရှိပြီးသား တန်ဖိုးကို ပိုနားလည်လာဖို့ပဲ ဖြစ်တယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကို အမြဲပြင်ဆင်နေရတဲ့ project တစ်ခုလို မမြင်ပါနဲ့။
ကိုယ်ဟာ ပြည့်စုံဖို့ စောင့်နေတဲ့သူ မဟုတ်ဘူး။
အခုဒီအချိန်ကတည်းက လုံလောက်အောင် ကောင်းနေပြီးသား လူတစ်ယောက်ပါ။ 🤍

ဘာသာပြန်ပြီး တင်ပေးတဲ့သူတွေကိုလဲ credit ပေးပါတယ် ❤️
#ဆု

လူတစ်ယောက်ဟာ မွေးဖွားမလာခင်ကတည်းကမမြင်ရတဲ့ “conditions” များစွာကြားမှာ ရှိနေခဲ့တယ်…။မွေးလာတဲ့ မိသားစု၊ကြီးပြင်းလာတဲ့ ပတ်...
25/05/2026

လူတစ်ယောက်ဟာ မွေးဖွားမလာခင်ကတည်းကမမြင်ရတဲ့ “conditions” များစွာကြားမှာ ရှိနေခဲ့တယ်…။

မွေးလာတဲ့ မိသားစု၊ကြီးပြင်းလာတဲ့ ပတ်ဝန်းကျင်၊ကြားနေရတဲ့ စကားလုံးတွေ၊ခံစားခဲ့ရတဲ့ နာကျင်မှုတွေ၊ရရှိခဲ့တဲ့ ချစ်ခြင်းမေတ္တာတွေကအစတဖြည်းဖြည်းနဲ့ ကိုယ့်အတွေး၊ ကိုယ့်စိတ်၊ ကိုယ့်အပြုအမူတွေကို ပုံဖော်ပေးသွားတယ်။

တချို့အရာတွေကို“ဒါက ငါ့ရဲ့ပင်ကိုယ်ပဲ” လို့ထင်ခဲ့ပေမယ့်တကယ်တော့ အများစုကနေသားကျသွားတဲ့ conditions တွေဖြစ်နေတတ်တယ်။

ကျွန်မရဲ့ဆရာမလေး Anii Chann သင်ပေးဖူးတာ‌ တွေထဲက တစ်ခုရှိတယ်…“Condition တွေကို ဖယ်ဖျက်လို့မရဘူး။ထွက်ပြေးလို့လည်းမရဘူး။ဒါပေမယ့် အစားထိုးလို့တော့ရတယ်” တဲ့။ ကိုယ်သေချာနားလည်ဖို့ အချိန်တစ်ခု ယူခဲ့ရတယ်။

အဲ့ဒီစကားကို နားလည်လာတဲ့အခါဘဝကိုမြင်တဲ့ပုံစံတောင် ပြောင်းသွားခဲ့တယ်။

ဥပမာ…ကျန်းမာတဲ့သူတစ်ယောက်ဖြစ်ချင်ရင်မနက်စာကို အာဟာရရှိအောင်စားဖို့လိုတယ်။ဒါပေမယ့် အာဟာရရှိတဲ့အစားအစာ စားနိုင်ဖို့အတွက်ဈေးဝယ်တဲ့အချိန်ကစပြီးဘာကိုရွေးမလဲဆိုတဲ့ condition အသစ်ကို တည်ဆောက်ရတယ်။

စိတ်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ချင်ရင်လည်းကိုယ့်ကိုယ်ကိုယ် နာကျင်စေတဲ့ အတွေးတွေကိုတဖြည်းဖြည်း သတိထားပြီးနူးညံ့တဲ့စကားလုံးတွေနဲ့ အစားထိုးရတယ်။ ကိုယ့်ကိုယ်ကို နာကျင်စေတဲ့အတွေးတွေ စကားတွေနေရာမှာ ပျော်စရာ၊ ကြည်နူးစရာ အတွေးနဲ့ အပြောလေးတွေပို အစားထိုးပေးရတယ်။

ဘဝက ချက်ချင်းပြောင်းလဲမသွားဘူး။ဒါပေမယ့်နေ့စဉ်ရွေးချယ်မှုသေးသေးလေးတွေကတဖြည်းဖြည်း ကိုယ့်ကိုအသစ်တစ်ယောက်ဖြစ်လာစေတယ်။

Conditions ဆိုတာချုပ်နှောင်ထားတဲ့အရာတစ်ခုလည်း ဖြစ်နိုင်တယ်။ဒါပေမယ့်သတိရှိရှိနဲ့ ပြန်ရွေးချယ်တတ်လာတဲ့အခါကိုယ့်ဘဝကို ကိုယ်တိုင်ပြန်ပုံဖော်နိုင်တဲ့ အင်အားလည်း ဖြစ်လာတယ်… 🤍

ဆုကတော့ လွတ်လပ်စွာပျံသန်းမယ့် အင်အားဖြစ်တဲ့ conditions တွေကိုသာ အစာထိုး ရွေးချယ်သွားမယ် 🌻



#ဆု

ပန်းလေးတွေလိုပဲတချို့အလှတွေက တိတ်တိတ်လေးပွင့်တတ်တယ်… 🌸ချစ်ခြင်းမေတ္တာဆိုတာတစ်ယောက်ယောက်ဆီက ရဖို့စောင့်နေရတဲ့အရာမဟုတ်ဘဲကိ...
25/05/2026

ပန်းလေးတွေလိုပဲ
တချို့အလှတွေက တိတ်တိတ်လေးပွင့်တတ်တယ်… 🌸

ချစ်ခြင်းမေတ္တာဆိုတာ
တစ်ယောက်ယောက်ဆီက ရဖို့စောင့်နေရတဲ့အရာမဟုတ်ဘဲ
ကိုယ့်နှလုံးသားထဲမှာ အရင်စတင်ပွင့်လင်းလာရတဲ့ အလင်းတစ်စင်းပါ။

ကိုယ့်ကိုယ်ကိုယ် အစစ်အမှန်ရှာဖွေတဲ့ခရီးမှာ
တချို့နေ့တွေက ပျောက်ဆုံးသလိုခံစားရပေမယ့်
တကယ်တော့…
ကိုယ့်ဝိညာဉ်နဲ့ ပိုနီးလာနေတဲ့ လမ်းပေါ်မှာ ရှိနေတာပါ။✨

ကိုယ့်ကိုယ်ကိုယ် ချစ်တတ်လာတဲ့အခါ
ဘဝကလည်း ပိုနူးညံ့လာတယ်… 🤍✨


#ဆု

စေတနာနဲ့ မေတ္တာ ပါဝင်တဲ့အရာတွေကတိတ်တဆိတ်ပဲ လူတွေရဲ့နှလုံးသားကို ထိတွေ့သွားတတ်ပါတယ်။ 🤍အလှဆုံးအရာတွေဟာအမြဲတမ်း ကြီးကျယ်ခမ်...
24/05/2026

စေတနာနဲ့ မေတ္တာ ပါဝင်တဲ့အရာတွေက
တိတ်တဆိတ်ပဲ လူတွေရဲ့နှလုံးသားကို ထိတွေ့သွားတတ်ပါတယ်။ 🤍
အလှဆုံးအရာတွေဟာ
အမြဲတမ်း ကြီးကျယ်ခမ်းနားနေဖို့မလိုဘူး…
နွေးထွေးတဲ့ စိတ်ထားလေးတစ်ခုရှိရုံနဲ့လည်း
အရာရာကို အထူးတန်ဖိုးရှိလာစေပါတယ်။ ✨

#မေတ္တာ
#စေတနာ

#ဆု

ဗုဒ္ဓက သစ္စာလေး‌ပါးကြောင်း သတ္တဝါအားလုံးအတွက်ဟောတော်မူတယ် ကိုယ်ဆို အရင်က သေချာဘာမှမသိခဲ့ဘူး ဖတ်လိုက် လည်လိုက် မေ့သွားလို...
30/04/2026

ဗုဒ္ဓက သစ္စာလေး‌ပါးကြောင်း သတ္တဝါအားလုံးအတွက်ဟောတော်မူတယ်
ကိုယ်ဆို အရင်က သေချာဘာမှမသိခဲ့ဘူး ဖတ်လိုက် လည်လိုက် မေ့သွားလိုက်နဲ့
ကိုယ်တိုင်က ချရေးလိုက်ရင် မှတ်မိတဲ့အကျင့်လေးရှိတော့ မှတ်သမျှလေး ဒီနေ့မှာ ချရေးမိတာက ဒီလို ...

1) ဒုက္ခသစ္စာ
- ဘဝတစ်ခုဖြစ်ပြီဆိုတာနဲ့ ဆင်းရဲမှုဆိုတာရှိတယ် ဆိုတာဟောတယ်
- မွေးဖွားခြင်း၊ အိုခြင်း ၊ နာခြင်း၊ သေခြင်း ၊ မကြိုက်တဲ့အရာနဲ့တွေ့ခြင်း၊ ကြိုက်တဲ့အရာများနဲ့ခွဲခွာရခြင်း

2) သမုဒယသစ္စာ
- ဆင်းရဲမှုတွေဟာ ဘာကြောင့်ဖြစ်လာရသလဲ ဆိုတာ ဟောတယ်
- လိုလားခြင်း တဏှာ ကြောင့် ရတာထက် ပိုလိုချင်တာ၊ မဖြစ်ချင်တာကို တားမြစ်ချင်တာ၊ ကိုယ်လိုချင်တာမရလို့ စိတ်ဆင်းရဲခြင်း

3) နိရောဓသစ္စာ
- ဆင်းရဲမှု‌တွေကို ဘယ်လိုပျောက်ကင်းအောင် လုပ်နိုင်တယ်ဆိုတာ ဟောတယ်
- လိုချင်မှုဆိုတဲ့ တဏှာကို ပယ်နိုင်ရင် ငြိမ်းချမ်းမှုဆိုတဲ့ နိဗ္ဗာန်ရခြင်း

4) မဂ္ဂသစ္စာ
- ဆင်းရဲဒုက္ခတွေကို ဘယ်နည်းလမ်းတွေနဲ့ ဖယ်ရှားရမလဲဆိုတာ ဟောပြတော်မူတယ်
- မဂ္ဂင်ရှစ်ပါးဖြင့် ဖယ်ရှားနိုင်ခြင်း
- မဂ္ဂင်ရှစ်ပါး ဆိုတာ မှန်ကန်သောအမြင်၊ မှန်ကန်သောအတွေး ၊ မှန်ကန်သောစကား၊ မှန်ကန်သောအပြုအမူ၊ မှန်ကန်သော အသက်မွေးဝမ်းကျောင်း၊ မှန်ကန်သောကြိုးစားမှု၊ မှန်ကန်သော သတိ၊ မှန်ကန်သော အာရုံစူးစိုက်မှု တို့ကို ဆိုလိုခြင်းဖြစ်ပါတယ်

အကျဉ်းချုံးလိုက်လျှင်

ဘဝလို့ဆိုလျှင်

% ဒုက္ခရှိတယ်
% ဒုက္ခဖြစ်လာတဲ့ အကြောင်းရှိတယ်
% ဒုက္ခ ကနေ လွတ်မြောက်နိုင်တယ်
% ဒုက္ခ လွတ်မြောက်ခြင်းရဲ့ နည်းလမ်းများ
လို့ အလွယ် လူပိန်းနားလည်အောင် မှတ်နိုင်ပါတယ် ဒါကတော့ ကိုယ်လိုလူပိန်းမှတ်နည်းလေးပါ မသိတဲ့သူများလဲ နားလည်လွယ်မယ်ထင်လို့ မျှဝေပါတယ်

#ဆု

စေတနာဆိုတာ ထားနိုင်တဲ့သူအဖို့က အေးချမ်းနေမှာပဲ စေတနားအထားခံရတဲ့သူအဖို့လဲ ကြည်နူးစေတာ အမှန်ပဲ အာ့အရွက်အရမ်းကြိုက်တာလို့ပြ...
27/04/2026

စေတနာဆိုတာ ထားနိုင်တဲ့သူအဖို့က အေးချမ်းနေမှာပဲ
စေတနားအထားခံရတဲ့သူအဖို့လဲ ကြည်နူးစေတာ အမှန်ပဲ
အာ့အရွက်အရမ်းကြိုက်တာလို့ပြောတော့ ဘယ်လိုစိုက်ရတာလဲတဲ့
အရွက်တွေစားဖို့ခြွေထားပြီးရင် အရိုးအနီ ရင့်ရင့်လေးတွေ
မြေကြီးမှာထိုးထား...
ရေတော့ ပုံမှန်လေးရမှ ရှင်မယ်ထင်တယ်လို့ ပြောဖူးတယ်
နောက်တစ်လလောက်နေတော့ လက်တစ်ဆုတ်စာ ခူးပြီး
ရှင်တယ် စားလို့ရပီတဲ့
အရွက်အများကြီးမှ တစ်ခွက်ချက်လို့ရတာဆိုတော့ ဒီလောက်ဆိုမရဘူးလားဆိုတော့ ကိုယ်လဲ ချဉ်ပေါင်ရွက်ဟင်းချို ချက်စားလိုက်တယ်
သူစိုက်တာ မဟုတ်ဘူး သူ့အမေကို စိုက်ခိုင်းတာ
သူ့အမေက ကိုယ်ကြိုက်တယ်ဆိုရင် အကုန်ချက်ကျွေးတဲ့အပြင် အခုတော့ အပင်ပါစိုက်ပေးနေပြီ
မေတ္တာပေးလို့ မေတ္တာရတာပါ...❤️
ကိုယ်ကလဲ သူ့ဆီသွားရင် ကြိုက်တတ်မယ်ထင်တာလေးတွေ လူကြီးတွေနဲ့တည့်တာလေးတွေ အမြဲဝယ်ကျွေး ဝယ်ပေးလေတော့ ...
စေတနာလေးပေါ့


#ဆု

လူတော်တော်များများက ပြင်ပအသွင်အပြင်လှလှပပဖြစ်ဖို့ ဂရုစိုက်ဖြစ်ကြပါတယ်လှပဖို့ဆိုတာ ကိုယ်ခန္ဓာက ကျန်းမာခြင်းက အစပြုပါတယ် က...
20/02/2026

လူတော်တော်များများက ပြင်ပအသွင်အပြင်လှလှပပဖြစ်ဖို့ ဂရုစိုက်ဖြစ်ကြပါတယ်
လှပဖို့ဆိုတာ ကိုယ်ခန္ဓာက ကျန်းမာခြင်းက အစပြုပါတယ်
ကြိုက်သမျှ အကုန်စားပြီး ကိုယ့်ခန္ဓာကိုယ် ကို ဘေးဖြစ်စေတာတွေ ခုခေတ်မှာ တော်တော်များများတွေ့ရပါတယ်
ချမ်းသာခြင်းက ကျန်းမာခြင်းကိုပေးဖို့ မသေချာပေမယ့်
ကျန်းမာခြင်းကတော့ ချမ်းသာခြင်းကို သေချာပေးနိုင်ပါတယ်
ဆီကြော်တွေလျော့စားပါ
ခေါက်ဆွဲခြောက်တွေလျော့စားပါ
အသားအစစ် မဟုတ်တာတွေလျော့စားပါ
ဝမ်းမှန်အောင် ဂရုစိုက်ပါ
အသားပြုတ်နဲ့အရွက်သုတ်လေးတွေစားဖြစ်အောင်စားပါ

ကိုယ့်ကိုယ်တိုင်အတွက်နဲ့ ချစ်ရသူတွေနဲ့အတူ ပိုများတဲ့နေ့ရက်များနဲ့ အချိန်တွေကိုဖြတ်သန်းနိုင်ဖို့ ပိုပြီးကျန်းမာရေး ဂရုစိုက်ပေးနော်


ဒီလ အစမှာ Gratitude Awareness Project လေးAnii ဆီမှာတက်ဖြစ်ခဲ့တယ် အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီး စာမေးပွဲလဲဖြေနိုင်ခဲ့တ...
17/02/2026

ဒီလ အစမှာ Gratitude Awareness Project လေးAnii ဆီမှာတက်ဖြစ်ခဲ့တယ် အောင်မြင်စွာတက်ရောက်နိုင်ခဲ့ပြီး စာမေးပွဲလဲဖြေနိုင်ခဲ့တယ် ဒီသင်တန်းမှာ မသိသေးတဲ့အရာတွေအများကြီး သိရတယ် သိရတဲ့ထဲက တစ်ခုသော စကားလေးက "အတိတ် ၊ လက်ရှိ၊အနာဂတ်ဟာ ခုလက်ရှိအချိန်တစ်ခုထဲမှာ ဖြစ်ပျက်နေတာ " လို့ ကြားမိလိုက်တဲ့အခါ ခေါင်းထဲမှာ အလင်းတစ်ခုဖြတ်ကနဲ လင်းသွားပါတယ် ။ တစ်ခါမှ မတွေးဖူးတဲ့အတွေးနဲ့၊ မကြားခဲ့ဖူးသော စကား။

မှန်လိုက်တာ.....
ခုလက်ရှိအချိန်ဟာ နောက်ဖြစ်လာမယ့် အနာဂတ်ဖြစ်သလို အတိတ်လဲဖြစ်ပါတယ်။
ဒါပေမယ့် လူတော်တော်များများဟာ အနာဂတ်က လိုပါသေးတယ်
အတိတ်ကပြီးသွားပြီဆိုပြီး လစ်လျူရှုထားလိုက်တာများပါတယ် အတိတ်ကိုလက်ရှိမှာ ပြင်လို့ရတယ်
အဲ့ဒါက ခုလက်ရှိအချိန်ပါပဲ
အတွေးတစ်စ ဝေမျှတာပါ

အချိန်မစောင့်ပါနဲ့ လက်ရှိက သင့်ဘဝကိုပြောင်းစေနိုင်တာပါ
နောက်နေ့ သိခဲ့တာလေးတွေထပ်ပြီး ဝေမျှပါမယ်

ဆု


17/02/2026

အကြည့်လေးတစ်ချက်ဆုံဖို့တောင် ရေစက်ရှိဖို့လိုပါတယ်တဲ့
တွေ့ဆုံလာသမျှလူတိုင်း သတ္တဝါတိုင်းက ကံတရားတိုက်ဆိုင်မှုကြောင့်ဆိုရင်
ရရှိထားတဲ့ ခန္ဓာကိုယ်လေးကို တန်ဖိုးထားချစ်ခင်ရင်း
သတိတရားလေး မျိုးစေ့ကောင်းလေးတွေ ချနိုင်ကြပါစေ

နှစ်သစ်မှာ ကိုယ်energyနဲ့ အကောင်းဆုံးတွေရရှိပါစေ

30/10/2025

စားချင်တာ စားရတာလဲ ပျော်ရွှင်ခြင်း တစ်မျိုးပဲနော်
အစာလဲဆေး ဆေးလဲအစာဖြစ်တာမို့ ကိုယ့်ခန္ဓာကိုယ်ထဲ ထည့်မယ့်အရာတွေကို သေချာလေး စိစစ်ပြီး စားပါလို့ ခုခေတ်မှာ ကျန်းမာခြင်းက လာဘ်တစ်ပါးမဟုတ်တော့ပဲ ကျန်းမာခြင်းသာ်သာ အရာအားလုံးဖြစ်လို့ပါ
သတ္တဝါတိုင်း ကျန်းမာချမ်းသာပါစေ။

Address

Singapore

Website

Alerts

Be the first to know and let us send you an email when Glow Inside Out By Su posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share