Physio.KoLamg

Physio.KoLamg Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Physio.KoLamg, Singapore.

✨ Move Free | Think Clear | Live Better
✅ AHPC Registered Physiotherapist 🇸🇬🇲🇲
📈 Trusted by 40K+ in the community
📩 Click 'Send Message' for pain advice
📧 Work: [email protected]

29/05/2026

ပေါင်တွင်းကြွက်သား (Inner Thigh) တောင့်တင်းတာ သက်သာစေမယ့် Stretch

ခြေလှမ်းကျယ်ကျယ်လှမ်း၊ မတ်မတ်ရပ်ပြီး ဘေးတစ်ဖက်ကို ဖြည်းဖြည်းချင်း ယိုင်ပေးရုံပါပဲ။ အထိုင်များလို့ ပေါင်ခွဆုံနဲ့ ပေါင်တွင်းကြွက်သားတွေ တောင့်တင်းပြီး ညောင်းညာနေရင် ဒီအတိုင်း ၁၅ စက္ကန့်လောက် ထိန်းထားပေးပါ။ တစ်ကိုယ်လုံး ပေါ့ပါးသွားတာကို ခံစားရလိမ့်မယ်။

27/05/2026

ခါးနာပလတ်စတာ ဘယ်လိုရွေးမလဲ? 🤔 (Physio Approved)
ပူစပ်ပူလောင်ဖြစ်ပြီး အနံ့ပြင်းမှ အကိုက်အခဲပျောက်တယ်လို့ ထင်နေပါသလား? ❌
တကယ်တော့ ဆေးဆိုင်ကောင်တာက အကိုက်အခဲပျောက်ဆေးတွေမှာ လုံးဝမတူတဲ့ အတွေးအခေါ် ၂ ခု ရှိပါတယ်။
1️⃣ **Tiger Balm (ဦးနှောက်ကို လှည့်စားခြင်း):** Menthol နဲ့ Camphor က အရေပြားပေါ်မှာ ပူစပ်ပူလောင် အာရုံခံလှိုင်းတွေ ဖန်တီးပြီး နာကျင်မှုကို ဦးနှောက်က ခေတ္တမေ့သွားအောင် ‘အာရုံလွှဲ’ ပေးတာပါ။ (ကြွက်သားညောင်းညာ လန်းဆန်းချင်ရင် သုံးပါ)
2️⃣ **Salonpas Diclofenac (ရောင်ရမ်းမှုကို ပိတ်ခြင်း):** ဆေးမော်လီကျူးက အရေပြားအောက် ကြွက်သားနဲ့ အဆစ်ထဲအထိ နက်နက်ရှိုင်းရှိုင်း စိမ့်ဝင်ပြီး၊ နာကျင်ရောင်ရမ်းမှုဖြစ်စေတဲ့ ဓာတုအင်ဂျင်ကို တိုက်ရိုက်သွားပိတ်ပစ်တာပါ။ (အဆစ်အမြစ် တကယ်ယောင်ယမ်း နာကျင်ရင် သုံးပါ)
အနံ့ပြင်းတိုင်း၊ ပူတိုင်း ကောင်းတာမဟုတ်ပါဘူး။ မိမိခန္ဓာကိုယ် အခြေအနေနဲ့ ကွက်တိကျမယ့် ပါဝင်ပစ္စည်းကို မှန်မှန်ကန်ကန် ရွေးချယ်တတ်ဖို့ လိုပါတယ်! 💡

#ခါးနာ #ကျန်းမာရေးဗဟုသုတ

26/05/2026

ခါးပလာစတာရွေးနည်း ( physiotherapist approved )

26/05/2026

ခါးပဲ အတင်းလှည့်ပြီး Stretch လုပ်နေပေမယ့် ခါးနာတာ မသက်သာဘူးဖြစ်နေလား? 🙅‍♂️
တရားခံက ခါးမဟုတ်ဘဲ တင်းကြပ်ပြီး ပိတ်နေတဲ့ "ပေါင်တွင်းသားကြွက်သားတွေ" ဖြစ်နေတတ်ပါတယ်။ ပေါင်တွင်းသားတွေ တောင့်တင်းနေရင် ခါးကို ဆွဲကိုင်ထားသလိုဖြစ်ပြီး ခါးပိုနာတတ်ပါတယ်။
ဒီဗီဒီယိုထဲမှာ ပေါင်တွင်းသားကို ပေါ့ပါးလန်းဆန်းသွားစေမယ့် Stretch ပုံစံ ၃ မျိုးကို အဆင့်ဆင့် ပြပေးထားပါတယ် 👇
1️⃣ Level 1 (Hands on Knee): အခြေခံပုံစံ။ လက်ကို ဒူးပေါ်တင်ပြီး ငြိမ်အောင်ထိန်းပါ။ (ဒူးက ခြေမထိပ်ထက် မကျော်စေရ)
2️⃣ Level 2 (Hands on Chest): Balance ပိုမိစေပြီး ကျောပြင်ကို ဖြောင့်စင်းစွာထားပါ။
3️⃣ Level 3 (With Stepping Board): ပေါင်တွင်းသားတွေကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ဆွဲဆန့်ပေးမယ့် Advanced ပုံစံ။
⚠️ အရေးကြီးသတိပေးချက်:
ခါးဆစ်အရိုးကျွံလို့ ခါးနာတဲ့သူ (Disc Prolapse သမား) များ ဒီလေ့ကျင့်ခန်းကို ရှောင်ပေးပါ။ လုပ်နေတုန်း ခါးထဲက စူးခနဲနာလာရင် ချက်ချင်းရပ်ပါ။
ဘယ်ညာ နှစ်ဖက်စလုံးကို ညီတူညီမျှ လုပ်ပေးဖို့ မမေ့ပါနဲ့ဦးနော်! ခါးခဏခဏနာတတ်တဲ့ သင့်သူငယ်ချင်းတွေပါ မြင်ရအောင် အခုပဲ Share ပေးလိုက်ပါဦး။
#ခါးနာသက်သာနည်း #ပေါင်တွင်းသားstretch

Professional Dashboard ထဲ ဝင်ကြည့်လိုက်တော့ လွန်ခဲ့တဲ့ နှစ်လအတွက် စုစုပေါင်း ဝင်ငွေက $6.98 ပါတဲ့။ မြင်မြင်ချင်း ရယ်လိုက်...
26/05/2026

Professional Dashboard ထဲ ဝင်ကြည့်လိုက်တော့
လွန်ခဲ့တဲ့ နှစ်လအတွက် စုစုပေါင်း ဝင်ငွေက $6.98 ပါတဲ့။ မြင်မြင်ချင်း ရယ်လိုက်မိသေးတယ်။
ဒါပေမယ့် ဒါက ကျွန်တော့်ကို အားမလျော့သွားစေပါဘူး။

ဘာလို့လဲဆိုတော့ ကျွန်တော် sharing လုပ်နေတာဟာ Facebook ကပေးတဲ့ လက်ဖက်ရည်ဖိုးလောက်ကို မျှော်လင့်ပြီး လုပ်နေတာ မဟုတ်လို့ပါ။

ကျွန်တော့်ရဲ့ တကယ့် Mission က ‘Quality Care & Self-Care Management’ ပါ။ ဆေးခန်းသွားရခက်ခဲသူတွေ၊ ခါးနာ ဝေဒနာရှင်တွေ အိမ်မှာတင် သိပ္ပံနည်းကျ စိတ်ချရတဲ့ လေ့ကျင့်ခန်းတွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပြန်လည် ကုသနိုင်စေဖို့ပဲ ဖြစ်ပါတယ်။

ဒီ Content တွေကနေတစ်ဆင့် နောင် ၅ နှစ်၊ ၁၀ နှစ်မှာ ဖြစ်လာမယ့် ကျွန်တော့်ရဲ့ ကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီး (Physio Clinics, Hydrotherapy Pools, Stretch Clubs, Wellness Front Stores & Custom Rehab Apps) အတွက် အုတ်မြစ်ချနေတာပါ။

Slowly and surely... တဖြည်းဖြည်းချင်းနဲ့ အခိုင်အမာ ရှေ့ဆက်သွားပါမယ်။ 💪

ကိုလမောင်

25/05/2026

Scoliosis (ခါးရိုးစောင်းတာ) ရှိတဲ့သူတွေ ခဏခဏမေးလေ့ရှိတဲ့ အခြေခံအကျဆုံးနဲ့ အထိရောက်ဆုံး Side Flexion လေ့ကျင့်ခန်းကို ပုံစံအမှန်အတိုင်း အတူတူလုပ်ရအောင်။

#ခါးနာ #ခါးရိုးစောင်း #ကျန်းမာရေး

24/05/2026

ခါးနာပျောက်ဖို့ ဆန့်တန်းနေတာလား... အလှပြပြီး ညှို့နေတာလား မသဲကွဲဘူး။ 😉✨ ခါးလေး ကော့၊ တင်လေး စွင့်ပြီး နံရံကို အားကိုးနေရတဲ့ ဒီ ပိုစ့်လေးကို ဘာနာမည်ပေးရင် ကောင်းမလဲ?
ကွန်မန့်မှာ နာမည်ဆန်းဆန်းလေးတွေ လာပေးခဲ့ကြဦးနော်။ (Keep it spicy! 🌶️👇

ဒါလေးတွေ တွေ့ရင် reply တွေ ပြန်ပေးဖို့ အားတွေ ပြန်ပြည့်တယ်။ Wednesday ကစလို့ message box ကို မဖွင့်ရသေးပါဘူးခင်ဗျာ။ စိတ်...
23/05/2026

ဒါလေးတွေ တွေ့ရင် reply တွေ ပြန်ပေးဖို့ အားတွေ ပြန်ပြည့်တယ်။

Wednesday ကစလို့ message box ကို မဖွင့်ရသေးပါဘူးခင်ဗျာ။ စိတ်ရှည်ကြတဲ့ ကျနောတို့ရဲ့ ခါးနာသူသူငယ်ချင်းတွေကို ကျေးဇူးတင်ပါတယ်။

ကျနော်က တယောက်ရဲ့ ဖတ်ရတာ စဉ်းစားရတာ အနဲဆုံးတော့ ၁၅ မိနစ်ယူရတယ်။ ကျနော် အများဆုံး consult လုပ်နိုင်ရင် တနာရီကို ၄ ယောက်ပဲ။

Disclaimer: I’m here to share helpful movement and wellness tips, but this isn't medical advice! What I share shouldn't replace the personalized guidance, treatment, or plans given by your own doctors and specialists. Always stick to your healthcare team's advice first!

22/05/2026

သွားမှန်မှန်တိုက်ဖို့ လိုအပ်သလိုပဲ နေ့စဉ် "လည်ပင်းကျန်းမာရေး ဂရုစိုက်မှု (Neck Hygiene)" ကိုလည်း အလေ့အထတစ်ခုလို လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။ လည်ပင်းကို နေ့တိုင်း စနစ်တကျ ဂရုစိုက်ပေးခြင်းက အဆစ်အမျက်တွေကို ချောမွေ့စေပြီး သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့အပြင် ရေရှည်မှာ ဖြစ်လာမယ့် ဇက်ကြောတက်၊ ဇက်ခိုင်တာတွေကို ကြိုတင်ကာကွယ်ပေးနိုင်ပါတယ်။
ကျွန်တော် လည်ပင်းကျန်းမာပြီး လှုပ်ရှားရတာ ပေါ့ပါးနေစေဖို့အတွက် နေ့စဉ် ဘယ်လိုမျိုး အကြောဆန့်တာ၊ ကိုယ်တိုင် အကြောလျှော့ နှိပ်နယ်တာနဲ့ လှုပ်ရှားမှုတွေ လုပ်ပေးလဲဆိုတာကို ဒီဗီဒီယိုထဲမှာ ကြည့်ရှုလိုက်ပါ ခင်ဗျာ။

Ergonomics #ဇက်ကြောတက် #လည်ပင်းကျန်းမာရေး

21/05/2026

ခါးနာတာတွေ ချည်းပဲဆို ညီးငွေ့နေမှာစိုးလို့။ let me bring you to Spain with me to watch Flamingo Dance. 💃🇪🇸

ခါးခွဲထားသူများ (သို့) ခါးနာတတ်သူများ ၂၄ နာရီကျော် ခရီးဝေးလေယာဉ်စီးရတော့မယ်ဆိုရင် ဘာတွေပြင်ဆင်မလဲ❓ခါးခွဲစိတ်မှု လုပ်ထားပ...
21/05/2026

ခါးခွဲထားသူများ (သို့) ခါးနာတတ်သူများ ၂၄ နာရီကျော် ခရီးဝေးလေယာဉ်စီးရတော့မယ်ဆိုရင် ဘာတွေပြင်ဆင်မလဲ❓

ခါးခွဲစိတ်မှု လုပ်ထားပြီးကာမှ (သို့မဟုတ်) နာတာရှည်ခါးနာဝေဒနာရှိနေလို့ ခရီးဝေး လေယာဉ်စီးရတော့မယ်ဆိုရင် စိုးရိမ်စိတ်ဖြစ်ရတာ သဘာဝပါပဲ။ အထူးသဖြင့် နာရီ ၂၀ ကျော် ကြာမယ့် Transit ခရီးစဉ်တွေက ခါးအတွက် တော်တော်လေး စိန်ခေါ်မှုရှိပါတယ်။

ဒါကြောင့် လေယာဉ်ပေါ်မှာ ခါးသက်သာပြီး ဘေးကင်းကင်းနဲ့ ခရီးစဉ်ကို ဖြတ်သန်းနိုင်ဖို့ ဆရာ့အနေနဲ့ လိုက်နာရမယ့် DIY နည်းလမ်းလေးတွေကို ဝေမျှပေးချင်ပါတယ်ဗျာ။ 👇

၁။ လေယာဉ်ပေါ်တွင် လုပ်ရမယ့် "အထိုင်" လေ့ကျင့်ခန်းများ
(တောင့်တင်းမှုကို လျော့ကျစေပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်) 🏋️‍♂️🏋🏽🏋️‍♀️

* **Ankle Pumps (ခြေကျင်းဝတ် လေ့ကျင့်ခန်း):** ထိုင်နေရင်း ခြေကျင်းဝတ်ကို အပေါ်တင်၊ အောက်ချ ပုံမှန်လုပ်ပေးပါ။

* **Knee Extension (ဒူးဆန့်လေ့ကျင့်ခန်း):** ခြေထောက်ကို အရှေ့ကို ဖြည်းဖြည်းချင်း ဆန့်ထုတ်ပြီး ဒူးကို ဖြောင့်အောင် ဆန့်တန်းပေးပါ။

* **Figure-4 Stretch (အကြောလျှော့ခြင်း):** ထိုင်ခုံမှာ ထိုင်နေရင်း ခြေကျင်းဝတ်တစ်ဖက်ကို နောက်ခြေထောက်တစ်ဖက်ရဲ့ ဒူးပေါ်တင်၊ ခါးကိုမတ်မတ်ထားပြီး အရှေ့ကို အနည်းငယ် ကိုင်းပေးပါ။

* **Deep Breathing (အသက်ရှူလေ့ကျင့်ခန်း):** နှာခေါင်းကနေ လေကို ခပ်ပြင်းပြင်းရှူသွင်းပြီး ပါးစပ်ကနေ ပြန်မှုတ်ထုတ်ပါ။ ခန္ဓာကိုယ်နဲ့ ကြွက်သားတွေရဲ့ စိတ်ဖိစီးမှုကို သိသိသာသာ လျော့ကျစေပါတယ်။

#👟 ၂။ အဝတ်အစားနှင့် လှုပ်ရှားမှု

* **ရေများများသောက်ပြီး အိမ်သာခဏခဏသွားပါ:** ဒါက လှည့်ကွက်တစ်ခုပါ။ ရေများများသောက်ခြင်းဖြင့် လေယာဉ်ပေါ်မှာ ရေဓာတ်မခမ်းခြောက်တော့သလို၊ ဆီးသွားချင်လို့ ခဏခဏ ထ၊ လမ်းလျှောက်ဖြစ်သွားစေတဲ့အတွက် ခါးတောင့်တင်းမှုကို ကာကွယ်ပြီးသား ဖြစ်သွားစေပါတယ်။

* **Back Brace (ခါးပတ်):** လေယာဉ်စီးနေစဉ်နဲ့ လမ်းလျှောက်စဉ်မှာ ခါးကို Support ပေးနိုင်ဖို့ ခါးပတ်ကို သေချာ ပတ်ထားပေးပါ။

* **သက်တောင့်သက်သာရှိသော အဝတ်အစား:** ဘောင်းဘီ၊ ခြေအိတ်နဲ့ ဖိနပ်တွေကို ဝတ်ရ၊ ချွတ်ရ လွယ်ကူပြီး Loose ဖြစ်မယ့် အရာတွေကိုပဲ ရွေးချယ်ဝတ်ဆင်ပါ။
# # # 🍏 ၃။ အစာအာဟာရ ဂရုစိုက်ရန်

* **ဝမ်းချုပ်မည့်အစာများ ရှောင်ပါ:** ဝမ်းချုပ်ပြီး ဗိုက်ညှစ်ရတဲ့အခါ ခါးအဆစ်တွေနဲ့ ဒဏ်ရာပေါ်ကို internal pressure (ဖိအား) သွားသက်ရောက်တတ်ပါတယ်။ ခရီးစဉ်တစ်လျှောက် ဝမ်းမချုပ်စေမယ့် အစားအစာများကိုပဲ ရွေးချယ်စားသုံးပါ။

၄။ ဆရာ့ရဲ့ Extra Tips (ခရီးစဉ်ပိုအဆင်ပြေစေဖို့)

* **ခါးနောက်မှာ အဝတ်လိပ်ခုပါ (Lumbar Support):** လေယာဉ်ခုံတွေက လူ့ခန္ဓာကိုယ်ရဲ့ သဘာဝခါးကွေးတာနဲ့ မကိုက်ညီလို့ ခါးနောက်မှာ ခေါင်းအုံးအသေး (သို့) အင်္ကျီအထူလိပ် တစ်ခုခု ခုပြီးထိုင်ပါ။

* **စင်္ကြံလမ်းဘေးခုံ (Aisle Seat) ယူပါ:** အိမ်သာသွားရလွယ်ကူစေဖို့နဲ့ ဘေးလူကို အားနာစရာမလိုဘဲ မကြာခဏ ထ၊ လမ်းလျှောက်နိုင်ဖို့ Aisle Seat ကိုပဲ ကြိုတင်ရွေးချယ်ထားပါ။

* **Wheelchair Assistance တောင်းခံပါ:** လေဆိပ်ကြီးတွေမှာ transfer လုပ်ရရင် လမ်းအများကြီးမလျှောက်ရအောင်၊ ပစ္စည်းအလေးအပင်မ မမိအောင် လေဆိပ်မှာ ဝန်ဆောင်မှု ကြိုတင်တောင်းခံထားဖို့ အကြံပြုချင်ပါတယ်ဗျာ။

ခါးနာဝေဒနာရှင်များအားလုံး ဘေးကင်းစိတ်ချရတဲ့ ခရီးစဉ်တွေကို ပိုင်ဆိုင်နိုင်ကြပါစေ။ 🙏

#ခါးနာခြင်း

Address

Singapore

Alerts

Be the first to know and let us send you an email when Physio.KoLamg posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Physio.KoLamg:

Share