Dr. Htoo Wai Mg ရိုးရှင်းလွယ်ကူသော ကျန်းမာရေးဗဟုသုတ

ဒီထဲမှာ အဖြေမှန်ဘယ်နှခုလောက်ပါနေလဲ?
21/08/2026

ဒီထဲမှာ အဖြေမှန်ဘယ်နှခုလောက်ပါနေလဲ?

21/08/2026

ပေါက်ပေါက်ရှာရှာမေးခွန်းများ အပိုင်း-၂

20/08/2026

အားဖြည့်အချိုရည် မဟုတ်တော့ပါ

ကဲ ကျွန်တော် ပြောနေကြလေး ပြန်မေးကြည့်မ​ယ်။
19/08/2026

ကဲ ကျွန်တော် ပြောနေကြလေး ပြန်မေးကြည့်မ​ယ်။

19/08/2026

ပေါက်ပေါက်ရှာရှာမေးခွန်းများ အပိုင်း-၁

18/08/2026

ပန်းသေပန်းညှိုး ဖြစ်နိုင်ခြေများတဲ့ လူ၅မျိုး

17/08/2026

နှလုံးအားဖြစ်စေတဲ့ အစားအစာ၅မျိုး

16/08/2026

အသည်းအဆီဖုံး ကုသနည်း အနှစ်ချုပ် #အသည်းအဆီဖုံး

15/08/2026

သွေးတိုးသမား ဘာကြောင့်လေဖြတ်တာလဲ?

ဒီရက်ပိုင်း ကာလဝမ်းရောဂါအကြောင်း မကြာခဏကြားလာရတော့ “ဝမ်းလျှောတာလောက်ပဲ မဟုတ်ဘူးလား” လို့ ခင်ဗျားတို့တွေးမိနိုင်တယ်။ တကယ်...
15/08/2026

ဒီရက်ပိုင်း ကာလဝမ်းရောဂါအကြောင်း မကြာခဏကြားလာရတော့ “ဝမ်းလျှောတာလောက်ပဲ မဟုတ်ဘူးလား” လို့ ခင်ဗျားတို့တွေးမိနိုင်တယ်။ တကယ်တော့ Cholera က ပုံမှန်ဝမ်းလျှောတာနဲ့ မတူဘူး။ အချိန်တိုအတွင်း ရေဓာတ်အများကြီး ဆုံးရှုံးသွားနိုင်တယ်၊ပြင်းထန်လာရင် နာရီပိုင်းအတွင်းတောင် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် ဒီရောဂါမှာ အရေးကြီးဆုံးက ဝမ်းလျှောတာကို ရပ်အောင်လုပ်ဖို့ထက် ရေဓာတ်မဆုံးရှုံးအောင် အချိန်မီကာကွယ်ဖို့ပဲ။

ကာလဝမ်းရောဂါက ဘယ်လိုကူးလဲဆိုတာ အရင်သိထားရမယ်။ အဓိကကတော့ Vibrio cholerae ဆိုတဲ့ ဘက်တီးရီးယားပိုး ပါဝင်နေတဲ့ ရေ ဒါမှမဟုတ် အစားအစာကို စားမိ သောက်မိလို့ ကူးတာ။ အထူးသဖြင့် မသန့်ရှင်းတဲ့ သောက်ရေ၊ မကျက်သေးတဲ့အစားအစာ၊ မသန့်ရှင်းတဲ့လက်ကနေ အစားအစာထဲ ရောက်သွားတာတွေက အန္တရာယ်ရှိတယ်။ တစ်ယောက်နဲ့တစ်ယောက် လက်ဆွဲရုံ၊ အတူထိုင်ရုံနဲ့ တိုက်ရိုက်ကူးတာမျိုးထက် ဝမ်းကနေတဆင့် ရေ၊ အစားအစာထဲ ပြန်ဝင်ပြီး ပါးစပ်ကနေ ဝင်လာတဲ့လမ်းကြောင်းက ကူးတာ။

အခုလို ကာလဝမ်းဖြစ်ပွားမှုတွေ ရှိနေချိန်မှာ အိမ်မှာ အလွယ်ဆုံးစလုပ်နိုင်တာက လက်ဆေးတာပဲ။ အိမ်သာသွားပြီးတိုင်း၊ ကလေးအနှီးလဲပြီးတိုင်း၊ အစားအစာမပြင်ခင်နဲ့ မစားခင် လက်ကို ဆပ်ပြာနဲ့ ရေသန့်သန့်သုံးပြီး သေချာဆေးရမယ်။ လက်သန့်မသန့်ကို မမြင်ရလို့ မပိုးရှိဘူးလို့ မယူဆနဲ့။ လက်ပေါ်က မမြင်ရတဲ့ပိုးက အစားအစာထဲ ဝင်သွားရင် အဲဒီကနေ မိသားစုတစ်စုလုံးကို ကူးနိုင်တယ်။

သောက်ရေကတော့ တော်တော်ဂရုစိုက်ရမယ်။ အခုဆို ကျွန်တော်တို့တအိမ်လုံးလည်း ရေကို ကျိုချက်ပြီးသောက်နေကြပြီ။ အလုပ်တော့နည်းနည်းရှုပ်မယ်။ ဒီကာလမှာ ပါကင်ပိတ်ထားတဲ့ရေသန့်ဘူးမဟုတ်ရင် ကျန်တဲ့ရေတွေအကုန်လုံးကို ကျိုသောက်တာ အကောင်းဆုံးပဲ။ ထော်လာဂျီတွေ၊ ရေသန့်ကားတွေနဲ့လိုက်ပို့တဲ့ ၂၀လီတာရေသန့်ဘူးကြီးတွေထဲက ရေကိုလည်း ကျိုသောက်သင့်တယ်။ မျက်စိနဲ့ကြည့်လို့ ကြည်နေရုံနဲ့ ရေက ပိုးပါတယ် မပါဘူး ပြောလို့မရဘူး။ ရေကိုကျိုသောက်ဖို့မအားတဲ့သူတွေကတော့ aquatabs ဆိုတဲ့ ရေကိုသန့်စေတဲ့ ဆေးပြားတွေကို အညွှန်းအတိုင်းရေထဲထည့်ပြီး နာရီဝက်နေရင်သောက်လို့ရတယ်။

နောက်တခုက ဒီကာလမှာ ဖျော်ရည်တွေကို တတ်နိုင်သမျှရှောင်တာ အကောင်းဆုံးပဲ။ အထူးသဖြင့် ရေခဲနဲ့ဖျော်ထားတဲ့ သောက်စရာတွေကိုပြောတာ။ ရေခဲဆိုတာ အများအားဖြင့် ရိုးရိုးရေသန့်ကိုပဲ ခဲထားတာများတယ်။ ကျိုချက်ပြီးသားရေကို ပြန်ခဲဖို့က တော်တော်လေး အလုပ်ရှုပ်လို့ အဲလိုမျိုးလည်း လုပ်ကြမယ်မထင်ဘူး။

အစားအစာမှာလည်း “ပူပူနွေးနွေးချက်ပြီးမှစား” ဆိုတဲ့စည်းမျဉ်းကို မှတ်ထား။ ချက်ပြီးသားအစားအစာကို အပြင်မှာ အချိန်ကြာကြာထားပြီးမှ ပြန်စားတာ၊ မကျက်သေးတဲ့အစားအစာတွေ၊ မသန့်ရှင်းတဲ့နေရာက အသုပ်တွေ၊ လှီးပြီးသားအသီးအနှံတွေကို မသေချာဘဲစားတာတွေကို ရှောင်တာကောင်းတယ်။ အထူးသဖြင့် အစားအစာကို ကိုင်တဲ့လက် မသန့်ဘူးဆိုရင် အစားအစာက ဘယ်လောက်ကောင်းကောင်း အန္တရာယ်ရှိနိုင်တယ်။

ပင်လယ်စာနဲ့ အခွံမာရေသတ္တဝါတွေကိုလည်း သတိထားရမယ်။ အထူးသဖြင့် မကျက်တကျက်စားတာ၊ အစိမ်းစားတာတွေကို ရှောင်သင့်တယ်။ “လတ်ဆတ်တယ်၊ ဒီနေ့ပဲရတယ်” ဆိုတာနဲ့ မလုံလောက်ဘူး။ ရေထဲမှာရှိတဲ့ပိုးက အစားအစာပေါ် ရောက်နေနိုင်လို့ သေချာချက်ပြုတ်ပြီးမှ စားတာက ပိုစိတ်ချရတယ်။

ဒါပေမယ့် အရေးကြီးဆုံးအချက်က ဝမ်းလျှောလာပြီဆိုရင် ဘာလုပ်မလဲဆိုတာပဲ။
ဝမ်းလျှောတာ စလာပြီဆိုရင် ORS လို့ခေါ်တဲ့ ဓာတ်ဆားရည်ကို အချိန်မဆွဲဘဲ စသောက်ရမယ်။ ORS က ဝမ်းလျှောတာကို ချက်ချင်းရပ်ပေးတဲ့ဆေးမဟုတ်ဘူး။ ဒါပေမယ့် ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေနဲ့ electrolyte တွေကို ပြန်ဖြည့်ပေးပြီး ရေဓာတ်ခမ်းခြောက်မှုကို ကာကွယ်ပေးတာကြောင့် Cholera မှာ အသက်ကယ်နိုင်တဲ့ အရေးကြီးဆုံးကုသမှုတွေထဲက တစ်ခုဖြစ်တယ်။

ကာလဝမ်းရောဂါမှာ အများအားဖြင့် ဝမ်းရောင်က ဆန်ဆေးရည်လို ဖြူဖြူကြီးဖြစ်နေတတ်တယ်။ တခါတလေမှာ ဝမ်းလျှောတာအပြင် အန်တာနဲ့ တွဲလာတတ်တယ်။အန်နေရင်တော့ ဓာတ်ဆားကို တစ်ခါတည်းအများကြီးမသောက်ဘဲ နည်းနည်းစီ၊ မကြာခဏ သောက်ပေးတာက ပိုအဆင်ပြေတတ်တယ်။

ရေဓာတ်ခမ်းခြောက်လာတဲ့ လက္ခဏာတွေကိုလည်း သိထားရမယ်။ အရမ်းရေငတ်လာတာ၊ အာခေါင်ခြောက်လာတာ၊ ဆီးနည်းလာတာ ဒါမှမဟုတ် ဆီးမသွားတော့တာ၊ မူးဝေပြီး အားနည်းလာတာ၊ မျက်တွင်းတွေချိုင့်လာတာ၊ နှလုံးခုန်မြန်လာတာတွေ ဖြစ်လာရင် သတိထားရမယ်။ အထူးသဖြင့် ကလေးငယ်၊ အသက်ကြီးသူနဲ့ အခြားရောဂါရှိသူတွေမှာ ရေဓာတ်ခမ်းခြောက်တာ ပိုမြန်နိုင်တယ်။

အိမ်မှာ လူတစ်ယောက် Cholera သံသယရှိရင် မိသားစုတစ်စုလုံးလည်း သတိထားရမယ်။ လူနာသုံးတဲ့ အိမ်သာ၊ ရေချိုးခန်း၊ အဝတ်အစား၊ အိပ်ရာခင်းနဲ့ မစင်၊ အန်ဖတ်တွေကို မသန့်ရှင်းဘဲထားမယ်ဆိုရင် ပိုးပြန်ပျံ့နိုင်တယ်။ လူနာကို ကြည့်ပေးတဲ့သူက လက်ကို သေချာဆေးပြီးမှ အစားအစာကို ကိုင်ရမယ်။ အိမ်သာနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေးကလည်း ရောဂါမပြန့်အောင် အရေးကြီးတယ်။

နောက်တစ်ခုက ကာလဝမ်းရောဂါကို ကြောက်ပြီး အစာမစားဘဲနေတာ၊ ရေမသောက်ဘဲနေတာ မလုပ်နဲ့။ ခန္ဓာကိုယ်က ရေဓာတ်ဆုံးရှုံးနေချိန်မှာ အာဟာရနဲ့ အရည်ကို သင့်တော်သလို ဆက်ပြီးဖြည့်ပေးဖို့လိုတယ်။ အဓိကက သန့်ရှင်းတဲ့ရေ၊ ORS နဲ့ အလွယ်တကူချေဖျက်နိုင်တဲ့အစားအစာတွေကို အခြေအနေအလိုက် ဆက်စားသောက်ပေးတာ။

ပြီးတော့ “ကာလဝမ်းဆိုတာ အသက်အန္တရာယ်ရှိတယ်” ဆိုပြီး အရမ်းကြောက်စရာမလိုဘူး။ အချိန်မီ ရေဓာတ်ပြန်ဖြည့်ပြီး လိုအပ်ရင် ဆေးရုံမှာ ကုသမှုခံယူနိုင်ရင် အသက်အန္တရာယ်ကို အများကြီးလျှော့ချနိုင်တယ်။

အဲဒီတော့ အနှစ်ချုပ်ကိုပြောမယ်။ အခုအချိန် အိမ်တစ်အိမ်ချင်းစီမှာ အရေးကြီးဆုံးသတိထားရမယ့်အရာက “ရေသန့်၊ အစားအစာသန့်၊ လက်သန့်” ဆိုတဲ့သုံးချက်ပဲ။ ပြီးတော့ နီးစပ်ရာဆေးဆိုင်၊ စတိုးဆိုင်တွေမှာ ဓာတ်ဆားထုတ်တွေဝယ်ထားပါ။ ဝမ်းလျှောလာရင်လည်း ချက်ချင်းORS ကို စောစောစသောက်ပြီး ရေဓာတ်ခမ်းခြောက်တဲ့လက္ခဏာတွေကို စောင့်ကြည့်ရမယ်။ အရမ်းများတဲ့ရေလိုဝမ်းသွားတာ၊ ဆီးမသွားတော့တာ၊ မူးဝေပြီး အားနည်းလာတာ၊ အန်လွန်းလို့ ရေမသောက်နိုင်တာတွေရှိရင် အမြန်ဆုံး ဆေးရုံသွားရမယ်။

Dr. Htoo Wai Mg pageမှစာများကို လွတ်လပ်စွာပြန်share လို့ရပါတယ်။
Copyကူးပြီးပြန်တင်ခွင့်တော့ မည်သူ့ကိုမှ မပေးပါ‼️
နောက်ထပ် ဘယ်ကျန်းမာရေးအကြောင်းအရာ တင်ပေးရမလဲဆိုတာကို ကွန်းမန့်မှာ တောင်းဆိုနိုင်ပါတယ်။
ကျေးဇူးတင်ပါတယ်။

ที่อยู่

Bang Rak

เวลาทำการ

จันทร์ 08:00 - 20:00
อังคาร 08:00 - 20:00
พุธ 08:00 - 20:00
พฤหัสบดี 08:00 - 20:00
ศุกร์ 08:00 - 20:00
เสาร์ 08:00 - 20:00
อาทิตย์ 08:00 - 20:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Dr. Htoo Wai Mgผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์