Yoga_ယောဂ

Yoga_ယောဂ May the practice of yoga bring joy, health, and enlightenment to your life. 🙏
🪴Yoga Instructor based in Bangkok
✍🏻Both English & Burmese language

✨တို့ တပည့်ကျော်နဲ့ 🤍Khin ရဲ့ Baddha Hasta Sirsasana  C
18/08/2026

✨တို့ တပည့်ကျော်နဲ့ 🤍

Khin ရဲ့ Baddha Hasta Sirsasana C

ပြင်ဦးလွင်မှာ ရှိနေတုန်း၊ regular yoga class လေး သင်ပေးခွင့်ရတုန်း ဆုံရတဲ့ ချစ်ရတဲ့ အန်တီ၊ အမ ညီမတွေနဲ့ အပြင်မှာ yoga po...
16/08/2026

ပြင်ဦးလွင်မှာ ရှိနေတုန်း၊ regular yoga class လေး သင်ပေးခွင့်ရတုန်း ဆုံရတဲ့ ချစ်ရတဲ့ အန်တီ၊ အမ ညီမတွေနဲ့ အပြင်မှာ yoga pose နဲ့ ပုံလှလှလေးတွေ ရိုက်ပေးဖို့ရောအချင်းချင်း companies လေး ဖြစ်ပြီး yoga sisters တွေလို ချစ်ခင်ရင်းနှီးစေချင်လို့ရော လိုက်ပို့ပေးဖြစ်တဲ့ outdoor yoga day လေးရဲ့ memory ပါ🫶
မုန့်တွေကျွေးသူကကျွေး ၊ ရေသယ်လာသူက သယ်လာ ၊ လာခေါ်ကြ၊ လိုက်ပို့ပေးကြနဲ့ ဖေးမ ချစ်ခင်ကြတာမို့ ညနေ စီစဉ်လ်ိုက်ပြီး နောက်ရက်နေ့လည်သွားတဲ့ အစီစဉ်ပေမဲ့လည်း အဆင်ပြေပြေ အကုန်ပြည့်စုံပြီး quality time လေးဖြစ်ခဲ့ကြပါတယ်🙏✨

Thank you everyone 🫶
✨15.8.2026

✨🪔Trataka Meditation အကြောင်း 🪔✨Trataka ဆိုတာ ယောဂမှာ အာရုံစူးစိုက်မှုကို လေ့ကျင့်ဖို့ အသုံးပြုတဲ့ meditation practice တ...
15/08/2026

✨🪔Trataka Meditation အကြောင်း 🪔✨
Trataka ဆိုတာ ယောဂမှာ အာရုံစူးစိုက်မှုကို လေ့ကျင့်ဖို့ အသုံးပြုတဲ့ meditation practice တစ်ခု ပါ။
ဖယောင်းတိုင်မီးလိုမျိုး အရာတစ်ခုကို မျက်လုံးမရွှေ့ဘဲ ငြိမ်ငြိမ်လေး စူးစိုက်ကြည့်ပြီး ကိုယ့်ရဲ့ အာရုံကို အဲဒီအရာတစ်ခုတည်းပေါ်မှာထားတဲ့ လေ့ကျင့်ခန်းပါ။
Hatha Yoga မှာတော့ Trataka ကို Shat Kriya လို့ခေါ်တဲ့ သန့်စင်ခြင်းကျင့်စဉ် (၆ )မျိုးထဲက တစ်ခုအဖြစ် ဖော်ပြထားပါတယ်။
ပုံမှန်ဆိုရင် မျက်လုံးက ဟိုကြည့်ဒီကြည့်နဲ့ အမြဲရွှေ့နေသလို စိတ်ကလည်း အတွေးတစ်ခုကနေ တစ်ခုကို အမြဲသွားလာနေတတ်ပါတယ်။
Trataka ကျင့်စဉ်မှာတော့ အာရုံတစ်ခုတည်းကိုပဲ ပြန်ပြန်ယူလာပေးတာ ဖြစ်တဲ့အတွက် အာရုံစူးစိုက်နိုင်စွမ်းနဲ့
စိတ်တည်ငြိမ်မှုကို လေ့ကျင့်ပေးတာဖြစ်ပါတယ်။
ဖယောင်းတိုင်မီးကို ကြည့်ပြီးနောက် မျက်လုံးကို ပိတ်လိုက်တဲ့အခါ မီးတောက်ရဲ့ ပုံရိပ်လေးကို ဆက်မြင်နေရနိုင်ပါတယ်။
အဲဒီ after-image ကိုလည်း ခဏလောက် သတိထားကြည့်နိုင်ပါတယ်။ ဒီအဆင့်မှာ ပြင်ပမှာရှိတဲ့ မီးတောက်ကို ကြည့်တာကနေ ကိုယ့်အတွင်းက အာရုံဆီကို တဖြည်းဖြည်း ပြောင်းသွားစေဖို့ဖြစ်ပါတယ်။
Trataka မလုပ်ခင်မှာ Nadi Shodhana Pranayama လိုမျိုး အသက်ရှူလေ့ကျင့်ခန်းကို ၃–၅ မိနစ်လောက် လုပ်ပေးပါတယ်။
အသက်ရှူတာငြိမ်လာပြီး စိတ်လည်း အာရုံစိုက်ဖို့ ပိုအဆင်သင့်ဖြစ်လာစေဖို့ပါ။
Glaucoma၊ ၊retina ပြဿနာလိုမျိုး မျက်လုံးရောဂါရှိသူတွေ၊ မကြာသေးခင်က မျက်လုံးခွဲစိတ်ထားသူတွေ၊ မျက်လုံးဒဏ်ရာရှိသူတွေကတော့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ လုပ်သင့်ပါတယ်။
Migraine၊ ခေါင်းကိုက်တာ၊ မူးဝေတာ၊ မျက်လုံးအရမ်းပင်ပန်းတာ ဒါမှမဟုတ် မျက်လုံးခြောက်တာတွေ ဖြစ်နေတဲ့အချိန်မှာလည်း ရှောင်တာကောင်းပါတယ်။
Myopia (အဝေးမှုန်) ရှိလို့Trataka ကို လုံးဝမလုပ်ရဘူးဆိုတာ မဟုတ်ပါဘူး။ မျက်မှန်တပ်ဖို့လိုတဲ့သူဆိုရင် မျက်မှန်တပ်ထားပြီး လေ့ကျင့်နိုင်ပါတယ်။
အရေးကြီးဆုံးက မျက်လုံးကို အတင်းအကြပ် ဖွင့်ထားဖို့၊ မျက်တောင်မခတ်ဖို့ အတင်းလုပ်ဖို့ မလိုပါဘူး။ မျက်လုံးနာလာတာ၊ ခေါင်းကိုက်တာ၊ မူးဝေတာမျိုး ဖြစ်လာရင် ရပ်ပြီး အနားယူပါ။

Weekend Yoga for all levels Time : 9-10am Platform-Zoomအလုပ်နဲ့ မအားဘူးဆိုရင်ပိတ်တဲ့ရက် လေ့ကျင့်ကြလေ 😁
14/08/2026

Weekend Yoga for all levels
Time : 9-10am
Platform-Zoom

အလုပ်နဲ့ မအားဘူးဆိုရင်
ပိတ်တဲ့ရက် လေ့ကျင့်ကြလေ 😁

International 300 hours of yoga teacher training အတွက် yoga anatomy ခန္ဓာဗေဒဘာသာရပ်နဲ့ ပတ်သက်ပြီး ကြွက်သားစနစ်တွေ အာရုံက...
14/08/2026

International 300 hours of yoga teacher training အတွက် yoga anatomy ခန္ဓာဗေဒဘာသာရပ်နဲ့ ပတ်သက်ပြီး ကြွက်သားစနစ်တွေ အာရုံကြော စနစ်တွေ ချိတ်ဆက်လှုပ်ရှားကြပုံကိုလည်း ထိုင်လိုက် ထလိုက် ကုန်းလိုက်ကွလိုက် ရှင်းပြရပါသေးတယ် 🫢

13/08/2026

Regular Studio Class @ PYVS -Pyin Oo Lwin

ခန္ဓာကိုယ်အတွက်လေ့ကျင့်စဉ်တွေအပြင် mindfulness & happiness အတွက်လည်း လေ့ကျင့်ပေးဖြစ်သော ညနေခင်း အတန်းလေး ✨
ဒီထဲကရော ဆရာဖြစ်သင်တန်းတက်ပြီး ယောဂဆရာမ မလုပ်ချင်ကြဘူးလားမေးတာ မစဉ်းစားကြဘူးနော် မလုပ်ချင်ပါဘူးတဲ့ တလေသံတည်း မဆိုင်းမတွဖြေကြတာ 😅


အသက် ၅၀ ကျော် လူကြီးတွေ သီးသန့်ယောဂအချိန်ပါတရက် နာရီဝက်ပဲ လေ့ကျင့်ခိုင်းပါတယ်Mon to Fri -9:30 -10 am လေ့ကျင့်နေကြသူတွေဆီ...
10/08/2026

အသက် ၅၀ ကျော် လူကြီးတွေ သီးသန့်ယောဂအချိန်ပါ
တရက် နာရီဝက်ပဲ လေ့ကျင့်ခိုင်းပါတယ်
Mon to Fri -9:30 -10 am
လေ့ကျင့်နေကြသူတွေဆီက အရင်ကထက် ပေါ့ပါးလာတာ ၊အိပ်ပျော်လာတာ ၊အေးချမ်းလာတွေ ပြန်ကြားရလို့ အချိန်ပေး မျှဝေပေးရတာ ပိုတန်ဖိုးရှိပါတယ် 🫶
တက်ချင်သူများရှိရင် စာရင်းပေးလို့ရပါတယ်ရှင့် 🙏



တရားအကြာကြီး ထိုင်ရမှာ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်တွေအရမ်းရှုပ်လို့ ထိုင်ရခက်နေရင်ပဲဖြစ်ဖြစ် ခုမှ စတရားထိုင်ကြည့်ချင်ပေမဲ့...
07/08/2026

တရားအကြာကြီး ထိုင်ရမှာ ပျင်းလို့ပဲဖြစ်ဖြစ်၊ စိတ်တွေအရမ်းရှုပ်လို့ ထိုင်ရခက်နေရင်ပဲဖြစ်ဖြစ် ခုမှ စတရားထိုင်ကြည့်ချင်ပေမဲ့ ဘယ်လိုထိုင်ရမလဲမသိဘူးဆိုတဲ့သူတွေအတွက် အသက်ရှုလေ့ကျင့်ခြင်းက အကောင်းဆုံးဆိုတာကို မျှဝေပေးချင်ပါတယ်။
ဝင်လေထွက်လေပဲ မှတ်ခိုင်းတဲ့ အခါ ဘယ်လိုမှ အာရုံမစိုက်နိုင်ပါဘူး၊ ဒါဖြစ်ပါတယ်။
ငြိမ်ငြိမ်လေးလှဲပြီး နားထောင်ရုံနဲ့ Deep Relaxation (နက်ရှိုင်းတဲ့အနားယူခြင်း) ကို ရရှိမဲ့ Yoga Nidra session နဲ့ စိတ်တည်ငြိမ်ဖို့အတွက် စနစ်တကျ လေ့ကျင့်ရတဲ့ Anulom Vilom pranayama အသက်ရှုနည်းကို Sharing လုပ်ပေးချင်ပါတယ်။

Every Saturday- 8 - 8:30 pm
Platform- Zoom
Date : start from 8.8.2026

စိတ်ဝင်စားတဲ့သူများက comment မှာ သို့မဟုတ် cb မှာ “meditation for relaxation “ လို့ ရေးပို့ပေးပါ။
အသေးစိတ်ကို message ကနေတဆင့် ပြန်ပို့ပေးပါမယ်ရှင့်

HariOmm 🙏

Yin Yoga ဆိုတာ ခန္ဓာကိုယ်ကို ဆွဲဆန့်ရုံstretchingသက်သက် မဟုတ်ပါဘူး။Yin Yoga ဆိုတာ လှုပ်ရှားမှုမြန်မြန်နဲ့ pose တစ်ခုကနေတ...
07/08/2026

Yin Yoga ဆိုတာ ခန္ဓာကိုယ်ကို ဆွဲဆန့်
ရုံstretchingသက်သက် မဟုတ်ပါဘူး။

Yin Yoga ဆိုတာ လှုပ်ရှားမှုမြန်မြန်နဲ့ pose တစ်ခုကနေတစ်ခုကို ဆက်တိုက်ပြောင်းသွားတဲ့ Yoga ပုံစံမျိုးမဟုတ်ဘဲ ဖြည်းဖြည်း၊ ငြိမ်ငြိမ်နဲ့ pose တစ်ခုကို အချိန်ကြာကြာနေပြီး ခန္ဓာကိုယ်နဲ့ အသက်ရှူမှုကို သတိထားလေ့ကျင့်တဲ့ Yoga practice တစ်မျိုးဖြစ်ပါတယ်။

Yin Yoga မှာ ကြွက်သားတွေကိုပဲ အဓိကထားပြီး stretch လုပ်တာမဟုတ်ဘဲ ခန္ဓာကိုယ်ရဲ့ connective tissues (fascia, ligaments နဲ့ joint capsules )တွေ လှုပ်ရှားနိုင်မှုကို ထောက်ပံ့ပေးပါတယ်။

ဒါ့အပြင် pose တစ်ခုထဲမှာ မိနစ်အနည်းငယ် ငြိမ်ငြိမ်နေရတဲ့အတွက် ကိုယ့်ရဲ့ အသက်ရှူပုံ၊ ခန္ဓာကိုယ်အတွင်းက sensation တွေ၊ စိတ်ထဲမှာဖြစ်ပေါ်နေတဲ့ အတွေးနဲ့ခံစားချက်တွေကို သတိထားလေ့လာနိုင်ပါတယ်။

ဒါကြောင့် Yin Yoga ဟာ ခန္ဓာကိုယ်အတွက်သာမက စိတ်ကိုလည်း အနားပေးပြီး mindfulness နဲ့ self-awareness တိုးတက်စေတဲ့ practice တစ်ခုဖြစ်ပါတယ်။

🌱 Yin Yoga လေ့ကျင့်ခြင်းဖြင့်

• Joint mobility နဲ့ range of motion ကို ထောက်ပံ့ပေးနိုင်ခြင်း
• Flexibility တိုးတက်စေရန်အထောက်အကူပြုခြင်း
• ခန္ဓာကိုယ်အတွင်းရှိ muscle tension ကို လျော့ချနိုင်ခြင်း
• Fascia နဲ့ အခြား connective tissues တွေကို လှုံ့ဆော်ပေးခြင်း
• အသက်ရှူမှုကို ဖြည်းဖြည်းနဲ့ သတိထားလေ့ကျင့်နိုင်ခြင်း
• Body awareness နဲ့ mindfulness တိုးတက်စေခြင်း
• ငြိမ်ငြိမ်နေနိုင်ခြင်း၊ သည်းခံနိုင်ခြင်းနဲ့ self-awareness တိုးတက်စေခြင်း

ငြိမ်သက်ခြင်းထဲမှာ ခန္ဓာကိုယ်ကို နားထောင်ပါ။
အသက်ရှူမှုနဲ့အတူ ကိုယ့်ကိုယ်ကို ပြန်လည်တွေ့ဆုံပါ။ 🧘‍♀️

ที่อยู่

Bangkok
10260

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yoga_ယောဂผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์