Mya Myint Mo Pharmacy

Mya Myint Mo Pharmacy ဗဟုသုတ မျှဝေယုံသက်သက်သာ✍️

ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်မယ့် လက္ခဏာ (၇) ရပ်(၁) ဆီးသွားနည်းတာနဲ့ ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာဟ...
22/10/2023

ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း
သိနိုင်မယ့် လက္ခဏာ (၇) ရပ်

(၁) ဆီးသွားနည်းတာနဲ့ ဆီးသွားတဲ့အခါ မခံမရပ်နိုင်အောင် နာကျင်တာဟာ ကျောက်ကပ်မှာ ကျောက်တည်နေကြောင်း သိနိုင်တဲ့ လက္ခဏာတရပ်ပဲဖြစ်ပါတယ်။ ဆီးလမ်းကြောင်းထဲကို ပိုးဝင်တဲ့အခါမှာလည်း ဖော်ပြထားတဲ့ လက္ခဏာမျိုးကို ခံစားရနိုင်ပါတယ်။

(၂) ခါးနာခြင်းဟာ ရိုးရိုးသာမန်ကျန်းမာရေးပြဿနာတခုလို့ ပြောလို့ရပေမယ့် မကြာခဏ ဆိုသလို ခါးနာကျင်မှု ဖြစ်နေပြီ ဆိုရင်တော့ ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

(၃) ကျောက်ကပ်မှာ ကျောက်တည်နေတဲ့အခါ ဆီးအရောင်ဟာ ပုံမှန်ထက်ပိုရင့်ပြီး လိမ္မော်ရောင်ဘက် သမ်းနေတတ် ပါတယ်။ ဆီးအနံ့ဟာ သာမန်ထက်ပိုပြီး ဆိုးဆိုးဝါးဝါး အနံ့မျိုး ဖြစ်နေတဲ့အခါမှာလည်း ကျောက်ကပ်မှာ ကျောက်တည်ခြင်း ကြောင့် ဖြစ်နိုင်ပါသေးတယ်။

(၄) ဆီးထဲမှာ သွေးတစွန်းတစပါလာပြီဆိုရင်တော့ ဒါဟာ ကျောက်ကပ်မှာ ကျောက်တည်တာကြောင့်လည်း ဖြစ်နိုင်သလို ကျောက်ကပ်နဲ့ဆိုင်တဲ့ ကျန်းမာရေးပြဿနာ တခုခုလည်း ဖြစ်နိုင်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့် ပါတယ်။

(၅) ဝမ်းဗိုက်နဲ့ ခါးအောက်ပိုင်းတွေ မကြာခဏဆိုသလို နာကျင်နေတာဟာလည်း ကျောက်ကပ်တွင်း ကျောက်တည်ခြင်းရဲ့ လက္ခဏာတရပ်ဖြစ်ပါတယ်။

(၆) ကျောက်ကပ်တွင်း ကျောက်တည်ခြင်းကြောင့် ခန္ဓာကိုယ်တွင်းက အညစ်အကြေးတွေကို မဖယ်ရှားပေးနိုင်တဲ့အခါ မအီမသာဖြစ်ပြီး ပျို့အန်ခြင်းတွေကိုလည်း ခံစားရနိုင်ပါတယ်။

(၇) ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေ ရောင်ရမ်းခြင်းဟာလည်း ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်တဲ့အခါ ပြလေ့ရှိတဲ့ လက္ခဏာတရပ်ဖြစ်တာကြောင့် မပေါ့ဆသင့်ပါဘူး။

အောက်ဖော်ပြပါဆေးသည်......ဖြစ်သည်။A.ဆီးချိုကျဆေးB.သွေးတိုးကျဆေးC.ဂေါက်ဆေးအဖြေမှန်တဲ့သူOoredoo1000😍
23/08/2023

အောက်ဖော်ပြပါဆေးသည်......ဖြစ်သည်။

A.ဆီးချိုကျဆေး
B.သွေးတိုးကျဆေး
C.ဂေါက်ဆေး
အဖြေမှန်တဲ့သူOoredoo1000😍

အောက်ဖော်ပြပါဆေးသည်........ဖြစ်သည်။A.အသည်းအဆီဖုံးဆေးB.သွေးတွင်းအဆီကျဆေးC.ဆီးချိုကျဆေးအဖြေမှန်တဲ့သူ Ooredoo1000😍
23/08/2023

အောက်ဖော်ပြပါဆေးသည်........ဖြစ်သည်။

A.အသည်းအဆီဖုံးဆေး
B.သွေးတွင်းအဆီကျဆေး
C.ဆီးချိုကျဆေး
အဖြေမှန်တဲ့သူ Ooredoo1000😍

ဒီနေ့ အရမ်းပင်ပန်းပြီး အရမ်းအိပ်ချင်နေလို့ မြန်မြန်ပြီးအောင် ဒီလိုလေးဘဲ တင်ပေးလိုက်တယ်နော်😴ထည့်ရတဲ့သူ စာလေးချန်ခဲ့ပေးပြီ...
21/08/2023

ဒီနေ့ အရမ်းပင်ပန်းပြီး အရမ်းအိပ်ချင်နေလို့ မြန်မြန်ပြီးအောင် ဒီလိုလေးဘဲ တင်ပေးလိုက်တယ်နော်😴
ထည့်ရတဲ့သူ စာလေးချန်ခဲ့ပေးပြီး like&Shareလေး လုပ်ပေးခဲ့ပါအုံးနော်😍

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เบอร์โทรศัพท์

+959254205090

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Mya Myint Mo Pharmacyผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์