16/10/2022
အမျိုးသားများ အသက် ၅၀ ကျော်လျှင် စစ်ဆေးသင့်သော ကျန်းမာရေးရာ စစ်ဆေးစမ်းသပ်မှုများ
အမျိုးသားတွေ အသက် ၅၀ ကျော်လာတဲ့အခါ ကိုယ်ခန္ဓာမှာ ဘာတွေဖြစ်နေပြီလဲ၊ ဘယ်လောက်ထိ ယိုယွင်းနေပြီလဲ၊ ဘာတွေလိုအပ်နေလဲ၊ ဘာရောဂါတွေ ဝင်နေပြီလဲ သိဖို့ အနည်းဆုံး တစ်နှစ် တစ်ကြိန်တော့ ကျန်မာရေးစစ်ဆေးမှုတွေ လုပ်သင့်ပါတယ်။ ဘာတွေ စစ်ဆေးသင့်တယ်ဆိုတာတွေကို ဖော်ပြပေးပါမယ်။
အထွေထွေ စစ်ဆေးခြင်း (General Physical Examination)
ဒါကတော့ ဆရာဝန်နဲ့ ကနဦးပြသပြီး သွေးပေါင်တိုင်းမယ်။ အဖျားတိုင်းမယ်။ ကိုယ်အလေးချိန်တိုင်းမယ်။ အရပ်တိုင်းမယ်။ အသက်ရှူနှုန်း၊ သွေးခုန်နှုန်း စသည်ဖြင့် စစ်ဆေးတာပါ။ သွေးတိုးရောဂါ ရှိမရှိ၊ Body Mass Index (BMI) သိရှိနိုင်ပါမယ်။ ဆေးရုံ၊ ဆေးခန်းကိုလာချိန်မှာ အဖျားရှိမရှိကအစ သိနိုင်ပါမယ်။ ဒါအပြင် ဆရာဝန်က လူနာရဲ့ ပုံမှန်မဟုတ်တဲ့ အနေအထားတွေကိုလဲ သိရှိနိုင်ပါတယ်။ (ဥပမာ အရိုးအဆစ်တွေ ပုံမှန်မဟူတ်တာ၊ ခွဲစိတ်ထားတာတွေ ရှိနေတာ၊ မျက်နှာပုံစံမမှန်တာ စသည်ဖြင့်)
EYE Examination
မျက်လုံး စစ်ဆေးခြင်းကိုလဲ အသက်၅၀ ကျော်ရင် ပြုလုပ်သင့်ပါတယ်။ အနီး/အဝေး၊ စလင်ဒါ အပြင်၊ တိမ်ရှိနေခြင်း ရှိမရှိ၊ Colour ပျက်ယွင်းခြင်း စတာတွေကို စစ်ဆေးနိုင်ပါတယ်။
ECG and Stress ECG (EKG& Stress Test)
နှလုံးရဲ့အခြေအနေကို သိရှိဖို့ ဖြစ်ပါတယ်။
Ultrasound
အစာအိမ်၊ အူလမ်းကြောင်း၊ ကျောက်ကပ်၊ ဆီးအိမ်၊ အသည်း၊ သရက်ရွက်၊ ဘေလုံး၊ သည်းခြေ စသည်ဖြင့် ကိုယ်တွင်းအင်္ဂါတွေရဲ့အနေအထားကို အကြမ်းဖျင်း သိနိုင်ပါမယ်။
X ray (Chest X ray)
ရင်ဘတ်ဓာတ်မှန် ကိုရိုက်ကြည့်ခြင်းကြောင့် အဆုတ်၊ လေပြွန်၊ နှလုံး စသည်တို့ကို ကြည့်ရှုသိရှိနိုင်ပါတယ်။
Ankle Brachial Index
ဒီစမ်းသပ်မှုကတော့ သွေးကြောတွေရဲ့ အနေအထားကို သိရှိနိုင်ပါတယ်။
သွေးစစ်ဆေးစမ်းသပ်မှုများ
သွေးစစ်သင့်တာတွေကတော့ ပုံမှန်အားဖြင့်
Blood for CP (သွေးနီဥ၊ သွေးဖြူဥများ၏အခြေအနေများကို သိရန်)
Fasting Blood Sugar Level and HbA1c (သွေးတွင်းသကြားပမာဏ - သွေးချို၊ ဆီးချိုအတွက် အရေးကြီးသည်)
Lipid Profile (သွေးတွင်းအဆီကိုစစ်ဆေးရန်)
Liver Function Test (အသည်းအခြေအနေကို သိရှိရန်)
Alkaline Phosphatase (အသည်းနှင့် အရိုးအခြေအနေ)
serum creatinine (ကျောက်ကပ်အခြေအနေ)
BUN (ကျောက်ကပ်အခြေအနေ)
Uric Acid (ကျောက်ကပ်၊ အဆစ်အမြစ်နှင့် နှလုံး)
Thyroid Functiin test (သိုင်းရွိုက်အခြေအနေ)
Alpha Fetoprotein (အချို့သောကင်ဆာများအား သိရှိရန်)
CEA (ကင်ဆာအတွက်)
PSA (ဆီးကျိတ်အတွက်)
Vitamin D (အရိုးအတွက်)
အခြား စစ်ဆေးမှုအနေနဲ့
Urine RE, Stool REတို့ကိုလဲ စမ်းသပ်စစ်ဆေးသင့်ပါတယ်။
အမျိုးသား အားနည်းခြင်းအတွက်လဲ Testrosterone level ကို စမ်းသပ်စစ်ဆေးသင့်ပါသေးတယ်။
ဒါတွေ သိထားခြင်းအားဖြင့် မိမိမှာ ဘာရောဂါဝင်နေတယ်၊ ဘာတွေ အားဖြည့်ဖို့လိုအပ်တယ်၊ ဘာတွေကုသရမယ် စသည်ဖြင့် သိနိုင်ပါတယ်။
ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ရင်း ဆေးစစ်စမ်းသပ်မှုများ ပြုလုပ်ချင်သူတွေအတွက် ဆေးရုံ package များကိုလဲ Bookingလုပ်ပေးနေပါတယ်။ ဆေးရုံစမ်းသပ်တဲ့နေ့မှာလဲ လူနာရဲ့ professional attendant အဖြစ် လိုက်ပါပေးပါတယ်။ (စကားပြန်မဟုတ်ပါ၊ အကြံပေးဆရာဝန်အနေနဲ့ လိုက်ပါပေးပြီး မိသားစုဆရာဝန်အဖြစ် တိုင်ပင်အကြံပေးတာပါ)
Bangkok မြို့တွင်း ကျန်းမာရေးကိစ္စများ ဆွေးနွေးတိုင်ပင်ကုသမှု ခံယူလိုလျှင်လဲ အိမ်အရောက် ကျန်းမာရေးဝန်ဆောင်မှု ပေးပါတယ်။
Bangkokမှ မြန်မာသို့ ဆေးဝါးပစ္စည်းများလဲ ဝယ်ယူပို့ဆောင်ပေးပါတယ်။
Bangkok မြို့အတွင်း အလှအပဆိုင်ရာ ဆွေးနွေကုသမှုများ ခံယူလိုပါကလဲ အလှအပအထူးကု အမျိုးသမီးဆရာဝန်မှ တိုင်ပင် ကုသပေးပါတယ်။ (PRP, Botox, Whitening Drip, Filler, Threads, Breast, Hip, Private Treatment, Eyebrow Tattoo, Lip colouring, etc)
Dr. Nay (GP)