05/10/2026
ရာသီပူချိန် သွေးတိုးရှိသူတွေ ရေချိုးသတိ
**************************************
သွေးတိုးရောဂါ ရှိသူများနဲ့ ရေချိုးခြင်း အတွက်ကျန်းမာရေးအတွက်အရေးကြီးအချက်တွေမျှဝေပေးလိုက်ပါတယ်
သွေးတိုးရောဂါ ရှိသူများအနေနဲ့ ရေအေးအေးနဲ့ ရေချိုးခြင်းကို အတတ်နိုင်ဆုံး ရှောင်သင့်သည်။
ရေအေးနဲ့ရေချိုးလိုက်ပါက ခန္ဓာကိုယ်အရေပြားအောင်ရှိ သွေးကြောငယ်လေးများ ရုတ်တရတ်
ကျုံပြီး ကျဉ်းသွားသဖြင့် ခန္ဓာကိုယ်အတွင်းပိုင်း သွေးပေါင်ချိန် တက်လာပါတယ်
အထူးသဖြင့် ဦးနှောက်သို့သွားသော
သွေးကြောများအတွင်း သွေးပေါင်ချိန်
ရုတ်တရတ်တက်သွားပါက
သွေးကြောပေါက်ကာ အသက်ဆုံးနိုင်ပါတယ်
ထို့ကြောင့် သွေးတိုးသမားများ
ရေချိုးလျှင် ရေနွေးနဲ့သာ ချိုးသင့်ပါတယ်
ရေနွေးနဲ့ ချိုးလိုက်လျှင်
အရေပြားအောက်ရှိသွေးကြောများသည် -
အပူရှိန်ကြောင့် ကျယ်ကုန်ကာ
သွေးပေါင်ချိန်ကို ကျဆင်းစေသည့်အပြင်
သွေးလှည့်ပတ်မူလည်း
ပိုကောင်းစေပါတယ်
လေဖြတ်ရန် အလားအလာလည်း မရှိတော့ပါ
အလားတူပင် နေပူထဲမှ ပြန်လာပြီးစတွင် ရေအေးဖြင့်ရေချိုးခြင်း မြစ်ခေါင်းအင်းအိုင်ထဲ၌
ရေချိုးခြင်းတို့ကို ရှောင်ကျဉ်ရပါမယ်
နေပူထဲမှ ပြန်ရောက်ရောက်ခြင်း အိမ်ထဲသို့ဝင်လျှင် လေအေးပေးစက် ဖွင့်ထားသော အခန်း
အတွင်း သို့ ချက်ခြင်းမဝင်ပဲ ရိုးရိုးအခန်း၌ ၁၅ မိနစ်ခန့် နားနေပြီး ခန္ဓာကိုယ်အပူချိန် ကျဆင်း
သွားမှ တနည်းအားဖြင့် ချွေးတိတ်သွားမှသာ လေအေးပေးစက်ဖွင့် ထားသော အခန်းသို့ဝင်ခြင်း
ရေချိုးခြင်းတို့ ပြုလုပ်သင့်ပါတယ်
ခန္ဓာကိုယ်အပူချိန် ရုတ်တရတ်ကွာခြားမူများလျှင် သွေးတိုးရောဂါရှိသူများ
ဒုက္ခရောက်တတ်ကြောင်း သိစေလိုပါသည် ။
အခြားသူများလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
အားလုံးဘဲကျန်းမာပျော်ရွှင်ကြပါစေ၊၊
#လေးစားစွာဖြင့်မူရင်ရေးသားသူအား
ေးပါသည်
#ကျန်းမာရေးဗဟုသုများ
#ဒေါက်တာခင်မောင်လွင် ( FAME )