01/09/2026
အရွယ်တစ်ခုရလာတဲ့အခါ
လိုချင်တပ်မက်မှုထက်မှု နည်းပါးလာပြီး
စွန့်လွှတ် အနစ်နာခံ ဖြည့်ဆည်းပေးချင်လာတယ်
ဘယ်သူ့ကိုမှ ထိခိုက်နစ်နာလိုစိတ် မရှိတာရယ်
ဘယ်သူ့ဆီကနေနေ ဘယ်အရာကိုမှ
မခြူခဲ့ဖူးတာရယ် ပြီးတော့
ဘယ်သူ့ကိုမှ မေတ္တာစေတနာ မပျက်တာရယ်
ဒီလောက်ရှိရင်ပဲ ဘဝက အေးချမ်းနေပါပြီ
ခနလာတဲ့ သူကိုလည်း ဧည့်ဝတ်ကြေသလို
ထာဝရရှိသူကိုလည်း စောင့်ရှောက်တယ်
ဘဝမှာ ကိုယ့်ကြောင့် သူတပါး မပွန်းပဲ့သွားစေဖို့
လေးလေးနက်နက် ဂရုပြုပါတယ်
ပန်းကလေးကို ချစ်ပေမဲ့
မခူးရက်တဲ့ ချစ်ခြင်း မေတ္တာတွေနဲ့
ချစ်ရသူကိုလည်း ယုယပါတယ်
ညဏ်များပြီး ချန်သွားတဲ့ သူတွေကိုလည်း
ခွင့်လွှတ်တယ်
မာယာမများတတ်သလို
ရန်ထောင်စကားလည်း မပြောတတ်ဘူး
မခယတတ်တဲ့ မာနနဲ့
လူအားလုံးကို လွတ်လပ်ခွင့်ပေးတယ်
တစ်ယောက်ယောက်ရဲ့
မင်းလိုလူမျိုး မင်းပြန်ရရင် ယူမှာလားဆိုတဲ့
မေးခွန်းကို
ပြုံးပြုံးလေးနဲ့ "အင်း"လိုပဲ ပြန်ဖြေချင်ပါတယ်
#လွင်မှူးအိမ်