Yey O Sin ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Yey O Sin, เว็บไซต์สุขภาพและความเป็นอยู่, Chiang Mai.

Yey O Sin (ရေအိုးစင်) is a space to support healing, self-awareness, and emotional wellbeing by deepening understanding of the mind–body connection to cultivate resilience, compassion, and inner peace for the people in Myanmar.

17/04/2026
16/04/2026

🌹Dr. Gabor Maté ဟာ လူတွေရဲ့အစောပိုင်းငယ်ဘဝဖြတ်သန်းမှုတွေကနေ ဘဝတသက်တာအပေါ်သက်ရောက်မှုရှိပုံတွေကို အဓိကထား ဆွေးနွေးတတ်တဲ့ ဆရာတဦးပါ
🌷ဒီ Video ထဲမှာတော့ ကလေးရော လူကြီးမှာပါ အရေးကြီးတဲ့ Authencity နဲ့ Attachment တို့ရဲ့ အခန်းကဏ္ဍကို ဆွေးနွေးထားပါတယ်

🌿 “ပုံမှန်” ဆိုတဲ့ဘဝရှင်သန်မှုတွေရဲ့ နောက်ကွယ် 🌿(Inspired by The Myth of Normal 📔by Dr. Gabor Maté)တခါတလေ ပြဿနာက ကိုယ်တွ...
04/04/2026

🌿 “ပုံမှန်” ဆိုတဲ့ဘဝရှင်သန်မှုတွေရဲ့ နောက်ကွယ် 🌿
(Inspired by The Myth of Normal 📔by Dr. Gabor Maté)

တခါတလေ ပြဿနာက ကိုယ်တွေမဟုတ်ဘဲ ကိုယ်မှီတည်နေရတဲ့ ကမ္ဘာကြီးဖြစ်နေနိုင်တယ်လို့ စဥ်းစားကြည့်ဖူးပါသလား...

အခုခေတ် လူ့ဘောင်အသိုင်းအဝိုင်းမှာ စိတ်ဖိစီးမှုတွေ ပူပင်သောကတွေ အထီးကျန်ဆန်မှုတွေနဲ့ စိတ်ဝေဒနာတွေဟာ သိပ်ကိုသာမန်ဖြစ်လွန်းနေလို့ ဒီအခြေနေကို လူတွေက Normal - ပုံမှန်အခြေနေတခုလို့ပဲ သတ်မှတ်လာကြတယ်။ ဒါပေမယ့် Trauma Expert တဦးဖြစ်တဲ့ Dr. Gabor Mate ကတော့ ဒီပုံမှန်ဆိုတဲ့အခြေနေဆိုတဲ့ အခုလက်ရှိအနေထားဟာ တကယ်တမ်းကျတော့ အလွန်ကို ကျန်းမာရေးနဲ့ ညီညွတ်မှုမရှိတဲ့ Healthy မဖြစ်တဲ့ အနေအထားလို့ဆိုပါတယ်။

လူတွေက ခေတ်သစ်လူ့ဘောင်အသိုင်းအဝိုင်းကပုံသွင်းလာတဲ့အတိုင်း ငါသန်မာနေရမယ် ငါအမြဲတိုးတက်နေရမယ် ငါအောင်ကိုအောင်မြင်ရမယ်ဆိုတဲ့ဆန္ဒတွေနဲ့ ကြိုးစားရှင်သန်လာကြရင်း ကိုယ့်ရင်ထဲက အမှန်တကယ်ဖြစ်တည်နေတဲ့ စိတ်ခံစားမှုအစစ်အမှန်တွေကို လျစ်လျူရှု စတေးလိုက်ကြရတယ်။ တော်တော်များများဟာ ငယ်စဥ်ကစလို့ ကိုယ့်ကို ပါတ်ဝန်းကျင်လက်ခံဖို့၊ ကိုယ်နေထိုင်တဲ့ အသိုင်းအဝိုင်းထဲဝင်ဆံ့ဖို့ ဒါမှမဟုတ် အသိုင်းအဝိုင်းထဲမှာ ရှင်သန်နိုင်ဖို့အတွက်နဲ့ ကိုယ့်ဆန္ဒအစစ်အမှန်တွေ ကိုယ့်ရင်ထဲက စကားသံတွေဆီကနေ မျက်နှာလွှဲပစ်လိုက်ကြရင်း ကိုယ့်ကိုယ်ကိုနဲ့ အဆက်အသွယ်ဖြတ်တောက်ပစ်လိုက်မိကြတယ်။

တကယ်တော့ ဒီအခြေနေက လူတွေအတွက် စိတ်ဒါဏ်ရာ (Trauma) ရဖို့အကြောင်းတွေ ဖြစ်လာခဲ့ကြတယ်...

စိတ်ဒါဏ်ရာဆိုတာ စစ်ပွဲတွေ အကြမ်းဖက်ခံရတာတွေ ဒါမှမဟုတ် လောကဓံဆိုးဆိုးတွေကြုံရမှတင် မဟုတ်ဘဲ ရင်ထဲက တိတ်တဆိတ် ကြေကွဲနေရတဲ့အရာတွေကြောင့်လည်းဖြစ်နိုင်တယ်။ ကလေးလေးတယောက်ရဲ့ သူ့ကိုဘယ်သူမှနားမလည်ကြဘူးဆိုတဲ့ခံစားချက်မျိုး သူ့ရဲ့ခံစားချက်တွေက အရေးမကြီးဘူးလို့သတ်မှတ်ခံရတာမျိုး ဒါမှမဟုတ် လိုအပ်တဲ့စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုမရတာမျိုးတွေက အသေးအမွှားလေးတွေလို့ထင်ရနိုင်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အဲ့စိတ်တွေကနေ ကိုယ်ကဒီလိုလူတယောက် ကိုယ့်ပါတ်ဝန်းကျင်က ဒီလိုပုံစံပဲဆိုပြီး တွေးယူပုံဖော်လိုက်ကြတယ်။ ဒါတွေက ဘဝတလျှောက်လုံးအပေါ်သက်ရောက်မှုရှိတယ်။

ဒါကြောင့်မို့ Trauma ဆိုတာ အခုမှပေါ်လာတဲ့ ရှားပါးအရာတခုတော့မဟုတ်ပါဘူး။ လူတိုင်းနီးပါးနဲ့ တစိတ်တပိုင်းတော့ ရင်းနှီးပြီးသားပဲဖြစ်တယ်။ လူတွေက ဒီဒါဏ်ရာတွေကို ခန္ဓာကိုယ်ထဲမှာ ထမ်းပိုးထားလေ့ရှိကြတယ်။ စိတ်ဖိစီးမှုတွေအဖြစ် ဒေါသအဖြစ် ဝမ်းနည်းမှုအဖြစ် တခါတလေဆို ရောဂါအဖြစ်တောင် ပေါ်လာတတ်တယ်။

အခု ကိုယ့်ကိုကိုယ် အသုံးမကျဘူးလို့မပြစ်တင်မိနေတဲ့အခြေနေတွေတော်တော်များများဟာ တကယ်တော့ ကိုယ့်စိတ်က ကိုယ်ရှင်သန်ဖို့ရေးအတွက် သူသိသလောက် စွမ်းသလောက်ကြိုးစားခဲ့တဲ့အခြေနေတွေပါပဲ။ ဥပမာ - အမြဲတမ်းသူတပါး စိတ်ကျေနပ်အောင် အလိုက်အထိုက်နေပေးလေ့ရှိတာဟာ သူတို့နဲ့အတူရှင်သန်နေရတာ စိတ်လုံခြုံမှုရှိတယ်လို့ ခံစားလိုတဲ့ စိတ်ကြောင့်ဖြစ်နိုင်တယ်။ စိတ်ခံစားမှုတွေကိုမခံစားတတ်တော့သလို ထုံနေသလိုဖြစ်နေရတာဟာ နာကျင်တဲ့ခံစားချက်တွေကို ရှောင်လွှဲလိုတဲ့စိတ်ကြောင့်ဖြစ်နိုင်တယ်။ တခါတလေ burnout ဖြစ်ကြတယ်ဆိုတာမျိုးကလည်း ကိုယ်ဟာ လက်လှမ်းမမီနိုင်အောင်ခက်ခဲတဲ့စံနှုန်းတွေကြား ရုန်းကန်နေရတယ်ဆိုတာ အသိပေးလိုတဲ့စိတ်လည်းဖြစ်နိုင်တယ်။

ဒါတွေက အသုံးမကျမှုတွေ အားနည်းချက်တွေမဟုတ်ပါဘူး။

ဒါတွေက စိတ်ရဲ့သဘာဝ ရှင်သန်ဖို့ကြိုးစားနေတဲ့ သက်သေတွေပါ။

ဒါပေမယ့် ရှင်သန်နေရခြင်းဆိုတာနဲ့ လောကမှာ အမှန်တကယ် စိတ်လိုလက်ရ နေထိုင်နေရခြင်းက မတူပါဘူး။

လူတွေက ကိုယ့်မှာရှိတဲ့ ဒီ (pattern) အမူအကျင့်တွေကြောင့် ကိုယ့်ကိုကိုယ် အပြစ်တင်လေ့ရှိကြတယ်။ ဒါပေမယ့် ဒီအမူအကျင့်တွေကိုယ့်မှာ ဖြစ်တည်လာစေတဲ့ အခြေနေတွေ အကြောင်းတရားတွေရှိနေတယ်ဆိုတာ မြင်နိုင်ဖို့လိုပါတယ်။ အပြင်ပမ်းတိုးတက်မှုတွေကို ကိုယ့်အတွင်းပိုင်းဖြစ်တည်မှုထက် ဦးစားပေးတာ တည်တည်ငြိမ်ငြိမ်ရှိနေတာထက် တခုခုတိုးတက်နေတာမျိုးကိုပဲ ဦးစားပေးတာ အောင်မြင်မှုဆိုတာမျိုးကို ကိုယ့်ရင်ထဲက တကယ်ဖြစ်ချင်တဲ့ဆန္ဒတွေထက် ဦးစားပေးလာတာတွေက ဒီ pattern တွေဖြစ်လာစေတာပါပဲ။

ဒါကို Toxic Culture (အဆိပ်သင့် ယဥ်ကျေးမှု) လို့ Gabor ကဆိုပါတယ်။

အဆိပ်သင့် ယဉ်ကျေးမှုဆိုတာ လူတွေကို ကိုယ့်စိတ်ရင်းမှန်နဲ့ အဆက်သွယ်ပြတ်တောက်စေတဲ့အခြေနေတခုပါ။ အဲ့ဒီ culture က လူတွေကို စိတ်ရင်းမှန်ဆီကဝေးကွာလာစေတယ် နောက်ကိုယ်ချစ်ရတဲ့သူတွေနဲ့ ဝေးကွာလာစေတယ် နောက်ဆုံးမှာတော့ ဘဝရဲ့ အဓိပ္ပါယ်ဆိုတာကနေပါ ဝေးကွာလာစေတော့တယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီဝေးကွာမှုတွေက အလွယ်တကူ စိတ်ဖိစီးမှု အထီးကျန်မှုတွေကို ဖြစ်လာစေတယ်။ အဲဒီကနေ စိတ်ပိုင်းဆိုင်ရာရော ရုပ်ခန္ဓာမှာပါ မကျန်းမာတာတွေဖြစ်လာစေတယ်။

ကဲ ဒါဆို ဒီအခြေနေကနေ ဘယ်လိုရုန်းထွက်ကြမလဲ။

ပထမဆုံးအဆင့်ကတော့ သတိပြုခြင်းကနေစရမှာပဲ။ ပြဿနာက ကိုယ်တယောက်တည်းကြောင့်တော့မဟုတ်ဘူး ကိုယ်ဒီလိုဖြစ်လာစေဖို့ အခြေနေ အကြောင်းအရာတွေအများကြီးရှိခဲ့တယ် ရှိနေတယ်ဆိုတာအရင်မြင်ဖို့ သတိပြုမိဖို့ပါပဲ။ အဲလိုသတိပြုမိလာမှသာ ကိုယ့်ကိုကိုယ် အပြစ်တင်နေရာကနေ နားလည်ပေးနိုင် ကရုဏာထားနိုင်မှာဖြစ်တယ်။

နောက်အဆင့်ကတော့ ကုစားခြင်း (Healing)ပါ။

ကုစားခြင်း (Healing) ဆိုတာကတော့ ကိုယ့်ကိုကိုယ်ရဲ့ အစစ်အမှန်ဆန္ဒတွေနဲ့ ပြန်လည်ချိတ်ဆက်တာပါ။ တချိန်က ဖိနှိပ်မျိုချခဲ့ရတဲ့ ဟိုးရင်ထဲက ခံစားချက်တွေကို ပြန်ခံစားဖို့ ကိုယ့်ကိုကိုယ်ခွင့်ပြုရတာပါ။ အပြင်လောက ကိုယ့်ကိုလက်ခံဖို့တည်ဆောက်ထားတဲ့ကိုယ်မဟုတ်ဘဲ ကိုယ့်ရဲ့ တကယ့်သဘာဝစိတ်ရင်းမှန်ကို နားလည် အသိမှတ်ပြု လက်ခံပေးတာပါ။
ပြီးတော့ အရေကြီးတာက ဒီလမ်းစဥ်ကို တယောက်တည်းလျှောက်ရမယ် မဟုတ်ပါဘူး။

စိတ်ချရပြီး တဦးအပေါ်တဦး ကရုဏာတရားထားရှိတဲ့ ဆက်ဆံရေးတွေက လူတွေကို ကုစားပေးတဲ့အဓိကအရာပဲဖြစ်တယ်။ တခြားသူ တယောက်ယောက်က ကိုယ့်ကို အချိန်ယူနားထောင်ပေးတယ် တကယ်နားလည်တယ်ဆိုတဲ့ခံစားချက်ကိုရတဲ့အခါ လူ့ခန္ဓာကိုယ်မှာရှိတဲ့ Nervous System (အာရုံကြောစနစ်)ဟာ တဖြည်းဖြည်း ပြေလျော့လာပြီး စိတ်ချလုံခြုံမှုကို ပြန်ခံစားရတယ်။ အဲဒီစိတ်ချလုံခြုံမှုကနေ တကယ့်အပြောင်းအလဲဖြစ်ဖို့ ဦးတည်လာနိုင်တယ်။

ဒီလမ်းက လွယ်ကူတဲ့လမ်းတော့မဟုတ်ပါဘူး။

ဒါပေမယ့် မျှော်လင့်ချက်ရှိပါတယ်။

ဘာလို့လဲဆိုတော့ လူတွေက ရှင်သန်ဖို့ခက်ခဲခဲ့လို့ မြိုသိပ်ခဲ့ရတာ နာကျင်ခဲ့ရတာတွေ ဘယ်လောက်ပဲများများ ဟိုးစိတ်အတွင်းသဘာဝမှာ စိတ်ချမ်းသာမှု စစ်မှန်မှု ငြိမ်းချမ်းမှုဆိုတာကို လိုလားတောင့်တတဲ့ အစိတ်အပိုင်းတခု အမြဲရှိနေတတ်ကြလို့ပါပဲ။

🌱ဒါကြောင့် တခါတလေ တခုခုချို့ယွင်းနေတာ ကိုယ်မဟုတ်ပါဘူး။

🌱ကိုယ့်ရဲ့ နာကျင်မှုဝေဒနာတွေဟာ သူ့အကျိုးကြောင်းနဲ့သူရှိပါတယ်။

🌱ပြီးတော့ ကိုယ့်ကိုကိုယ် နူးညံ့ကြင်နာစွာဆက်ဆံပေးတာက ကိုယ့်ဒါဏ်ရာတွေကုစားခြင်းစတင်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

အားလုံးစိတ်ရာကိုယ်ပါ အေးချမ်းကြပါစေ။ 🙏🌸

02/04/2026

လူငယ်တွေနဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာအကြောင်း Trauma Expert Dr. Gabor Mate ရဲ့ သုံးသပ်ချက် (နော်ဝေနိုင်ငံ)

ที่อยู่

Chiang Mai
50000

เวลาทำการ

จันทร์ 10:00 - 16:00
อังคาร 10:00 - 16:00
พุธ 10:00 - 16:00
พฤหัสบดี 10:00 - 16:00
ศุกร์ 10:00 - 16:00

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yey O Sinผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์