Eleisha KyawZaw

Eleisha KyawZaw Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Eleisha KyawZaw, Health & Wellness Website, Istanbul.

26/09/2025

ဒီနေ့ အလုပ်နားရက်မို့
အိမ်မှာ ကိုကိုနဲ့
သာသာယာယာလေး
အေးအေးဆေးဆေး
နေမယ်ဆိုပြီး
ဘာမှမလုပ်ဘဲ ဇိမ်ယူမယ်ပေါ့
အကြံကတော့ အဲ့သလို။

ဒါနဲ့ မနက်စာလဲ online ကနေမှာစားတယ် ။
အဆင်ပြေတယ် မဆိုးဘူးပေါ့။
နေ့လည်စာလဲ ပူပူနွေးနွေးလေးစားချင်လို့ online မှာ သေချာရှာပြီး မှာထားတယ်၊
ရောက်တာနဲ့ အပီဆွဲဖို့ပေါ့။

အဲ့ဒီမှာ ရောက်လို့ကြည့်လိုက်တာနဲ့
စိတ်ကသိပ်အဆင်မပြေဘူးရယ်😑
Parcel လေးဖွင့်ပြီး
စားမယ့်ပန်းကန်ထဲထည့်တော့
အနံ့၊ အရသာ ကောင်းမနေဘူး🙂
ပူပူနွေးနွေးဖြစ်နေပေမယ့်
ပါဝင်တဲ့ အသီးအရွက် အသားတွေရဲ့
မလတ်ဆတ်မှု ပြီးရင်
သန့်ရှင်းမှုလဲ မရှိနေဘူး
ထည့်ပေးထားတဲ့ငရုပ်သီးစိမ်းဆိုလဲ
ညှိုးနွမ်းနေရုံမက
သုံးပြီးသား/ပိုးကိုက် လားမသိ
ပါလာတယ်။
ဒါတွေက စားသုံးသူ/ကိုယ့်customerအပေါ်
Respect မရှိသလို
စေတနာ လုံးဝမရှိတာပေါ့နော။
အဲ့ဒီတော့ အရင်ထဲက
ကိုယ်က ဗိုက်နာတတ်တဲ့သူဆိုတော့
ဆက်မစားရဲတော့ဘူးရယ်။
Wasteဖြစ်သွားတော့
အတော်စိတ်မကောင်းဖြစ်ရတယ်။
အဲ့ဒီတော့ ဇိမ်ယူချင်တဲ့ကိုယ်က
စိတ်မချမ်းသာတော့ဘူး။

ှာ မတင်ချင်လို့ ဒီဖက်ရောက်လာတာပါ

ဟိုတလောကကံထူးမအင်ဥနုနုလေးတွေရထားလို့ငရုပ်သီးလေးနဲ့ ပင်စိမ်းလေးနဲ့ အုပ်ချက်လိုက်၊ကန်စွန်းရွက်ပါလေကာနဲ့ အင်ဥများများလေးနဲ့...
20/06/2025

ဟိုတလောက
ကံထူးမအင်ဥနုနုလေးတွေရထားလို့

ငရုပ်သီးလေးနဲ့ ပင်စိမ်းလေးနဲ့ အုပ်ချက်လိုက်၊
ကန်စွန်းရွက်ပါလေကာနဲ့ အင်ဥများများလေးနဲ့ ကြော်ချက်ချက်လိုက်နဲ့
4ခါလောက် ချက်စားပြီး
ကုန်ခါနီးမို့ နားထားရာကနေ

ဒီညနေတော့
မိုးလေးခပ်စိတ်စိတ် ရွာနေလို့
ရာသီစာ ဟင်းလေးနဲ့
ထမင်းမိန်မိန် စားချင်တယ်လို့
‌ယောက်ျားကိုပူစာလိုက်တာ

လက်ကျန်အင်ဥလေးနဲ့
ကန်စွန်းရွက်၊ ဆူးပုပ်လေးတွေနဲ့
ငရုပ်သီးစပ်စပ်လေး
ကြော်ချက်လေးချက်ပြီး
အမဲကြော်ကြွပ်ကြွပ်လေးရယ်
ချဉ်ပေါင်ဟင်းရည်လေးနဲ့
လင်မယားနှစ်ယောက်
ခေါင်းမဖော်တမ်း စားကြတာ
ထမင်းတအိုးလုံးပြောင်ရော😆😆

ကိုကိုချက်ကျွေးတာစားပြီး
အခုတော့ ကိုကို့ရင်ခွင်မှာအိပ်ပြီး
အိမ်မက်လှလှမက်နေပါပြီလို့🤩🤩

17/08/2024


နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်းအိမ်🛖💒🏡🏘️🏠

မနက် မိုးလင်းလို့ 🌞အိပ်ယာနိုးရင်🛌🛌‌ကိုကိုပြင်ပေးတဲ့ 👳👳ထမင်းချိုင့်လေး ဆွဲပြီး🍴🍱🍚အလုပ်သွားတယ်🏪🧑‍🔬🧑‍🔬အလုပ်က ပြန်လာရင်💒🏛️ရေ...
07/07/2024

မနက် မိုးလင်းလို့ 🌞
အိပ်ယာနိုးရင်🛌🛌
‌ကိုကိုပြင်ပေးတဲ့ 👳👳
ထမင်းချိုင့်လေး ဆွဲပြီး🍴🍱🍚
အလုပ်သွားတယ်🏪🧑‍🔬🧑‍🔬

အလုပ်က ပြန်လာရင်💒🏛️
ရေချိုးပြီးတော့🛀🛀
ကိုကို ခူးကျွေးတဲ့ 🥘
ညစာလေး စားပြီးရင်🍝🥛
ကိုကိုနဲ့ ရုပ်ရှင် တူတူကြည့်တယ်🖼️

ပြီးရင် ♥️
ကိုကို့ လက်မောင်းလေးကို💏
ခေါင်းအုံးလုပ်လို့ အိပ်တယ်🧖

#ဘဝရဲ့ချိုမြိန်ခြင်းလေးတွေပေါ့လူတွေရယ်

04/07/2024

ရန်ကုန်မိုးက 😪
အရမ်းသည်းတာပဲ
လူတွေရယ်🥲
ကိုယ့်မှာ
အနွေးဓါတ်တွေပေးမယ်
ကိုကိုရှိနေလို့သာ
တော်ပါသေးရဲ့🤧🤧

02/07/2024


29/06/2024



ကျနော်တို့အားလုံးဟာ ဒီအခြေနေဆိုးကြီးရဲ့ သားကောင်တွေပါ။ ဒါကို သတိရပေးပါ။ ဒီကာလကြီးမှာ စိတ်တွေပိုတိုတတ်လာကြတာကို သတိပြုမိလ...
29/03/2024

ကျနော်တို့အားလုံးဟာ ဒီအခြေနေဆိုးကြီးရဲ့ သားကောင်တွေပါ။ ဒါကို သတိရပေးပါ။ ဒီကာလကြီးမှာ စိတ်တွေပိုတိုတတ်လာကြတာကို သတိပြုမိလိမ့်မယ်။ ဒေါသပိုထွက်လာတတ်တာ၊ ဝမ်းနည်းတာ စိတ်ဓာတ်ကျတာတွေ ပိုဆိုးလာတတ်တာကို သတိပြုမိကြမယ်ထင်ပါတယ်။ ဒါကြောင့် လူတွေနဲ့ ဆက်ဆံရတဲ့အခါ ထိလွယ်ရှလွယ်ဖြစ်နေကြတယ်။ လူတိုင်းခံစားနေကြရတာနော်။ ကျနော်အရင်ကလည်းပြောဖူးတယ်။ အခုအခြေအနေမှာ လူတွေက ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံးလို ဖြစ်နေကြတာ။ နည်းနည်းလေးမီးပွင့်လိုက်တာနဲ့ ပေါက်ကွဲပစ်လိုက်ကြဖို့အသင့်ပဲလေ။

ကျနော်တို့အားလုံးဟာ လှောင်အိမ်ထဲက ကြွက်တွေပါ။ အချင်းချင်း ကိုက်ခဲသတ်ဖြတ်နေလို့လည်း ဒီအခြေအနေက ပိုကောင်းလာစရာမရှိပါဘူး။ ကိုယ့်ကိုယ် ဒေါသအရမ်းထွက်နေပြီလို့ သတိထားမိတဲ့အခါ ဒါလေးကိုသတိရပါ။ အခြေအနေတွေကိုက တအားစိတ်ညစ်စရာကောင်းနေပါပြီ။ ကျနော်တို့အချင်းချင်း ဝေဒနာတွေထပ်မပေးမိအောင် ကြိုးစားကြတာပေါ့ဗျာ။

ဒီနေ့ ဈေးသွားရင်း ထန်းပင်မြစ်တွေ ရောင်းနေတာ တွေ့တာနဲ့ ရာသီစာလေး ဝယ်လာခဲ့တယ်။  ထန်းပင်မြစ်က  ဆောင်းရာသီရဲ့ ရာသီစာလေးပဲလေ။...
27/12/2023

ဒီနေ့ ဈေးသွားရင်း ထန်းပင်မြစ်တွေ ရောင်းနေတာ တွေ့တာနဲ့ ရာသီစာလေး ဝယ်လာခဲ့တယ်။
ထန်းပင်မြစ်က ဆောင်းရာသီရဲ့ ရာသီစာလေးပဲလေ။
ထန်းပင်မြစ် မီးဖုတ်ရင်းနဲ့ အတွေးတွေ နယ်ချဲ့ရင်းပေါ့. .. .
ကျမတို့ ငယ်ငယ် ကလေးဘဝတုန်းက အခုလို နှင်းတွေ လှိုင်လှိုင်ကျတဲ့ ဆောင်းဥတုရဲ့ ညချမ်းချိန်ခါလေးမှာ ထင်းမီဖိုကြီး ဖိုပြီး မိသားစု အားလုံး ကလေးရော လူကြီးပါမကျန် မီးဖိုပတ်ပတ်လည်မှာ ဝိုင်းထိုင်မီးလှုံကြရင်း ထန်းပင်မြစ် မီးဖုတ်သူက ဖုတ်၊ ခေါစီ မီးကင်သူက ကင်ပြီး ရေနွေးကြမ်းအိုးတည်ပြီး စားကြသောက်ကြတာ အရမ်းကို ပျော်စရာအကောင်းဆုံး အချိန်အခါလေးပါပဲ။
ခေါစီထုမယ့် ညဆိုရင် မနက်ကတည်းက အမေက ကောက်ညှင်းဆန်ကို ရေဆေးပြီး စိမ်ထားတယ်။ညနေ ၄:၀၀နာရီလောက်က စပြီးကောက်ညှင်းပေါင်းကြတာ၊ ည၆နာရီခွဲ ၇:၀၀နာရီလောက်ဆို ကောင်ညှင်းကျက်ပါပြီ။ ကောက်ညှင်းကျက်ရင် ‌ခေါစီထုဖို့အတွက် မြေပေါ်မှာ ပီနံအိတ်ကြီး ၂-၃ထပ်လောက်ခံပြီး ပလပ်စတစ် ထပ်‌ပြီးခင်းထားပါတယ်။ အဲ့ဒီပလပ်စတစ်ပေါ်ကို ပဲဆီလေး နှံ့အောင် လူးပြီး အစောကပေါင်းထားတဲ့ ကောက်ညှင်းပေါင်းအိုး ပူပူလေးသွန်ချပြီး အပြိုင်အဆိုင် ထုကြပါတယ်။ပြီးတော့ ထုမယ့် တူကို ‌သန့်စင်‌ေအာင်‌ေရ‌ေဆးပြီး ဆီလေးလူးထားပါတယ်။ကျမ‌တို့က ကလေးဆိုတော့ ခေါစီအရမ်းထုချင်တာ။ မောင်နှမတတွေ အပြိုင်ထုကြတာ၊ တအုန်းအုန်းပါပဲ။
သင့်တင့်တဲ့ အနေအထားရောက်တဲ့အခါ ထုထားတဲ့ ကောက်ညှင်းတွေအားလုံးကို လုံးပြီး ခေါစီ ပြားကြပါတယ်။ ပြီးရင် ခေါစီကို တံစို့နဲ့ ထိုးပြီး မီးသွေးခဲရဲရဲမှာ ကင်စားကြတယ်။ ကလေးတွေက ကင်ထားတဲ့ ခေါစီ ဘယ်ဟာပိုဖောင်းလဲ ပြိုင်ကြသေးတာနော်ရှင့်။
ထန်းပင်မြစ်ကလဲ ဝယ်စရာမလိုဘူးရယ်။ ကိုယ့်တောမှာ ရနေတာ။ ထန်းပင်မြစ်ကို ကိုယ့်စိတ်ကြိုက် အကြီးဆုံး၊အချောဆုံး၊အရင့်ဆံုးတွေ ရွေးပြီး ပြာပူပူမှာ ထိုးထည့်ထားလိုက်ရင် အနံ့လေး သင်းလာရင် ကျက်ပြီပဲ။ စားဖို့ အသင့်။
မီးလှုံကြရင်း လူကြီးမိဘတွေက ရှေးဟောင်း နှောင်းဖြစ်လေးတွေ ပြောပြကြတယ်၊ တခါတလေ ပုံပြင်ပြောပြကြတယ်။
တချို့လသာသာညတွေမှာ လူကြီးတွေက မီးလှုံနေချိန် ကျမတို့ ကလေးတသိုက်က လရောင်အောက်မှာ ပြေးလိုက်လွှားလိုက် ကစားခဲ့ကြတယ်။
စပါးရိတ်သိမ်းတဲ့ ရာသီဖြစ်လို့ တလင်းပြင်မှာ ကောက်လှိုင်းပုံကြီးတွေ ပုံထားတယ်။အဲ့ဒီ‌ေကာက်လှိုင်းပံုကြီးပေါ်မှာ တက်ပြီး ဆော့ကြတယ်၊တခါတလေ ကိုကို၊မမတွေ ပုံပြင်ပြောကြ၊ယုံတမ်းစကားပြောပြခဲ့ကြတာလေးတွေကို ကောင်းကင်က ကြယ်တွေနဲ့ လမင်းကြီးကို ကြည့်ရင်း နားထောင်ခဲ့ဖူးတယ်။ တခါတလေ ကောင်လှိုင်းတွေကို အိမ်လုပ်တမ်း ဆော့ကြသေးတယ်ရှင်။
အဆော့ကောင်းပြီး ရေချိုးရင် အရမ်းစပ်လို့ ငိုခဲ့ဖူးသေးတာပေါ့ရှင့်(ကောက်ရိုးရှတဲ့ ဒဏ်ရာကြောင့်)
။ ဒီလိုနဲ့ တဖြည်းဖြည်း အသက်ကလေး ကြီးလာ၊ အတန်းလေးတွေ ကြီးလာတဲ့အခါ အိမ်နဲ့ ရွာရဲ့ အဝေး မြို့ပြမှာ ပညာသင်ရင်း တဖြည်းဖြည်း မိဘရင်ခွင်နဲ့ ဝေးလာခဲ့ရတော့တယ်။လွမ်းလိုက်တာ မေမေရယ်😪😪
ဟယ် ငါအတွေးတွေ လွန်နေမိတာ😎
ဟာ သွားပါပြီ ငါ့ထန်းပင်မြစ်လေး🥹
အဲ့ဒီလိုနဲ့ ဝယ်လာတဲ့ ထန်းပင်မြစ်ကလေးဟာ
မီးသွေးခဲ ဘဝကို ရောက်ရှိသွားပါတော့တယ်ရှင်😤

Address

Istanbul

Website

Alerts

Be the first to know and let us send you an email when Eleisha KyawZaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Eleisha KyawZaw:

Share