27/05/2026
ငရုတ်သီးမှုန့်ကို ရေနဲ့ဖျော်သောက်တာက တကယ်ကောင်းသလား?
အခုတလော Facebook မှာ "ငရုတ်သီးမှုန့်ရေနဲ့သောက်ပြီး ကျန်းမာရေးကောင်းလာတယ်" ဆိုတဲ့ post တွေ ပျံ့နှံ့နေပါတယ်။ ဝမ်းသွားရတာအားရတယ်၊ အိပ်လို့ကောင်းတယ်၊ ခေါင်းကြည်လင်တယ် စတဲ့ benefit တွေ ပြောကြတယ်။
ဒါပေမယ့် ဆေးပညာရှုထောင့်ကနေ ကြည့်ရင် တကယ်ဖြစ်နေတာတွေက ဘာလဲ?
✅ ငရုတ်သီးက ကောင်းတဲ့အချက်တွေ ရှိပါတယ်ငရုတ်သီးထဲက Capsaicin ဆိုတဲ့ ဒြပ်ပေါင်းက
Metabolism ကို နည်းနည်း မြှင့်ပေးနိုင်တယ်
Anti-inflammatory ဂုဏ်သတ္တိ ရှိတယ်
နှလုံးကျန်းမာရေးအတွက် အကျိုးပြုနိုင်တယ်
ဒါပေမယ့် ဒါဟာ ဟင်းခတ်အနေနဲ့ ပုံမှန်စားတဲ့သူတွေအတွက်ပါ။
⚠️ ရေဖျော်သောက်တာက လုံးဝ မတူပါ
🔴 ဝမ်းသွားများတာက "ကောင်းတာ" မဟုတ်ပါမိမိရဲ့ အူလမ်းကြောင်းက ငရုတ်သီးကို "ဒုက္ခပေးမယ့်အရာ" လို့ ခံစားရတဲ့အတွက် မြန်မြန်ထုတ်ပစ်နေတာပါ။ ဒါက ကိုယ်ခန္ဓာရဲ့ "ကောင်းတယ်" signal မဟုတ်ဘဲ "ဒုက္ခရောက်နေတယ်" လို့ အချက်ပြနေတာပါ။
နေ့တိုင်း လ နဲ့ ချီသောက်ရင် —🔴 အစာအိမ်နံရံ ပျက်စီးနိုင်တယ်
Gastritis (အစာအိမ်ရောင်ခြင်း)
Peptic ulcer (အစာအိမ်ပေါက်ခြင်း)
GERD (အချဉ်တက်ခြင်း) ပိုဆိုးခြင်း
🔴 လိပ်ခေါင်း ပိုဆိုးလာနိုင်တယ်
စွန့်ထုတ်တဲ့အခါ capsaicin က a**l ca**l ကိုလည်း ထိခိုက်စေပါတယ်။🔴 အာဟာရ ဆုံးရှုံးနိုင်တယ်
ဝမ်းမြန်မြန်သွားနေတဲ့အတွက် vitamin, mineral တွေကို ကိုယ်ခန္ဓာက စုပ်ယူခွင့်မရဘဲ ထွက်သွားတာကြောင့် ရေရှည်မှာ သွေးအားနည်းခြင်း ဖြစ်နိုင်ပါတယ်။
🔴 နှစ်ကြာရှည် သောက်မယ်ဆိုရင်
Esophagus damage (အစာမျိုပြွန် ပျက်စီးခြင်း)
သွေးအားနည်းခြင်း
Gastric cancer (အစာအိမ်ကင်ဆာ) ဖြစ်နိုင်ခြေ တိုးနိုင်တယ်
📚 Research အကိုးအကား — ၂၀၂၀ ခုနှစ်က ထုတ်ပြန်ထားတဲ့ Meta-Analysis (Study ၁၃ ခု၊ လူဦးရေ ၇,၈၀၀ ကျော် ပါဝင်) အရ — ငရုတ်သီး များများ စားသုံးတဲ့သူတွေမှာ gastric cancer ဖြစ်နိုင်ခြေ ၁.၉၆ ဆ တိုးတယ်လို့ တွေ့ရှိရပါတယ်။ ပိုများပြားစွာ စားသုံးသူများတွင် ၂.၂၈ ဆ အထိ တိုးနိုင်ပါတယ်။ Source: PubMed (US National Library of Medicine) — https://pubmed.ncbi.nlm.nih.gov/32241189/
🚫 ဒီသူတွေ လုံးဝ မသောက်သင့်ပါ
Ulcer, gastritis ရှိသူ
GERD/အချဉ်တက်တတ်သူ
လိပ်ခေါင်းရှိသူ
ကိုယ်ဝန်ဆောင်အမျိုးသမီး
နို့တိုက်မိခင်
ကလေးငယ်
သွေးကျဆေး၊ သွေးကြောကျဉ်းဆေး သောက်နေသူ
အထက်ပါ သူများ သောက်မိရင် ရောဂါအခြေအနေ ပိုဆိုးလာနိုင်ပါတယ်။
Social media မှာ တွေ့သမျှ health tip တိုင်းကို မယုံပါနဲ့။ကိုယ်ခန္ဓာက တစ်ခုတည်းရှိတဲ့အတွက် စမ်းသပ်စရာ မဟုတ်ပါ။ မိမိမှာ ကျန်းမာရေး ပြဿနာရှိရင် Facebook မှာ မဟုတ်ဘဲ ဆရာဝန်နဲ့ပဲ တိုင်ပင်သင့်ပါတယ်။
#ငရုတ်သီး #ငရုတ်သီးမှုန့် #အစာအိမ်နှင့်အူလမ်းကြောင်း #ကျန်းမာ