The Nut Butter

The Nut Butter Clean Nutrition Product of Myanmar 🇲🇲

Peanut Butter · Cashew Butter · Chocolate · Slim cookie · Baby Snacks

Trusted by Families
(1)

The Nut Butter is dedicated to deliver products that taste good, feel good and do good. We weren't satisfied with existing brands and their questionable ingredients in the market. So we started making our own peanut butter. Our products are vegan, delicious and healthy which is suitable for everyone.

📣 "မေမေတွေ လာမေးတိုင်း 'မရှိသေးဘူး' လို့ ငြင်းနေရလို့ ရောင်းရမယ့်အခွင့်အရေးတွေ ဆုံးရှုံးနေပြီလား ဆိုင်ရှင်တို့ရေ..." 🛒💥ဆ...
29/05/2026

📣 "မေမေတွေ လာမေးတိုင်း 'မရှိသေးဘူး' လို့ ငြင်းနေရလို့ ရောင်းရမယ့်အခွင့်အရေးတွေ ဆုံးရှုံးနေပြီလား ဆိုင်ရှင်တို့ရေ..." 🛒💥

ဆိုင်စင်ပေါ် တင်ထားရုံနဲ့ "အရောင်းသွက်၊ အမြန်ကုန်"စေမယ့် Item မျိုးကို ရှာနေတယ်ဆိုရင်တော့... မေမေတို့ကြားမှာ မရှိမဖြစ် ဝယ်နေတဲ့ 𝗧𝗵𝗲 𝗡𝘂𝘁 𝗕𝘂𝘁𝘁𝗲𝗿 ရဲ့ 𝗕𝗮𝗯𝘆 𝗥𝗶𝗰𝗲 𝗠𝗲𝗹𝘁 လေးကို အခုပဲ လက်ကား (Wholesale) စတင်မှာယူနိုင်ပါပြီ။

✨ ဘာလို့ ဆိုင်တွေမှာ 𝗕𝗮𝗯𝘆 𝗥𝗶𝗰𝗲 𝗠𝗲𝗹𝘁 ကို မရှိမဖြစ် တင်ထားသင့်တာလဲ?

1️⃣ခဏခဏ ပြန်လာဝယ်ကြတယ်။
ကလေးမေမေတွေ အကြောက်ဆုံးက "ကလေး သီးမှာ/နင်မှာ" ပါပဲ။ 𝗕𝗮𝗯𝘆 𝗥𝗶𝗰𝗲 𝗠𝗲𝗹𝘁 က ပါးစပ်ထဲရောက်ရင် ၈ စက္ကန့်အတွင်း အလိုအလျောက် အရည်ပျော်ဆင်းသွားတဲ့အတွက် မေမေတိုင်း ယုံကြည်မှုအပြည့်နဲ့ တကူးတက လာရှာကြလို့ ပြန်ဝယ်နှုန်းက အရမ်းမြင့်ပါတယ်။

2️⃣ အရောင်းသွက်တယ်။
၆ လအရွယ်ကစလို့ ဘေဘီတိုင်း နေ့စဉ်စားတဲ့ အဆာပြေမုန့်ဖြစ်လို့ စင်ပေါ်တင်လိုက်တာနဲ့ Stock ပြတ်လွယ် ရောင်းရလွယ်မှာ အသေအချာပါ။

3️⃣ ခေတ်သစ်မေမေတို့အကြိုက်
ခု ခေတ် မေမေတွေအတွက် ပါဝင်ပစ္စည်း (Ingredients) ကို သေချာဖတ်ပြီးမှ ဝယ်ကြတာ ဦးစားပေးလို ဖြစ်လို့လာပါပြီ။။ သကြားမပါတဲ့ ကလေးမုန့် ဒီဆိုင်မှာ ရနိုင်မလားရှင့်? လို့ လာေမးတိုင်း 𝗕𝗮𝗯𝘆 𝗥𝗶𝗰𝗲 𝗠𝗲𝗹𝘁 က အေဖြပါပဲ။ သကြား၊ ဆား၊ တာရှည်ခံဆေး လုံးဝ (လုံးဝ) မပါဘဲ ဆန်ကောင်းနဲ့ ကြက်ဥအကာစစ်စစ် နှစ်မျိုးထဲနဲ့ပဲ လုပ်ထားလို့ ဆိုင်ရဲ့ Quality အဆင့်အတန်းကိုပါ မြှင့်တင်ပေးနိုင်ပါတယ်။

🤝 ဘယ်လိုဆိုင်မျိုးတွေ တင်သင့်လဲ?

🏪 Baby Shop များ၊ Mini Mart များနှင့် Pharmacy ဆိုင်ကြီးများအတွက် အထူးသင့်လျော်ပြီး ဆိုင်ရှင်တို့ စီးပွားတိုးတက်ဖို့အတွက် ဆွဲဆောင်မှုရှိတဲ့ အမြတ်အစွန်း (Profit Margin) တွေနဲ့ သေချာလက်တွဲပေးသွားမှာ ဖြစ်ပါတယ်ရှင်။

📦 လက်ကားဈေးနှုန်းစာရင်း (Wholesale Price List) နဲ့ အနည်းဆုံးယူရမယ့် အရေအတွက် အသေးစိတ်ကို သိရှိလိုပါက...

👉 ယခုပဲ Page Messenger မှာ "Wholesale" လို့ ပေးပို့ပြီး ဆက်သွယ်စုံစမ်းနိုင်ပါပြီရှင်။ 💼📈

💡 ဖုန်းကြည့်ရင်း၊ တီဗွီကြည့်ရင်းနဲ့ မုန့်တစ်ထုပ်လုံး ဘယ်အချိန် ကုန်သွားမှန်း မသိလိုက်တာမျိုး ကြုံဖူးပါသလား? 📺🍪ဒါဟာ စိတ်က...
26/05/2026

💡 ဖုန်းကြည့်ရင်း၊ တီဗွီကြည့်ရင်းနဲ့ မုန့်တစ်ထုပ်လုံး ဘယ်အချိန် ကုန်သွားမှန်း မသိလိုက်တာမျိုး ကြုံဖူးပါသလား? 📺🍪

ဒါဟာ စိတ်က အစားအသောက်ပေါ်မှာ မရှိဘဲ 'အလိုအလျောက်' စားမိနေလို့ပါ။

Diet လုပ်ပြီဆိုရင်လည်း "ဘာတွေ မစားရတော့ဘူးလဲ" ဆိုတာကိုပဲ အာရုံစိုက်မိပြီး ဟိုဟာဒီဟာ မစားဘူးဆိုပြီး အကုန်ဖြတ်လိုက်တာထက်... ပိုအရေးကြီးတာက "ဘယ်လို စားမလဲ" ဆိုတာပါပဲ။

ဒီလိုမျိုးတွေ မဖြစ်အောင် ကူညီပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းကတော့ Mindful Eating (သတိကပ်၍ စားသုံးခြင်း) ပဲ ဖြစ်ပါတယ်။ ဗိုက်ဆာလို့ စားတာထက် "ဘာကို၊ ဘယ်လို၊ ဘယ်လောက်" စားနေလဲဆိုတာကို ကိုယ့်ကိုယ်ကိုယ် သတိပြုမိနေတာမျိုးပေါ့။ ဒါကို လက်တွေ့ကျကျ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ Tips လေးတွေကို မျှဝေပေးချင်ပါတယ်နော်။ 👇

🍽️ ပမာဏကို ကြိုတင်သတ်မှတ်ပါ

Mindful Eating ရဲ့ ပထမဆုံးအဆင့်က ကိုယ်စားမယ့် ပမာဏကို မျက်စိနဲ့ မြင်သာအောင် သတ်မှတ်လိုက်တာပါ။ ဥပမာ - Unsweetened မြေပဲထောပတ်နဲ့ Slim Cookie ကို တွဲစားတော့မယ်ဆိုရင် အထုပ်လိုက်ကြီး ဘေးမှာချမထားဘဲ ပန်းကန်ပြားလှလှလေးထဲမှာ ကွတ်ကီး (၂) ချပ်ကို ထောပတ်သုတ်ပြီး ပြင်ဆင်လိုက်ပါ။ ဒီလိုလုပ်ခြင်းက အရသာရှိလွန်းလို့ မရပ်တန့်နိုင်ဘဲ ပိုစားမိတာ ကို တားဆီးပေးပြီး ကိုယ့်ရဲ့ ကယ်လိုရီ ကို အလိုအလျောက် ထိန်းညှိပေးပါတယ်။

⏳ အရှိန်ကို လျှော့ချပါ

ဦးနှောက်က "ဗိုက်ဝပြီ" ဆိုတဲ့ Signal ကို ပေးဖို့ အစာစစားပြီး မိနစ် (၂၀) ခန့် ကြာတတ်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် စားတဲ့အခါ အလောတကြီး မဟုတ်ဘဲ ဖြည်းဖြည်းချင်း ဝါးစားပါ။ ဖြည်းဖြည်းချင်း ဝါးခြင်းက အစာကြေလွယ်စေသလို၊ နည်းနည်းလေးနဲ့တင် စိတ်ကျေနပ်မှု ကို အပြည့်အဝ ရရှိစေပါတယ်။

☕ရေဓာတ်နဲ့ တွဲဖက်ပါ

အချိုရှောင်သူတွေအတွက် အကောင်းဆုံး Tips တစ်ခုကတော့ မုန့်စားပြီးတိုင်း ရေနွေးကြမ်း ပူပူလေး (သို့) ရေတစ်ဖန်ခွက် သောက်ပေးဖို့ပါ။ ဥပမာ - Slim Cookies လိုမျိုး အမျှင်ဓာတ် (Fiber) ကြွယ်ဝတဲ့ မုန့်တွေက ရေဓာတ်နဲ့ တွေ့တဲ့အခါ အစာအိမ်ထဲမှာ ပွလာပြီး ဗိုက်ပြည့်တဲ့ ခံစားချက်ကို ပိုကြာရှည်စေပါတယ်။ ဒါ့အပြင် ကိုယ်ခန္ဓာရဲ့ ဇီဝကမ္မဖြစ်စဉ် (Metabolism) ကိုလည်း ပိုကောင်းစေပါတယ်။

လူအများစု ထင်ထားသလို ကျန်းမာအောင် စားသောက်တယ်၊ Diet လုပ်တယ်ဆိုတာ စားချင်တာတွေကို အကုန်ဖြတ်တောက်ပစ်တာ မဟုတ်ပါဘူး။ တကယ်တော့ "ပိုကောင်းတဲ့ ရွေးချယ်မှုတွေကို ပြောင်းလဲစားသုံးတာ" ပဲ ဖြစ်ပါတယ်။ 🌿
ဒီ Mindful Eating Tips လေးတွေက သင့်ရဲ့ Diet Journey မှာ အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ပါတယ်။
𝗧𝗵𝗲 𝗡𝘂𝘁 𝗕𝘂𝘁𝘁𝗲𝗿 ရဲ့ 𝗨𝗻𝘀𝘄𝗲𝗲𝘁𝗲𝗻𝗲𝗱 𝗣𝗲𝗮𝗻𝘂𝘁 𝗕𝘂𝘁𝘁𝗲𝗿 နဲ့ 𝗦𝗹𝗶𝗺 𝗖𝗼𝗼𝗸𝗶𝗲 𝗖𝗼𝗺𝗯𝗼 ဟာလည်း ဒီလို ပိုမိုကျန်းမာတဲ့ လမ်းခရီးကို လျှောက်လှမ်းနေသူတိုင်းအတွက် အကောင်းဆုံးနဲ့ အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်ရှင်။ 🤍✨

"အချိုလေး နည်းနည်းပဲ မြည်းခိုင်းကြည့်တာပါ... ဘာမှမဖြစ်ပါဘူး' ဆိုတဲ့ စကားလေးတွေ ကြားဖူးကြတယ် မဟုတ်လား မေမေတို့ရေ?" 🍭🚫လူကြ...
23/05/2026

"အချိုလေး နည်းနည်းပဲ မြည်းခိုင်းကြည့်တာပါ... ဘာမှမဖြစ်ပါဘူး' ဆိုတဲ့ စကားလေးတွေ ကြားဖူးကြတယ် မဟုတ်လား မေမေတို့ရေ?" 🍭🚫

လူကြီးတွေ စားတဲ့ မုန့်တွေ၊ ရေခဲမုန့်လို အချိုတွေကို ကလေး ၆ လကျော်တာနဲ့ "နည်းနည်းလေးပါ" ဆိုပြီး ခွံ့ကျွေးတတ်ကြပါတယ်။ ဒါပေမဲ့ ဒါဟာ အရမ်းကို သတိထားရမယ့် အချက်ပါ။

၁ နှစ်အောက် ကလေးငယ်တွေရဲ့ ခန္ဓာကိုယ်က သကြားနဲ့ ဆားကို ကောင်းကောင်း မချေဖျက်နိုင်သေးပါဘူး။ အချိုအရသာကို စောစောစီးစီး မြည်းစမ်းဖူးသွားတဲ့ ကလေးက သဘာဝ အရသာရှိတဲ့ ဟင်းသီးဟင်းရွက်နဲ့ အခြားကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကို ငြင်းဆန်တတ်လာပြီး Picky Eater (အစာရွေးတဲ့ ကလေး) ဖြစ်သွားဖို့ ရာခိုင်နှုန်း အရမ်းများသွားပါတယ်။ 🥦🙅‍♂️

ဒါကြောင့် ဘယ်သူတွေ ဘယ်လောက်ပဲ "နည်းနည်းလေးပါ" လို့ ပြောပြော... ၁ နှစ်အောက်အရွယ်မှာ သကြား၊ ဆား နဲ့ တာရှည်ခံဆေးတွေကို တင်းတင်းကျပ်ကျပ် ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

ဒီလို စိုးရိမ်စရာတွေကို နားလည်ထားတဲ့အတွက်လည်း သားသားမီးမီးတို့အတွက် အဆာပြေမုန့်လေး ဖန်တီးတဲ့အခါ သကြား၊ ဆား နဲ့ ဓာတုဆေးတွေကို လုံးဝ (လုံးဝ) အသုံးမပြုဘဲ ဖယ်ထုတ်ထားခဲ့တာပါ။

ကလေးငယ်တွေအတွက် တကယ်လိုအပ်တဲ့ ဆန်ကောင်းကောင်းနဲ့ ကြက်ဥအကာ စစ်စစ်ကနေပဲ ရရှိတဲ့ သန့်စင်တဲ့ သဘာဝအာဟာရ (Clean Nutrition) သီးသန့်ကိုပဲ ပေးချင်လို့ပါရှင်။ ✨

ကိုယ့်ကလေးကို အချိုမစွဲစေဘဲ ဘေးကင်းတဲ့ သဘာဝအရသာလေးပဲ ပေးချင်တဲ့ မေမေတွေအနေနဲ့ သကြားကင်းစင်တဲ့ Baby Rice Melt လေးကို စမ်းကျွေးကြည့်ချင်တယ်ဆိုရင်တော့... Page Messenger ကနေ တစ်ဆင့် အသေးစိတ် လာရောက်မေးမြန်းနိုင်ပါတယ်နော်။ 🤱🧡

👶 သားသားမီးမီးတို့ကို ပထမဆုံး မြေပဲထောပတ် ကျွေးတော့မယ်ဆိုရင် မေမေတို့ သိထားသင့်တဲ့ အချက်များ 🥜မေမေတို့ရေ... ကလေးတွေ ဖြည့...
20/05/2026

👶 သားသားမီးမီးတို့ကို ပထမဆုံး မြေပဲထောပတ် ကျွေးတော့မယ်ဆိုရင် မေမေတို့ သိထားသင့်တဲ့ အချက်များ 🥜

မေမေတို့ရေ... ကလေးတွေ ဖြည့်စွက်စာ စစားပြီဆိုတာနဲ့ ဉာဏ်ရည်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် မြေပဲထောပတ် (Peanut Butter) က သိပ်ကောင်းတဲ့ အာဟာရဆိုတာ သိကြပေမယ့်...

"စားလိုက်ရင် လည်ပင်းများ နင်သွားမလား? အရသာကရော ကလေး အကြိုက်တွေ့ပါ့မလား? ကလေးက ငယ်သေးတော့ သန့်ရှင်းမှုရော စိတ်ချရပါ့မလား?" ဆိုတဲ့ စိုးရိမ်စိတ်လေးတွေကြောင့် ဝေခွဲမရ ဖြစ်နေတတ်ကြပါတယ်နော်။ 🥺

တကယ်တော့ မှန်ကန်တဲ့ နည်းလမ်းလေးတွေနဲ့ အသန့်စင်ဆုံး မြေပဲထောပတ်ကို ရွေးချယ်တတ်မယ်ဆိုရင် မေမေတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို အဝေးလွှင့်ပစ်လို့ ရနေပါပြီ။

👩‍⚕️ ကလေးငယ်တွေကို စကျွေးတဲ့အခါ အရေးအကြီးဆုံးက "အကျိတ်အခဲ၊ အဖတ်တွေ လုံးဝမပါဝင်ဖို့နဲ့ လည်ပင်းမနင်စေဖို့" ပါပဲ။ ဒါကြောင့် ဘယ်လို စနစ်တကျ ကျွေးရမလဲဆိုတာလေး မျှဝေပေးလိုက်ပါတယ်နော်။ -

၁။ တိုက်ရိုက် လုံးဝ မကျွေးပါနဲ့: ပုလင်းထဲကနေ ခပ်ပြီး အနှစ်ပျစ်ပျစ်ကြီးကို ကလေးပါးစပ်ထဲ တိုက်ရိုက် မကျွေးရပါဘူးနော်။ လည်ပင်းနင်နိုင်လို့ပါ။

၂။ ကျဲကျဲလေး ဖျော်ကျွေးပါ: မြေပဲထောပတ် လက်ဖက်ရည်ဇွန်း (၁) ဇွန်းလောက်ကို ရေနွေးလေး၊ ဒါမှမဟုတ် မိခင်နို့၊ နို့မှုန့် ဖျော်ထားတာလေးနဲ့ အရည်ကျဲကျဲလေးဖြစ်သွားအောင် အရင်ဖျော်ပါ။ ပြီးမှ ကလေးစားနေကျ ဆန်ပြုတ် (Baby Rice)၊ အုတ်ဂျုံ (Oats) ဒါမှမဟုတ် ငှက်ပျောသီးကြိတ်ထားတာလေးတွေထဲ ရောထည့်ပြီး ကျွေးပေးပါ။

၃။ နည်းနည်းချင်း စမ်းကျွေးပါ: ပထမဆုံးအကြိမ်မှာ ဇွန်းဖျားလေးနဲ့ နည်းနည်းပဲ စမ်းကျွေးကြည့်ပါ။

၄။ ပုံမှန်လေး ကျွေးပေးပါ: ဘာပြဿနာမှ မရှိဘူးဆိုရင်တော့ ကလေးရဲ့ ဉာဏ်ရည်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် တစ်ပတ်ကို (၂) ကြိမ်လောက် ပုံမှန် ထည့်ကျွေးပေးလို့ ရပါပြီ။

(အကောင်းဆုံးကတော့ ကလေးဆရာဝန်နဲ့ အရင်တိုင်ပင်ပြီးမှ စကျွေးတာ စိတ်အချရဆုံးပါပဲရှင်)

🛡 အရေးကြီးဆုံး သတိပြုရန်: ကလေးတွေကို စကျွေးတဲ့အခါ သကြားတွေ၊ ဆားတွေနဲ့ တာရှည်ခံဆေးတွေ ပါတဲ့ မြေပဲထောပတ်မျိုးကို လုံးဝ ရှောင်ကြဉ်ရပါမယ်။

ဒါကြောင့် The Nut Butter ရဲ့ 100% Unsweetened Peanut Butter ဟာ... အသက် ၆ လမှ စတင်ကျွေးလို့ရအောင် အထူးစီစဉ်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

🤍 သကြား၊ ဆား၊ ဆိုးဆေးနဲ့ ဓာတုပစ္စည်း (လုံးဝ) မပါဝင်ပါဘူး။
🤍 အကောင်းဆုံး မြန်မာ့မြေပဲတွေကို လက်နဲ့သေချာရွေးချယ်ပြီး အသန့်ရှင်းဆုံး ထုတ်လုပ်ထားလို့ မှိုဆိပ် (Aflatoxin) အန္တရာယ်ကင်းဝေးစေပါတယ်။
🤍 ကတ္တီပါလို နူးညံ့ပြီး အကျိတ်အခဲ (Chunks) တွေ မပါလို့ ကလေးတွေအတွက် စိတ်အချရဆုံးပါပဲ။

မေမေတို့ရဲ့ အဖိုးတန်ရတနာလေးတွေအတွက်... သန့်စင်မှုအပြည့်နဲ့ ဖန်တီးထားတဲ့ Clean Nutrition အစစ်အမှန်ကိုသာ ယုံကြည်စိတ်ချစွာ ရွေးချယ်လိုက်ပါရှင်။ 🤍👼

🛍 ဝယ်ယူရရှိနိုင်မည့် နေရာများ -
Market Place ၊ Capital ၊ G&G ၊ Bread Talk နဲ့ မြို့နယ်အလိုက် ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်သလို၊ Message Box ကနေလည်း အိမ်တိုင်ရာရောက် မှာယူနိုင်ပါတယ်နော်! 💌

၆ လကျော်လာတဲ့ ဘေဘီလေးတွေ ပစ္စည်းသေးသေးလေးတွေကို လက်မနဲ့ လက်ညှိုးလေး သုံးပြီး ကောက်ကိုင်တတ်လာတာ သတိထားမိလား မေမေတို့ရေ? ✨...
17/05/2026

၆ လကျော်လာတဲ့ ဘေဘီလေးတွေ ပစ္စည်းသေးသေးလေးတွေကို လက်မနဲ့ လက်ညှိုးလေး သုံးပြီး ကောက်ကိုင်တတ်လာတာ သတိထားမိလား မေမေတို့ရေ? ✨

တကယ်တော့ ဒီလို လိုက်ကောက်ကိုင်တတ်လာတာဟာ ကလေးငယ်တွေရဲ့ ဖွံ့ဖြိုးမှုအဆင့်တွေထဲက အလွန်အရေးကြီးတဲ့ "Pincer Grasp" လို့ခေါ်တဲ့ အဓိကမှတ်တိုင် (Milestone) တစ်ခုပဲ ဖြစ်ပါတယ်။

ဒါဟာ ကလေးရဲ့ မျက်လုံးနဲ့ လက် ချိတ်ဆက်လုပ်ဆောင်မှု အားကောင်းလာတာကို ပြသတာဖြစ်ပြီး၊ အရွယ်ရောက်လာတဲ့အခါ စာရေးတာ၊ ဖိနပ်ကြိုးချည်တာတွေလို သိမ်မွေ့တဲ့ လှုပ်ရှားမှုတွေအတွက် အခြေခံအုတ်မြစ်ကြီး ဖြစ်လာမှာပါရှင်။ 🧠💡

ဒီစွမ်းရည်လေးကို ပိုပြီး ထက်မြက်လာအောင် ဘယ်လိုလေ့ကျင့်ပေးမလဲ?

အကောင်းဆုံးနည်းလမ်းကတော့ သူတို့ကိုယ်တိုင် ကောက်ယူစားသောက်လို့ရမယ့် အဆာပြေမုန့်သေးသေးလေးတွေ (Finger Foods) ကို စားပွဲပေါ် ချပေးထားပြီး လွတ်လွတ်လပ်လပ် စူးစမ်းခွင့်ပေးတာပါပဲ။

ဒါပေမဲ့ ကလေးကို ကိုယ်တိုင်ပေးစားတဲ့အခါ မေမေတို့ အကြောက်ဆုံးက "သီးမှာ၊ နင်မှာ" ကိုပဲ မဟုတ်လား? 🥺
ဒီစိုးရိမ်စိတ်တွေမရှိဘဲ Pincer Grasp ကို ဘေးကင်းကင်း လေ့ကျင့်ပေးနိုင်ဖို့...

The Nut Butter ရဲ့ Baby Rice Melt လေးက မေမေတို့ရဲ့ အယုံကြည်ရဆုံး အဖော်မွန်ဖြစ်လာမှာပါ။

☁️ ၈ စက္ကန့်အတွင်း အရည်ပျော်ခြင်း: ပါးစပ်ထဲရောက်တာနဲ့ ချက်ချင်း အရည်ပျော်ဆင်းသွားလို့ ကလေးသီးမှာ လုံးဝ (လုံးဝ) မပူရတော့ပါဘူး။

🤏 ကိုင်တွယ်ရ လွယ်ကူခြင်း: ကလေးလက်ဖဝါးသေးသေးလေးတွေနဲ့ ကွက်တိ ကိုင်ရလွယ်ကူတဲ့ အရွယ်အစားလေးမို့ လက်ချောင်းကြွက်သားလေးတွေ လေ့ကျင့်ဖို့ အသင့်တော်ဆုံးပါ။

🌾 သဘာဝအာဟာရ စစ်စစ်: ဆန်ကောင်းနဲ့ ကြက်ဥအကာစစ်စစ်ကိုသာ အသုံးပြုထားပြီး သကြား၊ ဆား၊ ဓာတုဆေး လုံးဝမပါလို့ ယုံကြည်စိတ်ချရပါတယ်။

သားသားမီးမီးတို့ရဲ့ အရေးကြီးတဲ့ ဖွံ့ဖြိုးမှုခြေလှမ်းလေးတွေကို ဘေးကင်းလုံခြုံတဲ့ အာဟာရလေးနဲ့အတူ ယုံကြည်မှုရှိရှိ ပံ့ပိုးပေးလိုက်ပါ မေမေတို့ရေ... 🤱🧡

📍 အခုပဲ The Nut Butter Page Messenger ကနေ ယုံကြည်ရတဲ့ Baby Rice Melt လေးကို လာရောက်မှာယူလိုက်ပါရှင်။

The Nut Butter ရဲ့ ခရီးလမ်းမှာ အလှူအတန်းဆိုတာ အမြဲလိုလို ပါဝင်နေခဲ့ပေမယ့် Page ပေါ်မှာ မျှဝေဖို့ထက် စိတ်ထဲကပဲ ကြည်နူးနေခ...
15/05/2026

The Nut Butter ရဲ့ ခရီးလမ်းမှာ အလှူအတန်းဆိုတာ အမြဲလိုလို ပါဝင်နေခဲ့ပေမယ့် Page ပေါ်မှာ မျှဝေဖို့ထက် စိတ်ထဲကပဲ ကြည်နူးနေခဲ့တာပါ။

The Nut Butter ကို ယုံယုံကြည်ကြည်နဲ့ အားပေးကြတဲ့ မိသားစုဝင်တစ်ယောက်ချင်းစီတိုင်းရဲ့ မေတ္တာတွေက ကျွန်မတို့အတွက်တော့ အားဆေးတစ်ခွက်လိုပါပဲ။ ဒီအားပေးမှုတွေကနေ ရရှိလာတဲ့ အကျိုးအမြတ်လေးတွေကို အခုလို စေတနာထည့်ပြီး ပြန်လည်မျှဝေခွင့်ရတာဟာ စားသုံးသူတွေကြောင့်ပဲမို့လို့ တကယ်ကို ကျေးဇူးတင်မိပါတယ်။

ဒါကြောင့် ဒီနေ့မှာတော့ အရင်က ပြုလုပ်ခဲ့ဖူးတဲ့ အလှူလေးတစ်ခုရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီကုသိုလ်လေးကို အတူတူ သာဓုခေါ်ဆိုရင်း စိတ်နှလုံး အေးချမ်းကြပါစေရှင်။🤎

The First Fuel of the Day: မနက်စာ ဘာကြောင့် ကောင်းကောင်း စားသင့်တာလဲ?" ☀️🤍မနက်ခင်း အိပ်ရာနိုးတဲ့အခါ ခန္ဓာကိုယ်ဟာ တစ်ညတာလ...
14/05/2026

The First Fuel of the Day: မနက်စာ ဘာကြောင့် ကောင်းကောင်း စားသင့်တာလဲ?" ☀️🤍

မနက်ခင်း အိပ်ရာနိုးတဲ့အခါ ခန္ဓာကိုယ်ဟာ တစ်ညတာလုံး အစာမစားဘဲ နားထားရတဲ့ (Fasting) အခြေအနေမှာ ရှိနေပါတယ်။ ဒီအချိန်မှာ လိုအပ်နေတဲ့ ခွန်အားနဲ့ အာဟာရတွေကို ပြန်လည်ဖြည့်တင်းပေးဖို့ "မနက်စာ (Breakfast)" ဟာ မပါမဖြစ် သော့ချက်ပါ။

ဒါပေမဲ့ "မနက်စာဆိုရင် ပြီးရော" ဆိုပြီး အချိုတွေ၊ ဆီကြော်တွေ ကပျာကယာ စားသွားတာမျိုးကတော့ တစ်နေ့တာလုံးအတွက် သင့်ကို ပိုပြီး ပင်ပန်းနွမ်းနယ်စေနိုင်ပါတယ်။

တကယ့်ကို ကောင်းမွန်တဲ့၊ Quality ပြည့်ဝတဲ့ မနက်စာက သင့်ခန္ဓာကိုယ်ကို ဘယ်လို ပြောင်းလဲပေးနိုင်သလဲ ဆိုတော့...

🧠 Focus ပိုကောင်းစေပြီး ဦးနှောက်ကို ကြည်လင်စေတယ်
မနက်စာ ကောင်းကောင်းစားတဲ့အခါ သွေးတွင်းသကြားဓာတ် တည်ငြိမ်ပြီး ဦးနှောက်က လိုအပ်တဲ့ စွမ်းအင် (Glucose) ကို အပြည့်အဝ ရရှိပါတယ်။ ဒါကြောင့် အလုပ်လုပ်တဲ့အခါဖြစ်ဖြစ်၊ စာသင်တဲ့အခါဖြစ်ဖြစ် အာရုံစူးစိုက်မှု (Focus) ကို သိသိသာသာ ကောင်းမွန်စေပါတယ်။

🛡️ Metabolism (ဇီဝကမ္မဖြစ်စဉ်) ကို နိုးကြားစေတယ်
မနက်စာဟာ သင့်ခန္ဓာကိုယ်ရဲ့ အင်ဂျင်ကို စတင်နှိုးလိုက်သလိုပါပဲ။ မှန်ကန်တဲ့ အာဟာရဓာတ်တွေ (အထူးသဖြင့် ပရိုတင်းနဲ့ Healthy Fats) ပါဝင်တဲ့ မနက်စာက ဇီဝကမ္မဖြစ်စဉ်ကို မြန်ဆန်စေပြီး ကယ်လိုရီလောင်ကျွမ်းမှုကို အားပေးပါတယ်။

😄 Mood Swing မဖြစ်အောင် ထိန်းပေးတယ်
ဗိုက်ဆာပြီး အလုပ်လုပ်ရတဲ့အခါ ဒေါသထွက်လွယ်တာ၊ စိတ်မရှည်တာတွေ ဖြစ်ဖူးတယ်မလား? သေချာ ပြင်ဆင်ထားတဲ့ မနက်စာက ဟော်မုန်းတွေကို တည်ငြိမ်စေလို့ တစ်နေ့တာလုံး Mood ကောင်းနေစေဖို့ အဓိက ကူညီပေးပါတယ်။

ဒီလိုဆို... ဘယ်လို မနက်စာမျိုးက "အကောင်းဆုံး" ဖြစ်မလဲ?

သကြားတွေ၊ ကစီဓာတ်တွေချည်းပဲ များနေတာမျိုးထက် "ပရိုတင်း + Healthy Fats + ကစီဓာတ်ကောင်း" သုံးမျိုးစလုံး မျှတစွာ ပါဝင်တာ အကောင်းဆုံးပါပဲ။

ဒါကြောင့် တစ်နေ့တာရဲ့ အစမှာ ပူပူနွေးနွေး ပေါင်မုန့်ကြွပ်ကြွပ်လေးပေါ်ဖြစ်ဖြစ်၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ Oats ပန်းကန်လေးထဲမှာဖြစ်ဖြစ်... ရွှေအိုရောင် Cashew Butter အနှစ်ပျစ်ပျစ်လေးကို ဇွန်းလေးနဲ့ ညင်ညင်သာသာ သုတ်လိမ်းလိုက်တဲ့အခါ... အရသာရှိပြီး အာဟာရပြည့်ဝတဲ့ မနက်စာလေး တစ်ခု အလွယ်တကူ ရရှိသွားပါပြီ။

နေ့ရက်တိုင်းကို... အကောင်းဆုံးသော ခွန်အားတွေနဲ့ စတင်ဖို့ The Nut Butter ရဲ့ Cashew Butter လေးကို စားပွဲဝိုင်းမှာ အသင့်ဆောင်ထားလိုက်ပါရှင်။ ✨

🛒 ဘယ်မှာ ဝယ်ယူနိုင်မလဲ?

Marketplace by Citymart ၊ Capital ၊ G&G ၊ Bread Talk နဲ့ မြို့နယ်အလိုက် ဆိုင်တိုင်းမှာ အလွယ်တကူ ဝယ်ယူနိုင်သလို၊ Message Box ကနေလည်း အိမ်တိုင်ရာရောက် မှာယူနိုင်ပါတယ်နော်! 💌

မေမေတွေရဲ့ ယုံကြည်မှုက ကျွန်မတို့က် အရေးကြီးဆုံးပါပဲ   ဆရာဝန်မေမေ Nutritionist ရဲ့ယုံကြည်မှုအတွက်ပိုပြီးတန်ဖိုးထားရပါတယ်...
12/05/2026

မေမေတွေရဲ့ ယုံကြည်မှုက ကျွန်မတို့က် အရေးကြီးဆုံးပါပဲ ဆရာဝန်မေမေ Nutritionist ရဲ့ယုံကြည်မှုအတွက်ပိုပြီးတန်ဖိုးထားရပါတယ် 🥜🎉

11/05/2026

ဒီနှစ်ရောအမေများနေ့မှာဘာတွေလုပ်ဖြစ်လဲ? ကိုယ့်အမေ့မှာရှိတဲ့ကိုယ်အကြိုက်ဆုံးအချက်ကရောပြောသွားပါဦး 🤱🏻🥰

Address

Mahabandoola Street
North Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Telephone

+959975654011

Website

Alerts

Be the first to know and let us send you an email when The Nut Butter posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to The Nut Butter:

Share