Khit Cosmetics & Skincare House

  • Home
  • Khit Cosmetics & Skincare House

Khit Cosmetics & Skincare House

ဘူးသေး 8500ဘူးကြီး 24000Instock
18/03/2026

ဘူးသေး 8500
ဘူးကြီး 24000
Instock

သတိရတိုင်း အားတိုင်းခဏခဏလိမ်းလို့ ခဏခဏထပ်ဝယ်ရတဲ့ hair serum ပါ အလှအပကြိုက်တဲ့ မိန်းကလေးဆိုရင် သူ့ကို သုံးကြည့်သင့်တယ်။ ကျွန်တော် သူ့ကိုသုံးနေတာတော်တော်ကြာပြီ မှတ်မှတ်ရရ ဆံပင်ဆေးဆိုးဖို့ ဆံသားအရောင်ချွတ်မိပြီး ဆံပင်ပျက်စီးသွားတော့ သူ့ကိုသုံးဖြစ်တာ။ quality ကတော့ တော်တော်ကောင်းတယ် သူ့မှာပါတဲ့ collagen ကတကယ် အလုပ်ဖြစ်တယ် repair ဆိုတဲ့အတိုင်း ဆံသားကို တကယ် repair လုပ်ပေးတာ။ ဆံသားကအရောင်ချွတ်ထားလို့ ပြောင်းဖူးမွှေးတင်မဟုတ်ဘူး တံမြက်စည်းမွှေးနဲ့ တူတဲ့အထိကို ဆံသားကြမ်းပြီး ဖွာလန်ကျဲပြီး ပျက်စီးနေတာတောင် သူ့ကိုသုံးလိုက်မိတော့ တစ်လဝန်းကျင်နှစ်လလောက်နဲ့တင် ပျက်စီးနေတဲ့ဆံသားက နဂိုဆံသားနီးပါးကို ပြန်ကောင်းလာတာ။ အဲ့အချိန်ထဲက ဒီ hair serum ကိုစွဲသုံးလာခဲ့တာ အခုထိပဲ။ သူ့ကို မနက်ညတင်မဟုတ်ဘူး ဆံသားကို အမှတ်မထင် ကိုင်မိလို့ ဆံသားခြောက်နေတယ်လို့ ခံစားရရင်လည်း ချက်ချင်းကောက်လိမ်းပလိုက်တယ်။ သူ့ကိုလိမ်းလို့ အကောင်းဆုံးအချိန်က ခေါင်းလျှော်ပြီးခါစ ဆံသားမစိုမခြောက်လေး ဖြစ်နေတဲ့အချိန်မှာ လိမ်းတာ ပိုကောင်းတယ်။ dryer သာမှုတ်လိုက်ရင်တော့ confident level so high ပဲ။ သူ့ကို လိမ်းလိုက်ရင် ဆံသားက ဝိတ်တစ်ခုရှိသွားပြီး ဆံသားက ပျော့ပျော့လေးနဲ့ ပုံကျသွားပြီး ဆံသားအရောင်ကလည်းကြည့်လို့ကောင်းနေမှာကတော့ အမှန်ပဲ။ repair serum မို့ ဆံသားပျက်စီးနေတာ အဖျားနှစ်ခွ ဖြစ်တာ ကြမ်းနေတာတွေကို သက်သာစေဖို့အတွက် သူ့ကိုသုံးလို့ရတယ်။ ဒီ hair serum ရဲ့ အကြိုက်ဆုံးအပိုင်း ထဲမှာ သူ့အနံ့လည်းပါတယ် Pantene ရဲ့ သူ့ shampoo အနံ့နဲ့တောင်ဆင်တယ်။ hair serum ဆိုပေမယ့် သူ့ texture က တော့ cream နဲ့တူတယ် ဒါပေမယ့် lightweight ဖြစ်တယ် လိမ်းရတာစီးကပ်တာမျိုးတော့ မရှိဘူး။ ကျွန်တော်ကတော့ တစ်ခါလိမ်းရင် ၃ညှစ်စာလောက်လိမ်းတယ် ပြီးရင် လိမ်းချင်တဲ့အချိန်လိမ်းဖို့လည်း အိတ်ထဲ အမြဲဆောင်ထားသေးတယ်။ 40ml တစ်ဗူးကိုမှ ၁၀၀၀၀ ဝန်းကျင်ပဲပေးရလို့ ဈေးကလည်း အရမ်းမများဘူး အလွယ်တကူလည်း ဝယ်လို့ရပါတယ်။


49000ksInstock
11/03/2026

49000ks
Instock

Beauty of Joseon - Relief Sun Aqua Fresh Sunscreen ✨

BOJ ရဲ့ Sunscreen နှစ်မျိုးထဲက Shal ကြိုက်တဲ့တစ်ခုရွေးပါဆို Aqua Fresh ပဲ ရွေးပါတယ်
ဘာလို့ဆို သူ့မှာ အသားရေကို Revitalize လုပ်ပေးတဲ့ Rice Seed Water 30% နဲ့ Skin Barrier အတွက် အရမ်းကောင်းတဲ့ Panthenol အဓိက ပါလို့ပါ

🌾 Rice Seed Water က အသားရေအတွက် လိုအပ်တဲ့ အဟာရတွေဖြည့်တင်းပေးပြီး healthy looking နဲ့ plumping skin လေး ဖြစ်စေပါတယ်..
🌾 Panthenol က Skin Soothing ရစေပြီး Strong Sun Rays တွေကြောင့် Skin Irritation မဖြစ်အောင် ကူညီပေးပါတယ်

SPF 50+ PA++++ ဖြစ်လို့ Sun Protection ကောင်းကောင်းပေးနိုင်တဲ့ Broad Spectrum Chemical Sunscreen ဖြစ်ပါတယ်..

✨ Fluid Type Texture ပါ.. Weightless ဖြစ်လို့ Quickly absorb ဖြစ်တယ်.. White Cast မကျန်ဘူး.. Sticky မဖြစ်ဘူး.. Greasy မဖြစ်ဘူး.. ဘယ်လောက်လူးလူး ပူခြင်း ပြာခြင်း မဲခြင်း ကွက်ခြင်းမရှိဘူး.. Pilling မဖြစ်ဘူး.. သူ့အပေါ်က Makeup လူးလည်း အဆင်ပြေတယ်

✨ အဆီမပြန်ဘဲ semi matte လိုမျိုး သိပ်သိပ်လေးနဲ့ hydrating ဖြစ်နေတဲ့ sunscreen ပါ.. Glow & Dewy ဖြစ်တာမကြိုက်တဲ့ Oily & Combination Skin တွေအတွက် Recommend ပေးချင်ပါတယ်..
လူးလိုက်ရင် နူးညံ့အိစက်ပြီး refreshing natural skin finish လေးရပါတယ်ရှင်

50ml ကို 40000ကျော် 50000 ဝန်းကျင်မလို့ စျေးလေး နည်းနည်းများပေမဲ့ Shal ခုထိ လူးလာသမျှ Sunscreen တွေထဲ အကြိုက်ဆုံးတစ်ခုပါပဲရှင်..

Instock49500ks
07/03/2026

Instock
49500ks

ဘာတွေဘယ်လောက်ဘဲအသစ်ထွက်ထွက်၊ဘယ်လောက်ဘဲကောင်းတယ်ပြောပြော Hair Tonic ဆို Some By Miရဲ့နေရာကိုတော့ အစားထိုးလို့မရသလို
သူ့ထက်ကောင်းတာမျိုးလည်း ခုထိရှာမတွေ့သေးဘူး။ "စကားတွေအများကြီးပြောရင်အမှားတွေအများကြီးပါမှာဆိုလို့" အရင်ဆုံး ပုံကိုဘဲကြည့်။ဘယ်လောက်တောင်ကြိုက်လို့ ဘယ်နှစ်ဘူးတောင် သုံးထားလဲဆိုတာ။အရင်လက်​ဟောင်းဘူးတုန်းကတော့ Details Review ရေးပေးဖူးပေမဲ့ ဒီတစ်ခေါက်တော့ လိုရင်းတိုရှင်းဘဲရေးပေးတော့မယ်။Youတို့က စာရှည်ရင်မဖတ်လို့ :3

ဒီ SOME BY MI ရဲ့ Cica Peptide Anti Hair Loss Derma Scalp Tonic က scalp tonic ဖြစ်လို့ အဓိက ဗောက်ထတာ၊ ဆံပင်ကျွတ်တာလျော့ချဖို့နဲ့ ဦးရေပြားအေးပြီးဆံသားအားကောင်းနေစေဖို့ အဓိကလုပ်ထားတဲ့ Hair Tonicမျိုးပါ။ သူ့ထဲမှာ Centella Asiatica ဆိုတဲ့ (Cica)ပါလို့ ယားယံတာတွေ၊ နီမြန်းရောင်ရမ်းတာတွေကိုသက်သာစေပြီး ဖျန်းလိုက်တာနဲ့ဦးရေပြားကိုအေးနေစေတယ်။ပြီးတော့ Peptides 11 မျိုးပါသေးလို့ ဆံသားရဲ့အရင်းပိုင်းကိုပါ အားဖြည့်ပေးပြီး ဆံပင်ပိုသန်လာအောင်ကူညီပေးနိုင်တယ်။Baby hairလေးတွေပေါက်လာတယ်။ဦး​ရေပြားခြောက်ပြီး ဆံပင်ကျွတ်လွယ်တဲ့သူတွေ၊ stress ကြောင့် hair fall ဖြစ်နေတဲ့သူတွေ၊ ဆံသားအရင်းပိုင်းအားနည်းပြီး ဆံပင်ပါးလာတဲ့သူတွေ သုံးလို့အဆင်ပြေတယ်။

ဖျန်းလိုက်ရင်လည်း လေးလံစေးကပ်မနေဘဲ Watery type hair tonicမို့ ဖျန်းပြီးအဆီပြန်တာမျိုးလည်းမဖြစ်သလို mentholပါလို့ခေါင်းကိုအေးပြီး ရှိန်းတိန်းတိန်းနဲ့နေလို့အရမ်းကောင်းတာမို့ Daily သုံးလို့အဆင်ပြေတဲ့ leave-in tonic အမျိုးအစားလို့ပြောရမယ်။(၃-၄)ပတ်သုံးပြီး ဆံပင်ပြန်ပေါက်လာတာမျိုးမဟုတ်ပေမဲ့ (၁)ဗူးကုန်ရင်တော့ သူ့ဟာနဲ့သူအနည်းကျဥ်းပေါက်ပါတယ်။(၂)ဗူးမြောက်မှာတော့ ဆံပင်အကျွတ်ရပ်သွားပြီး ဗောက်ထတာတွေလုံးဝမရှိသလို ဆံပင်အရှည်မြန်လာတယ်လို့လည်းခံစားရတယ်။"ခေတ်"တော့သူကို ခေါင်းမလျှော်ခင် (၁)နာရီအလိုမှာဖြန်းသလို လျှော်ပြီးTowelနဲ့ခြောက်အောင်သုတ်ပြီးရင် ထပ်ဖြန်းပြီးလက်ချောင်းလေးတွေနဲ့ Head message လုပ်သလိုမျိုး နှိပ်နယ်ပေးတယ်။ပြီးတော့မှလေအေးနဲ့ Dryer ထပ်မှုတ်တယ်။ "ခေတ်"အတွက်တော့ တကယ်ကိုမှ ကောင်းတဲ့ Hair Tonic မို့ ကုန်တိုင်းထပ်ဝယ်သုံးမှာပါ။

EOS K Beauty Shopမှာ Some By Mi Hair tonic တွေရပြီလို့ Announcementလုပ်တုန်းက တစ်ဗူးကို 49000ksနဲ့(3)ဘူးထပ်ဝယ်ခဲ့တာပါ။

ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ရက်ရဲ့ နောက်ထပ် Review တွေမှာ တွေ့ဆုံချင်ရင်တော့ Page လေးကို Like & Follow လေးလုပ်ခဲ့ကြပါဦးခင်ဗျ။

❌Copying of images and text is strictly prohibited.❌







49400Instock
07/03/2026

49400
Instock

Perfume Lotion လို့ Highlightsမလုပ်ထားပေမယ့် Perfume Lotion ဆိုပြီး လက်ခံပေးလို့ရလောက်တဲ့ထိ ထိထိမိမိနဲ့ မွှေးတာဆိုလို့ Drugstore Brand တွေထဲမှာ Soap & Glory Lotion ကိုမှီသေးတာ တစ်ခုမှမမြင်ဖူးသေးဘူး။ဒီ Soap & Glory က UK Drugstore Brand ဖြစ်ပြီးတော့ များသောအားဖြင့် Bootsတို့/Watsons တို့မှာရနိုင်သလို Myanmar က OSတချို့မှာလည်းရနိုင်တယ်။ Price range ကလည်း mid–affordable sideမှာရှိတော့ပေးရတဲ့စျေးနဲ့ သုံးရတာတန်တယ်ပေါ့။

"ခေတ်" အခု သုံးနေတာက The Righteous Butter Body Lotion လေး။သူ့မှာ ဘာတွေပါလဲဆိုတော့Vitamin E ကြွယ်ဝတဲ့ Cocoa Seed Butter, Shea Butter , Aloevera , Almond Oil , Rosehip oilနဲ့ Antioxidant ဓာတ်များစွာပါဝင်တာမို့ အသားရေကို Nourish အပြည့်ပေးနိုင်တဲ့နေရာမှာတော့ပြောစရာကိုမလိုတာ။လိမ်းပြီးတာနဲ့ အသားရေက လုံးဝကိုပြောင်တက်ပြီး နူးညံ့နေတယ်။တံတောင်ဆစ်နဲ့ ဒူးခေါင်းလို အသားခြောက်တတ်တဲနေရာတွေကို Focusထားပြီးလိမ်းမယ်ဆိုရင်တော့ အသားရေက နဂိုထက်ကြမ်းခြောက်မနေဘဲနူးညံ့လာတာတွေ့ရတယ်။အဓိက ကတော့ဒီLotionက Dry Skinတွေအတွက် ရေဓာတ်ဖြည့်ပေးတဲ့ Lotionတစ်ခုဆိုလည်းမမှားဘူး။ Scrub တိုက်ပြီးလိမ်းမယ်ဆိုရင်တောင် ပိုပြီးလိမ်းလို့ကောင်းတဲ့အနေထားမှာရှိတယ်။

သူ့ရဲ့ Textureကိုတော့ ဘူးစဖွင့်တုန်းကထင်လိုက်တာ စေးကပ်ကပ်ဖြစ်မယ်လို့လေ။ဘယ်ဟုတ်မလဲ
Texture ကထင်ထားတာထက် lightweight ဖြစ်နေရော။Blendရတာ လွယ်တယ်။Serum type lotion တွေလိမ်းနေရသလိုဘဲ မထူးမ​ခြားနားQuickly Absorbလုပ်ပေးနိုင်တာလည်းတွေ့ရတယ်။အနံ့ကတော့Top Notesမှာ (Citrus/Fruity)ဆန်တဲ့ Crisp bergamotနဲ့ Crushed Green Leavesကိုထည့်ထားပြီးနဲ့Middle Notes မှာတော့(Floral)ဆန်တဲ့ Roseနဲ့ Jasmine ထည့်ထားသလို Base Notesမှာတော့ (Warm/Earthy) ဖြစ်တဲ့ Soft musk, Oakmoss နဲ့ Amberဆိုပြီးအဆုံးသတ်ထားတယ်။Overallချုံပြောရရင်တော့ နွေးထွေးပြီး ချိုမြိန်တဲ့ ဂန္တဝင်ဆန်ဆန် fruity-floral scentမျိုးကွာ။

အစက အနံ့ကို နည်းနည်းအီချင်သလိုဖြစ်တာမို့ သိပ်သဘောမကျပေမဲ့ လိမ်းရင်းနဲ့ နှာခေါင်းနဲ့အနံ့ကယဥ်သွားတော့ နောက်ပိုင်းတော့ အဆင်ပြေသွားတယ်။( SPF❌ )မပါတာမို့ Night onlyဘဲရမယ်။နေ့ဘက်မရပါဘူး။Scrubတိုက်ပြီးလိမ်းချင်ရင်တော့ရတယ်။Dry Skinသမားတွေဆိုရင်တော့ ဒီဆောင်းမှာ ဒီLotion က တော်တော်လေး အဆင်ပြေမယ်လို့လည်းထင်မိတယ်။Smell Longevity ကိုပြောရရင်တော့
Body lotion ဖြစ်လို့ Perfumeတွေ​ဆွတ်ထားသလိုတော့ အကြာကြီးမခံပါဘူး။Dry skin တွေမှာလိမ်းကြည့်ရင်အလွန်ဆုံး (၃ - ၄နာရီ)အထိခံသလို Normal / Oily skin မှာလိမ်းကြည့်ရင်(၄ –၅ နာရီ) အထိလောက်တော့ အနံ့ခံတယ်။အမြဲစွဲသုံးရင် အနံ့ကအကျီမှာစွဲနေပြီး ကြာလာရင်လူမြင်တာနဲ့ ဒီအနံ့က ကိုယ့်ဆီကလာတဲ့ Own Signature အနံ့လိုမျိုး သူတို့မှတ်မိလောက်တဲ့ထိမွှေးသော။ဆိုတော့ ဒီဆောင်းမှာ အသားလည်းခြောက်တယ်၊လိမ်းပြီးစိုစိုလေးနဲ့ မွှေးနေတာလေးမှဆိုရင်တော့ ဒီ Soap & Gloryက Must Haveပါလို့။

ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ထပ်လည်း Skincare Review တွေအပြင် Skincare knowledge နဲ့ GIVEAWAY တွေလည်းမကြာမကြာရှိနေမှာမို့ Page လေးကို Like & Follow လုပ်ခဲ့ကြပါဦးနော်။

❌Copying of images and text is strictly prohibited.❌






30ml 15500
07/03/2026

30ml 15500

❗💦တော်တော်များများတော့ ဒီ Nivea cream ကိုလိမ်းဖူးကြမယ်ထင်တာပဲ...🥰

ငယ်ငယ်ကSkincareတွေလည်း သိပ်ခေတ်မစားသေးတော့ ဘာဆိုဘာမှမသိတဲ့အချိန် ကလောဘက်မှာ နေခဲ့တာဆိုတော့ အဲ့မှာကလေးတော်တော်များများက မျက်နှာက အအေးဒဏ် ကြောင့် ခြောက်လို့ ဂျွတ်လိုမျိုး အနီရောင်တွေ အဖတ်တွေကွာကြတယ်...ပါးမို့မို့လေးမှာနီရဲပြီး...လေတိုက်တာကြောင့်လည်းပါတယ်... 🌫

အဲ့လိုချိန်မျိုးမှာ Vaseline တောင် မကယ် နိုင်လို့ Glycerin ကိုရေနဲ့ရောပြီး လူး ကြတယ် ...အဲ့အချိန် ကိုယ့်အမေကတော့ Nivea က အဆင်ပြေတယ်ဆိုပြီး မျက်နှာကအစ ခြေ ဖနောင့် အဆုံး ဘူးကြီးဝယ်လိမ်းပေးတော့တာပဲ...ခြေထောက်တွေလက်တွေကတော့ အသားခြောက်သလိုကြီးမဖြစ်ပေမဲ့ မျက်နှာကလည်း အသားပတ်တာမျိုး မခံစားရဘဲ...စစလိမ်းချင်းကြရင်တော့ခဏတာ မျက်နှာမှာ တစ်ထပ်ကြီးလိုလို အိုက်သလိုလို ခံစားရတယ်....ပြီးရင်တော့အဆင်ပြေသွားတယ်...

ကြီးလာတော့လဲ ခုနေတဲ့နေရာအေးတော့ အဆင်ပြေမလားထပ်သုံးကြည့်ခဲ့သေးတယ်...
ငယ်ငယ်က Dry Skin ဘက်သွားတာကြောင့်မို့လို့လည်းနေမယ် အဆင်ပြေသလခုလေးဖြစ်ပေမဲ့ခုတော့ မျက်နှာအတွက် လုံးဝအဆင်မပြေတာပါ

အမေဝယ်လိမ်းပေးတာကလွဲပြီး ကိုယ့်ဘာသာလည်းထပ်မဝယ်သုံးဖြစ်ခဲ့ဘူး...ခု လူတွေပြန်သုံးကြမှ Textureများပြောင်းသွားပြီလားဆို Tryမိတာ.... Textureကတော့ ငယ်ဘဝကိုသတိရစေတာပဲ...အသားခြောက်တာတော့ သက်သာပေမဲ့ သူ့ကိုတော့မစွဲလမ်းသွားဘူး...သူ့ရဲ့ Textureက ထူပြီး ဆွဲရခက်တယ်...အဲ့တာကြောင့် လည်းပါတယ်🔎

ခုပြန်သုံးတဲ့အချိန်မှာ တစ်ဘူးကုန်ပြီဆိုပေမဲ့ မျက်နှာတော့မလိမ်းဖြစ်ခဲ့ဘူး...သူက အသားအရမ်းခြောက်တဲ့သူအတွက်အဆင်ပြေကောင်းပြေပေမဲ့ normal to Oilyအတွက်ကတော့အခန့်မသင့်ရင် အဖုတစ်သန်းထွက်နိုင်ပါတယ်..သူ့မှာ Moisturizer ပါဝင်မှု ပုံမှန် cream တွေထက်များတယ်ဆိုတော့

သူ့ရဲ့ Textureက လိမ်းထားပြီးရင် သူ့ရဲ့ Moisturizer က အသားပူသွားသလိုခံစားရတယ်...Matte ဖြစ်တဲ့ Foundation နဲ့တွဲလိမ်းပေးတာတွေကြတော့ သူကအဆင်ပြေသွားတာမျိုးဖြစ်နိုင်ပေမဲ့ တိုက်ရိုက်လိမ်းပေးတာကိုတော့အရမ်းအားမပေးဘူး

ခြေဖနောင့်ကွဲတာ...ဒူးနဲ့ တံတောင်မဲတာကိုတော့ တော်တော်လေးသိသာတယ်...Body lotion တစ်ခုခုနဲ့တွဲလိမ်းတာမျိုးလည်းလုပ်တယ်..ဘူးအပြား လေးတွေကတော့ bodyအတွက် လိမ်းဖို့ကြတော့လည်း နည်းနေပြန်တော့... အကြံပေးချင်တာက Super Dryသမားနဲ့ ခြေပနောင့်ကွဲတာ...အသားမာတတ်ချင်တဲ့နေရာတွေအတွက်ကောင်းတယ်

ဘာပဲပြောပြောစျေးလည်းသက်သာတယ်...ဆိုတော့ ဝယ်လိမ်းရင် မျက်နှာပေါ်တင်သင့်မတင်သင့် စဥ်းစားလို့ရတာပေါ့

Skincareအကြောင်းအသေးစိတ်ဆွေးနွေးချင်ရင်တော့ cb မေးထားပေးနော်💌

Instockပါရှင့်
07/03/2026

Instockပါရှင့်

[ 2026 - SUMMER EDITION 🏝️ - BODY SUNSCREEN ]

အမြဲသုံးဖြစ်တဲ့ Body Sunscreen ဆို Vaseline က မပါမဖြစ်ပါဘဲဗျ 🌟

ငုံး Body Sunscreen ဆိုရင် 2 မျိုးပဲ သုံးတယ် တစ်မျိုးက
ခဏခဏတင်ပေးတဲ့ NIVEA ရဲ့ Super C + နဲ့
နောက်တစ်မျိုးကတော့ ဒီ Vaseline ပါပဲ
ဒီ 2 မျိုးကိုပဲ ပတ်ချာလှည့်ပြီး အမြဲပြောင်းသုံးဖြစ်တယ် ရှေ့လက ပြန်သုံးဖြစ်တဲ့ တစ်ဘူးမကုန်ခင်မှာပဲ ကြိုဝယ်ထားရတယ်

💛 တစ်ချို့က ဒီ Vaseline ကို လိမ်းရတာ ပူတယ် ၊ စေးကပ်တယ် ၊
ချွေးထွက်ရင် ချွဲတယ် ၊ ပြီးရင် အမွှေးရှည်လာတယ် လို့ ပြောကြတယ် 😄
ဒါက ဘာကြောင့်ဖြစ်နိုင်လဲဆိုရင် သူ့မှာပါတဲ့
Mineral Oil နဲ့ Petrolatum ရဲ့ thickness ကြောင့်
အရေပြားပေါ်မှာ moisture lock လုပ်ထားလိုက်သလိုဖြစ်ပြီး
တအားကို စိုစိုအိအိဖြစ်စေတာမို့လို့ ချွေးသန်တဲ့သူတွေ ၊
အသားအရမ်းမခြောက်တတ်တဲ့သူတွေ နဲ့ ဒီလို texture ကို
မကြိုက်တတ်တဲ့သူတွေ အတွက် ပူတယ် ၊ ချွဲတယ် လို့
ခံစားရတာဖြစ်နိုင်တယ်ဗျ

💛 နောက်ပြီး အဲ့ဒီ Mineral Oil နဲ့ Petrolatum ကြောင့်ပဲ
အမွှေးတွေကပါ စိုစွတ်ဖြောင့်ဆင်းသွားပြီး ပိုရှည်သယောင်ဖြစ်လာတာ
တစ်ယောက်နဲ့တစ်ယောက်တော့ မတူနိုင်ပေမယ့်
ယေဘုယျအားဖြင့်တော့ အမွှေးရှည်ဖို့ကို ဖြစ်စေမယ့်
ingredient မျိုးတော့ မပါပါဘူးဗျ 😁

💛 ငုံးလို ဆယ့်နှစ်ရာသီ အသားအရမ်းခြောက်တတ်တဲ့ သူအတွက်ကတော့
ဒီ Lotion ရဲ့ thickness & texture က အဆင်ပြေတယ်
လိမ်းပြီးရင် စိုအိပြီး ချောမွတ်နေမှ ငုံးက သဘောကျတာမို့လို့
ပိုပြီး အဆင်ပြေသွားတာလည်း ပါမယ်ပေါ့နော်
တစ်ခုသတိပြုရမှာက Chemical UV Filters တွေ
သုံးထားတာဖြစ်လို့ အသားပေါ်မှာ ပိုစိုတယ် ၊ ပိုအိပါတယ်
အဲ့ဒါကြောင့် ချွေးထွက်ရင်တော့ လူတိုင်းမှာ ချွဲတတ်တာမျိုးဖြစ်နိုင်တယ်
ငုံးအသားမှာလည်း ချွေးအရမ်းထွက်လာရင်တော့ ချွဲတယ်

💛 ဒီ Sunscreen လေးပဲလိမ်းပြီး နေပူထဲမှာ‌လျှောက်သွားရင်တော့
သေချာပေါက် နေလောင်မှာပဲမို့လို့
Sunscreen ကိုလည်း အားကိုးပါ ၊
ထီးဆောင်း ၊ လက်ရှည် ဝတ်တာတော့
အမြဲလုပ်နေရမယ်ဆိုတာ မေ့လို့မဖြစ်ဘူးနော်

💛 ငုံးအတွက်တော့ နေလောင်ဒဏ်ကို သူကာပေးနိုင်တာ
တော်တော်လေးသိသာတယ် ဘာလို့လဲဆိုတော့ ငုံးကနေအရမ်းလောင်သွားရင်
ခြေဖမိုးတွေပါ မဲပြီး ဖိနပ်ရာတွေကျန်ခဲ့တာ
ဒါကို တောက်လျှောက်လိမ်းနေရင်
အဲ့ဒီလိုလုံးဝမဖြစ်တော့ သဘောကျတာပေါ့နော်

💛 ပိုပြီး စိတ်ချရတဲ့ Result အတွက်တော့
2-3 နာရီခြား တစ်ခါ လိမ်းလိမ်းပေးရင် ပိုကောင်းတယ်
Reapply ကတော့ လုပ်ကိုလုပ်သင့်တယ်ဗျ
ဒီနှစ်နွေက ပိုပူနိုင်ချေ မြင့်တာမို့လို့ ခဏခဏ Sunscreen လိမ်းပါ
မျက်နှာရော ခန္ဓာကိုယ်ကိုရော အကာအကွယ်သေချာယူပါနော်

💛 အနံ့ကတော့ လိမ်းပြီး သိပ်မကြာခင်ဆိုရင်
ပေါင်မုန့်နံ့လိုလို ဖြစ်သွားရော ငုံးအတွက်ကတော့ အဆင်ပြေပါတယ်





8500Instock
07/03/2026

8500
Instock

အစကလေ Hand Creamလိမ်းတဲ့သူဆို Overတွေအရမ်းလုပ်တယ်လို့ထင်ခဲ့မိတာ။ Lotion လိမ်းလည်းရရဲ့သားနဲ့ ဘာကိစ္စရေးကြီးခွင်ကျယ် Hand Creamတွေ လိမ်းတာလဲပေါ့။ တကယ်တော့ Hand creamနဲ့ Lotionကမတူဘူးနော်။ Lotionက အစိုဓာတ်အသင့်တင့်ရဖို့၊ အသားရေကြည်ဖို့နဲ့ နေလောင်ဒဏ်ကာဖို့အတွက်ဘဲ အလုပ်,လုပ်ပေးတာ။ Hand Creamကကျတော့ ရေကိုင်တာများလို့ လက်က ပဲကြီးခွံလိုတွန့်နေတာမျိုးတွေ၊လက်ဖဝါးက အရေခွံကွာတာတွေနဲ့ လက်သည်းလေးတွေပန်းရောင်သန်းပြီး လက်ချောင်းလေးတွေ နူးညံ့နေဖို့အတွက်သုံးတယ်ဆိုတာကို ကိုယ်တိုင်သုံးကြည့်တော့မှ ဒီအတွက်သုံးတာပါလားဆိုတာ သိလိုက်ရတာ။မနောပျက်မိတဲ့အတွက် ဆောတီးပါ😁

တခြား Hand Creamတွေရှိပေမဲ့ မသုံးဖူးဘူး။ခုလက်ရှိသုံးနေတဲ့ Vaseline ကပန်းရောင် Hand Creamလေးကတော့ တော်တော်အဆင်ပြေတယ်။အနံ့လေးကလည်း သင်းသင်းလေးနဲ့ကိုမှ မွှေးပြီး လိမ်းလိုက်ရင် လက်ချောင်းလေးတွေများ အိစက်နေရောဘဲ။သူက Foot Creamလေးလည်းထွက်တယ်။"ခေတ်"တော့ ဒီ Hand Creamလေးကို လက်တင်မဟုတ်ဘူး အပူများပြီး တစ်ခါတစ်လေခြေထောက်အက်ကွဲတာမျိုးတွေမှာ အဲ့ဒီနေရာကို 2ရက်လောက်လိမ်းပေးထားလိုက်ရင်ကို ခြေထောက်က နဂိုအတိုင်းဖြစ်သွားရော။နောက်ပြီး တံတောင်ဆစ်လိုနေရာတွေမှာ အသားပတ်ပြီးဂျွတ်တတ်သလို ဖြစ်ရင်လည်း သူ့လိမ်းရင်သက်သာတယ်။သူများတွေအတွက်ကတော့ Hand cream၊ "ခေတ်"အတွက်ကတော့ ဘက်စုံသုံးလေးမို့ အပြင်သွားလည်း အိတ်ထဲအမြဲပါသလို သတိရရင်ရသလို လိမ်းဖြစ်တယ်။

နောက်ပြီး အချိန်တိုင်းမှာကိုယ့်လက်လေးကို ချစ်သူလေးက သတိရလို့ကိုင်လိုက်တိုင်း ပိုးသားလေးကိုထိတွေ့နေရတဲ့ ခံစားချက်မျိုးကို ရစေချင်လို့လည်း ပါတယ်။ ယူတို့လည်း အဲ့ခံစားချက်မျိုးကိုရချင်ရင် Vaseline က Hand Creamတစ်ဘူးလောက် ဝယ်ပြီးဆောင်ထား။တော်ကြာ ရည်းစားလေးက ရုတ်တရက် လက်ကောက်ကိုင်လိုက်မှ "လက်ကြမ်းကြီး"ဆို ဂွမ်းနေမယ်နော်။

ကဲ ဒီနေ့တော့ဒီလောက်ပါဘဲ။နောက်ရက်ရဲ့ နောက်ထပ် Review တွေမှာ တွေ့ဆုံချင်ရင်တော့ Page လေးကို Like & Follow လေးလုပ်ခဲ့ကြပါဦးခင်ဗျ။

❌Copying of images and text is strictly prohibited.❌




Instock
07/03/2026

Instock

အိမ်က မာတာမိခင်ကဒါကိုအရမ်းကောင်းတယ်ဆိုကတည်းက ဒီ reviewကို 100% ယုံလိုက်တော့....
အမေက ကာရံ့ထက်တောင်ဂျီးတအားများတယ် တော်ရုံကောင်းတယ်မပြောဘူး....
နင့် ခေါင်းလျော်ရည်က အမြှပ်လဲတအားထွက် မွှေးပြီး ဆံပင်ကိုအိစင်းသွားတာဘဲတဲ့ သူတအားကြိုက်သွားတာ...
Gloss ဆိုတဲ့အတိုင်းလျော်ပြီးရင် ဆံပင်ကိုပြောင်အိglowသွားတာ မျက်နှာ glowတာအားမရလို့ ဆံပင်ပါ glowချင်ရင်သုံး ဆံပင်အမဲတွေဆို ပိုတောက်ပြောင်တာသိသာတယ် သူ့ hair serumနဲ့တွဲသုံးရင် ပိုတောင်လက်လက်ထဉီးမယ်...
ဒါနဲ့လျော်ပြီးကတည်းက ဆံပင်လဲမကျွတ်တော့ဘူး လျော်နေတုန်းအချိန်လဲ ဆံပင်သိပ်မကျွတ်ဘူး ဆံပင်ကျွတ်တာတော်တော်ထိန်းပေးနိုင်တယ် ဖောက်ထတာ ​ယားတာလဲသက်သာသေးတယ်.....
အနံ့ကလဲ မွှေးအီနေရော လျော်ပြီး တော်တော်ကြာတဲ့အချိန်ထိ အနံ့ကစွဲနေတာ နည်းနည်းထည့်ရုံနဲ့ အမြုပ်တအားထတယ် ထွက်လာတဲ့အမြှပ်တွေကလဲ နူးညံ့တယ် ...

သူ့ထဲမှာ AHA 3% ပါတာမို့ ဆံသားနဲ့ ဉီးရေပြားမှာကပ်ညှိနေတဲ့ ချေးတွေအကုန်ချွတ်ပေးလိုက်တာ အာ့မို့ ဆံပင်ကပြောင်အိသွားပြီး ဗောက်ထတာသက်သာတာ...

ဒီဗူးကြီးကိုမှ 2 သောင်းကျော်ဘဲရှိတယ် တန်လဲတန် များလဲများ သုံးပါလေ့...
ဗူးသေးက တသောင်းကျော်ဘဲရှိမယ် ခေါင်းလျော်ရည်ကောင်းကောင်းရှာနေရင်တော့ recommendလုပ်ပါတယ်...

Instock လက်လီ / လက်ကားရ
07/03/2026

Instock
လက်လီ / လက်ကားရ

2ခုလုံးရ
07/03/2026

2ခုလုံးရ

နေ့တိုင်း full makeup ကြီး မိတ်ကပ်လိမ်းဖို့ကျလည်း အဆင်မပြေတော့ လိမ်းထားသလိုလို၊ မလိမ်းထားသလိုလိုနဲ့ မျက်နှာလေး ဝင်းကြည်နေဖို့ ဒီ duo လေးကိုပဲ သုံးဖြစ်နေတယ်။

Primer လေးကတော့ သုံးဖြစ်တာ မကြာသေးပေမယ့် မဆိုးဘူး၊ သုံးပျော်တယ်။ လုံးဝမပါတာထက်စာရင် မိတ်ကပ်သား အတော်လေး ညီစေတယ်။ ချွေးပေါက်လေးတွေကိုလည်း အသင့်အတင့် blurring လုပ်ပေးတယ်။ Matt primer ဆိုပေမယ့် တအားခြောက်သွားတာမျိုး မဟုတ်ဘဲ normal to oily သမားဆို အဆင်ပြေနိုင်ပါတယ်။

BB cream ကတော့ သုံးဖြစ်တာ နှစ်ဘူးမြောက်ကို ကုန်ခါနီးပြီ။ တစ်ရောင်ထဲထွက်ပြီး အရောင်က အနည်းငယ် လင်းလွန်းတော့ အသားအရောင်နဲ့မကိုက်မှာ စိတ်ပူခဲ့ပေမယ့် brush ထိပ်ပြားလေးနဲ့ ဖြန့်ပြီး puff နဲ့ ဖိပုတ်လိုက်ရင် အသားထဲ စိမ့်ပြီး တစ်ညီတည်း ဖြစ်သွားတာလေး ကြိုက်မိတယ်။ ကြာလေ မိတ်ကပ်သားတက်လေမို့ နဂို skin ကောင်းနေသလို finish look မျိုးရတယ်။ Coverage ပိုရချင်ရင် သူ့အပေါ်က concealer or cushion ထပ်လိုက်လိုက်တယ်။

လတ်တလော daily makeup pouch ထဲမှာတော့ ဒီ၂ဘူးကတော့ မရှိမဖြစ်ဘဲ၊ ကုန်ရင်လည်း ထပ်ဝယ်ဖြစ်ဦးမယ်။ 🤭❤️

Your Skin Sis,
Air~

TonerSerumcapsule creamSuncreamရ
05/03/2026

Toner
Serum
capsule cream
Suncreamရ

အသားအရေကို ပန်းရောင်လေးသန်းပြီး ဖြူအုနုဖက်သွားချင်ရင် ဒီလိုsetလိုက်လေးသာသုံးပေး အသားအရေကစိုပြောင်ပြီး jelly glow skinလေးလိုကိုဖစ်လာတာ..
အစိုဓာတ်ကိုလဲ ထိထိမိမိပေးနိုင်တယ် နောက်ပြီး ချွေးပေါက်ကျယ်ပြီး အသားအရေကြမ်းနေတာမျိုးကိုလဲ နူးညံ့လာအောင်လုပ်ပေးတယ်...
Glass skin ရချင်တဲ့နေ့တွေဆို ဒီလိုလေးတွဲသုံးလိုက်တာဘဲ ပန်းရောင်လေးတွေမို့ အမြင်လဲလှတယ်...
လိမ်းနည်းက အစဉ်လိုက်သုံးရုံပါဘဲ...
Exosome shot နဲ့ warpping maskကတော့ ညဘက်ဘဲသုံးပေးပါ ကျန်တာနေ့ညသုံးလို့ရတယ်...
အဆီအရမ်းပြန်တဲ့သူကလွဲလို့ all skin typeထိ ဒီလိုလိမ်းလို့ရပါတယ်...
Glass skinလဲရချင်တယ် သိပ်လဲမစဉ်းစားချင်ရင်ဒီလိုသာသုံးလိုက်ပါ...



Address

51B.st,Between 120*121st ,Mandalay

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Khit Cosmetics & Skincare House posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Health & Beauty Business?

Share