Than Than Clinic & Pharmacy

  • Home
  • Than Than Clinic & Pharmacy

Than Than Clinic & Pharmacy Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Than Than Clinic & Pharmacy, Medical and health, .

Permanently closed.
Omicron ကူးစက်ပါက1. ဖျားခြင်း ချမ်းတုန်ခြင်း2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း3. ခန္ဓ...
03/02/2022

Omicron ကူးစက်ပါက
1. ဖျားခြင်း ချမ်းတုန်ခြင်း
2. လည်ချောင်းခြောက်ခြင်း /လည်ချောင်း နာ ခြင်း /ချောင်းခြောက်ဆိုးခြင်း
3. ခန္ဓာကိုယ်နဲ့ ကြွက်သားများ ကိုက်ခဲခြင်း
4. မောပန်းနွမ်းနယ်ခြင်း
5. နှာခေါင်းပိတ်ခြင်း /နှာစေးခြင်း
6. ည တွေ အေးမြသောအခန်းတွင်ရှိသော်လည်း ဇောချွေး များ ထွက်ခြင်း
7. အရင် လိုအနံ့ အရသာ ပျောက် ခြင်း သိပ်မရှိသောကြောင့် တုပ်ကွေးလက္ခဏာများ နှင့် ဆင်တူပါသဖြင့် မိမိတွင်ကူးစက်မိပါက သတိမထားမိ လျှင် ဆိုးဝါးသော အဆင့်ကို ရောက် သွားနိုင်ပါသဖြင့် လက္ခဏာများအား မိမိကိုယ် တိုင်သံသယဖြစ်လျှင် နီးစပ်ရာ ဆရာဝန်နှင့် စနစ်တကျ စစ်ဆေး ကုသမှုခံယူပါရန်
တိုက်တွန်း အပ်ပါသည်

Crd: Samitivej Hospital
အထက်ပါအချက်များကို မျှဝေပေး သော
ကူးစက်ရောဂါ အထူးကု ဆရာဝန်ကြီး
Dr. On-Umar Banpamaiအား အထူးပင်ကျေးဇူးတင်ပါသည်

ဒေါက်တာ ဘုန်းမြတ်သက်လွင် M.B.B.,Sအထွေထွေဆရာဝန်ဆေးခန်းဖွင့်ချိန်ညနေ ၄ နာရီမှ ည ၈ နာရီထိဆေးဆိုင် မနက် ၁၀ ခွဲ မှ ည ၉ ခွဲထိပ...
23/01/2022

ဒေါက်တာ ဘုန်းမြတ်သက်လွင်
M.B.B.,S
အထွေထွေဆရာဝန်

ဆေးခန်းဖွင့်ချိန်
ညနေ ၄ နာရီမှ ည ၈ နာရီထိ

ဆေးဆိုင် မနက် ၁၀ ခွဲ မှ ည ၉ ခွဲထိ
ပိတ်ရက်မရှိပါ

လိပ်စာ အမှတ် ၁၁ E 55 လမ်း ၂ရပ်ကွက်
အလယ်ဘယ်လောက် ပုဇွန်တောင်မြို့နယ် ရန်ကုန်မြို့
09793821741
( ph ဆက်ပြီးလဲမေးမြန်းလို့ရပါတယ်ရှင့် )

Medical & health

22/11/2021

စတူဂျရွန် Stugeron (စင်နရီဇင်း - Cinnarizine tablets) 25 mg♦♦♦♦♦♦♦♦♦♦♦♦Generic name - CinnarizineBrand name     - Stuger...
25/09/2021

စတူဂျရွန် Stugeron (စင်နရီဇင်း - Cinnarizine tablets) 25 mg
♦♦♦♦♦♦♦♦♦♦♦♦

Generic name - Cinnarizine
Brand name - Stugeron, Cinnarizine, Cinazin, Memorin, Stugeron, Sturon, Vertinil, Vertigon,Veridon (with Domperidone)

🔹 ကား၊ ရထား၊ လေယာဉ်ဖြင့် ခရီးသွားရာတွင် မူးဝေခြင်း၊ ပျို့အန်ခြင်း၊ နားအတွင်း အရည်များ များပြားလာပြီး နားအတွင်း ဖိအား ပြောင်းလဲသဖြင့် ဖြစ်ပွားသည့် ရောဂါ (Meniere's disease)၊ နားအူခြင်း (tinnitus) နှင့် ချာချာလည် မူးဝေခြင်း (vertigo) တို့အတွက် အသုံးပြုပါသည်။
🔹 Calcium Channal Blocker ဖြစ်သဖြင့် သွေးကြောများ ကျယ်စေရန် အတွက်လည်း အသုံးပြုပါသည်။

🔹 အတွင်းနားရှိ အာရုံကြောများသည် သင်၏ လှုပ်ရှားမှုများကို ဦးနှောက်သို့ သတင်းအချက်အလက်များပေးပို့ရသည်။ မျက်စိနှင့် ကြွက်သားများက ပေးပို့သည့် အချက်အလက်များနှင့်အတူ အာရုံကြောများသည် ခန္ဓာကိုယ်ကို ကောင်းမွန်သော အခြေအနေမှာ ရှိနေအောင် ချိန်ညှိပေးသည်။
🔹 သင်၏ နားတစ်ဘက်က ပေးပို့သော အချက်အလက်များသည် များလွန်းခြင်း၊ နည်းလွန်းခြင်း သို့မဟုတ် အချက်အလက်မှားများကို ဦးနှောက်သို့ ပေးပို့လာလျှင် ၎င်းသည် အခြားနားတစ်ဘက်၊ မျက်စိများ သို့မဟုတ် ခန္ဓာကိုယ်က ပေးပို့သော အချက်အလက်များနှင့် ကွဲပြားဆန့်ကျင်လာသည်။
🔹 ဦးနှောက်သည် ရှုပ်ထွေးသော အချက်အလက်များကို ရရှိပြီး မူးနောက်ကာ ချာချာလည် မူးလာ၍ ပျို့အန်ချင်လာမည်။

ဆေးညွှန်းနှင့် အသုံးပြုပုံ
♦♦♦♦♦♦♦♦

🔹 အရွယ်ရောက်ပြီး လူကြီးများနှင့် အသက် (၅) နှစ်အထက် ကလေးများ သောက်နိုင်ပါသည်။
🔹 တစ်နေ့လျှင် (၃) ကြိမ် သောက်နိုင်ပါသည်။
🔹 ခရီးသွားလျှင် မူးဝေတတ်သူများက ခရီးမထွက်ခင် (၂) နာရီကြို၍ စတင်သောက်ရမည်။
🔹 ခရီးရှည်သွားရလျှင် လိုအပ်ပါက (၈) နာရီခြား တစ်ကြိမ် သောက်နိုင်ပါသည်။
🔹 ဆေးကို အစာစားပြီးနောက် သောက်ရပါမည်။
🔹 ဆေးသောက်ပြီး တစ်နာရီအတွင်း အာနိသင် ပြပါသည်။ ဆေးအာနိသင်သည် ၆-၈ နာရီအထိ အာနိသင် ရှိနေမည် ဖြစ်သည်။
🔹 ဤဆေးသောက်နေစဉ်အတွင်း အရက်ကို ရှောင်ကြဉ်ပါ သို့မဟုတ် လျှော့သောက်ပါ။
🔹 ကိုယ်ဝန်သည်များနှင့် နို့တိုက်မိခင်များသည် အထူးမလိုအပ်ပါက မသောက်သုံးသင့်ပါ။

ဘေးထွက်ဆိုးကျိုးများ
♦♦♦♦♦♦♦♦
🔹 အိပ်ငိုက်ခြင်း
မတည့်သည့်အရာနှင့် ထိတွေ့သည့် အခါတိုင်း ခန္ဓာကိုယ်မှ ဒုက္ခပေးတတ်သည့် ဒြပ်ပေါင်းတစ်မျိုးဖြစ်သော ဟစ္စတာမင်း (Histamine) ကိုတုံ့ပြန်သော antihistaminic ဆေးတစ်မျိုး ဖြစ်သည်။
ဆေးသောက်ခြင်းကြောင့် အိပ်ငိုက်စေနိုင်သဖြင့် ဆေးသောက်နေစဉ်အတွင်း ကားမမောင်းရ၊ စက်ကိရိယာများ ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါ။
🔹 ဆေးသောက်နေစဉ် အရက်မသောက်ရပါ။ သောက်ပါက ဘေးထွက်ဆိုးကျိုးကို ပိုဖြစ်စေမည်။

- ကိုယ်အလေးချိန်တိုးခြင်း
- အစာမကြေခြင်း
- ပျို့အန်ခြင်း
- ဗိုက်နာခြင်း
- ချွေးထွက်လွန်ခြင်း
- မောပန်းခြင်း၊ အားနည်းခြင်း၊
- ခေါင်းကိုက်ခြင်း၊
- ခံတွင်းခြောက်သွေ့ခြင်း၊
- အကြောများဆွဲခြင်း၊
- မျက်လုံးနှင့် အသားဝါခြင်း၊
- သွားရည်ထွက်များခြင်း၊
- မျက်နှာ၊ နှုတ်ခမ်း၊ မျက်ခွံ၊ လျှာ၊ လက်နှင့် ခြေများ ရောင်ရမ်းခြင်း၊
- စိတ်ဓာတ်ကျခြင်း
- ကြွက်သားများ တောင့်တင်းခြင်း၊ တုံတုံယင်ယင်ဖြစ်ခြင်း၊
ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ ...

Maung Latt (Chemistry)............................................
References :
https://patient.info/medicine/cinnarizine-tablets-stugeron

https://www.google.com/amp/s/www.practo.com/medicine-info/amp/stugeron-25-mg-tablet-21812

https://en.m.wikipedia.org/wiki/Cinnarizine

Cinnarizine is an antihistamine used to treat Ménière's disease, travel sickness, vertigo and other balance or movement problems.

Vitamin E ဆိုတာ စွမ်းအားပြည့် antioxidant တစ်မျိုးဖြစ်ပါတယ်Antioxidant ဆိုတာ-ခရမ်းလွန်ရောင်ခြည် -လေထုညစ်ညမ်းမှု-စီးကရက်သ...
18/09/2021

Vitamin E ဆိုတာ စွမ်းအားပြည့် antioxidant တစ်မျိုးဖြစ်ပါတယ်

Antioxidant ဆိုတာ
-ခရမ်းလွန်ရောင်ခြည်
-လေထုညစ်ညမ်းမှု
-စီးကရက်သောက်ခြင်း
-အရက်သောက်ခြင်း
-ေသာက်လိုက်တဲ့ဆေးဝါးတွေ
-အသက်ရွယ်ကြီးတာ တို့မှ Free Redical ထွက်ရခြင်းကိုဆိုလိုပါတယ်
ခန္ဓာကိုယ်ကနေ Free Redical ထွက်ရခြင်းဖြင့် Cell တွေကို ပျက်စီးစေပါတယ်
အဲ့တာကြောင့်
-အရေပြား ကြမ်းတာ / မွဲခြောက်စေပါတယ်
-အရေကြောင်းဖြစ်မှုကိုသိသာစေသည်အပြင်
-ဆံပင် ခြေသည်း လက်သည်း ပျက်စီးလာတာတွေဖြစ်စေနိုင်ပါတယ်
ဒါပြင် နှလုံးရောဂါ ကင်ဆာရောဂါလဲ ဖြစ်စေပါတယ်

Antioxidant ရဲ့ Action ရှိတဲ့ Vitamin E ကိုသောက်သုံးခြင်းဖြင့် ကာကွယ်ပေးရုံမက ကုသပေးနိုင်ပါတယ်

Vitamin E ပါဝင်သောအစားစာများမှာ ဂျုံ ကြက်ဥ ပန်းပွင့်စိမ်း ကီဝီသီး နေကြာဆီ အ​စေ့အဆံ စသောအစားစာများမှရရှိစေပါတယ်

Vitiamin E ကိုလုံလုံလောက်လောက်မစားနိုင်ရင် ဆေးသောက်ရတာတွေရှိပါတယ်
သဘာဝကထုတ်လုပ်တဲ့ VE နဲ့ ပြုပြင်တဲ့ VE ၂ နှစ်မျိုးရှိပြီ
သဘာဝကထုတ်လုပ်တဲ့ VE ကအကောင်းဆုံးဖြစ်ပါတယ်
(As D-alpha Tocopheryl Acetate Ph. Er)
Vitamin E က ခေါင်းကနေအစ ခြေအဆုံးထိ Glow စေပါတယ်

VE သောက်ခြင်းဖြင့်ရရှိလာမဲ့အကျိုးကျေးဇူးတွေက
နှလုံးရောဂါကာကွယ်ခြင်း / သွေးအားနည်းခြင်း / အိုမင်ရင့်ရော်မှုကာကွယ်ပေးခြင်း / အသက်ကြီးလာရင်ဖြစ်တက်တဲ့ ကြွက်သား ၊ အကြောရောင်ရမ်းနာကျင်မှု / Parkinsonism ရောဂါကာကွယ် / အမြင်အာရုံဝေဝါးမှုသက်သာ / ဝက်ခြံဖြစ်တာကိုသက်သာ / ဝက်ခြံအမာရွက်ကိုကုသရာမှာအသုံးဝင် / ဆံပင်ကျွတ် ကျဲခြင်းကိုသက်သာ / ခြေသည်း လက်သည်း တွေကိုကျန်းမာသက်စွမ်းပြီး နေလောင်တာဖြစ်တဲ့အသားရည်ပျက်စီးတာကိုသက်သာကာကွယ်ပေးနိုင် / အရေးပြားကြမ်းတမ်း မွဲခြောက်မှုကိုသက်သာစေရုံသာမက ဓမ္မတာမလာစဥ်ခံစားရတဲ့ စိတ်တို စိတ်ရှုပ် စိတ်မကျေနပ် ဖြစ်ချင်မက နာကျင်ကိုက်ခဲတာကိုပါသက်သာစေတာကိုတွေ့ရှိရပါတယ်

ကလေးလိုချင်တဲ့စုံတွဲလဲသောက်သုံးလို့ရပါတယ်
အမျိုးသားသောက်ရင် သုတ်ပိုးကို ကျန်းမာသန်စွမ်းစေပြီး
အမျိုးသမီးကသားဥကြွေဆေးနဲ့တွဲသောက်သုံးခြင်းဖြင့် VE ကိုပိုပြီးအကျိုးဖြစ်ထွန်းစေပါတယ်
VE က ဒီတိုင်းသောက်လို့ရပေးမဲ့ သားဥကြွေဆေးကတော့ဆရာဝန်ညွှန်းကြားချက်ဖြင့်သောက်သုံးရပါတယ်
VE က သားဥကြွေစေပြီး အမျိုးသားသုတ်ပိုးနဲ့တွေ့ရင် သန္ဓေတည်ဖို့ရာအတွက် သားအိမ်နံရံကိုထူစေပါတယ်

VE ကိုတစ်နေ့ 400IU ကနေ 800 IU ထိသောက်သုံးလို့ရပါတယ်
ရောဂါကြောင့် 1000IU 2000IU သောက်ရတာကတော့ ချွတ်ယွင်းချက်ပါ

VE ကိုလိုတာထပ်ပိုသောက်ရင် ခေါင်းကိုက် / ဝမ်းလျှော / အမြင်အာရုံဝေဝါးတာ / ဦးနှောက်ထဲသွေးယိုစီးတာဖြစ်နိုင်ပါတယ်
&Pharmacy

Vitamin C အကြောင်းကိုယ့်ခံအားကောင်းဖို့ Vitiamin C ကိုသောက်ကြပါတယ် Vitamin C ကိုသောက်ခြင်းဖြင့် -ကိုယ်ခံအားကောင်းစေပါတယ်...
17/09/2021

Vitamin C အကြောင်း

ကိုယ့်ခံအားကောင်းဖို့ Vitiamin C ကိုသောက်ကြပါတယ်
Vitamin C ကိုသောက်ခြင်းဖြင့်
-ကိုယ်ခံအားကောင်းစေပါတယ်
-လူကိုနုပျိုစေပါတယ်
-Collagen ထုတ်ယူမှုကိုအားပေးပါတယ်
-သံဓာတ်စုပ်ယူမှုကိုအားကောင်းစေတယ်
-အနာကျက်မြန်စေပါတယ်
-လူ့ကိုလန်းဆန်းစေပါတယ်
-သွားရေစီးကမ်းပြိုကာကွယ်ပေးတယ်
-သွေးပေါင်ချိန်ကိုထိန်းညှိပေးတယ်
-ပုံမှန်သောက်ခြင်းဖြင့်ဂေါက်ရောကို 44% လျော့ချ
-မှတ်ဉာဏ်ချို့ယွင်းခြင်းကာကွယ်ပေး
-နှလုံးရောဂါ ကင်ဆာရောဂါကာကွယ်ပေး
-ဖျားရင်လဲသောက်လို့ရပါတယ် စသည်အကျိုးကျေးဇူးမ​ျားရရှိပါတယ်ရှင့်

ကျောက်ကပ်မကောင်းသူ အစာအိမ်အချဉ်ပေါက်တက်တဲ့သူများမသောက်သင့်ပါ

တစ်နေ့ 2000mg ထိသောက်သုံးလို့ရပါတယ်
2000mg ထပ်သောက်ရင် ဆိုးကျိုးခံစားရပါတယ်
500mg ဆိုရင် ခန္ဓာကိုယ်ကစုပ်ယူမှု 73 % ကျန်တာဆီးကထုတ်ပေးပါတယ်
500mg နှစ်လုံးကိုတစ်ပြိုင်ထဲသောက်ရင်တော့ စုပ်ယူမှုအား 50 % ကျန်တာ ဆီးကထုတ်ပေးပါတယ်

Collagen နဲ့  Gluta ရဲ့ကွာခြားချက်လေးတွေပြောပြပေးမယ်နော်Collagen ကိုသောက်ခြင်းဖြင့်ရရှိလာမဲ့အကျိုးကျေးဇူးတွေက-အသားအရေတင်...
14/09/2021

Collagen နဲ့ Gluta ရဲ့ကွာခြားချက်လေးတွေပြောပြပေးမယ်နော်

Collagen ကိုသောက်ခြင်းဖြင့်ရရှိလာမဲ့အကျိုးကျေးဇူးတွေက
-အသားအရေတင်းရင်းလှပမယ်
-အရည်ကြောင်းတွေလျော့နည်းဖို့
-ဖြူစင်ဝင်းပဖို့ ( ပျက်စီးနေတဲ့အရည်ပြားက cellတွေကိုပြုပြင်တာ)
-အရိုးဆစ်နာကျင်သက်သာစေဖို့
-ကြွက်သားတင်ရင်းဖွံ့ဖြိုးဖို့
-အမျိုးသမီးသွေးဆုံးချိန်အရိုးပွရောဂါမဖြစ်ဖို့
-အမျိုးသား အမျိုးသမီးနှင့်လူကြီးတွေပါကျန်းမာသန်းစွမ်းဖို့ Protein တစ်မျိုးဖြစ်ပါတယ်

Gluta ကိုသောက်ခြင်းဖြင့်
-အသားရေဖြူဖို့ ဝက်ခြံဖြစ်တာသက်သာဖို့
-အရေပြား အသားခြောက်တာ နေလောသ်တာတွေသက်သာဖို့
-နှင်းဂူလိုမျိုးအရေပြားပြသာနာသက်သာဖို့
-အရေကြောင်းလျော့နည်းဖို့
-မှတ်ဉာဏ်လျော့နည်းတာတွေသက်သာဖို့
-နှလုံးရောဖြစ်ပွားမှုလျော့နည်းစေပါတယ်

Collagen ရဲ့ ဆိုးကျိုးတွေကတော့
-ရင်ပြည့်ရင်ကယ် ရင်ပူတာခံစားရမယ်
-အစာအိမ်မကောင်းရင်မသောက်သင့်ပါ
Collagen ကိုနှစ်ရှည်သောက်ရင် အရေပြားထူပြီး ကိုယ်တွင်းရှိ အဆုတ် ​ေကျာက်ကပ်မှာထိခိုက်စေ သောကြောင့် ပမာဏာများကြီးကိုစွဲမသောက်သင့်ပါ

Collagen ကို 5သောင်းထိသောက်လို့ရပါတယ်တစ်နေ့ကို
အစားနဲ့ဝေးပြီးသောက်သင့်ပါတယ်ရှင့်
ဗိုက်နာတက်ရင်တော့အစာစားပြီးမှသောက်ပါ

Gluta ရဲ့ ဆိုးကျိုးတွေက ရင်ပြည့်ရင်ကယ် လေပွတာ ဖြစ်ပြီး
Gluta ကို ၆လ ထပ်ပိုမသောက်သင့်ပါဘူး ၆ လထပ်ပိုသောက်ရင်
Zinc ထပ်တွေနည်းလာပြီး အသက်ရှူကြပ်နိုင်
Gluta ကိုအစာအိမ်သမားကျောက်ကပ်သမားမသောက်ရပါ
Gluta သောက်ပြီးအရေးပြားနီတာ Allergic ဖြစ်တာတို့ဆိုရင်ဆက်မသောက်သင့်ပါ

Gluta ကို 500 mg or 1000mg ထိသောက်သုံးနိုင်ပြီး
Gluta ကိုသောက်ရင် စိတ်ရှည်ဖို့လိုပါတယ် ၃လ ၄လမှ အာနိသင်ကိုသိရပြီး ဆိုးကျိုးကြောင့်လဲ ၆ လထပ်ပိုမသောက်သင့်ပါ
အစာစားပြီး ၂ နာရီနေမှသောက်ပါ or အစာမစားခင် နာရီဝက်သောက်ပါရှင့်

Collagen ရော Gluta ရော ကိုယ်ဝန်ဆောင်မိခင်နှင့် နို့တိုက်မိခင်သောက်သုံးလို့မရပါ

Brand' s ငှက်သိုက် တွေရှိတယ်နော်Sugar FreeRock Sugar နှစ်မျိုးလုံးရပါတယ်ရှင့်42ml တစ်ဗူးကိုမှ 6000 ကျပ်ပါရှင့်များများယူ...
10/09/2021

Brand' s ငှက်သိုက် တွေရှိတယ်နော်
Sugar Free
Rock Sugar
နှစ်မျိုးလုံးရပါတယ်ရှင့်
42ml တစ်ဗူးကိုမှ 6000 ကျပ်ပါရှင့်
များများယူမယ်ဆိုရင်စျေးလျော့ပေးပမယ်နော်
တစ်ဖာယူလဲရပါတယ်

Product Of Thailand ပါရှင့်

အမှတ် ၁၁ E ၂ရပ်ကွက် ၅၅လမ်း အလယ်ဘယ်လောက် ပုဇွန်တောင်မြို့နယ်
09793821741

Vitamin D3 မိမိအပြင်ထွက်တဲ့အချိန် နေရောင်ခြည်ကနေ မိမိခန္ဓာကိုယ့်ကိုတိုက်ရိုက်ထိတွေ့ပြီး အရေပြားကနေ VD3 ထုတ်ပေးပါတယ် VD3 ...
09/09/2021

Vitamin D3

မိမိအပြင်ထွက်တဲ့အချိန် နေရောင်ခြည်ကနေ မိမိခန္ဓာကိုယ့်ကိုတိုက်ရိုက်ထိတွေ့ပြီး အရေပြားကနေ VD3 ထုတ်ပေးပါတယ်

VD3 ကအဆီမှာပျော်ဝင်ပါသည် ရေတွင်မပျော်ဝင်ပါ

VD3 ရရှိသောအစားစာများမှာSalmon အမဲအသည်း ကြက်ဥနှစ်စသောအစားစာများကနေရရှိသောလဲလုံလုံလောက်လောက်မရရှိပါ

VD3 ကိုခုလို Stay Home အချိန် အိမ်ထဲမှာအမြဲနေသူ AC အခန်းထဲမှာအမြဲအလုပ်ရတဲ့သူ တွေက VD3 လိုအပ်သလို အသက် ၆၀ ကျော်တွေမှာလဲ လိုအပ်ပါတယ်ရှင့်

VD3 ချို့တဲ့ရင်ဖြစ်တက်တာတွေက အသားမဲညစ်မယ် အဝလွန်မယ်
ချွေးထွက်များမယ် အရွယ်မတိုင်ခင်အိုမင်းရင့်ရော်မယ် ခုံခံအားနည်းလာပြီးခဏခဏဖျားမယ် အရေပြားမှာဖြစ်တဲ့အနားကျက်တာနှေးလာမယ် အရိုးကျိုးလွယ်မယ် အရိုးနာကျင်လာမယ် စိတ်ဓာတ်ကျလွယ်မယ် အရိုးပွရောဂါခံစားလာရမယ် ဆံပင်ကျွတ်မယ် ကြွက်သားနာကျင်မယ် စသောရောဂါတွေဖြစ်တက်ပါတယ်

VD3 ကိုသောက်သုံးခြင်းဖြင့်
- ခန္ဓာကိုယ်ကစုပ်ယူမှုအားပိုကောင်းမယ်
-VD3 ကကိုယ်ခံစွမ်းအားမြှင့်တင့်ပေးမယ်
-အရိုးပွရောဂါနဲ့ကင်ဆာရောဂါ မဖြစ်အောင်ကာကွယ်ပေးမယ်
-အရိုးဆစ်နဲ့သွား သန်မာကြံခိုင်စေမယ်
-ကိုယ်ခံအားကောင်းမယ်
-ဦးနှောက်နဲ့အာရုံကြောစနစ်ကောင်းမွန်ဖို့အတွက်ကူညီမယ်
-စိတ်ဖိစီးမှု စိတ်ဓာတ်ကျ ရောဂါမှကာကွယ်ပေးမယ်
-တစ်ချို့ Research မှာ နာတာရှည်မဟုတ်သော အသက်ရှူ
လမ်းကြောင်းဆိုင်ရာပိုးဝင်တာ အဆုတ်ရောင်ရောဂါတွေမှာလဲကာကွယ်ပေးတယ်

သတိထားရမှာကတော့ VD3 ကိုမလိုဘဲ ကြာကြာစွဲမသောက်သင့်ပါ
-High Dose သောက်မယ်ဆိုရင် သွေးထဲမှာ Calcium ပမာဏာများလာမယ်
-ကျောက်ကပ်ထိနိုင်မယ်
-ဆီးလမ်းကြောင်းကျောက်တည်တာတွေခံစားနိုင်မယ်
-သွေးထဲမှာ Vit K2 ဓာတ်လဲနည်းလာနိုင်မယ်
-သွေးကျဲဆေးသောက်နေရတဲ့သူဆိုရင်အထူးသတိပြုသင့်ပါတယ်

လူတစ်ယောက်မလိုအပ်တစ်နေ့ကို 5000 IU ထပ်ပိုမသောက်သင့်ပါဘူးရှင့် လိုအပ်လို့သောက်ရမယ်ဆိုရင် ဆရာဝန်ရဲ့ ညွှန်းချက်ဖြင့်သာ သောက်သုံးသင့်ပါတယ်ရှင့်

40IU =1mcg
400IU = 10mcg
2000IU = 50 mcg
50mcg = 0.05mg

Mega life 5000IU အလုံး 300 ပါ 30000 သောင်း ကျပ်ပါ
Made in CANADA
KirkLand 2000 IU အလုံး 600 ပါ 27000 ကျပ်ပါ
Made In USA

ခွဲရောင်းပေးပါတယ်ရှင့်

အမှတ် 11 E 55လမ်း အလယ်ဘယ်လောက် ၂ရပ်ကွက် ပုဇွန်တောင် မြို့နယ် ရန်ကုန်မြို့
09793821741

Address


Website

Alerts

Be the first to know and let us send you an email when Than Than Clinic & Pharmacy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Health & Beauty Business?

Share