Moe Thauk Kyel

  • Home
  • Moe Thauk Kyel

Moe Thauk Kyel တိုင်းရင်းဆေးဖြင့် ကျန်းမာ​ရေး​စောင့်​ရှောက်ခြင်း

ကဆုန်လပြည့် ဗုဒ္ဓနေ့~~~~~~~~~~~~~~ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံကဆုန်လပြည့် ရက်မြတ်များ~~~~~~~~~~~~~~~~~~~~~~~~(၁) ဗျာ...
22/05/2024

ကဆုန်လပြည့် ဗုဒ္ဓနေ့
~~~~~~~~~~~~~~

ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ

ကဆုန်လပြည့် ရက်မြတ်များ
~~~~~~~~~~~~~~~~~~~~~~~~

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့။

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)။(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။ (ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့။ (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)။ (ဘီစီ ၅၄၃)

ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ
~~~~~~~~~~~~~~~~~~~~~~~~~~

၁။ ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။ ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ (ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်, စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ သုံးလောကထွတ်ထား သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

ဗျာဒိတ်ခံယူသောနေ့
ဖွားမြင်တော်မူသောနေ့
ဘုရားဖြစ်တော်မူသောနေ့
ပရိနိဗ္ဗာန်စံတော်မူသောနေ့
ဤထူးခြားချက်လေးမျိုးတို့နှင့် တိုက်ဆိုက်နေပါသည်။ ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့် ပြည့်စုံသောကြောင့် ဤနေ့ကို ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့် ဤနေ့ဤရက်ကို ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင် စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍ ဖွားမြင်တော်မူခြင်း၊ ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍ ကဆုန်လပြည့်နေ့ကို ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။ ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည် ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို အာရုံပြု၍ ကဆုန်လပြည့်နေ့၌ ပရိဘောဂစေတီထိုက်သော ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည် သဗ္ဗုညုတဉာဏ်တော်ကိုရ၍ ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊ ဖွားဖက်တော် ၇ ပါးတွင် စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့် ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။ ဤကဲ့သို့မြတ်စွာဘုရားနှင့် တိုက်ရိုက်ဆက်စပ်၍ ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက် ကဆုန္လ၌ ညောင်ရေသွန်းပွဲတော်ကို ရိုးရာပွဲတော်အဖြစ် အစဉ်အလာ သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏ အလောင်းသည် တိဿဘုရားရှင်၏ ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊ စကြာမင်းဖြစ်ရခြင်း၊ အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို ခံစားရကြောင်း (ထေရာပဒါန်) ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏ အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏ ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊ သောကကင်းဝေးခြင်း စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကိုနှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့် နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို အနေကဇာတင် ဗုဒ္ဓအဘိသေက မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍ ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။ ကျောင်းကန်ဘုရားသို့သွား၍ ဒါန သီလ ဘာဝနာအမွုကိုပြုလုပ်၍ ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမွတ္တရ ဆင်နွှဲကြပါသည်။

မာဂဓီ (သာစည်)၏
[အခါတော်နေ့များ စာအုပ်မှ]

18/04/2024
Here are 5 tips to help you sleep better ⬇️🔹 Be consistent. Go to bed at the same time each night and get up at the same...
18/04/2024

Here are 5 tips to help you sleep better ⬇️

🔹 Be consistent. Go to bed at the same time each night and get up at the same time each morning, including on the weekends.
🔹 If possible, make your sleeping area quiet, dark, relaxing and at a comfortable temperature.
🔹 Limit your use of electronic devices, such as TVs, computers and smartphones, before sleeping.
🔹 Avoid large meals, caffeine and alcohol before bedtime.
🔹 Get some exercise. Being physically active during the day can help you fall asleep more easily at night.

သွေးလွန်တုပ်ကွေး  ၂၀၂၂   ၃.၆.၂၂ နေ့ မှာ  ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန မှာ လုပ်တဲ့ သွေးလွန်တုပ်ကွေး ညှိုနှိုင်း အစည်...
14/06/2022

သွေးလွန်တုပ်ကွေး ၂၀၂၂

၃.၆.၂၂ နေ့ မှာ ရန်ကုန်တိုင်း ကျန်းမာရေး ဦးစီးဌာန မှာ လုပ်တဲ့ သွေးလွန်တုပ်ကွေး ညှိုနှိုင်း အစည်းအဝေး ကို တက်ရောက်ခဲ့ပါတယ်
ဒီနှစ် မှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုရော ပြင်းထန်မှုပါ များနိုင်တယ် လို့ ခန့်မှန်းကြပါတယ်
ဒါကြောင့် ကါကွယ်ဖို့ ဖြစ်လါရင် အေါင်အေါင်မြင်မြင်ကုသနိုင်ဖို့ ဝိုင်းဝန်း ဆွေးနွေးကြပါတယ်

အရေးကြီးတဲ့ အချက်တွေက

သွေးလွန်တုပ်ကွေးဖြစ်မှန်းသိဖို့

အခု လိုရာသီမှာ ကလေးတယောက်ဖျားရင် အထူးသဖြင့် သွေးလွန်တုပ်ကွေး ဖြစ်နိုင်ကြောင်းသတိထားမိဖို့ပါ အသက်၃ နှစ် နဲ့ ၉ နှစ် ကြားမှာ အဖြစ်ဆုံးပေမဲ့ လူရွယ်တွေ လူကြီးတွေ မှာ လည်း ဖြစ်နိုင်ပါတယ်
သွေးလွန်တုပ်ကွေးနဲ့ အသက်ဆုံးရှုံးရတဲ့ ကလေးတွေမှာ အများစု ကပထမနေ့ ကတည်း ကဆေးခန်းပြထား တာတွေ့ရပါတယ်
တနည်းအားဖြင့် ဆရာဝန်တွေကိုယ်တိုင် သတိထားမိဖို့ လိုပါတယ်
Clinical guideline က်ု MOHS FB page မှာရော MMA CME FB Page မှာ ရောတင်ထားပေးပါမယ် website တွေ မှာလည်း တင်ထားပါမယ်

မှန်ကန်တဲ့ ကုသမှု ရဖို့

အန္တရာယ် လက္ခဏာ မရှိတဲ့ တချို့ ကလေးတွေကို ဆေးရုံမတင်ပဲကုသ လို့ ရပါတယ် ကုသမှု မှန်ဖို့လိုပါတယ်
နေ့တိုင်းပြန်ကြည့်ဖို့လိုပါတယ်
အန္တရာယ် လက္ခဏာတွေ စာနဲ့ရေးပြီး ပေးထား ဖို့ လိုပါတယ်

ဆေးရုံတင်သင့်တဲ့ လူနာတွေ တင်ထားဖို့ လိုပါတယ်

ဆေးရုံမှာ အချိန်အခါ မပြတ်စေါင့်ကြည့်ဖို့လိုပါတယ်
အစားအ​ေသါက်အရည်မဝင် အကြောဆေးရည်သွင်းထားဖို့လိုတယ် ကိုယ်အလေးချိန်နဲ့တွက်ပြီးသွင်းရပါ တယ် မပိုရဘူးမလိုရဘူး တနေ့ တခါ ကြည့်လိုမရပါ close monitoring လိုပါတယ်
သွေးလန့်လက္ခဏာတွေရှိရင် နာရီပိုင်းအလိုက်လိုအပ်သလို ညှီုနှိုင်းသွင်းရပါမယ် ဘာသွင်းမလဲ ဘယ်လေါက်သွင်းမလဲ နာရီ ပိုင်းအလိုက် ဆုံးဖြတ်ရပါတယ်

ဒါကြောင့်လူအင်အားလိုပါတယ်
PCV လို့ ခေါ်တဲ့ သွေးပြစ်နှုံး တိုင်းတဲ့စက်ရှိဖို့လိုပါတယ်
ဆားရည် ( NS/ DS/RL) တွေအပြင်ကေါ်ရည် (Colloid) ပါရှိ ဖို့လိုပါတယ်
လိုအပ်ရင် သွေးရည်ကြည် / သွေး ပေးနိုင်ရပါမယ်

ကါကွယ်ရေး
ဆေးရုံမှာ လူနာရှိရင် သက်ဆိုင်ရာကိုနေ့ချင်းသတင်းပို့ရပါမယ် ( Viber group ) ( ပြင်ပဆေးရုံတွေ အပါအဝင်ပါ )
ကျောင်းက ကူးစက်နိုင်တာ ဖြစ်တဲ့ အတွက် ကျောင်း / အတန်း​တွေ ကိုပါသတင်းပို့ ဖို့ လိုပါတယ်
လွယ်ကူတာကတော့ လူနာမိဘ တွေကတဆင်​့ အတန်းပိုင်ဆရာ/ဆရာမ ကို အကြောင်းကြားစေပြီး ဆရာ / ဆရာမ က တခြားကလေး​တွေ ဖျားနေရင်သွေးလွန်တုပ်ကွေးဖြစ်နိုင်ကြောင်းအခြား မိဘ ​တွေကို အသိပေးထားဖို့ လိုပါ တယ်
ဆေးရုံမတက်ခင်ကုသပေးတဲ့ ထွေကု ဆရာဝန်ကိုလည်း သွေးလွန်တုပ်ကွေးဖြစ်ကြောင်းပြန်လည် သတင်းပို့ ဖို့ လိုပါတယ် အခြား လူနာတွေမှာပါ သတိထားမိဖို့ပါ

ခြင်ကိုက်မခံရဖို့
သွေးလွန်တုပ်ကွေး က ရေကြည်ရေသန့်မှာ ပေါက်ဖွားတဲ့ နေ့လည်မှာ ကိုက်တဲ့ ခြင်ကျား ကိုက်လို့ ဖြစ်ပါတယ်
ပေါက်ပွားပြီးသား ခြင်ကို နှိမ်နှင်းဖို့ ဆေးမှုတ်တာထက် နောက်ထပ် ခြင်မပေါက်ဖွားဖို့ ပိုဒလေါက်လန်း နှိမ်နှင်းရေးကအရေးကြီးပါတယ်
နေ့လည် အချိန်မှာ ကလေးတွေစုတဲ့ ကျောင်း / ကျးရှင် / နေ့ကလေးထိန်းကျောင်း တွေမှာ ပိုအရေးကြီးပါတယ်
စဉ် ဆက်မပြတ်လုပ်နေ ဖို့ လို ပြီး လူထု ကိုယ်တိုင်ပါဝင်ဖို့လိုပါတယ်

ကျန်းမားရေးဌာနကထုတ်ဝေတဲ့ပညာပေးစာစောင်တွေလည်းကြည့်ပါ

Credit Dr. Saw Win

မိမိကစ ကာကွယ်ပါ
04/06/2022

မိမိကစ ကာကွယ်ပါ

01/06/2022

မျောက်​ကျောက်​အန္တရာယ် သတိပြု​ဖွယ်

​​​ကူးစက်မှုတိုးလာတဲ့မျောက်​​ကျောက်
🌐(1-6-22)ယ​နေ့ ည​​နေထိအ​မေရိကန်၊ယူ​​ကေ၊
သြစ​တြေးလျ၊က​နေဒါ၊အီတလီ၊စပိန်၊ယူ​အေအီး၊ဒိန်း
မတ်၊ဆွီဒင်၊ယူ​အေအီးစသည့်အတည်ပြု(၃၀)နိုင်ငံတွင်
ကူးစက်​မှု(၅၅၀)​ကျော်ရှိလာ​​ကြောင်းWHOအတည်ပြု။
🐒အာရှကထိုင်း​လေဆိပ်transitမှာတစ်ဦးစ​တွေ့။
🇬🇧ယ​နေ့အထိ ယူ​ကေ(190)
စပိန်၊​​ပေါ်တူဂီ၊က​နေဒါ၊ဂျာမနီတို့က
ကူးစက်လူနာအများဆုံးရှိ​ကြောင်း​တွေ့ရ။

🤷‍♂️မည်သို့ဆို​စေတစ်ကမ္ဘာလုံးက​🐵မျောက်​ကျောက်ကူး
စက်မှုကိုသတိထား​စောင့်ကြည့်ကာကွယ်ကြရမည်
ဖြစ်ပါသည်။

Credit Dr Aung Tun

♦️ ခံတွင်းအနာပေါက်ခြင်းနှင့် ပရိုဘိုင်အိုတစ် ♦️လူတော်တော်များများသည် ခံတွင်းအနာပေါက်ခြင်းကို ခံစားဖူးကြပါလိမ့်မည်။ ခံတွင...
12/05/2022

♦️ ခံတွင်းအနာပေါက်ခြင်းနှင့် ပရိုဘိုင်အိုတစ် ♦️

လူတော်တော်များများသည် ခံတွင်းအနာပေါက်ခြင်းကို ခံစားဖူးကြပါလိမ့်မည်။ ခံတွင်းတွင် အနာပေါက်စေသော ရောဂါများစွာရှိသည့်အနက် Aphthous ulcer သည် အဖြစ်အများဆုံး ဖြစ်သည်။ စိတ်ဖိစီးမှုများသည့် အချိန်များတွင် ထွက်လာတတ်သောကြောင့် လူအများက Stress ulcer ဟုလည်း ခေါ်ကြပါသည်။

Aphthous ulcer သည် အများအားဖြင့် ပါးစောင်၊ လျှာ၊ သွားဖုံးနှင့် နှုတ်ခမ်းတို့တွင် အဖြူရောင် အကွက်ကလေးများအဖြစ် ပေါ်လာလေ့ရှိပါသည်။ အနာ အနီးတစ်ဝိုက်တွင် ရောင်ရမ်းနေပြီး နာကျင်မှုဝေဒနာကြောင့် ကသိကအောက်နှင့် အလွန်နေရခက်ပါသည်။ အနာအရွယ်အစားကြီးလျှင် အစာစားစဉ် ပိုမိုနာကျင်လာတတ်သောကြောင့် အစားအသောက်ပါ ပျက်တတ်ပါသည်။ Aphthous ulcer သည် အကြိမ်ကြိမ် ပြန်လည်ဖြစ်ပွားတတ်သောကြောင့် Recurrent Aphthous Stomatitis (RAS) ဟုလည်းခေါ်ပါသည်။ ကလေးများနှင့် ငယ်ရွယ်သူများမှာ ပို၍အဖြစ်များသည်ကို တွေ့ရပြီး အမျိုးသမီးများတွင် အနည်းငယ် ပိုဖြစ်တတ်ပါသည်။

Aphthous ulcer ဖြစ်ရသည့် အကြောင်းအရင်း အတိအကျကို မသိကြရသေးပါ။ အများအားဖြင့် ဗီတာမင် ဘီ-၂၊ ဖောလိတ်နှင့် သံဓါတ်ချို့တဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အစားအစာအချို့နှင့် ဓါတ်မတည့်ခြင်းနှင့် ပါးစောင်အတွင်းထိခိုက်မှုမှ ဒဏ်ဖြစ်ခြင်းတို့သည် Aphthous ulcer ဖြစ်အောင် အားပေးပါသည်။ ဥပမာ - ဗီတာမင် ဘီ-၂ (Riboflavin) ချို့တဲ့သူများသည် ကျီးပါးစပ်နာ (သို့မဟုတ်) နှုတ်ခမ်းထောင့်ကွဲခြင်းအပြင် ခံတွင်းအနာများပါ ဖြစ်တတ်ပါသည်။ ပါးစောင်တွင်း ထိခိုက်မှုဟုဆိုရာ၌ သွားပွတ်တံနှင့်ထိုးမိခြင်းသည် အလွန်အဖြစ်များပါသည်။ သွားပွတ်တံနှင့် ထိုးမိခြင်းကြောင့် ဖြစ်သောဒဏ်က Aphthous ulcer ဖြစ်အောင် အစပျိုးပေးလိုက်သကဲ့သို့ ဖြစ်သွားတတ်ပါသည်။

Aphthous ulcer သည် အများအားဖြင့် ၁၀ ရက် မှ ၂ ပတ်ခန့် အကြာတွင် သူ့အလိုလို ပျောက်သွားတတ်ပါသည်။ သို့သော် အနာရှိနေစဉ်တွင် နာကျင်မှုဝေဒနာနှင့် ကသိကအောက် ဖြစ်မှုများကြောင့် စိတ်ပူပန်မှု၊ စိတ်ဖိစီးမှုများကို ဖြစ်စေနိုင်သဖြင့် မြန်မြန်သက်သာအောင် ကုသခြင်း၊ မဖြစ်လာအောင် ကာကွယ်ခြင်းတို့ပြုလုပ်ရန် လိုအပ်ပါသည်။

အရွယ်အစားသေး၍ နူးညံ့သော အမွေးပါသည့် သွားပွတ်တံကို အသုံးပြုခြင်းဖြင့် သွားတိုက်ရာမှ ခံတွင်းထိခိုက်မှုကို သက်သာစေပါသည်။ မာသော၊ ချွန်ထက်၍ ရှလွယ်သော အစားအစာများ (အရိုး၊ အာလူးကြော်အကြွပ်စသည်) ကိုရှောင်သင့်ပါသည်။ Aphthous ulcer အတွက် စတီးရွိုက်ပါဝင်သော တို့ဆေး (Paste) များကို အသုံးပြုကြပါသည်။ အဆိုပါဆေးများသည် ရောင်ရမ်းမှုကို ကျဆင်းစေသောကြောင့် Aphthous ulcer ကိုသက်သာစေနိုင်ပါသည်။ သို့သော် ကျွန်တော့်အတွေ့အကြုံအရ သိသိသာသာ သက်သာစေသည်ကိုတော့ မတွေ့ရပါ။ NSAIDs ဟုခေါ်သည့် အကိုက်အခဲပျောက်ဆေးများကိုလည်း သုံးနိုင်သလို၊ ထုံဆေး (Lidocaine) နှင့် ပိုးသတ်ဆေး (Chlorhexidine) ပါဝင်သော ခံတွင်းအာလုတ်ကျင်း ဆေးရည်များကိုလည်း အသုံးပြုနိုင်ပါသည်။ ဗီတာမင်ချို့တဲ့သူများတွင် ဗီတာမင်ဘီ ပါဝင်သော အားဆေးများလည်း ညွှန်းပေးနိုင်ပါသည်။ [1]

ဤသို့ အန္တရာယ် ကြီးကြီးမားမား မရှိသော်လည်း ကုရခက်သည့် Aphthous ulcer ရောဂါကို ပရိုဘိုင်အိုတစ် (အကျိုးပြုအဏုဇီဝပိုးများ) အသုံးပြု၍လည်း ကုသနိုင်ပါသည်။ ယခုအခါ ပရိုဘိုင်အိုတစ်များကို ခံတွင်းငုံဆေး (Lozenge) အနေနှင့် ထုတ်လုပ်လာနိုင်ပြီဖြစ်ရာ ခံတွင်းဝေဒနာများအတွက် အလွန်အဆင်ပြေ ထိရောက်စေပါသည်။

ဒိန်းမတ်နိုင်ငံတွင် ၂၀၁၉ ခုနှစ်က ပြုလုပ်ခဲ့သော သုတေသနတစ်ခုအရ RAS ဖြစ်သူများကို Lactobacillus reuteri ပါဝင်သော ပရိုဘိုင်အိုတစ်ငုံဆေးကို တစ်နေ့နှစ်ကြိမ်နှင့် ရက် ၉၀ တိုက်ကျွေးကြည့်ရာ ခံတွင်းနာကျင်မှုနှင့် ရောဂါပြင်းထန်မှကို လျှော့ချပေးနိုင်ကြောင်း တွေ့ရပါသည်။ [2]

အလားတူသုတေသနတစ်ခုကို ၂၀၁၇ ခုနှစ်တွင် ဘရာဇီးနိုင်ငံတွင်ပြုလုပ်ရာ၌လည်း Lactobacillus paracasei, L. rhamnosus, L. acidophilus နှင့် Bifidobacterium lactis တို့ပါဝင်သည် ပရိုဘိုင်အိုတစ်သည် RAS ရောဂါရှိသူများတွင် နာကျင်မှုကို သက်သာစေပြီး ရောင်ရမ်းမှုကို သက်သာစေကြောင်းတွေ့ရပါသည်။ [3]

ကလေးများတွင် အဖြစ်များသော ရာသီအလိုက်ဖျားခြင်း၊ ခံတွင်းအနာပေါက်ခြင်း၊ လည်ချောင်းနာခြင်းနှင့် လည်ပင်းအကျိတ်ထွက်ခြင်းရောဂါလက္ခဏာစု (Periodic fever, aphthous stomatitis, pharyngitis, and adenitis (PFAPA) syndrome) တွင် Lactobacillus plantarum နှင့် Lactobacillus paracasei တို့ပါဝင်သော ပရိုဘိုင်အိုတစ်ကို ၄ လခွဲကြာ တိုက်ကျွေးကြည့်ရာ PFAPA ရောဂါဖြစ်ပွားမှု အကြိမ်ရေကို လျော့နည်းစေကြောင်း တွေ့ရပါသည်။ [4]

စိတ်ဝင်စားဖွယ်ကောင်းသည်မှာ Aphthous ulcer တွင် လက်ရှိအသုံးပြုလျက်ရှိသော စတီးရွိုက်တို့ဆေးများနှင့် ထုံဆေး/ပိုးသတ်ဆေးပါဝင်သော ခံတွင်း အာလုတ်ကျင်း ဆေးရည်များကို ပရိုဘိုင်အိုတစ်များနှင့် တွဲဖက်အသုံးပြုပါက အာနိသင်ပိုမို ထိရောက်သည်ကိုလည်း တွေ့ကြရပါသည်။ [5]

အထက်ပါသုတေသန ရလဒ်များအရ ပရိုဘိုင်အိုတစ်များသည် Aphthous ulcer ဖြစ်သူများတွင် နာကျင်မှုကို သက်သာရန် ကူညီပေးနိုင်ကြောင်းတွေ့ရပြီး Aphthous ulcer ဖြစ်ပွားမှုကို ကာကွယ်ရာတွင်လည်း အလားအလာ ရှိကြောင်းတွေ့ရပါသည်။ ထို့ကြောင့် ခံတွင်းအနာရှိသူများအနေနှင့် အန္တရာယ်ကင်း၍ အကျိုးရှိသော ပရိုဘိုင်အိုတစ်များကို အသုံးပြုခြင်းဖြင့် ခံစားရခက်သော ခံတွင်းအနာများမှသက်သာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ပိုမိုသိရှိလိုပါ အောက်ပါ link များတွင်ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

[1] Aphthous Ulcers. https://emedicine.medscape.com/article/867080-overview
[2] Effect of Lozenges Containing Lactobacillus reuteri on the Severity of Recurrent Aphthous Ulcers: a Pilot Study. https://doi.org/10.1007/s12602-019-09586-x
[3] Immune response of patients with recurrent aphthous stomatitis challenged with a symbiotic. https://doi.org/10.1111/jop.12621
[4] Probiotic use in the prophylaxis of periodic fever, aphthous stomatitis, pharyngitis, and adenitis (PFAPA) syndrome: a retrospective cohort study. https://doi.org/10.1007/s00296-021-05084-y
[5] The efficacy of probiotics in management of recurrent aphthous stomatitis: a systematic review and meta‑analysis. https://doi.org/10.1038/s41598-020-78281-7

07/02/2022

ဖြစ်တဲ့သူတွေများလာပြီ။
ကုထုံးတွေလည်းများလာပြီ။
အဓိက အကျဆုံးက အသက်ရှုလမ်းကြောင်းကိုဂရုစိုက်ဖို့ပါဘဲ။

နှာခေါင်းပိတ်ရင် ပွင့်အောင် မလုပ်ပါနဲ့။
နှာခေါင်းပိတ်တယ်ဆိုတာ ဗိုင်းရပ် ကို နှာခေါင်းက ရှေ့ဆုံးက ခုခံ နေတဲ့သဘောပါ။
နှာခေါင်းပိတ်လို့ အသက်ရှုမဝရင် ပါးစပ်နဲ့ရှုပါ။
နှာရည်တွေထွက်တာ ကောင်းပါတယ်။
ဗိုင်းရပ်ကို ရှေ့ဆက် မသွားအောင် နှာရည်တွေက ထိန်းချုပ်ထားတာပါ။

နှာခေါင်းပွင့်အောင် အနံ့ပြင်းတဲ့ အရာတွေ မရှုကြပါနဲ့။ နှာခေါင်းအမြှေးပါး ပျက်စီးသွားရင် ဗိုင်းရပ်က နိုင်သွားပါလိမ့်မယ်။
ချောင်းဆိုးပြီဆိုရင် ဗိုင်းရပ်က လေပြွန်ထဲ ရောက်ပါပြီ။ ချွဲသလိပ်တွေ ထွက်ရင်ကောင်းပါတယ်။
ဗိုင်းရပ်ကို ချွဲတွေက ထိန်းချုပ်နေတာပါ။

ချွဲထွက်ရင် အသက်ရှု လမ်းကြောင်း ကျဉ်းသွားပြီး အောက်စီဂျင်ကျတတ်ပါတယ်။
ချွဲ ပျော်အောင် အကောင်းဆုံးက ရေနွေးပူပူ ခဏခဏ သောက်ပေးပါ။
နွေးနွေးထွေးထွေးနေပါ။
သိပ်မပြင်းတဲ့ antibiotic ပိုးသတ်ဆေး တစ်ခုခု သောက်ပါ။

*ဖျားရင် ပါရာစီတမော သောက်ပါ။
*ရေများများသောက်ပါ။
*ဝမ်းမချုပ်ပါစေနဲ့။
*ဝမ်းချုပ်ရင် ချောင်းဆိုးမပျောက်ပါ။
*ရေနွေးပူပူ ခဏခဏ သောက်ပါ။
*ရိုးရိုးရေလည်း ခဏခဏ သောက်ပါ။
*ဆေးတွေကို သိပ်အားမကိုးပါနဲ့။
*အိပ်ရေးဝဝ အိပ်ပါ။
*ရေအကြာကြီးမချိုးပါနဲ့။
*မဖြစ်မနေချိုးရရင် ရေနွေးနဲ့စပ်ချိုးပါ။
ကိုဗစ် ဖြစ်ဖြစ် မဖြစ်ဖြစ် ဒါတွေ လုပ်ကြည့်ပါ။

Credit - ဒေါက်တာသစ်လွင်

20/01/2022

တခြားကိုဗစ် ဗိုင်းရပ်စ်လို အဆုတ်ထဲကဆဲလ်တွေကို အိုမီခရွန် က တိုက်ခိုက်တာမတွေ့ရဘူး၊ လည်ချောင်းထဲ က ဆဲလ်တွေကိုသာ အဓိကတိုက်ခိုက်တယ်၊ ဒါကြောင့် တုတ်ကွေးတွေလို လည်ချောင်းနာတယ်၊ အဆုတ်ကိုမထိလို့ အောက်စီဂျင် ကျ မသွားဘူး။ အသက်ရှုလမ်းကြောင်းအပေါ်ဖက်မှာ ပိုးပွားတာကြောင့် နှာခေါင်း၊ပါးစပ်ကနေ အပြင်ထွက်လွယ်လို့ အလွန်အကူးမြန်တယ်။

အိုမီခရွန်ဟာတခြား ကိုဗစ်တွေထက် ပျော့တာသေချာတယ်၊ သို့သော် အသက်ဆုံးရှုံးမှု ရှိတယ်။

နောက်တခုက ကိုယ့်ကို အိုမီခရွန်ကူးတာလား ဒယ်လ်တာ ကူးတာလား သာမာန်လူ မသိနိုင်ဘူး၊ ဒယ်လ်တာကို အိုမီခရွန်ထင်ပြီး ပေါ့နေရင် နားကားသွားနိုင်တယ်။ အိုမီခရွန်ဟာ နယူးယောက်မြို့ပေါ် ၄၅ ရက်လောက် သန်းချီ ကူးစက်ပြီး ကူးစက်နှုံးကျသွားပါပြီ။ လှိုင်းပြီးသွားပါပြီ။ အိုမီခရွန်ဟာ အလွန်မြန်တယ်၊ တိုတယ်။

မြန်မာ ပြည်ကို အိုမီခရွန်ရောက်ရှိကြောင်း သတင်းတွေတွေ့ရတယ်၊ ဖေဖေါ်ဝါရီ နဲ့ မတ် မှာ အိုမီခရွန် အကြောင်း အများကြီးကြားရမယ်၊ ကာကွယ်ဆေးကြောင့်ဖြစ်စေ၊ အကူးခံရလို့ဖြစ်စေ မြန်မာအများစုဟာ လက်ရှိ ဗိုင်းရပ်စ် ပိုးအမျိုးအစားတွေကို ဆေးပြီး ကုန်တော့မှာပါ။

ကျွန်တော့်အထင်တော့ ဧပြီ နဲ့ မေ မှာ ရောဂန္တရကပ် ဟာ မြန်မာ့မြေပေါ်က ဆုတ်သွားပြီ ဆိုတဲ့ လက္ခဏာကောင်း တွေ တွေ့ရနိုင်ပါတယ်။ ဒယ်လ်တာ ထက် ပိုဆိုးတဲ့ပိုးအသစ်တွေမပေါ်လာ တော့ရင်ပေါ့။

Credit Kyaw Swa Min

ဆီးချိုဝေဒနာရှင်များ ပျားရည်သောက်လို့ ရ/မရ===============================လိုရင်းကိုပြောရလျှင် ဆီးချိုတက်နေစဉ်တွင် ပျားရည...
29/12/2021

ဆီးချိုဝေဒနာရှင်များ ပျားရည်သောက်လို့ ရ/မရ
===============================
လိုရင်းကိုပြောရလျှင် ဆီးချိုတက်နေစဉ်တွင် ပျားရည်ကို ခေတ္တရှောင်ထားပြီး ဆီးချိုပုံမှန် ဖြစ်သွားလျှင် အနည်းငယ် သုံးနိုင်ပါသည်။ ပျားရည်တွင် ဖရပ်တို့စ်သကြားနှင့် ဂလူးကို့စ်သကြားများ ပါသော်လည်း တခြားသော ကောင်းကျိုးများ (ဥပမာ - အစာအိမ်ရောဂါကို သက်သာစေသည့် အာနိသင်) ကို ရရှိလိုသူများအနေနှင့် မှီဝဲလိုကြခြင်းကြောင့် ဖြစ်ပါသည်။ ပျားရည်ချည်းသာ မဟုတ်ဘဲ သဘာဝဆေးဖက်ဝင်ပစ္စည်းများနှင့် ဆေးအဖြစ် ဖော်စပ်ထားသည့် ဆေးပျားရည်များ (ဥပမာ - ဆင်တုံးမနွယ်ပျားရည်၊ လင်ဇီးပျားရည်) ဆိုပါက ပျားရည် ပါဝင်မှုပမာဏ လျော့နည်းသွားသဖြင့် ပိုမိုသောက်သုံးနိုင်ပါသည်။

ပျားရည်နှင့် တွဲဖက်မစားသုံးသင့်သော အစားအစာများ
===============================
အချို့သောနိုင်ငံများတွင် ရိုးရာယဉ်ကျေးမှုအရ ပျားရည်နှင့် တွဲဖက်မစားသုံးသင့်သော အစားအစာဟူ၍ လူသိများသည့် အစားအစာများမှာ မုန်လာဥဖြူ၊ အသားများနှင့် ထောပတ်အဆီခဲ တို့ဖြစ်ပါသည်။ သို့ရာတွင် သိပ္ပံနည်းကျ လေ့လာသောအခါ အဆိုပါအစားအစာများနှင့် ပျားရည် စားသုံးခြင်းဖြင့် သိသာထင်ရှားသော ဘေးထွက်ဆိုးကျိုးများ မတွေ့ရှိရပါ။ အထူးသဖြင့် အိန္ဒိယနိုင်ငံ၏ အာယုဗေဒကျမ်းများတွင် ဖော်ပြလေ့ရှိသော်လည်း အနောက်နိုင်ငံများတွင်မူ တွဲဖက်၍ စားသုံးလျက်ရှိကြပါသည်။ သိပ္ပံနည်းကျ အထောက်အထား ပြည့်စုံစွာ မရှိသေးသော်လည်း အဆိုပါအစားအစာများနှင့် ပျားရည်ကို တွဲဖက်စားသုံးမည်ဆိုပါက သတိပြုစားသုံးရန် အကြံပြုလိုပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

ကိုးကားချက် - "လူသားအကျိုးပြု ပျားမျိုးစု" စာအုပ်၊ အခန်း (၃) ပျားရည် မှ ထုတ်နုတ်ဖော်ပြသည်။

👉https://t.me/famepharmaceuticals
👉https://t.me/famepharma

အိုမီခရွန်အန္တရာယ်ကြောင့် လန်ဒန်ကို အရေးတကြီး အခြေအနေ သတ်မှတ်၊ နယ်သာလန်မှာတော့ လော့ခ်ဒေါင်းချလိုက်ပြီယူကေနိုင်ငံ မြို့တေ...
19/12/2021

အိုမီခရွန်အန္တရာယ်ကြောင့် လန်ဒန်ကို အရေးတကြီး အခြေအနေ သတ်မှတ်၊ နယ်သာလန်မှာတော့ လော့ခ်ဒေါင်းချလိုက်ပြီ

ယူကေနိုင်ငံ မြို့တော် လန်ဒန်မှာ ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကူးစက်မှု အင်မတန် မြင့်မားလာတဲ့ အတွက် မြို့တော်ဝန် ဆာဒစ်ခန်းက “အရေးတကြီး အခြေအနေ” အဖြစ် ကြေညာပါတယ်။

လန်ဒန်မှာ အခုဆိုရင် အဓိက ကူးစက်နေတဲ့ ကိုဗစ်ရောဂါပိုးဟာ အိုမီခရွန်မျိုးကွဲသစ် ဖြစ်လာပြီလို့ မြို့တော်ဝန် မစ္စတာခန်းက ပြောပါတယ်။

လူနာတင်ယာဥ်၊ ကျန်းမာရေး၊ ရဲနဲ့ မီးသတ်တို့လို အရေးပေါ် တုံ့ပြန်ရေး ဌာနတွေက ဝန်ထမ်းတွေပါ အိုမီခရွန် ကူးစက် ခံရမှုကြောင့် လုပ်ငန်းတာဝန် မထမ်းဆောင်နိုင်ပဲ၊ ဝန်ထမ်းအင်အား လျော့နည်းနေတဲ့ ပြဿနာလည်း လန်ဒန်မှာ ကြုံတွေ့ နေရပါတယ်။

“လန်ဒန်မြို့ အရေးတကြီး အခြေအနေ”ကို မစ္စတာခန်းဟာ ဂရဲန်းဖဲလ်တာဝါ မီးလောင်မှုနဲ့၊ ဝက်စ်မင်စတာနဲ့ လန်ဒန်ဘရစ်ချ် တံတားတွေပေါ် အကြမ်းဖက် တိုက်ခိုက် ခံရမှုတွေ ပေါ်ပေါက်ခဲ့တုန်းကလည်း ကြေညာဖူးပါတယ်။

အခု လန်ဒန်မြို့ ကိုဗစ် ကူးစက်မှုကို ကြည့်ရင်၊ ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်းမှာ ပိုးတွေ့ရတဲ့ သူပေါင်း နောက်ထပ် နှစ်သောင်း ခြောက်ထောင်ကျော် ထိအောင် ရှိနေပါတယ်။ ယူကေတစ်ခုလုံးဆိုရင် စနေနေ့ တစ်ရက်တည်း ပိုးတွေ့သူ ကိုးသောင်း လေးရာ့ဆယ့်ရှစ်ယောက် ရှိပါတယ်။ ဒါဟာ ပဲန်ဒဲမစ် ကာလ တလျှောက်လုံးမှာ စံချိန်တင် ဖြစ်ပါတယ်။

အိုမီခရွန်ကြောင့် သေဆုံးကြောင်း အတည်ပြုထားနိုင်သူ ယူကေမှာ လက်ရှိ ၇ ယောက် ရှိသွားပြီ ဖြစ်ပါတယ်။ ထိန်းချုပ် ကိုင်တွယ်မှု နည်းနာသစ်တွေ မချမှတ်ဘူး ဆိုရင် အင်္ဂလန်မှာ တစ်ရက်တစ်ရက်ကို ဆေးရုံတင်ရမယ့်သူတွေ ၃ ထောင် လောက်ထိ ရောက်လာနိုင်တယ်လို့ ဆေးပညာရှင်တွေရဲ့ သတိပေးမှုတွေ ရှိနေပါတယ်။

တခါ၊ ဥရောပဘက်ကို ကြည့်မယ် ဆိုရင်လည်း နယ်သာလန် နိုင်ငံမှာလည်း အိုမီခရွန်လှိုင်းကြောင့် ဒီကနေ့ တနင်္ဂနွေနေ့က စပြီး၊ ခရစ္စမတ်စ် ကာလ တလျှာက်လုံး လော့ခ်ဒေါင်း တင်းတင်းကျပ်ကျပ် ချလိုက်ပြီ ဖြစ်ပါတယ်။

မရှိမဖြစ် လိုအပ်တဲ့ ဆိုင်မျိုးတွေက အပ စျေးဆိုင်တွေ အားလုံး ပိတ်ရမှာ ဖြစ်ပါတယ်။ ဘားဆိုင်တွေ၊ အားကစား ဂျင်မ် ခန်းမတွေ၊ ဆံပင်ညှပ်ဆိုင်တွေနဲ့ တခြား အများပြည်သူ ဝင်ထွက်သွားလာရာ နေရာတွေကို အနည်းဆုံး ရှေ့လ ဇန်နဝါရီ လလယ်လောက်ထိ ပိတ်ထားမှာ ဖြစ်ပါတယ်။

ဒီကန့်သတ်ချက်တွေကို ဘယ်လိုမှ မလွှဲသာ မရှောင်သာ ချမှတ်ရတော့မှာ ဖြစ်တယ်လို့ ဒတ်ချ်ဝန်ကြီးချုပ်(နယ်သာလန်ဝန်ကြီးချုပ်) မာ့ခ် ရပ်ထာက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ရဲ့ ထိတွေ့ ဆက်ဆံမှုတွေကို တတ်နိုင်သမျှ အမြန်ဆုံး ထိန်းချုပ် လိုက်ကြဖို့ အိုမီခရွန်က အတင်း ဖိအားပေးလာခဲ့ပြီ ဖြစ်ပါတယ်။ ဒ့ါကြောင့် အခုလို လော့ခ်ဒေါင်း ချမှတ်ရတာပါ။ တနိုင်ငံလုံး ပင့်သက်တွေ ချနေကြမယ် ဆိုတာ နားလည်ပါတယ်။ ကျွန်တော်တို့ မလိုချင်တဲ့ ခရစ္စမတ်စ်မျိုး နောက်တစ်ကြိမ် ထပ်ပြီး ဖြတ်သန်း ကြရမှာ ဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် ရပ်ထာက ပြောပါတယ်။ #ဘီဘီစီမြန်မာပိုင်း #အိုမီခရွန် #ယူကေ #လန်ဒန် #နယ်သာလန်

18/12/2021

ကိုဗစ်-19 မျိုးကွဲသစ် Omicron ဟာ ကူးစက်မြန်လွန်းပြီး၊ ကာကွယ်ဆေး အာနိသင်လျော့ကျစေနိုင်ကြောင်း သုတေသနတွေမှာ စတွေ့လာပြီလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

တကမ္ဘာလုံး စိုးရိမ်တကြီးဆက်စောင့်ကြည့်နေတဲ့ ဒီမျိုးကွဲသစ်အတွက် နိုင်ငံတကာ အတွေ့အကြုံတွေအရ မြန်မာနိုင်ငံမှာ ကြိုသိထားသင့်တာတွေ ရှိနေပါတယ်။ တစ်ခုကတော့ ဒီမျိုးကွဲ စတွေ့လာအပြီး အခု (၂) ပတ်ကျော်ကာလအတွင်း ရောဂါဖြစ်လာသူ လူငယ်တွေမှာ ပြင်းထန်လက္ခဏာ ကြီးကြီးမားမား မတွေ့ရသေးပေမဲ့၊ ကူးစက်မူမြန်လွန်းတာကိုတော့ စတွေ့ထားပါပြီ။ တအိမ်မှာ တစ်ယောက်ဖြစ်လျှင် တအိမ်လုံးကိုကူးနေပြီး၊ ထိခိုက်လွယ်တဲ့ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေ ဆက်ကူးလျှင်တော့ ပြင်းထန်လာမှာ စိုးရိမ်နေရပါတယ်။

ဒါ့အပြင် လက်ရှိသုံးနေတဲ့ ကာကွယ်ဆေးတွေကို ထိုးဖောက်ပြီး အာနိသင် ကျဆင်းစေနိုင်တာကိုလည်း စတွေ့နေပါပြီ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေထဲ Pfizer ကုမ္ပဏီကာကွယ်ဆေးဆိုလျှင် အရင်လုံလောက်ခဲ့တဲ့ အပြည့် (၂) လုံးထက်၊ ထပ်ဆောင်းအားဖြည့် ကာကွယ်ဆေးပါ ထိုးမှသာလျှင် Omicron မျိုးကွဲသစ်ကို ပိုထိရောက်စွာ ကာကွယ်နိုင်တာကို တွေ့ရှိထားပါတယ်။ နောက်ဆုံးမကြာခင် WHO က အသိအမှတ်ပြုပေးခဲ့တဲ့ အိန္ဒိယထုတ်ကာကွယ်ဆေးသစ် Covaxin ကိုလည်း မြန်မာနိုင်ငံမှာ တချို့ပုဂ္ဂလိကပိုင်းကနေ ဝယ်ယူထိုးနှံနေရာမှာ ထိရောက်မူ တစုံတရာတော့ ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်ကာကွယ်ဆေးတွေကိုတော့ မျိုးကွဲသစ်ဆိုင်ရာ လေ့လာမူတွေ မလုပ်ရသေးပါဘူး။ ဒါ့အပြင် ရုရှားကာကွယ်ဆေးဆိုလျှင်တော့ WHO က အခုထိ အသိအမှတ်ကို စမပြုပေးသေးပါဘူး။

အခုလိုအချိန်မှာ Omicron မျိုးကွဲသစ်က မြန်မာ့ အိမ်နီးချင်းနိုင်ငံတချို့မှာ စစ်ဆေးတွေ့ရှိထားပြီး၊ မြန်မာနိုင်ငံကိုလည်း ရောက်နေနိုင်ခြေရှိနေတာကိုလည်း ကြိုတွက်ထားသင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ အဓိက ထိုးနေတဲ့ တရုတ်ကာကွယ်ဆေးက ကာကွယ်ဆေးဆိုင်ရာ နောက်ဆုံးလေ့လာထားမူမရှိသေးတာကြောင့် အားဖြည့်ထပ်ဆောင်းဆေး ထိုးတာထက်စာလျှင်၊ ပထမ (၂) လုံးအပြည့်ကို အခွင့်ရတာနဲ့ ထိုးထားသင့်ပါတယ်။ အကြောင်းက ကုသဆေးမရှိသေးချိန်မှာ ကာကွယ်ဆေးတွေ တစုံတရာ ထိရောက်နေသေးလို့ပါ။ ကာကွယ်ဆေးအနေနဲ့ အခုမျိုးကွဲသစ်ကို အပြည့်မကာကွယ်နိုင်လျှင်တောင် ရောဂါဖြစ်လာခဲ့လျှင် အသက်ဆုံးရှုံးသည်အထိ မပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အမေရိကန်နိုင်ငံမှာလည်း တစုံတရာ ကိုဗစ်ကာကွယ်ဆေးထိုးထားကြသော်လဲ၊ ကိုဗစ်ကူးစက်မူတွေ အရင်မျိုးကွဲသစ် Delta တုံးကလိုပဲ အခုပြန်စများလာနေတာမှာ၊ လူနာအားလုံးအတွက် ဒီမျိုးကွဲသစ်ကို မစစ်နိုင်သေးချိန်၊ ကာကွယ်ဆေးမထိုးထားသူတွေမှာ ပြင်းထန်တဲ့အဆင့် ရောက်နေတာတွေလည်း စတွေ့လာနေပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ အခုအချိန်မှာ ဖျားနာ၊ ကိုဗစ် သံသယရှိလာလျှင် မိမိအသိစိတ်နဲ့ အလုပ်မသွားဘဲ အိမ်မှာ သီးခြားခွဲနေဖို့ အရေးကြီးလာပါပြီ။ ဒီမျိုးကွဲကြောင့် လက်ရှိအစပိုင်း ဖြစ်လာတဲ့လက္ခဏာ ထူးခြားမူမှာတော့ ခေါင်းကိုက်တာ ဝမ်းလျောတာ၊ မအီမသာဖြစ်တာတွေက၊ အရင်ပုံမှန်တွေ့ခဲ့တဲ့ နှာစေး၊ ချောင်းဆိုး၊ အနံ့ပျောက်တာတွေထက် ပိုဖြစ်လာတာကို စတွေ့ထားပါတယ်။ တချိန်ထဲမှာ အခုက ပွဲလမ်းသဘင်ကာလ ဖြစ်လာတာမို့ လူစုလူဝေးအပြင် ပွဲလမ်းသဘင်ပါရှောင်နိုင်လျှင်တော့ အကောင်းဆုံးပါ။ အထူးသဖြင့်တော့ အလုံပိတ်အခန်းတွင်းမှာ လူစုလူဝေးနဲ့လုပ်တဲ့ ပွဲတွေမျိုးကို ပိုသတိထား ရှောင်ကျဉ်သင့်ပါတယ်၊ ကူးစက်လွယ်လွန်းလို့ပါ။ ဒီမျိုးကွဲသစ်ကို တောင်အာဖရိကမှာ စတွေ့ပျံနှံ့ခဲ့တာကလည်း အလုံပိတ်အခန်းတွင်း စုရှိနေခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ/သားတွေကနေ ဖြစ်ခဲ့တာပါ။

ဒီအကြောင်းပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို. Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

==Unicode==

ကိုဗစ်-19 မျိုးကွဲသစ် Omicron ဟာ ကူးစက်မြန်လွန်းပြီး၊ ကာကွယ်ဆေး အာနိသင်လျော့ကျစေနိုင်ကြောင်း သုတေသနတွေမှာ စတွေ့လာပြီလို့ ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

တကမ္ဘာလုံး စိုးရိမ်တကြီးဆက်စောင့်ကြည့်နေတဲ့ ဒီမျိုးကွဲသစ်အတွက် နိုင်ငံတကာ အတွေ့အကြုံတွေအရ မြန်မာနိုင်ငံမှာ ကြိုသိထားသင့်တာတွေ ရှိနေပါတယ်။ တစ်ခုကတော့ ဒီမျိုးကွဲ စတွေ့လာအပြီး အခု (၂) ပတ်ကျော်ကာလအတွင်း ရောဂါဖြစ်လာသူ လူငယ်တွေမှာ ပြင်းထန်လက္ခဏာ ကြီးကြီးမားမား မတွေ့ရသေးပေမဲ့၊ ကူးစက်မူမြန်လွန်းတာကိုတော့ စတွေ့ထားပါပြီ။ တအိမ်မှာ တစ်ယောက်ဖြစ်လျှင် တအိမ်လုံးကိုကူးနေပြီး၊ ထိခိုက်လွယ်တဲ့ သက်ကြီးနဲ့ ရောဂါအခံရှိသူတွေ ဆက်ကူးလျှင်တော့ ပြင်းထန်လာမှာ စိုးရိမ်နေရပါတယ်။

ဒါ့အပြင် လက်ရှိသုံးနေတဲ့ ကာကွယ်ဆေးတွေကို ထိုးဖောက်ပြီး အာနိသင် ကျဆင်းစေနိုင်တာကိုလည်း စတွေ့နေပါပြီ။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ကာကွယ်ဆေးတွေထဲ Pfizer ကုမ္ပဏီကာကွယ်ဆေးဆိုလျှင် အရင်လုံလောက်ခဲ့တဲ့ အပြည့် (၂) လုံးထက်၊ ထပ်ဆောင်းအားဖြည့် ကာကွယ်ဆေးပါ ထိုးမှသာလျှင် Omicron မျိုးကွဲသစ်ကို ပိုထိရောက်စွာ ကာကွယ်နိုင်တာကို တွေ့ရှိထားပါတယ်။ နောက်ဆုံးမကြာခင် WHO က အသိအမှတ်ပြုပေးခဲ့တဲ့ အိန္ဒိယထုတ်ကာကွယ်ဆေးသစ် Covaxin ကိုလည်း မြန်မာနိုင်ငံမှာ တချို့ပုဂ္ဂလိကပိုင်းကနေ ဝယ်ယူထိုးနှံနေရာမှာ ထိရောက်မူ တစုံတရာတော့ ရှိနေပါတယ်။ ဒါပေမဲ့ တရုတ်ကာကွယ်ဆေးတွေကိုတော့ မျိုးကွဲသစ်ဆိုင်ရာ လေ့လာမူတွေ မလုပ်ရသေးပါဘူး။ ဒါ့အပြင် ရုရှားကာကွယ်ဆေးဆိုလျှင်တော့ WHO က အခုထိ အသိအမှတ်ကို စမပြုပေးသေးပါဘူး။

အခုလိုအချိန်မှာ Omicron မျိုးကွဲသစ်က မြန်မာ့ အိမ်နီးချင်းနိုင်ငံတချို့မှာ စစ်ဆေးတွေ့ရှိထားပြီး၊ မြန်မာနိုင်ငံကိုလည်း ရောက်နေနိုင်ခြေရှိနေတာကိုလည်း ကြိုတွက်ထားသင့်ပါတယ်။ ဒီအတွက် မြန်မာနိုင်ငံမှာ အဓိက ထိုးနေတဲ့ တရုတ်ကာကွယ်ဆေးက ကာကွယ်ဆေးဆိုင်ရာ နောက်ဆုံးလေ့လာထားမူမရှိသေးတာကြောင့် အားဖြည့်ထပ်ဆောင်းဆေး ထိုးတာထက်စာလျှင်၊ ပထမ (၂) လုံးအပြည့်ကို အခွင့်ရတာနဲ့ ထိုးထားသင့်ပါတယ်။ အကြောင်းက ကုသဆေးမရှိသေးချိန်မှာ ကာကွယ်ဆေးတွေ တစုံတရာ ထိရောက်နေသေးလို့ပါ။ ကာကွယ်ဆေးအနေနဲ့ အခုမျိုးကွဲသစ်ကို အပြည့်မကာကွယ်နိုင်လျှင်တောင် ရောဂါဖြစ်လာခဲ့လျှင် အသက်ဆုံးရှုံးသည်အထိ မပြင်းထန်အောင် ကာကွယ်ပေးနိုင်ပါသေးတယ်။ အမေရိကန်နိုင်ငံမှာလည်း တစုံတရာ ကိုဗစ်ကာကွယ်ဆေးထိုးထားကြသော်လဲ၊ ကိုဗစ်ကူးစက်မူတွေ အရင်မျိုးကွဲသစ် Delta တုံးကလိုပဲ အခုပြန်စများလာနေတာမှာ၊ လူနာအားလုံးအတွက် ဒီမျိုးကွဲသစ်ကို မစစ်နိုင်သေးချိန်၊ ကာကွယ်ဆေးမထိုးထားသူတွေမှာ ပြင်းထန်တဲ့အဆင့် ရောက်နေတာတွေလည်း စတွေ့လာနေပါတယ်။

မြန်မာပြည်သူတွေအနေနဲ့ အခုအချိန်မှာ ဖျားနာ၊ ကိုဗစ် သံသယရှိလာလျှင် မိမိအသိစိတ်နဲ့ အလုပ်မသွားဘဲ အိမ်မှာ သီးခြားခွဲနေဖို့ အရေးကြီးလာပါပြီ။ ဒီမျိုးကွဲကြောင့် လက်ရှိအစပိုင်း ဖြစ်လာတဲ့လက္ခဏာ ထူးခြားမူမှာတော့ ခေါင်းကိုက်တာ ဝမ်းလျောတာ၊ မအီမသာဖြစ်တာတွေက၊ အရင်ပုံမှန်တွေ့ခဲ့တဲ့ နှာစေး၊ ချောင်းဆိုး၊ အနံ့ပျောက်တာတွေထက် ပိုဖြစ်လာတာကို စတွေ့ထားပါတယ်။ တချိန်ထဲမှာ အခုက ပွဲလမ်းသဘင်ကာလ ဖြစ်လာတာမို့ လူစုလူဝေးအပြင် ပွဲလမ်းသဘင်ပါရှောင်နိုင်လျှင်တော့ အကောင်းဆုံးပါ။ အထူးသဖြင့်တော့ အလုံပိတ်အခန်းတွင်းမှာ လူစုလူဝေးနဲ့လုပ်တဲ့ ပွဲတွေမျိုးကို ပိုသတိထား ရှောင်ကျဉ်သင့်ပါတယ်၊ ကူးစက်လွယ်လွန်းလို့ပါ။ ဒီမျိုးကွဲသစ်ကို တောင်အာဖရိကမှာ စတွေ့ပျံနှံ့ခဲ့တာကလည်း အလုံပိတ်အခန်းတွင်း စုရှိနေခဲ့တဲ့ တက္ကသိုလ်ကျောင်းသူ/သားတွေကနေ ဖြစ်ခဲ့တာပါ။

ဒီအကြောင်းပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်း က နယူးယောက်မြို. Wyckoff Heights ဆေးရုံက ညွန်ကြားရေးမှူးနဲ့ မြန်မာပြည်က ကိုဗစ်လူနာတွေကိုလည်း ဖုန်းကတဆင့် ကူညီကုသပေးနေတဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်းထားပါတယ်။

Address


Opening Hours

Monday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Moe Thauk Kyel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Moe Thauk Kyel:

  • Want your business to be the top-listed Health & Beauty Business?

Share