23/04/2026
ဉာဏ်အလင်းစကားဆိုပါမည် . . .
စားစရာများ ဘယ်ကလာပါသလဲ ?
ရိုသေစိတ်နဲ့ သုံးဆောင်ပါမယ်။
ဖြစ်ချင်ရယူချင်တဲ့ စိတ်ဇောများကို
ဖယ်ရှားပြီး၊ ခန္ဓာကျန်းမာစေဖို့၊
သစ္စာတရားအကြောင်းသိနိုင်စေဖို့
ကျွေးမွေးသောစားစရာကို
ခံယူလိုက်ပါမယ်။
Prayer of Insight . . .
Where has this food come from ?
I am humbled to take it.
Detaching all my desires,
As medicine to sustain my body,
in pursuit of truth, I accept this offering.
တောင်ကိုရီးယားမှာ ဗုဒ္ဓရဟန်းတော်များ
ဦးဆောင်သင်ကြားပေးနေတဲ့ ဘုရား
ကျောင်းအစားအစာ temple food
အစီအစဉ်ရှိတယ်။ အစားအစာဆိုတာ
စားလိုက်ရုံသက်သက် မဟုတ်ဘူး။
ဘုရားနဲ့ ဓမ္မနဲ့ ဆက်သွယ်နေခြင်းလည်း
ဖြစ်ပါတယ်။ ဘုရားကျောင်းစားစရာ
များဟာ အကြမ်းဘက်မှုကင်းပပြီး
သဘာဝတရားကို သစ္စာရှိရှိချိတ်ဆက်
ထားကြပါတယ်။
ကိုရီးယားဘုရားကျောင်းအစားအစာ
အကြောင်း ၂ မိနစ် video
https://youtu.be/W55p9DdURQ8?si=W5r4JIlxerTjkiG9
Green Memo