28/07/2026
ဆေးရုံ/ဆေးခန်းတွေမှာ စကား“တိုးတိုးပြောပါ”ဆိုတာတကယ်ရောလိုအပ်လို့လား❓❓❓❓❓❓
ရေးသားသူ-ဒေါက်တာကိုကိုအောင်
ဒီဆောင်းပါးဟာလူနာလုံခြုံရေး (Patient Safety)၊ လူနာအခွင့်အရေး (Patient Rights)၊ Infection Prevention and Control (IPC)၊ Human Factors နဲ့ Healthcare Communication ဆိုတဲ့ ဆေးပညာအခြေခံသဘောတရားတွေနဲ့ ချိတ်ဆက်နေပါတယ်။
လူနာအဖော်များအတွက် Health Education
___________________________________
“ဆေးကုသမှုခံယူနေစဉ် တိုးတိုးပြောခြင်းသည် လူနာကို ကူညီပေးခြင်းဖြစ်သည်”လို့သင်ယူရပါတယ်။
လူအများစုက ဆေးခန်းကို ရောက်လာတဲ့အခါ “စကားပြောတာလေးပဲ” လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် ဆေးပညာအရတော့ မလိုအပ်သော အသံ (Noise) ဟာ လူနာ၊ ဆရာဝန်၊ သူနာပြု၊ အခြားလူနာများအပေါ် တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ သက်ရောက်မှုရှိနိုင်တယ်လို့ သုတေသနများစွာက ဖော်ပြထားပါတယ်။
၁။ Patient Safety (လူနာလုံခြုံရေး)
“တိုးတိုးပြောခြင်းက ဆရာဝန်ကို မကူညီတာမဟုတ်ပါ။ လူနာကို ကူညီပေးနေတာပါ။”
လူအများက
“ဆရာဝန်က အတွေ့အကြုံရှိပြီးသားပဲ။ အသံနည်းနည်းဆူတာနဲ့ ဘာမှမဖြစ်ပါဘူး”
လို့ ထင်တတ်ကြပါတယ်။
ဒါပေမယ့် ခေတ်သစ်ဆေးပညာမှာ
Non-Technical Skills for Surgeons (NOTSS) ဆိုတဲ့ အယူအဆကို အလွန်အရေးကြီးတဲ့ Patient Safety စံနှုန်းအဖြစ် သင်ကြားနေပါတယ်။
NOTSS အရ ခွဲစိတ်ဆရာဝန်တစ်ယောက်ဟာ လက်ကောင်းရုံနဲ့ မလုံလောက်ပါဘူး။
အောက်ပါစွမ်းရည် ၄ ခုလည်း မဖြစ်မနေ လိုအပ်ပါတယ်။ဆရာဝန်ဟာ
* လူနာရဲ့ အခြေအနေ
* သွေးထွက်နှုန်း
* Instrument တည်နေရာ
* Assistant ရဲ့ လှုပ်ရှားမှု
* Monitor ပေါ်က Vital signs
အားလုံးကို တစ်ချိန်တည်း သတိထားနေရပါတယ်။
WHO ရဲ့ Patient Safety အယူအဆ
လူနာလုံခြုံရေးဆိုတာ
“ကုသမှုအတွင်း မလိုအပ်သော ထိခိုက်မှုများကို အနည်းဆုံးဖြစ်အောင် ကာကွယ်ခြင်း”
လို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်။
အသံဆူညံခြင်းဟာ
* Distraction
* Interruption
* Communication Error
တွေကို ဖြစ်စေတဲ့ Environmental Hazard တစ်ခုဖြစ်ပါတယ်။
ဥပမာ~~
သွားနှင့်ခံတွင်းဆေးကုသမှု့တွေဆိုလျှင် procedure base အများဆုံးဖြစ်လို့ အာရုံစူးစိုက်မှု့များပါတယ်။Implant placement လုပ်နေစဉ်
ဆရာဝန်က assistant ကို
“2.8 drill”
လို့ပြောတဲ့အချိန်ဘေးက အသံကျယ်နေမယ်ဆိုရင်
Dental Assistant အနေဖြင့် အကြားမမှန်နိုင်ပါဘူး။ဒီလို Communication Error တွေက Medical Error ဖြစ်စေနိုင်ပါတယ်။
၂။ Human Factors Engineering
ဆေးပညာမှာ အရေးကြီးဆုံးဘာသာရပ်တစ်ခုဖြစ်ပါတယ်။Human Factors ဆိုတာ
လူ၊ ပတ်ဝန်းကျင်၊ အလုပ်လုပ်ပုံတွေကို ညှိနှိုင်းပြီး Error မဖြစ်အောင် လုပ်ပေးတဲ့ ပညာရပ်ဖြစ်ပါတယ်။Noise ဟာ Human Factors ထဲမှာ
Environmental Distraction
အဖြစ် သင်ကြားထားပါတယ်။
အသံများလာလေလေ
* Attention လျော့တယ်
* Concentration လျော့တယ်
* Decision Making နှေးတယ်
* Error ပိုဖြစ်တယ်
၃။ Situational Awareness
Aviation နဲ့ Healthcare နှစ်ခုလုံးမှာ အရေးကြီးပါတယ်။Situational Awarenessဆိုတာ
“ကိုယ့်ပတ်ဝန်းကျင်မှာ ဘာဖြစ်နေလဲဆိုတာ တိတိကျကျ သိနေခြင်း”
ဖြစ်ပါတယ်။
•Dental Implant
•Extraction
•Root Canal
•Surgery
တွေမှာဆရာဝန်ဟာ
* Bleeding
* Patient movement
* Instrument position
* Assistant communication
အားလုံးကို တစ်ပြိုင်တည်း စောင့်ကြည့်နေရပါတယ်။အသံဆူညံခြင်းက Situational Awareness ကို လျော့ကျစေနိုင်ပါတယ်။
ဒါကြောင့်ပဲ medical surgery များဟာ Opreation Theatres (OT)ဆိုပြီးထားရှိပြီး သီးသန့်လုပ်ဆောင်ရတာဖြစ်ပါတယ်။
Infection control အတွက်ကတော့ အဓိကအချက်ပါ။
၄။ Cognitive Load Theory
ဦးနှောက်ဟာ တစ်ချိန်တည်းမှာ အချက်အလက် အများကြီးကို မကိုင်တွယ်နိုင်ပါဘူး။
Noise များလာရင်Working Memory ကို လာအသုံးပြုပါတယ်။အဲဒီအခါ
Clinical decisionတွေမှာစွမ်းဆောင်ရည်ကျနိုင်ပါတယ်။
၅။ Sterile Field Protection
•Dental Surgery
•Oral Surgery
•Implant Surgery တွေမှာ
Sterile Field ကို ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။
အသံကျယ်ကျယ်ပြောခြင်းဟာ Droplet ထွက်နှုန်းတိုးစေပါတယ်။အထူးသဖြင့်နီးနီးကပ်ကပ် ရပ်နေသူတွေအတွက်Infection Prevention ကို ထိခိုက်နိုင်ပါတယ်။
၆။ Stress Response
လူနာဟာကုသမှုမစခင်ကတည်းက
Sympathetic Nervous System
တက်ကြွနေတတ်ပါတယ်။
အသံကျယ်ခြင်းကြောင့်
Stress Hormone(Cortisol)ပိုထွက်နိုင်ပါတယ်။
ထို့ကြောင့်
* သွေးပေါင်တက်နိုင်သည်။
* Pulse မြန်နိုင်သည်။
* Pain perception မြင့်လာနိုင်သည်။
* Dental anxiety ပိုဆိုးလာနိုင်သည်။
၇။ Patient Privacy and Confidentiality
ဒါကဆရာဝန်တွေအတွက်ပါ။
HIPAA (US) နှင့် အခြားနိုင်ငံများ၏ လူနာလျှို့ဝှက်ချက်ဆိုင်ရာ လမ်းညွှန်ချက်များအရ လူနာ၏ ဆေးမှတ်တမ်း၊ ရောဂါအခြေအနေနှင့် ကုသမှုဆိုင်ရာအချက်အလက်များကို မလိုအပ်သူများ မကြားသင့်ပါ။
အသံကျယ်ကျယ်ပြောခြင်းကြောင့် အခြားလူနာ၏ ကိုယ်ရေးအချက်အလက်များ မတော်တဆ ကြားသွားနိုင်ပြီး လူနာ၏ လျှို့ဝှက်ခွင့် (Confidentiality) ကို ထိခိုက်စေနိုင်သည်။
၈။ Respectful Healthcare Environment
ဆေးခန်းဟာစျေးဝယ်စင်တာမဟုတ်ပါ။
Restaurant မဟုတ်ပါ။
လူနာတိုင်းဟာ
* နာကျင်နေသူ
* စိုးရိမ်နေသူ
* ခွဲစိတ်တော့မယ့်သူ
ဖြစ်နိုင်ပါတယ်။အဲဒီအတွက်တိတ်ဆိတ်ငြိမ်သက်ခြင်းဟာRespectတစ်မျိုးဖြစ်ပါတယ်။
✔️လူနာအဖော်များ လိုက်နာသင့်သောအချက်များ
* ဆေးကုသမှုအတွင်း လိုအပ်သလောက်သာ ပြောဆိုပါ။
* Mask တပ်၍စကားပြောဆိုခြင်းကပိုကောင်းပါတယ်။droplet မပြန့်ပွါးအောင်ပါ။
* ဖုန်းကို Silent Mode ထားပါ။
* Video Call နှင့် Loudspeaker အသုံးမပြုပါနှင့်။
* ကလေးငယ်များကို ဆူညံစွာ မဆော့ကစားစေပါနှင့်။
* ဆရာဝန်၏ ညွှန်ကြားချက်ကိုသာ စောင့်ဆိုင်းနားထောင်ပါ။
* ကုသမှုအတွင်း မလိုအပ်ဘဲ မေးခွန်းများဖြင့် ကြားမဖြတ်ပါနှင့်။
* အရေးကြီးသော အချက်ရှိပါက သင့်တော်သောအချိန်တွင်သာ အသိပေးပါ။
တိုးတိုးပြောခြင်းသည် စည်းကမ်းတစ်ခုသာ မဟုတ်ပါ။
* လူနာ၏ လုံခြုံရေးကို ကာကွယ်ပေးခြင်း
* ဆရာဝန်၏ အာရုံစူးစိုက်မှုကို ထိန်းသိမ်းပေးခြင်း
* ကုသမှု၏ တိကျမှုကို မြှင့်တင်ပေးခြင်း
* ရောဂါကူးစက်မှုကို လျှော့ချရန် ကူညီပေးခြင်း
* လူနာ၏ ကိုယ်ရေးလျှို့ဝှက်မှုကို လေးစားပေးခြင်း
* ကျန်းမာရေးစောင့်ရှောက်မှု ပတ်ဝန်းကျင်တစ်ခုလုံး၏ အရည်အသွေးကို မြှင့်တင်ပေးခြင်း ဖြစ်ပါသည်။
* စကားတိုးတိုးပြောခြင်းဟာ ကုသနေဆဲလူနာအပါအဝင် ဆရာဝန်ကို ကူညီခြင်းဖြစ်ပါတယ်။
ဆေးပညာတွင် ဆက်စပ်သင်ကြားသည့် ခေါင်းစဉ်များ
________________________________________
* Patient Safety
* Human Factors in Healthcare
* Non-Technical Skills for Surgeons (NOTSS)
* Situational Awareness
* Cognitive Load Theory
* Infection Prevention and Control (IPC)
* Aseptic Technique
* Healthcare Communication
* Patient Privacy and Confidentiality
* Risk Management in Healthcare
* Safety Culture in Healthcare
* Operating Room Noise Management
References:
1. World Health Organization. Patient Safety. Geneva: WHO.
2. World Health Organization. WHO Guidelines on Core Components of Infection Prevention and Control Programmes at the National and Acute Health Care Facility Level. 2016.
3. World Health Organization. WHO Surgical Safety Checklist and Implementation Manual. 2009.
4. Miller’s Anesthesia. Chapters on Human Factors, Operating Room Environment, and Patient Safety.
5. Sabiston Textbook of Surgery. Principles of Safe Surgical Practice.
6. Newman and Carranza’s Clinical Periodontology. Infection Control and Dental Practice Principles.
7. Contemporary Oral and Maxillofacial Surgery. Principles of Surgical Asepsis and Patient Management.
8. Agency for Healthcare Research and Quality. Patient Safety Network (PSNet): Human Factors and Patient Safety.
9. Yerkes RM, Dodson JD. The relation of strength of stimulus to rapidity of habit formation. Journal of Comparative Neurology and Psychology. 1908. (အာရုံစူးစိုက်မှုနှင့် စိတ်ဖိစီးမှုဆိုင်ရာ အခြေခံသဘောတရား)
10. Healey AN, Primus CP, Koutantji M. Quantifying distraction and interruption in urological surgery. Quality and Safety in Health Care. 2007;16:135–139. (ခွဲစိတ်မှုအတွင်း အနှောင့်အယှက်များနှင့် အမှားဖြစ်နိုင်ခြေကို လေ့လာထားသော သုတေသန)