Healthy & Happy

Healthy & Happy Fitness | Nutrition | wellness

Empowering women to a healthier version of them with every bite and rep.

My goal is to promote healthy eating habits, weight lifting and help to achieve their fitness goal. I would like to share how to cook fat loss healthy meal.

06/09/2026

Why you should train your legs?
ယောက်ကျားလေးအများစုက upper body ပဲ ဆော့ကြပီး leg day ဆို skip လုပ်တတ်ကြတယ်။ မိန်းကလေးတွေကတော့ တင်ပါးလှအောင် leg days များများဆော့ပေမဲ့ Quads တွေ မကြီးချင်ကြဘူး။ ဒါပေမဲ့ strong legs, long life လို့ပြောကြတယ်။ ဘာလို့လဲဆို တင်ပါးနဲ့ ခြေထောက်က မာဆယ်တွေက တကိုယ်လုံးကမာဆယ်တွေထက်ကြီးလို့ သူတို့ကို train တဲ့အခါ metabolism ပိုကောင်းစေတဲ့အပြင် ဦးဏှောက်က မှတ်ဉာဏ်လဲကောင်းစေတယ်။ အသက်ကြီးရင် သတိမေ့တတ်တဲ့ရောဂါ ဖြစ်ပွါးမှူကိုလဲ ကာကွယ်ပေးတယ်။
အဲ့တော့ မိတ်ဆွေတို့ leg days ကို skip လုပ်နေဦးမှာလား

ကိုယ့်ရဲ့ ဟောလီးဒေးပုံ ကိုယ်ပြန်ကြည့်ပီး ငါကြိုးစားခဲ့ရတာ တန်တယ်လို့ တွေးမိတယ်။ You can’t buy a healthy body.. You can’t...
31/08/2026

ကိုယ့်ရဲ့ ဟောလီးဒေးပုံ ကိုယ်ပြန်ကြည့်ပီး ငါကြိုးစားခဲ့ရတာ တန်တယ်လို့ တွေးမိတယ်။

You can’t buy a healthy body..
You can’t buy a good physique..
You have to build it by yourself.. 💪

Muscle တွေက ခန္ဓာကိုယ်အတွက် calories burning machines ပဲ။

အသက်ကြီးလာတာနဲ့အမျှ ပိန်ဖို့ထက် မာဆယ်ပိုများဖို့ပဲကြိုးစားတော့တယ်။ ကျမရဲ့ client တချို့ကပြောတယ်။ ကြည့်လို မာဆယ်အကြီးကြီး မလိုချင်ဘူး။ tone body ဆိုရပြီတဲ့။ Tone body meaning you need to build lean muscle mass.. Posture မှန်ဖို့၊ body structure လှဖို့က မာဆယ်ရှိမှ ဖြစ်မှာဖြစ်သလို၊ အသက်ကြီးလာရင် အထိုင်၊အထ အကူမပါပဲ ထနိုင်ဖို့ကလဲ ခြေထောက်ကြွက်သားတွေသန်မာနေဖို့လိုတယ်။
ကျမလဲ ညှစ်ပြမှ မာဆယ်တွေထွက်လာတာ.. ဒီတိုင်း relax နေရင် မာဆယ်က ထင်းထွက်မနေပါဘူး။ အဲ့တော့ အလေးအများကြီး မ ဖို့ မကြောက်ပါနဲ့လို့…

ကျမအတွက်တော့ ကျမရဲ့ဗလဟာ ကျမရဲ့အလှ၊ ကျမရဲ့ဓနပဲ.. 🤣🤭 အဲ့လယ့်..


ကိုယ်ချက် ကိုယ်ကောင်း အစီအစဉ်လေးပါရှင်.. Chocolate brownie ကို healthy version လေး..ဒီတခါတော့ မတူးလဲမတူးတော့ဘူး။ အထဲကလဲက...
17/08/2026

ကိုယ်ချက် ကိုယ်ကောင်း အစီအစဉ်လေးပါရှင်..
Chocolate brownie ကို healthy version လေး..
ဒီတခါတော့ မတူးလဲမတူးတော့ဘူး။ အထဲကလဲကျက်တယ်။ စားလို့လဲကောင်းတယ်။ ကယ်လိုရီလဲမများဘူး။ (၃ခါစမ်းပီးမှ လက်တည့်သွားသော brownie လေး)

ပါဝင်ပစ်စည်းတွေက
1/ butternut squash- တခြမ်း
2/oat flour - 30ml
3/ egg white - 250ml
4/ baking powder
5/ salt
6/ vanilla extract
7/ sweetener ( သကြားအစားထိုး)
8/ cocoa powder
9/ chocolate chip
အားလုံးရောသမမွှေ၊ oven ထဲထည့်..
အောက်မှာ လုပ်နည်း video link ပါ ကော်ပီကူးပေးထားတယ်။
Credit to original owner

https://www.facebook.com/share/r/1FHNdKVh24/?mibextid=wwXIfr

15/08/2026

Workout video လေးတွေ ရိုက်မယ်ပေါ့။
ခြံထဲမှာ ကင်မရာချိန်လိုက်တာနဲ့ ထိုင်ခုံတွေ၊ သစ်ရွက်ခြောက်တွေနဲ့ မြင်ကွင်းက မလှနေဘူး။ 😜🤣
အဲ့တော့ မြင်ကွင်းလှအောင်ခြံထရှင်းတော့ ကိုယ်လုပ်ရမဲ့ workout က အချိန်မှီမပြီးတော့ဘူး။
အဲ့တာနဲ့ နေပါစေကွာ.. AI နဲ့ background ပြောင်းမယ်ဆိုတော့လဲ ဗီဒယိုကလှလှထွက်ပါရဲ့ …ကိုယ့်ရုပ်မဟုတ်ပဲ AI က ရုပ်ပြောင်းပီး ပိုလှပေးထားတယ်။ 🤣🤣
အဲ့တော့ Workout ပဲ ပြီးအောင်ဆက်လုပ်ရမလား။ Video လှလှလေးထွက်အောင် ထိုင် edit ရင်းအချိန်ကုန်မလား 😏😏
အဲ့လိုနဲ့ပဲ ကျမမှာ ဗီဒယိုရိုက်ရင် သံသရာလည်..

Paace ဆိုတဲ့ Application က လမ်းလျှောက်တဲ့လူတွေအတွက် step များများရလေ Discount or free gift လေးတွေ ပေးတယ်ဆိုလို့ download...
14/08/2026

Paace ဆိုတဲ့ Application က လမ်းလျှောက်တဲ့လူတွေအတွက် step များများရလေ Discount or free gift လေးတွေ ပေးတယ်ဆိုလို့ download လုပ်ထားတာ..
ဒီအပတ် 10th to 16th Aug မှာ ခြေလှမ်း ၅၆၀၀၀ လျှောက်နိုင်ရင် £10 cash ပေးမယ်ဆိုလို့ ဝင် join ဖြစ်တယ်။ top 10 list ထဲ

13/08/2026

2020 July တုန်းကသာ မစခဲ့ရင် ခု ဒီလိုမျိုးမြင်ရမှာ မဟုတ်ဘူး။

12/08/2026

“Leg day is a must”
Strong leg, long live 💪


09/08/2026

Morning workout before sunrise..

1/ Bend over BB row (under arm)
2/ Bend over BB Row (overhand grip)
3/ single arm DB row (not included in video)
4/ DB pull over
5/ Bicep curl
6/ Hammer curl

Sweet potato waffle.. My kind of healthy breakfast 🧇 1 boiled sweet potatoes 1 egg50ml milk30g of baking powder 1 scoop ...
08/08/2026

Sweet potato waffle..
My kind of healthy breakfast 🧇

1 boiled sweet potatoes
1 egg
50ml milk
30g of baking powder
1 scoop of protein powder

အားလုံးကို bowl တခုထဲ mixed လုပ်ပြီးနယ်၊ ပြီးရင် waffle maker ကို ပူအောင်လုပ်၊ ပူလာရင် grated cheese လေးဖြူး၊ နယ်ထားတဲ့ mixture တဇွန်းထည့်.. ခပ်ပြားပြားလေးဖြစ်အောင်လုပ်ပီး အပေါ်မှာ cheese ထပ်ဖြူး…
၈မိနစ်ထားလိုက်ရင် Sweet potato waffles ကြွပ်ကြွပ်လေးရပါပီရှင်..




“Counting Calories is Dead?” မရီရသောပြက်လုံးတခုပါပဲ.. ဒီကြော်ငြာကိုမြင်တော့ စဉ်းစားမိတာတစ်ခုရှိတယ်။ကျန်းမာတဲ့ lifestyle ...
24/07/2026

“Counting Calories is Dead?”

မရီရသောပြက်လုံးတခုပါပဲ..

ဒီကြော်ငြာကိုမြင်တော့ စဉ်းစားမိတာတစ်ခုရှိတယ်။

ကျန်းမာတဲ့ lifestyle ကို အားပေးရမယ့်အစား၊ ဝိတ်ချဆေးတွေကို shortcut solution အဖြစ် တင်ပြလာတာက စိတ်မကောင်းစရာပါပဲ။ စီးပွါးရေးသမားတွေကလဲ ဒါကို business opportunity အနေနဲ့ marketing လုပ်ကြတယ်။

တကယ်တော့…
Weight loss ရဲ့ အခြေခံအကျဆုံး principle ကတော့ “Calorie Deficit” ပဲ ဖြစ်ပါတယ်။

ဘယ်ဆေးပဲဖြစ်ဖြစ်၊ ဘယ်နည်းပဲဖြစ်ဖြစ်၊ နောက်ဆုံးမှာတော့ calorie deficit မရှိရင် ရေရှည်ဝိတ်မကျနိုင်ပါဘူး။

GLP-1 weight loss medications (ဥပမာ Ozempic, Wegovy, Mounjaro စတဲ့ဆေးတွေ) က လူတချို့အတွက် အမှန်တကယ် အကျိုးရှိနိုင်ပါတယ်။ အထူးသဖြင့် အဝလွန်ခြင်း (obesity) သို့မဟုတ် ဆီးချို၊ နှလုံးရောဂါလို နောက်ဆက်တွဲရောဂါတွေ ရှိနေသူတွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးရင် အကျိုးကျေးဇူးရှိပါတယ်။

ဒါပေမယ့်…

ဆေးဆိုတာ ဆေးပဲ။ Side effects တွေ ရှိတတ်ပါတယ်။

-ပျို့ခြင်း၊ အန်ခြင်း
-ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း
-Gallstones
-Pancreatitis (ရှားပေမယ့် ဖြစ်နိုင်ချေရှိတယ်)
-ပင်ပန်းလွယ်ခြင်း
-ဆေးရပ်လိုက်ရင် ဝိတ်ပြန်တက်နိုင်ခြင်း

ဒါကြောင့် “လွယ်လွယ်ဝိတ်ကျမယ်” ဆိုတဲ့ marketing ကိုပဲ ယုံပြီး ကိုယ့်သဘောနဲ့ မသုံးသင့်ပါဘူး။ ဆရာဝန်များကလဲ နောက်ဆက်တွဲရောဂါမရှိပဲတဲ့ သာမာန်လူကို ဒီလိုဆေးမျိုးနဲ့ ဝိတ်ချဖို့ အားမပေးသင့်ဘူး။ (this is my opinion, maybe controversial)

ကျန်းမာစွာ ဝိတ်ချဖို့ အခြေခံ ၆ ချက်

၁။ အာဟာရပြည့်ဝတဲ့ အစားအစာကို စားပါ။ (whole food) Fast food၊ Junk food နဲ့ အချိုရည်တွေကို လျှော့ပါ။

၂။ နေ့စဉ် လှုပ်ရှားမှု များများလုပ်ပါ။

၃။ အိပ်ရေးဝအောင် အိပ်ပါ။

၄။ ရေများများသောက်ပါ။

၅။ Strength Training သို့မဟုတ် ကိုယ်ကြိုက်တဲ့ Exercise ကို စွဲစွဲမြဲမြဲလုပ်ပါ။

၆။ Stress Management လုပ်ပါ။
Journaling, Meditation, Breathing exercises စတာတွေကလည်း အထောက်အကူဖြစ်ပါတယ်။

ဝိတ်ချခြင်းက အလွန်ရိုးရှင်းပါတယ်။

Shortcut တွေထက် ကောင်းမွန်တဲ့ အစားအသောက် ၊ လေ့ကျင့်ခန်း ၊အိပ်စက်ခြင်း ၊စိတ်ဖိစီးမှုလျှော့ချခြင်း ၊စွဲမြဲစွာလုပ်ခြင်း ကသာ ရေရှည်အတွက် အဖြေပါ။ အချိန်ပေးရတဲ့အတွက် စိတ်ရှည်ဖို့တော့လိုတယ်။ ဒါပေမဲ့ ရေရှည်မှာ sustainable result ကို ရပါမယ်။

ဆေးတွေဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ လိုအပ်တဲ့လူတွေအတွက်တော့ ဆရာဝန်ညွှန်ကြားမှုအောက်မှာ အသုံးဝင်တဲ့ ကုသမှုတစ်ခု အနေနဲ့ပဲ သုံးသင့်ပါတယ်။

အားလုံး ကျန်းမာစွာနဲ့ဝိတ်ကျပြီး healthy lifestyle ကို တည်ဆောက်နိုင်ပါစေလို့..



Address

London

Alerts

Be the first to know and let us send you an email when Healthy & Happy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Healthy & Happy:

Shortcuts

Share